“ အားလုံးအတွက် ကုရ်အာန် ” - ၁၆
***************************
ကုရ်အာန်၏ စာပေညွှန်းချက်များ
================
ကျမ်းမြတ်ကုရ်အာန်၌ စာပေညွှန်းချက် သုံးမျိုးသုံးစား တွေ့ရ၏။
၁။ မဆလ် ဟုခေါ်သော ဥပစာခိုင်းနှိုင်းချက်များ
၂။ ကောင်လ် ဟုခေါ်သော သြဝါဒအဆိုအမိန့်များ
၃။ ကစံမ် ဟုခေါ်သော ကျိန်တွယ်ပြောကြားချက်များ
အမျိုးအစားတစ်ခုချင်းစီကို သက်ဆိုင်ရာဥပမေယျများဖြင့် ရှင်းလင်းပါအံ့။
၁။ ဥပစာခိုင်းနှိုင်းမှုများ
------------------------
အချက်အလက်တစ်ခုကို ပုံပေါ်လာအောင် အခြားအကြောင်းတစ်ရပ်မှအချက်အလက်
ယင်းကဲ့သို့သောစာပိုဒ်များကို '' ဥပမာကား ဤသို့ဖြစ်၏ '' ဟူ၍ အစချီလေ့ရှိသည်။ သို့မဟုတ်လျှင်လည်း စာပိုဒ်အဆုံး၌ '' ငါအရှင်မြတ်သည် ထိုကဲ့သို့ပင် နှိုင်းယှဉ်ရှင်းလင်းဖော်ပြတော်မ
ဤလောကီဘဝ၏ ဥပမာသည် မိုးရေကဲ့သို့တည်း။ ငါအရှင်မြတ်သည် ၄င်းမိုးရေကို ကောင်းကင်လွှာများမှ ချပေး(ရွာသွန်း)စေတော်မူသည်။ ထိုရေကြောင့် ပထဝီမြေထွက်ပစ္စည်းများ ထွက်ရှိလာပြီး လူနှင့်တိရစ္ဆာန်များအတွက် စားရေရိက္ခာရရှိစေ၏။ ဤသို့ဖြင့် မြေကမ္ဘာသည် အထူးထူးသော အဆင်တန်ဆာဖြင့် ဆင်ယင်ခြယ်သခံရပေသည်။ ထိုမြေကို ပိုင်ဆိုင်သူတို့က မိမိတို့မှ စိတ်တိုင်းကျ စီရင်နိုင်ပြီ ဟုထင်မှတ်လေ့ရှိကြ၏။ (ထိုသို့ရှိနေရာ) ငါအရှင်မြတ်၏အမိန့်တော်သည် ထိုနေရာသို့ နေ့ချင်းညချင်း ရောက်လာသည်၌ ၄င်းသည် ယမန်နေ့ကအလျဉ်းမရှိခဲ့သည့်အလား ရိတ်သိမ်းပြီးလယ်ယာမြေသဖွယ် ဖြစ်သွားလေ၏။ ဤသို့အားဖြင့် ငါအရှင်မြတ်သည် စဉ်းစားဆင်ခြင်တတ်သူတို့အဖို့ သက်သေလက္ခဏာတော်များကို အသေးစိတ် ရှင်းလင်းပြသတော်မူ၏။ ကုရ်အာန် ( ၁ဝး ၂၄ )
၂။ သြဝါဒအဆိုအမိန့်များ
-------------------------
အဆိုအမိန့်သြဝါဒများသည် သာသနာ့ရေးရာမေးခွန်းများနှင့်စေ
ကုရ်အာန်က ဤလက်နက်ကိုအသုံးပြု၍ ကုရ်အာန်၏ဗျာဒိတ်သတင်းအပေါ် ဝေဖန်ချက်၊ ဆန့်ကျင်ချက်၊ တမန်တော်မုဟမ္မဒ်(ဆွ)နှင့်ဆွေသဟ
(အို - တမန်တော်၊ ဤသို့) အသင် ပြောကြားလော့။ မုရှ်ရစ်က်များအနက်မှ စတင်ဖန်ဆင်းမှုကိုပြုလုပ်ပြီး ၄င်းဖန်ဆင်းမှုကိုနောက်တစ်ကြိမ် ထပ်မံဆောင်ရွက်နိုင်သူရှိသလော (ဟု မေးမြန်းပါလေ)။ တဖန် အသင်သည် (ဤသို့) ပြောလိုက်လော့။ အလ္လာဟ်အရှင်မြတ်သာလျှင် စတင်ဖန်ဆင်းတော်မူသောအရှင်၊ ထပ်မံဖန်ဆင်းဦးမည့်အရှင်သခင် ဖြစ်တော်မူ၏။ သို့ပါလျက် အသင်တို့သည် အဘယ်လမ်းကြောင်းသို့ဦးလှည့်နေကြ
ကျမ်းမြတ်ကုရ်အာန်အတွင်း အလ္လာဟ်အရှင်မြတ်၏ကျိန်တွယ်မိန့်
အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် ( ၁၆း ၅၆ )
ကျမ်းမြတ်ကုရ်အာန် ( ၃၆း၂ ၊ ၄၄း၂ ၊ ၅ဝး၁ )
တိုက်ခတ်သောလေပြင်း ( ၅၁း ၁ )
အာကာသကောင်းကင် ( ၅၁း ၇ ၊ ၅၂း၅ )
တောင်စွယ်တောင်တန်း ( ၅၂း ၁ )
မက္ကဟ်မြို့ရှိ ကအ်ဘဟ် ရွှေကျောင်းတော် ( ၅၂း ၄ )
ပင်လယ်သမုဒ္ဒရာ ( ၅၂း ၆ )
ကြယ်တာရာများ ( ၅၃း ၁ )
ကလောင်တံ ( ၆၈း ၁ )
ညဥ့်ကာလ ( ၇၄း ၃၃ )
အရုဏ်ချိန် ( ၇၄း ၃၄ )
အသက်နှုတ်ကောင်းကင်တမန် ( ၇၉း ၁ - ၂ )
တရားစီရင်မည့်နေ့တော် ( ၈၅း ၂ )
မြေကမ္ဘာ ( ၈၆း ၁၂ )
မက္ကဟ်မြို့တော် ( ၉ဝး ၁ )
အသက်ဝိညာဉ် ( ၉၁း ၇ )
အမျိုးသားနှင့်အမျိုးသမီးကို ဖန်ဆင်းထားခြင်း ( ၉၂း ၃ )
သဖန်းပင်နှင့်သံလွင်ပင် ( ၉၅း ၁ )
အဆွရ် ဆွလာသ် / အချိန် / ခေတ်ကာလ ( ၁ဝ၃း ၁ )
ပြတ်သားထင်ရှားသောစာပိုဒ် နှင့် တင်စားသုံးနှုန်းသောစာပိုဒ်များ အကြောင်း
==============================
ကျမ်းမြတ်ကုရ်အာန်ရှိအာယသ်တော်မ
မုဟ်ကမာ့သ် အာယသ်များသည် ကျမ်းဂန်၏အုတ်မြစ် သို့မဟုတ် အနှစ်သာရ ပင်ဖြစ်သည်။ အတိုးအလျော့မရှိ တင်းကြပ်စွာလိုက်နာရ၏။ မုသရှာဘိဟာ့သ် အာယသ်တော်များမှာမူ ၄င်းတို့၏ဆိုလိုရင်းအစစ်ကို အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာ အတိအကျ သိရှိတော်မူသည်။ ထို့ကြောင့် ကွဲလွဲမှုကိစ္စ၌ အသုံးချခြင်း မပြုအပ်ချေ။ နှလုံးသား၏စာရိတ္တခြစားသူများသာလ
မုဟ်ကမာ့သ် - ထင်ရှားပြတ်သားသော အာယသ်တော်များ
------------------------------
ဤအာယသ်တော်များမှာ ပင်ကိုယ်ကပင် ပေါ်လွင်ထင်ရှားလွန်းလှ၏။ ၄င်းတို့ထံ၌ အနက်အဓိပ္ပာယ် တစ်မျိုးတည်းသာထွက်နေ၍ မည်သည့်ရှင်းလင်းချက်မျှ ထပ်မံပေးရန် မလိုအပ်ချေ။ ကျမ်းမြတ်ကုရ်အာန်တွင်းရှိ ဥပဒေသ/စည်းကမ်းချက်အများစုမှာ ဤမုဟ်ကာမသ်အမျိုးအစားအောက်မှ ကျရောက်လာခဲ့သည်။
ဥပမာ - စားသောက်ပိုင်ခွင့်မရှိသောအရာမျ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ် အသေကောင်၏အသား၊ သွေး၊ ဝက်သား၊ အလ္လာဟ်အရှင်မြတ်၏နာမံတော်မှအပ အခြားအရာ၏အမည်ဖြင့် ပူဇော်ပသလှီးဖြတ်ထားသော တိရစ္ဆာန်များကို လုံးဝ တားမြစ်တော်မူ၏။ သို့သော်လည်း မလွှဲသာမရှောင်သာသော အခြေအနေသို့ရောက်နေသူသည် သွေဖယ်မှုဆန္ဒ မပါသည့်အပြင် အတိုင်းထက်အလွန်လည်း မဟုတ်ခဲ့သော် တစ်စုံတစ်ရာ အပြစ်မရှိချေ။ ကုရ်အာန် (၂း ၁၇၃ )
ဤအာယသ်တော်က တားမြစ်ထားသောအစားအစာ နှင့် သေရေးရှင်ရေးဆိုင်ရာ (အရေးပေါ်) ဥပဒေများအကြောင်းကို လုံးဝဥဿုံ - ရှင်းရှင်းလင်းလင်း ပြဆိုထားပါသည်။ နောက်ဥပမာတစ်ခုကား (၁၁၂း ၁) ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း၊ တစ်ပါးတည်းသာ တည်ရှိတော်မူပြီး တန်းတူယှဉ်ဖက်တွဲဖက် ဟူ၍မရှိကြောင်း ဖော်ပြထားချက်မှာ ပြတ်သားရှင်းလင်းလွန်းလှသည်ကို တွေ့ရပေမည်။
မုသရှာဘိဟာ့သ် - တင်စားသုံးနှုန်းသည့် အာယသ်တော်များ
------------------------------
အချို့အာယသ်တော်များသည် ဖွင့်ဆိုချက်တစ်ခုမက ထပ်မံရှင်းလင်းရန် လိုအပ်သည်။ ထိုအာယသ် အမျိုးအစား၏ အစစ်အမှန် ပရမတ်သဘောတရားကို အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာ အကြွင်းမဲ့သိရှိတော်မူ၏။ သဘာဝဓမ္မ၊ နာမ်ပိုင်းဆိုင်ရာ၊ (လူ့အသိဥာဏ်မှ လိုက်မမှီသော) တမန်တော်တို့၏တန်ခိုးပြာဋိဟာဖြစ
အောက်ပါအာယသ်တော်၌ ဖန်ဆင်းရှင်၏သဘောသဘာဝအား ဖော်ပြထားရာ ယင်းအဓိပ္ပာယ်၌ မည်ရွေ့မည်မျှအထိ အဆင့်မြင့်နေသည်ကို မြင်ရပေအံ့။
အလ္လာဟ်အရှင်မြတ်သည် အာကသကောင်းကင်လွှာများ နှင့်မြေပထဝီ၏ရောင်ခြည်တော် ဖြစ်၏။ ထိုအရှင့်(ဓမ္မ) ရောင်ခြည်တော်၏ဥပမာကား လိုဏ်ခေါင်းပေါက်တစ်ခုနှင့်တူ၏။
ဤကဲ့သို့သော အာယသ်မျိုးတွင် နာမ်ပိုင်းဓမ္မသစ္စာ နှင့် ဥာဏ်စဉ်မြင့်တရားတို့ ပါဝင်လျက်ရှိ၏။ ထပ်ပြန်တလဲလဲ ဖွင့်ဆိုရှင်းပြရမည်မှာ ထင်ရှားနေပေသည်။ ဥပမာပေးရပါလျှင် အဇ္ဈတ္တအမြင်ဖြင့် သိမ်မွေ့နက်ရှိုင်းသော ဖွင့်ဆိုမှုတစ်ခုက -- လိုဏ်ခေါင်းပေါက် ဟူသည် အလ္လာဟ့်အကြောက်တရားထားရှိသူမုစ်
အနက်အဓိပ္ပာယ်ဖော်မရသည့် လျှို့ဝှက်စကားစုများ
------------------------------
အထက်ပါ မုသရှာဘိဟာ့သ် အာယသ်တော်အမျိုးအစား၌ အနက်အဓိပ္ပာယ်ဖော်မရသည့် လျှို့ဝှက်ကားစုများရှိနေသော အာယသ်များလည်းပါဝင်သည်။ ယင်း လျှို့ဝှက်ဆန်းကြယ်စကားစုကို “အလ်မုကသ်သွအာ့သ်” ဟုခေါ်ဆိုသည်။ ထိုစကားစုများကို စူရဟ် (၂၈)ပုဒ်၏ အစအဖွင့်၌ တွေ့ကြရပေမည်။ ဥပမာ ဒုတိယမြောက်စူရဟ် ၏ စစချင်း၌ “ဟာမီးမ်” ဟုဖော်ပြထားရာ ၄င်းကို သရသံရှည်ဖြင့် ဆွဲငင်ဖတ်ရွတ်ရပေသည်။ အလားတူ စူရဟ်အမှတ်စဉ် ၄ဝ မှ ၄၆ အထိ စူရဟ်များအစ၌လည်း ၄င်းစကားစုရှိနေပြီး “ဟား မီးမ်” ဟု တစ်လုံးချင်း သရသံရှည်ဖြင့် ဆွဲဖတ်ရပေသည်။
ထိုလျှို့ဝှက်စကားစု၏အနက်သဘောအစ
၁။ အာယသ်စာကြောင်းများ၏ အတိုကောက်စကားလုံး
ကုရ်အာန်ပညာရှင်အချို့က ဤစကားလုံးများမှာ အာယသ်တစ်ခုစီ၏အတိုကောက်အကျဉ်းရံ
'' ငါအရှင်မြတ်သည် အလ္လာဟ် ဖြစ်၏။ (အရာအပေါင်းကို) အကြွင်းမဲ့သိရှိတော်မူသော အရှင်ဖြစ်၏ '' ဟူသော အာယသ်တော်အတွက် အတိုကောက်ဖော်ပြချက် ဟု ဖော်ပြလေ့ရှိသည်။
၂။ သင်္ကေတ
ပညာရှင်အချို့က ဤအရာများသည် အလ္လာဟ်အရှင်မြတ် သို့မဟုတ် တမန်တော်မုဟမ္မဒ် (ဆွ)နှင့် တိုက်ရိုက်သက်ဆိုင်သော သင်္ကေတတစ်ရပ် ဟုဖော်ပြကြပြန်၏။ ဥပမာ - စူရဟ်အမှတ်စဉ် ၃၆ ၏ စဦးအာယသ်တော်မှာ “ယာစီးန်” ဟူ၍ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်မှ တမန်တော်မြတ်အား ခေါ်ဝေါ်သမုတ်ချက် (ဘွဲ့တော်ဂုဏ်တော်) တစ်ရပ် ဟူ၏။ သို့အတွက် တမန်တော်ကို ညွှန်းလျက် မုစ်လင်မ်ကလေးငယ်များအား ယာစီးန် သို့မဟုတ် သွာဟာ ဟူ၍ ကင်ပွန်းတပ်လေ့ရှိသည်ကို တွေ့ရပါမည်။
၃။ အာရုံပြုရေးသတိပေးချက်
ဤစကားလုံးတို့သည် တမန်တော်မြတ်က ဝဟီဗျာဒိတ်ကျရောက်လာမှုကို လက်ခံစေရန်၊ ၄င်းနောက် သူ၏အမျိုးသားတို့အား မဆိုင်းမတွ ရွတ်ဖတ်သရဇ္ဈာယ်ပြရန် သတိပေးချက်တစ်မျိုး ဖြစ်ကြောင်း ပညာရှင်တစ်စုက ယုံကြည်ကြ၏။ ဤဖွင့်ဆိုချက်မှာ အတန်ပင် လျောက်ပတ်သင့်လျော်သည်။ အကြောင်းမှာ ယင်းစာသားများကို အသံမြှင့်၍ ဖတ်ကြည့်ပါက ထူးခြားသောပဲ့တင်သံ ရိုက်ခတ်ထွက်ရှိလာကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ ဗျာဒိတ်တော်အသစ်တစ်ရပ် ထပ်မံကျရောက်သည့်အပေါ် အာရုံပြုသတိထားနိုင်အောင် အကောင်းဆုံးစာသားပုံစံ ဖြစ်လျက်ရှိနေပါသည်။
၎။ အရှေ့တိုင်းဘာသာရပ်ပညာရှင်တို့၏
အနောက်တိုင်းက အစ္စလာမ့်ဓလေ့ကိုလေ့လာကြသူများသည
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment
Note: only a member of this blog may post a comment.