Pages

.

“ အားလုံးအတွက် ကုရ်အာန် ” - ၁၂


“ အားလုံးအတွက် ကုရ်အာန် ” - ၁၂
***************************
ကိုယ်ကျင့်တရားအကြောင်းကို
တိုတောင်းသောစူရဟ်များဖြင့် နားလည်စေခြင်း
=========================

အာယသ်တော်အရေအတွက်(၅ဝ)အောက်ရှိ စူရဟ်တိုများကို ကျမ်းမြတ်ကုရ်အာန်၏ နောက်ဆုံးပိုင်း၌

တွေ့ရသည်။ ၄င်းစူရဟ်များအတွင်းရှိ ကိုယ်ကျင့်တရားအကြောင်းဖော်ပြချက်များမှာ ရှည်လျားသောစူရဟ်များထက် ပိုမို၍

ရိုးစင်းနေပေသည်။ အတိတ်ခေတ်တမန်တော်များ၊ ဥပဒေသများစသည့် ကျယ်ပြန့်သော ကိုးကားချက်များ မပါဝင်ဘဲ

ကိုယ်ကျင့်တရားသက်သက်ကိုသာ ဦးတည်ညွှန်းပြထားသောကြောင့်ဖြစ်သည်။
ယင်းစူရဟ်အများစု၏ဗဟိုဦးတည်ချက်မှာ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ သက်ဝင်ယုံကြည်ချက်၊ စစ်ဆေးစီရင်အရေးယူမည့်နေ့တာ်၊ သုခဘုံနှင့်ငရဲဘုံ၊ စိတ်ဝိညာဉ်ဆိုင်ရာအရည်အသွေးကောင်းများ၊



နိမ့်ကျဆိုးသွမ်းသည့်ကိုယ်ကျင့်တရားများအပေါ် ပြစ်တင်ရှုတ်ချမှုများ စသည်တို့ဖြစ်သည်။
သို့ဖြစ်ရာ စဦးလေ့လာသူများအဖို့ ကျမ်းဂန်ရှေ့ပိုင်းရှိ စူရဟ်ရှည်များကို မလေ့လာမီ ကျမ်းဂန်နောက်ပိုင်းရှိ တိုတောင်းသောစူရဟ်များအား ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်အပ်ပေသည်။ ကုရ်အာန်၏ ဂျုဇ် ၃ဝ အတွင်းမှ စူရဟ်တစ်ပုဒ်ပုဒ်ဖြင့် စတင်လိုက်ပါလေ။
ဓမ္မဓိဌာန်ကျကျအတွေးအခေါ်တစ်ရပ်ကို ပေးစွမ်းနိုင်သည့် အောက်ပါစူရဟ်အား ဥပမာအဖြစ် တင်ပြပါသည်။

နောက်ကွယ်၌ အတင်းပြောတတ်သူတိုင်း၊ အုပ်စုဖွဲ့၍စောင်းချိတ်ရှုတ်ချတတ်သူတိုင်း ကျိုးယုတ်ပျက်စီးစေသား ! ထိုသို့သောလူစားသည် ဥစ္စာဓနကိုစုဆောင်းကာ ၄င်းတို့သည် မိမိနှင့်အတူထာဝရရှိနေမည့်အလား ယူဆတွက်ချက်(စီစဉ်)လျက်ရှိ၏။ အလျဉ်းမဟုတ်ပြီ။ စင်စစ်မှာကား ထိုသူသည် အစိပ်စိပ်အမြွာမြွာ ချိုးဖဲ့ထားသောအရာ (အလွန်ပူပြင်းလှသည့်ငရဲမီး) အတွင်းသို့ ပစ်ချခြင်းခံရအံ့။ ထိုအစိပ်စိပ်အမြွာမြွာ ချိုးဖဲ့ထားသောအရာမှာ မည်သည်ဟု အသင်သိပါသလော ? အလ္လာဟ်အသျှင်မြတ်၏ (အမိန့်ဖြင့်) မွှေးထားပြီးသော (ငရဲ) မီး ပင်တည်း။ ထိုမီးသည် နှလုံးသားများအထိ စူးရှသက်ရောက်လေ၏။ မုချဧကန် ထိုမီးသည် ဆန့်ထွက်နေသော တိုင်တန်းများသဖွယ် ၄င်းတို့အပေါ်၌ အလုံပိတ်ထားပြီးဖြစ်လေအံ့။ ကျမ်းမြတ်ကုရ်အာန် စူရဟ် အမှတ်စဉ် (၁ဝ၄)

ဤစူရဟ်ငယ်လေးသည် ကိုယ်ကျင့်တရားအကြောင်းကို အလွန်လှပရိုးစင်းစွာ ဖွင့်ပြထားပါသည်။ နောက်ကွယ်၌ အတင်းပြောခြင်း၊ မျက်နှာစုံညီအုပ်စုဖွဲ့၍ စောင်းချိတ်သိက္ခာချခြင်း စသည့် အောက်တန်းကျသူ
စိတ်ဓါတ်ပိုင်ရှင်များ နှင့် လောကီရေးငမ်းငမ်းတက် ရုပ်ဝါဒီများသည် ငရဲလားမည့်လုပ်ရပ်ကိုသာ ရှေ့ရှုနေကြောင်းကို ပြတ်သားစွာ ရှုတ်ချထားပေသည်။ အလားတူပင် ကျန်စူရဟ်ငယ်လေးများတွင်လည်း ရိုးစင်းထိမိစွာ ဖော်ကျူးထားသည်ကို တွေ့ကြရမည်ဖြစ်သည်။

** ကုရ်အာန်က လောကီရေးကို ပစ်ပယ်ခိုင်းခြင်း မဟုတ်၊ ထိပ်တန်းတင်ဦးစားပေး ပထမအဆင့်၌ မထားရှိကြရန်ကို
ဆိုလိုသည်။ ( မြန်မာပြန်ဆိုသူ ) **
 July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.