Pages

.

“ အားလုံးအတွက် ကုရ်အာန် ” - ၁၃

“ အားလုံးအတွက် ကုရ်အာန် ” - ၁၃
***************************
စူရဟ် ၁၁၄ ပါး၏ အမည်နာမ နှင့် ဦးတည်ချက်အကြောင်းအရာများ
==============================
ကျမ်းမြတ်ကုရ်အာန်၌ စူရဟ် (ကဏ္ဍ)ပေါင်း ၁၁၄ ပါး ပါဝင်သည်။ အောက်ပါဇယား၌ စူရဟ်တစ်ပုဒ်ချင်းစီ၏ အမည်နာမ နှင့် ၄င်းတို့၏သက်ဆိုင်ရာခြုံငုံဦးတည်ချက်အကြောင်းများကို ဖော်ပြထားသည်။ မက္ကဟ်မြို့ကျ စူရဟ်ကို “မက” ဟုလည်းကောင်း၊ မဒီနဟ်မြို့ကျ စူရဟ်ကို “မဒန” ဟုလည်းကောင်း (အတိုကောက်စာလုံးဖြင့်) ခွဲခြားဖော်ပြသည်။

၁။ အလ် ဖာသိဟဟ် - အဖွင့်နိဒါန်း (မဒန)
ကုရ်အာန်၏ ဗျာဒိတ်သတင်းအားလုံး၏ ခြုံငုံချက်နိဒါန်း
၂။ အလ် ဘကရဟ် - ဂါဝီ (နွားမ ကဏ္ဍ) (မဒန)
လူသားတို့၏သဘောသဘာဝ။ အစ္စရာအီလ်မျိုးနွယ် နှင့် တမန်တော်အိဘ်ရာဟီမ်တို့၏အကြောင်း။ အစ္စလာမ့်လူ့အဖွဲ့အစည်း။ အလ္လာဟ့်လမ်းတော်၌ အားထုတ်ရုန်းကန်ခြင်း။ အလ္လာဟ်အရှင်မြတ်၏သဘောသဘာဝတော်။
၃။ အလ် အင်မ်ရာန် - အင်မ်ရာန်မျိုးနွယ်စု (မဒန)
ဂျူးနှင့်ခရိယာန်များ။ ဘဒရ်နှင့် အုဟုဒ်စစ်ပွဲများမှသင်ခန်းစာ။ မုစ်လင်မ်တို့၏အတွင်းအပြင်ဝတ္တရား။
၎။ အန် နိစာ့အ် - အမျိုးသမီးများ (မဒန)
အမျိုးသမီး။ မိဘများအပေါ် ဆက်ဆံရေး။ အမွေခံခြင်း၊ ထိမ်းမြားခြင်း နှင့် အိမ်တွင်းရေး။

မဒီနဟ်အသိုင်းအဝိုင်း နှင့် မုနာဖစ်က်များ။ အတိတ်ခေတ်ကျမ်းကို ရရှိသူများ။
၅။ အလ် မာအိဒဟ် - ခဲဖွယ်ဘောဇဉ် (မဒန)
ဝတ္တရားကျေပွန်ရေး။ အပြုအမူအကျင့်အကြံစရိုက်သဘာဝများ။ ဖြောင့်မတ်မှန်ကန်မှု။ ဂျူးနှင့်ခရိယာန်တို့၏ ဝေဖန်ချက်များ။ တရားမျှတမှု နှင့် ညီနောင်ဝါဒ။ တမန်တော် အီစာ၏ဘဝနှင့်အံ့ဖွယ်အခြင်းအရာ။
၆။ အလ် အန်အာမ် - သားကောင်တိရစ္ဆာန် (မက)
ဖန်ဆင်းရှင်၏ဂုဏ်တော် နှင့် သက်သေလက္ခဏာ။ စင်ပြိုင်ဘုရားအများကို ကိုးကွယ်မှုဝါဒ။
၇။ အလ် အအ်ရာ့ဖ် - ကြငှါန်းများ (မက)
လူသားတို့၏ သာသနာ့သမိုင်းနှင့် တမန်တော်မြတ် (ဆွ) ၏ ဖြစ်စဉ်တော်။
၈။ အလ် အန်ဖာလ် - စစ်နိုင်လက်ရပစ္စည်းများ (မက) အောင်မြင်မှု၏အဓိပ္ပါယ်သတ်မှတ်ချက်။ သစ္စာတရား၏စွမ်းအား။
၉။ အသ် သောင်ဘဟ် - နောင်တသံဝေဂ (မဒန)
ပဋိညာဉ်များ၊ စစ်စည်းကမ်းနှင့် ကျင့်ဝတ်များ။ သစ္စာတရား၏စွမ်းအား။
၁ဝ။ တမန်တော် ယူနွတ်စ် (မဒန)
ဖန်ဆင်းရှင်၏ သက်သေလက္ခဏာတော်များ။ လူသားတို့၏ကျေးဇူးကန်းခြင်း။
၁၁။ တမန်တော် ဟူးဒ် (မက)
ကရုဏာတရားနှင့် ခန္တီပါရမီ။ တမန်တော် လူးသွ်၊ ဟူးဒ် နှင့် နူးဟ် အကြောင်းများ။
၁၂။ တမန်တော် ယူစုဖ် (မက)
တမန်တော် ယူစုဖ်။ ခွင့်လွှတ်ခြင်း။
၁၃။ အလ် ရအ်ဒ် - မိုးချုန်းသံ (မဒန)
ဝဟီဗျာဒိတ်တော်။ သစ္စာနှင့် မိစ္ဆာ။
၁၄။ တမန်တော် အိဘ်ရာဟီမ် (မက)
မှောက်မိုက်မှု နှင့် လင်းရောင်ခြည်။ တမန်တော် အိဘ်ရာဟီမ် အကြောင်း။
၁၅။ အလ် ဟိဂ်ျရ် - ကျောက်ဆောင် (မက)
ယှိုင်သွာန်၏အဖျက်။ တမန်တော် အိဘ်ရာဟီမ်။ ကျမ်းမြတ်ကုရ်အာန်။
၁၆။ အန် နဟ်လ် - ပျားကောင် (မက)
ဖန်ဆင်းခံအပေါင်းမှအလ္လာဟ်အားဂုဏ်တော်မွှမ်းမှု။ ကျမ်းမြတ်ကုရ်အာန်။
၁၇။ ဘနီအစ္စရာအီလ် - အစ္စရာအီလ်မျိုးနွယ် (မက)
တမန်တော်များ။ အလ္လာဟ်အရှင်မြတ်မှ ချမှတ်သော တာဝန်။ မာန်မာန။ ကျမ်းမြတ်ကုရ်အာန်။
၁၈။ အလ် ကဟ်ဖ် - ဥမင်လိုဏ်ခေါင်း (မက)
အချိန်မရှိခဲ့သောကာလ။ အမြော်အမြင်ရှိရေးဆုံးမမှု။ မရ်ယမ်သခင်မနှင့် တမန်တော်အီစာ။
၁၉။ မရ်ယမ် သခင်မ (မက)
မရ်ယမ်သခင်မနှင့် တမန်တော်အီစာ။ တမန်တော်အိဘ်ရာဟီမ်နှင့်မိသားစုအဆက်အနွယ်။
၂ဝ။ သွာဟာ (မက)
ဝဟီဗျာဒိတ်ချမှတ်ခြင်း။ တမန်တော် မူစာ၏ဘဝ။ နောက်ဆုံးနေ့တော်။
၂၁။ အလ် အန်ဘီယာအ် - တမန်တော်များ (မက)
တရားစီရင်မည့်နေ့တော်။ ဖြောင့်မတ်တည်ကြည်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်း။
၂၂။ အလ် ဟဂ်ျ - ဟဂ်ျပြုခြင်း (မဒန)
ဟဂ်ျပြုခြင်း။ အလ္လာဟ်အရှင်၏သစ္စာနှင့်ကရုဏာ။
၂၃။ အလ် မုအ်မိနူးန် - ယုံကြည်သူများ (မက)
ယုံကြည်ချက်နှင့်လုပ်ရပ်။ တမန်တော်တို့၏ တူညီမှုများ။
၂၄။ အန် နူးရ် - ရောင်ခြည်တော် (မဒန)
ရိုးသားဖြောင့်မတ်မှု။ သီးသန့်ဥပဒေ။ အလ္လာဟ်အသျှင်မြတ်၏ ရောင်ခြည်တော်။
၂၅။ အလ် ဖုရ်ကာန် - အမှားအမှန်ခွဲခြားသောမှတ်ကျောက် (မက)
ကုရ်အာန်သည် မှတ်ကျောက်။ သက်သေလက္ခဏာများ ထင်ရှားခြင်း။
၂၆။ အလ် ယှုအ်ရာ့အ် - လင်္ကာဆရာများ (မက)
တမန်တော်များ၏ဒုက္ခ။ အမှန် နှင့် အမှား။
၂၇။ အန် နမ်လ် - ပုရွက်ဆိတ် (မက)
တမန်တော်မူစာ၊ စုလိုင်မာန်နှင့် ဆွာလိဟ်။ အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များ။
၂၈။ အလ် ကဆွဆွ် - ဖြစ်ကြောင်းကုန်စင် (မက)
တမန်တော် မူစာနှင့်ဖိရ်အောင်န်။ တမန်တော်မြတ် မုဟမ္မဒ်။
၂၉။ အလ် အန်ကဘူးသ် - ပင့်ကူ (မက)
ဟောပြောမှုအပေါ်စမ်းသပ်ချက်။ ကုရ်အာန်၏ သဘောသဘာဝ။
၃ဝ။ အရ် ရူးမ် - ရောမနိုင်ငံ (မက)
အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှု။ လူတို့မှ ပျက်စီးယိုယွင်းအောင် ပြုတတ်သည်။
၃၁။ လုက်မာန် သုခမိန် (မက)
မိဘနှင့်သားသမီးဆိုင်ရာ။ ဥာဏ်အလင်းဖွင့်ခြင်း။
၃၂။ အတ် စဂ်ျဒဟ် - ပျပ်ဝပ်ဦးချခြင်း (မက)
လူသားရှေ့မှောက်မှ သင်္ကေတများ။ ဝဟီပို့ချမှု။
၃၃။ အလ် အဟ်ဇာ့ဘ် - မဟာမိတ်တပ်များ (မဒန)
အမျိုးသားများ နှင့် အမျိုးသမီးများ။ တမန်တော်မြတ်၏ ကြင်လျာတော်များ။
၃၄။ စဘာအ် - စဘာအ် မြို့တော် (မက)
အင်အားသြဇာနှင့်တရားမျှတမှု။ အီမာန် နှင့် ကုဖ်ရ်။
၃၅။ ဖာသွိရ် - စတင်ဖန်ဆင်းအစပျိုးသည့်အရှင်သခင် (မက)
ဖန်ဆင်းခြင်း နှင့်ဂုဏ်တော်။ ဒုစရိုက် နှင့် သုစရိုက်။
၃၆။ ယာစီန်း (မက)
ဝဟီပို့ချမှု။ သဘာဝလောက၏တရားဓမ္မ။ တရားစီရင်မည့်နေ့တော်။
၃၇။ အဆွ် ဆွာဖာ့သ် - စီတန်းသူများ (မက)
ငြိမ်းချမ်းမှုနှင့်အောင်နိုင်မှု။ ကျေးဇူးကန်းကြသူများ။ တမန်တော်များ။
၃၈။ ဆွာ့ဒ် (မက)
ဝိဥာဏစွမ်းအင် နှင့် လောကီ့မာယာ။
၃၉။ အဇ် ဇုမရ် - အုပ်စုများ (မက)
ဖန်ဆင်းခြင်း၌ပေါင်းစည်းမှု။ လမ်းညွှန်ချက်။ ဝဟီ ထုတ်ပြန်ချမှတ်မှု။
၎ဝ။ အလ် မုအ်မင်န် - သက်ဝင်ယုံကြည်သူ (မက)
ကောင်းမှုသုစရိုက် နှင့် မကောင်းမှုဒုစရိုက်။
၄၁။ ဟာမီမ် စဂ်ျဒဟ် (ဝါ) ဖုဆ်ွဆွီလသ် - အသေးစိပ်ရှင်းလင်းချက် (မက)
လူသားတို့၏ယုံကြည်ချက် နှင့် ဝဟီထုတ်ပြန်မှု။
၄၂။ အရှ် ရှူးရာ - ဆွေးနွေးတိုင်ပင်ခြင်း (မက)
ဝဟီကိုကာကွယ်ခြင်း။ လမ်းမှားနှင့်လမ်းမှန်။
၄၃။ အဇ် ဇုခ်ရုဖ် - ရွှေအဆင်တန်ဆာ (မက)
ဝဟီထုတ်ပြန်မှု။ တမန်တော် အိဘ်ရာဟီမ်။ တမန်တော် အီစာ။
၄၄။ အဒ် ဒုခါန်း - အခိုးအငွေ့ (မက)
ဝဟီပို့ချမှု။ မာန်မာန နှင့် နာမ်သစ္စာ။
၄၅။ အဂ်ျ ဂျာဆိယဟ် - ပုဆစ်ဒူးထောက်ထိုင်ချခြင်း (မက)
ယုံကြည်ချက်အပေါ်ပြောင်လှောင်ခြင်း နှင့် မယုံကြည်သွေဖည်ခြင်း၏ ရလဒ်များ။
၄၆။ အလ် အဟ်ကာ့ဖ် - သဲတောင်များ (မက)
ဖန်ဆင်းမှု၏ ရည်ရွယ်ချက်။
၄၇။ မုဟမ္မဒ် (မဒန)
အာဃာတကြားမှ ယုံကြည်ချက်ကို ကာကွယ်ခြင်း။
၄၈။ အလ် ဖသ်ဟ် - အောင်နိုင်မှု (မဒန)
အနှိုင်းမဲ့ အောင်မြင်မှု။ ဟုဒိုင်းဘီယဟ်။
၄၉။ အလ် ဟုဂျုရာ့သ် - အတွင်းဆောင်များ (မဒန)
အတူယှဉ်တွဲနေထိုင်ရေး ဥပဒေသများ။
၅ဝ။ ကာ့ဖ် (မက)
ဖန်ဆင်းရှင်၏သက်သေလက္ခဏာတော်များ။ တရားစီရင်မည့် နေ့တော်။
၅၁။ အဇ် ဇာရိယာ့သ် - လွင့်ပါးပြန့်ကျဲစေသောလေ (မက)
လေပြင်းများ။ နိမိတ်လက္ခဏာများ။ နောင်တမလွန်ဘဝ။ သတိပေးနှိုးဆော်ချက်။
၅၂။ အသ် သွူးရ် - သွူးရ်တောင် (မက)
ကောင်းမှုနှင့် မကောင်းမှုလုပ်ရပ်များ။
၅၃။ အန် နဂျမ် - ကြယ်တာရာ (မက)
ဝဟီပို့ချမှု။ ဖန်ဆင်းရှင်သဘာဝ။ မယုံကြည်သွေဖည်မှု။
၅၄။ အလ် ကမ်ရ် - စန်းသော်တာလ (မက)
တရားစီရင်မည့်နေ့ နီးကပ်လာခြင်း။ ပေါ့လျော့မှုများ။
၅၅။ အရ် ရဟ်မာန်း - အနှိုင်းမဲ့ကရုဏာတော်ရှင် (မဒန)
လူသားတို့ကို ဂုဏ်မြင့်တော်မူသည့် ဖန်ဆင်းရှင်။
၅၆။ အလ် ဝါကိအဟ် - ဧကန်ဖြစ်လာမည့်အဖြစ်အပျက် (မက)
တရားစီရင်မည့်နေ့တော်နှင့် နောင်တမလွန်။
၅၇။ အလ် ဟဒီးဒ် -သံ (မဒန)
အလ္လာဟ်အရှင်မြတ်၏ဘုန်းတော်အရှိန်အဝါ နှင့် အသိဥာဏ်စဉ်တော်။
၅၈။ အလ် မုဂျာဒိလဟ် - ဆင်ခြေပေးစောဒကဝင်သော မိန်းမ (မဒန)
လမ်းလွဲရောက်စေခြင်းနှင့် လမ်းမှားမှုကိုတော်လှန်ခြင်း။
၅၉။ အလ် ဟရှရ် - (တမလွန်၌) စုရုံးခြင်း (မဒန)
မဒီနဟ်မှ သစ္စာဖောက်ဂျူးများကို နယ်နှင်ခြင်း။
၆ဝ။ အလ် မွမ်သဟန္နဟ် - အမျိုးသမီးကိုစစ်ဆေးစမ်းသပ်ခြင်း (မဒန)
အီမာန်၏ရန်သူများ။ တမန်တော် အိဗ်ရာဟီမ်၏စံနမူနာ။ မုအ်မင်န် နှင့် ကာဖိရ်တို့၏ ထိမ်းမြားမှု။
၆၁။ အဆွ် ဆွဖ် - စစ်မြေပြင်၌တန်းစီခြင်း (မဒန)
အလ္လာဟ်၏သက်သေလက္ခဏာတော်များ။ အလ္လာဟ့်လမ်းတော်၌ အကူအညီပေးခြင်း။
၆၂။ အလ် ဂျုမုအဟ် - သောကြာနေ့ (မဒန)
သန့်စင်ခြင်း နှင့် မြော်မြင်ဥာဏ်။ သောကြာနေ့ ဝတ်ပြုမှု။
၆၃။ အလ် မုနာဖိကူးန် - အသားထဲကလောက် (မဒန)
မုနာဖစ်က်တို့၏ စရိုက်သဘာဝ။
၆၄။ သဃာဘွန် - အရှုံးအမြတ်ပေါ်လွင်မည့်နေ့ (မဒန)
တစ်ပါးတည်း တည်ရှိတော်မူသော ဖန်ဆင်းရှင်။ နောင်တမလွန်ဘဝ။
၆၅။ အသွ် သွလာ့က် - ကွာရှင်းပြတ်စဲမှု (မဒန)
ကွာရှင်းပြတ်စဲခြင်းဆိုင်ရာ ဥပဒေအချို့။
၆၆။ အသ် သဟ်ရီးမ် - တားမြစ်ခြင်း (မဒန)
ပြေလည်သော မိသားစုဘဝ။
၆၇။ အလ် မုလ်က် - အာဏာစက် (မက)
အပေါ်ယံအခွံ နှင့် အတွင်းပိုင်းဓမ္မသစ္စာ။
၆၈။ အလ် ကလမ် - ကလောင်တံ (မက)
ကောင်းမြတ်ခြင်းသာ အောင်မြင်မည်။ ဖန်ဆင်းရှင်၏ တရားမျှတမှု။
၆၉။ အလ် ဟားက္ကဟ် - ဧကန်ဖြစ်အင် (မက)
မကောင်းမှုကို ကောင်းမှုက အောင်မြင်မည်။
၇ဝ။ အလ် မအာရိဂ်ျ - အဆင့်အတန်း (မက)
သုခဘုံရောက်ချိန်တိုင်အောင် ကြံ့ကြံ့ခံရန်။ မြှင့်တင်ခြင်း။
၇၁။ တမန်တော် နူးဟ် (မက)
တမန်တော် နူးဟ်၏ အားထုတ်မှု။
၇၂။ အလ် ဂျင်န် - ဂျင်န်သတ္တဝါ (မက)
ဂျင်န်တို့၏ ဖြစ်အင် နှင့် သဘာဝ။
၇၃။ အလ် မုဇမ္မိလ် - ခြုံထည်ရုံထားသူ (မက)
ဝိညာဉ်ရေးဆုတောင်း နှင့် မာန်မာနကင်းစင်ခြင်း။
၇၄။ အလ် မုဒဆ်ဆိရ် - စောင်နှင့်ပတ်ထားသူ (မက)
ဝိညာဉ်ရေးဆုတောင်း နှင့် မာန်မာနကင်းစင်ခြင်း။
၇၅။ အလ် ကိယာမဟ် - ပြန်လည်ရှင်ပြန်ထမြောက်ခြင်း (မက)
တရားစီရင်မည့်နေ့တော်။ အဇ္ဈတ္တ ပညာ။
၇၆။ အလ် အင်စာန် - မနုဿလူသား (မဒန)
ငြင်းပယ်သူတို့နှင့် အတိုက်အခံ။
၇၇။ အလ် မုရ်စလသ် - စေလွှတ်ခြင်း (မက)
သစ္စာကို ငြင်းပယ်သူအတွက် တမလွန်အခြေအနေ။
၇၈။ အန် နဘာ - ကြီးကျယ်သောသတင်း (မက)
ဖန်ဆင်းရှင်၏ချစ်ဖွယ်ကရုစိုက်မှု နှင့် အနာဂတ်ရေးရာ ကတိတော်။
၇၉။ အန် နာဇိအာ့သ် - ဆွဲခြမ်းထုတ်နှုတ်သူ (မက)
မရဏတရား။ မာန်ချခြင်း။
၈ဝ။ အ ဗ စ (မက)
တမန်တော်အား သတိပေးချက်။ နောင်တမလွန်။
၈၁။ အလ် သပ်က်ဝီးရ် - ခေါက်လိပ်ခြင်း (မက)
နောက်ဆုံးနေ့တော် နှင့် တရားစီရင်ဆုံးဖြတ်ခြင်း။ ကျမ်းမြတ်ကုရ်အာန်။
၈၂။ အလ် အင်န်ဖိသွာရ် - အပိုင်းပိုင်းအစစခွဲထုတ်ခြင်း (မက)
နောက်ဆုံးနေ့တော် နှင့် တရားစီရင်ဆုံးဖြတ်ခြင်း။
၈၃။ အလ် မုသွဖ်ဖိဖီးန် - အချိန်အတွယ်စဉ်းလဲခြင်း (မက)
အလေးတင်းတောင်းစဉ်းလဲခြင်းကို ပြင်းထန်စွာ ရှုတ်ချခြင်း။
၈၄။ အလ် အင်န်ရှိကာ့သ် - ကွဲအက်ခြင်း (မက)
နောက်ဆုံးနေ့တော် နှင့် တရားစီရင်ဆုံးဖြတ်ခြင်း။
၈၅။ အလ် ဘုရူးဂ်ျ - ဒွါဒရာသီစက် (မက)
ဖန်ဆင်းရှင်မှ ယုံကြည်သူကို ကာကွယ်ပေးခြင်း။
၈၆။ အသွ် သွာရိက် - ညဥ့်ဧည့်သည် (မက)
အသက်ကို ကာကွယ်မှု။
၈၇။ အလ် အအ်လာ - အကြီးမြတ်ဆုံး (မက)
ဝိဥာဏ သန့်စင်ရေး။
၈၈။ အလ် ဃာရှိယဟ် - ထိန်းချုပ်နိုင်စွမ်းမဲ့ ငိုက်မြည်းခြင်း (မက)
အကောင်း နှင့် အဆိုး။ ဖန်ဆင်းရှင်၏သက်သေလက္ခဏာတော်။
၈၉။ အလ် ဖဂ်ျရ် - မိုးသောက်ချိန် (မက)
နာမ်ပိုင်းဆိုင်ရာ ဓမ္မသစ္စာ။
၉ဝ။ အလ် ဘလဒ် - နေပြည်တော် (မက)
လူသားသဘာဝ။ အဇ္ဈတ္တ ပညာ။
၉၁။ အရှ် ရှမ်စ် - သူရိယနေ (မက)
ဖန်ဆင်းမှုအပေါ်ဆင်ခြင်ခြင်း။ ဝိဥာဏသ့်စင်ရေး။ ဝင့်ဝါထောင်လွှားမှုကို ပယ်ဖျက်ခြင်း။
၉၂။ အလ် လိုင်းလ် - ညဥ့် (မက)
ဖန်ဆင်းရှင်၏ နှစ်မြို့မှုအတွက် အားထုတ်ခြင်း။
၉၃။ အဿွ် ဿွုဟာ - နေတက်ချိန် (မက)
လူသားအပေါ်ဖန်ဆင်းရှင်၏ အတုမရှိ ဆက်ဆံရေး။
၉၄။ အရှ် ရှရ်ဟ် - အသိအမြင်ပွင့်ခြင်း (မက)
လွယ်ကူမှုသည် ခက်ခဲမှုနှင့်အတူ ပေါ်ထွက်ခြင်း။
၉၅။ အသ် သီးန် - သဖန်းပင် (မက)
မနုဿတို့၏ သဘာဝ။
၉၆။ အလ် အလတ်က် - သွေးခဲ (မက)
လူတို့၏နိမ့်ကျသော ဇစ်မြစ်။ သွန်သင်ဆုံးမချက်။
၉၇။ အလ် ကဒ်ရ် - စွမ်းဆောင်ခြင်းညဥ့် (မက)
ကဒ်ရ် ညဥ့်။ ကုရ်အာန်ကို ထုတ်ပြန်ခြင်း။
၉၈။ အလ် ဘိုင်းယိနဟ် (မဒန)
သစ္စာပယ်သူတို့၏ ကြမ္မာဆိုး။
၉၉။ အလ် ဇိလ်ဇာလ် - မြေငလျင် (မဒန)
တရားစီရင်မည့်နေ့တော်။
၁ဝဝ။ အလ် အာဒိယာ့သ် - အာဇာနည်မြင်းမ (မက)
ဝိဥာဏစွမ်းအား။ လူတို့၏ကျေးဇူးကန်းမှု။
၁ဝ၁။ အလ် ကာရိအဟ် - ပွက်လောညံမည့်နေ့ (မက)
တရားစီရင်မည့်နေ့တော်။
၁ဝ၂။ အသ် သကာဆုရ် - စုပုံစုဆောင်းခြင်း (မက)
ဓနဥစ္စာတပ်မက်ခြင်း။ သေခြင်းတရား။
၁ဝ၃။ အလ် အဆွရ် - ခေတ်ကာလ (မက)
အချိန်ကာလ၏ သဘောတရား။ ကောင်းခြင်း၏သဘောသဘာဝ။
၁ဝ၄။ အလ်ဟုမဇဟ် - ချောပစ်ကုန်းတိုက်သူ (မက)
အတင်းဆိုသူများ နှင့် ကုန်းချောရန်တိုက်သူတို့ကို ရှုတ်ချပြစ်တင်မှု။
၁ဝ၅။ အလ် ဖီးလ် - ဆင် (မက)
မုဟမ္မဒ် ဖွားမြင်သည့်နေ့တွင် အဗ်ရဟာ၏ ကျူးကျော်မှုအပေါ် မက္ကဟ်၏ခုခံမှု။
၁ဝ၆။ ကုရိုင်းရှ် - ကအ်ဘဟ်၏ဂေါပကများ (မက)
အစ္စလာမ်လက်ခံလာစေရန် ကုရိုင်းရှ်တို့အား ဆွဲဆောင်ချက်။
၁ဝ၇။ အလ် မာအူးန် - အသေးအဖွဲအသုံးအဆောင် (မက)
ခဝပ်ခြင်း၏ စစ်မှန်သောအဓိပ္ပါယ်။ ကောင်းမှုလုပ်ရပ်များအတွက် အီမာန်လိုအပ်ခြင်း။
၁ဝ၈။ အလ် ကောင်ဆရ် - ပေါများကြွယ်ဝခြင်း (မက)
သာသနာ့ကိုင်းရှိုင်းမှုဖြင့် စိတ်ချမ်းသာစေနိုင်သည်။
၁ဝ၉။ အလ် ကားဖိရူးန် - သွေဖည်ငြင်းဆန်သူများ (မက)
ယုံကြည်ချက်၌ နှစ်ဖက်နှစ်ခွဟူသည် မရှိရ။
၁၁ဝ။ အန် နဆ်ွရ် - အကူအညီ (မက)
အောင်မြင်မှု ဟူသမျှ အလ္လာဟ့်ထံတော်က။
၁၁၁။ လဟဘ် - မီးတောက်မီးလျှံ (မက)
မုဟမ္မဒ်နှင့်နောက်လိုက်များအား ညှင်းဆဲခဲ့သူ လူသွမ်းကြီး အဘူလဟဘ်၏ ကြမ္မာဆိုး။
၁၁၂။ အလ် အိခ်လာ့ဆွ် - အီမာန်သန့်စင်ခြင်း(သဒ္ဓါတရား) (မက)
အစ္စလာမ့်တစ်ဆူရှင်ဝါဒ အနှစ်ချုပ်။
၁၁၃။ အလ် ဖလပ်က် - အရုဏ်တက်ချိန် (မက)
အလ္လာဟ်အသျှင်မြတ်ထံ ခိုလှုံခြင်း။
၁၁၄။ အန် နာ့စ် - မနုဿလူသားများ (မက)
မကောင်းမှုအပေါင်းမှအကာအကွယ်ရရန်အတွက် အလ္လာဟ်အရှင်မြတ်ထံ ယုံကြည်အပ်နှံမှုထားရှိရေး။

xxxxxxxxxxxxxxxxx
အခန်း (၃) ပြီး။
(ဆက်လက်ဖော်ပြပါမည်)


ဂျူလိုင်ရဲရင့်

No comments:

Post a Comment

Note: only a member of this blog may post a comment.