Pages

.

ကဗရ် သင်္ချိုင်း တွင် စစ်ဆေးမေးမြန်ခြင်း


ကျွန်တော်တို့ယခုလက်ရှိ အစ္စလာမ်အယောင်ဆောင်များသည် ၎င်း လိုင်ကြောင်နေသေား လူအုပ်စု ထဲမှ တချို့လူများက၎င်း အစ္စလာမ် နှင့်ပတ်သက် ၍စေားဒက တက်ပြီး ကဗရ်အဇားဗ်နှင့်ပတ်သက်၍ မမြင်ရသည့်အကွယ် ကအရာများဟု၍ စေားဒက တက်နေကြသည်

ထိုသို့သေားသူများ၏ စေားဒကအတွက် ပြည့်ဝခိုင်လုံသေားအဖြေသည် ရှိနေပါသည်

အိုးနဗီတမန်တော် အသင်သည်ပြေားကြားပါလေ အချင်းတို့အသင်တို့နှင့်ပတ်သက်၍ ခန့်အပ်ထားခြင်းခံရလေသောသေမင်းတမန်သည် အသင်တို့၏ အသက် ဇီဝိန်ကို နှုတ်သိမ်းလေသည် ထို့နောက်အသင်တို့သည် ဖန်ဆင်းမွေးမြူတော်မူသေားအရှင်မြတ်ထံတော်သို့ပင် ပြန်ရောက်စေခြင်းကိုခံကြရအံ့သတည်း။ (စူရာဟ် (၃၂) စဂ်ျဒါ / အာယသ် -၁၁)

ကဗရ် ၌ စစ်ဆေးမေးမြန်မှု့ကို ကျွန်ုပ်တို့ယုံကြည်ကြပေသည် ကဗရ်၌စစ်ကြေားခြင်းသည် သေဆုံးကွယ်လွန် မြှုပ်နှံပြီးနောက် သေသူအား မေးမည်မှာ (၁) အသင်၏ ဖန်ဆင်းရှင် မည်သူနည်း
(၂) အသင်၏ဒီးန်းသာသနာဘယ်အရာနည်း
(၃) အသင့်နဗီမည်သူနည်း ဟုမေးမြန်းစစ်ဆေးခြင်းကိုဆိုလိုသည် သို့ဖြစ်၍အလ္လာဟ်အရှင်မြတ်သည်အီမာန်ရှင်များအား တိကျသေားအဖြေပေးနိုင်ရန် စွမ်းအားပေးမည်ဖြစ်၍ အီမာန်ရှင်သည် ကျွန်ုပ်၏ရဗ် ဖန်ဆင်းရှင်မှာ အလ္လာဟ်အရှင်မြတ်ဖြစ်ကြောင်း ကျွန်ုပ်၏ဒီန်သာသနာမှာ အစ္စလာမ်ဖြစ်ကြောင်း ကျွန်ုပ်၏နဗီတမန်တော်မှာ မုဟမ္မဒ် (ဆွ) ဖြစ်သည်ဟု အဖြေပေးပေမည်




ကာဖိရ် မုရှ်ရစ်က်များကိုမူ အလ္လာဟ်အရှင်မြတ်က စွမ်းအားမပေးသည့်အတွက် ကာဖိရ်က ကျွန်တော်မသိပါဟု ဝမ်းနည်းစွာပက်လက် ယူကြုံးမရဖြစ်ကားဖြေကြားပေမည်

မုနာဖိက် နှင့် သံသယ ရှိခဲ့သေားသူများကလည်း ကျွန်တော်တို့မသိပါ ဟုဖြေကြားပေမည်

ကဗရ်၏ စည်းစိမ်နှင့် ပြစ်ဒဏ်များအပေါ် ကျွန်ုပ်တို့ သက်ဝင်ယုံကြည်ကြပါသည် ကဗရ်၏ ပြစ်ဒဏ်သည် ဖောက်ပြန်ကျူးလွန်သူများ ဖြစ်သေားမုနာဖိက်များနှင့်ကာဖိရ်များအတွက်ဖြစ်သည်

ဟဇရသ် ဇိုက်ဒ် ဗင်န် စာဗစ်သ် (ရသွေ့) သခင် မှ တမန်တော်မြတ် (ဆွ) သြဝါဒတော်ကိုဆင့်ပြန်ထားသည်မှာ တမန်တော်မြတ် (ဆွ) မိန့်တော်မူသည်မှာ ကဗရ်၏ အဇားဗ်အပြစ်ဒဏ် ခံနေရသည်ကို ငါကိုယ်တော်ကြားသကဲ့သို့အသင်တို့အားကြားနိုင်စေရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတောင်းခံပေးလိုသည် သို့သော် အသင်တို့သေသူအား မမြှုပ်နှံကြတော့မည်ကို စိုးရိမ်၍သာ မတောင်းခံခြင်းဖြစ်သည် ။ (မွတ်စ်လင်မ်ကျမ်း)

ဤသည်မှာ ကဗရ်၏အဇားဗ်ရှိကြောင်း တမန်တော်မြတ်(ဆွ) ကိုယ်တော်တိုင်မိန့်တော်မူခဲ့သည့် ဟဒီးစ်ပင်ဖြစ်သည်

ထို့နောက် တမန်တော်မြတ်(ဆွ) က ဆွဟာဗဟ်များဘက်သို့လှည့်၍မိန့်တော်မူသည်မှာ အသင်တို့ဂျဟန္နမ် ငရဲးမှလွတ်ကင်းရန် အလ္လာဟ်အရှင်မြတ်ထံခိုလှုံခွင့်တောင်ကြလော့ ဟုမိန့်တော်မူရာ ဆွဟာဗဟ်များသည် ဂျဟန္နမ်ငရဲးမှ ကျွန်ုပ်တို့အလ္လာဟ်အရှင်မြတ်ထံခိုလှုံခွင့်တောင်းခံပါကြပါသည် ဟုပြေားဆိုကြရာ ထပ်မံအမိန့်ရှိသည်မှာ ကဗရ်၏အဇားဗ်မှလည်း အလ္လာဟ်အရှင်မြတ်ထံလိုလှုံခွင့်တောင်းကြလော့ မိန့်ပြန်ရာ ဆွဟာဗဟ်များသည် ကျွန်ုပ်တို့သည် ကဗရ်၏အဇားဗ်မှ ကင်းလွတ်ရန် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံကြပါသည်ဟု ထပ်မံပြေားဆိုခဲ့ကြသည်

ဤသည်ကဗရ်အဇားဗ်ရှိကြောင်းတမန်တော်မြတ် (ဆွ) အမိန့်ရှိခဲ့သည်

ကဗရ်၏ စစ်ဆေးမေးမြန်းခြင်း ၎င်း၏အပြစ်ဒဏ်နှင့် စည်းစိမ်များထိုက်တန်သူတို့အဖို့ တိကျစွာရှိနေကြောင်း တမန်တော်မြတ်(ဆွ) ထံမှဟဒီးစ် တော်များ ဆင့်ပြန်သူများစွာတို့မှဆင့်ပြန်ထားသည် ၎င်းအပေါ်သက်ဝင်ယုံကြည်ခြင်းသည် အရေးကြီးလိုအပ်သကဲ့သို့ ၎င်းတို့သီးသန့်ပုံသဏ္ဍန်နှင့်ပတ်သက်၍ ပြေားဆိုစွက်ဖတ်ခြင်းများမပြုသင့်ပါ
ကဗရ်ရဲ့အဇားဗ်နဲ့ ကိယာမသ်နေ့မှာဖြစ်မည့်အရာမျာနဲ့ မရေားနှေားကြပါနှင့် ကဗရ်ရဲ့အဇားဗ်မှာသီးသန့်ဖြစ်၍ ကိယာမသ်နေ့၌ရင်ဆိုင်ကြုံတွေ့ရမည့်အရာများသည်သီးသန့်ဖြစ်ပါသည်

ဟဇရသ် ဘရာအ် အိဗ်နုဆာဗစ်သ် (ရသွေ့) သခင်ဆင့်ပြန်ထားသည် တမန်တော်မြတ်(ဆွ) အမိန့်ရှိသည်မှာ အီမာန်ရှင်တစ်ဦးသည် ကဗရ်အတွင်းဖရစ်ရှ်သာနှစ်ပါးကို မှန်ကန်သေားအဖြေပေးလိုက်သေားအခါ ကောင်းကင်မှအသံပြုတော်မူသည်မှာ ငါ၏ဗန္နဟ်ကျေးကျွန်သည်မှန်ကန်စွာဖြေကြားလိုက်ပြီးဖြစ်၍ ဂျန္နသ်မှအခင်းအကျင်းများခင်းပေကြလော့ ဂျန္နသ်၏ အဝတ်အစားများဝတ်ဆင်ပေးကြလော့ ၎င်းအတွက် ဂျန္နသ်ဘက်သို့ တခါးပေါက် တစ်ခုဖွင့်ပေးကြလော့ ဟု မိန့်မြွက်ပေမည်

သို့ရှိရာ ဂျန္နသ်၏ မွှေးရနံ့ ကြိုင်လှိုင်သင်းပျန့်သေား လေနုအေးများ ၎င်းထံ ရောက်ရှိလာမည် ၎င်းထိုသူ၏ကဗရ်သည် မျက်စိတစ်ဆုံးကျယ်ပြန့်သွားပေမည် (မွတ်စ်နဒ်အဟ်မဒ်ကျမ်းနှင့် အဗူဒါဝူးဒ်ကျမ်း)

တမန်တော်မြတ်(ဆွ) အမိန့်ရှိသည်မှာ ကိယာမသ်မဖြစ်ခင်အလျင် ၎င်း၏ထင်ရှားသေား လက္ခဏာကြီး (၁၀)ချက်အားမြင်တွေ့ခြင်းမရှိပဲ ကိယာမသ်လုံးဝဆိုက်ရောက်လာမည်မဟုတ်ပေ ထို့နောက် အောက်ပါ (၁၀) ချက်ကိုတင်ပြသည်

၁ မီးခိုးထွက်ခြင်း

၂ ဒဂ်ျဂျာလ် ထွက်ပေါလာခြင်း

၃ လည်ပင်းရှည်လျားသေားသတ္တဝါထွက်ပေါလာခြင်း

၎ အနောက်အရပ်မှနေထွက်ခြင်း

၅ ဟဇရသ် အီစာ (အ) ဆင်းသက်လာခြင်း

၆ (ယအ်ဂျုးဂ်ျ) (မအ်ဂျုးဂ်ျ) ထွက်ပေါလာခြင်း

၇ နေသုံးကြိမ်ကြတ်ခြင်း အရှေ့အရပ်တွင်တစ်ကြိမ်

၈ အနောက်အရပ်တွင်တစ်ကြိမ်

၉ အရဗ်ကျွန်းဆွယ်တွင်နေကြတ်ခြင်း

၁၀ ၎င်းတို့၏ နောက်ဆုံးလက္ခဏာမှာ ယမန်နိုင်ငံမှ ထွက်ပေါလာမည့် မီးတောက်မီးလျံဖြစ်သည် ၎င်းမီးသည် လူသားအားလုံးအား စုရုံးရမည့်နေရာသို့ စုရုံးစေလိမ့်မည်
(မွတ်စ်လင်မ်ကျမ်း)


ဤသည်ကာ တမန်တော်မြတ်(ဆွ) ရဲ့ ဟဒီးစ်ဖြစ်သည် ညင်းပယ်သူကာ ကာဖိရ်စားရင်ဝင်သွာချေပြီ


ဤသည်ကိုကြည့်ခြင်းအားဖြင့် ကဗရ်၌ ကြုံတွေ့ရမည့်အရာများနှင့် ကိယာမသ်နေ့၌ကြုံတွေ့ရမည့်အရာများသည် အလွန်ကွာခြားသည်


အသင်တို့၏ စွပ်စွဲးချက်များနှင်းလုပ်ကြံဖန်တီးမှု့များနှင့် စေားဒကများသည်
် ဘယ်လောက်ပင်များပြားစေကာမှု

ပြည့်ဝခိုင်လုံတဲ့အဖြေမှာ ရှိနေပါသည် ။။။

No comments:

Post a Comment

Note: only a member of this blog may post a comment.