ဟဇရသ်မုအားဇ် သခင်၏မေးမြန်းချက်အပေါ် ကိုယ်တော်ငိုကြွေးတော်မူခဲ့ခြင်း
ဟဇရသ်မုအားဇ် အိဗ်နေဂျဗာလ် (ရသွေ့) သခင်က အမိန့်ရှိသည်မှာ ကျွန်တော်သည် အာယသ်တော်တစ်ပါးဖြစ်သည့်
(ထိုနေ့ဝယ် စူးရ်ခရာ မှုတ်ခြင်းခံရပေမည် သို့ဖြစ်အသင်တို့ သည် အုပ်စုအလိုက် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက် လာရောက်ကြရကုန်အံ့ )ဟူသည့်အာယသ်တော်အလိုသဘေားမည်သို့ပါသနည်း ဟုမေးမြန်းလျှောက်ထားရာ ထိုမေးမြန်ချက်ကို ကြားပြီး တမန်တော်မြတ် (ဆွ) သခင်သည် ဤမျှငိုကြွေးတော်မူသည်မှာ အင်္ကျီ
များပင် ရွှဲးစိုကုန်၏
၎င်းနောက် အမိန့်ရှိသည်မှာ
အိုးမုအားဇ် အသင်သည် အလွန်ကြီးကျယ်သည့် မေးခွန်းကိုမေးမြန်းလိုက်သည်
ကိယာမသ်နေ့တွင် ငါ့အွမ္မသ် သည် ဟရှရ် ကွင်းပြင်၌အုပ်စု (၁၂ ) စု ခွဲ၍ ရှင်ပြန်ထကြရမည်
၁။ ပထမအုပ်စုသည် ကဗရ်သင်္ချိုင်း အတွင်းမှ ခြေလက် မပါဘဲ ရှင်ပြန်ထကြရမည်
ဤအုပ်စုသည် မိမိအိမ်နီးချင်းများကို အစဉ်ဒုက္ခပေးသူများဖြစ်ကြပေသည်
၂။ ဒုတိယအုပ်စုသည် ဟရှရ် ကွင်းပြင်၌ ဝက်ရုပ် သဏ္ဍန်ဖြင့် ရောက်ရှိလာကြမည်
ဤသူတို့သည် နမားဇ်မဖတ်ဘဲ ပျင်းရိသူ့ဖြစ်ကြသည်
၃။ တတိယအုပ်စုသည် ဤပုံစမ်ဖြင့်ရှင်ပြန်ထကြရမည် ၎င်းတို့၏ ဗိုက်များသည် တောင်များပမာ မို့မောက် စွာပူနေကြပြီး ဗိုက်ထဲ၌လည်း မြွေနှင့်ကင်းမီးကောက်များဖြင့် ပြည့်နှက်နေမည်
ဤအုပ်စုသည် တရားတော်ကပြဌာန်းထားသော တရာဝင်ဒါနကြေး ဇကားသ် တာဝန်မကျေပွန်သူများဖြစ်ကြသည်
၎။ စတုတ္ထ အုပ်စုသည် ပါးစပ်မှ သွေးများလျှံကျကာ သင်္ချိုင်းမှ ပြန်ထလာကြမည်
ဤအုပ်စုသည် ဒွန္နယာ၌ ရှိစဉ်အခါက အလ္လာဟ်အရှင်မြတ် ၏ ကတိတော်အား အလွဲသုံးစားပြုသူများဖြစ်ကြသည်
တစ်နည်းဒီးန် သာသနာတော်၌ အလွဲသုံးစားပြုကြသူများဖြစ်ကြသည်
၅။ ပဉ္စမ အုပ်စုသည် ကဗရ်အတွင်းမှ ဤပူံစမ် ဖြင့် ထလာကြမည် ၎င်းတို့ ခန္ဓာကိုယ် တစ်ခုလုံး ဖောရောင် နေပြီးအပုပ်နံ့များထွက်နေမည်
ဤသူတို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ခြင်းမရှိကြဘဲ လူသားများမြင်တွေ့သွားမည်ကိုစိုးရိမ်ပြီး တိတ်တိတ်ပုန်း ဂုနာဟ် အကုသိုလ် ကျုးလွန်ကြသူများဖြစ်ကြသည်
၆။ ဆဌမ အုပ်စုသည် လည်ပင်များပြတ်၍ ကဗရ် သင်္ချိုင်း အတွင်းမှ ထွက်လာကြမည်
ဤသူတို့သည် ဒွန္နယာလေားက၌ လိမ်လည်၍ သက်သေပေးသူများဖြစ်ကြသည်
၇။ သတ္တမ အုပ်စုသည် ပါးစပ်နှင့် လျှာများ မပါရှိဘဲ သင်္ချိုင်းအတွင်း မှထွက်လာကြမည်
ဤသူတို့သည် အမှန်ကိုသိလျက်နှင့် သက်သေမပေးသူများဖြစ်ကြသည်
၈။ အဋ္ဌမအုပ်စုသည် ဝမ်းလျားမှောက်၍ ကဗရ်အတွင်းမှ ရှင်ပြန် စူရုံး ခြင်းခံကြရပေမည်
ဤသူတို့သည်ကား ဇေနာ ကာမေသုမိစ္ဆာ ကျုးလွန်ခဲ့ပြီး (သောင်ဗာဟ် ) မပြုဘဲ ကွယ်လွန်ခဲ့သူများဖြစ်ကြသည်
၉။ နဝမ အုပ်စုသည် မျက်နှာအမဲ မျက်လုံးအပြာရောင် ကြောက်မက်ဖွယ်ရုပ်ဆင်းသဏ္ဍန်ဖြင့် ရှင်ပြန်ထ ရမည်ဖြစ်ပြီး ၎င်းတို့၏ ဝမှ်းဗိုက် အတွင်းမှလည်း မီးတောက်များ တောက်လောင်လျှံထွက်နေမည်
ဤသူတို့သည်လည်း ယသီးမ် မိဘမဲ့ ကလေးငယ်များ၏ ဥစ္စာပစ္စည်းအား မတရားသဖြင့် စားသုံးခဲ့သူများဖြစ်ကြ၏
၁၀။ ဒသမ အုပ်စုသည် နူနာရေားဂါသည် သည်ပုံစမ်ဖြင့် ကဗရ် အတွင်းမှ ရှင်ပြန်ထလာကြမည်
ဤသူများသည် မိဘနှစ်ပါးအား စိတ်ညိုညင်အောင် ပြုသူ ၎င်းတို့၏ အမိန့်စကားကို ဖီဆန် ဆန့်ကျင်သူများဖြစ်ကြသည်
၁၁။ အုပ်စုတစ်စုဤသို့လည်း ရှိပေဦးမည် ၎င်းတို့ သည် အကန်း
်ဘဝဖြင့်
ရှင်ပြန်ထကြရမည် ထိုသူတို့၏ သွားများသည် နွားချိုများပမာ ရှိကြပြီး နှုတ်ခမ်းများတွဲးကြနေသည် ဝမ်းဗိုက်အတွင်းမှလည်း အပုပ်အစပ်များထွက်ကြနေမည်
ဤအုပ်စုသည် လေားက၌ ရှိစဉ်က အရက်သေစာသောက်စားသူများဖြစ်ကြသည်
၁၂။ အုပ်စုတစ်စုမျက်နှာများမှာ လပြည့်ဝန်းပမာလင်းဝင်းလျက် ရှိကြပြီး ကဗရ်သင်္ချိုင်းအတွင်းမှ ရှင်ပြန်ထလာကြမည် ၎င်းပြင် ပွလ်စွေရာတ် တံတား ကို လျှပ်စီးပျက်သကဲ့သို့ တစ်ဖက်သို့ လျင်မြန်သေားအဟုန်ဖြင့်ရောက်ရှိသွားကြမည်
ဤသူတို့သည်သာလျင် နမားဇ်အားအစဉ်တစိုက် ဝတ်ပြုသူများဖြစ်ကြပြီး ဒုစရိုက်အပေါင်းမှ ရှောင်ကြဉ်ကြသူများဖြစ်ကြသည် ၎င်းတို့၏ နောက်ဆုံးနိဂုံးသည် သောင်ဗာဟ် အမှားဝန်ခံမှု့ဖြင့် အဆုံးသတ်ခဲ့ပြီး ဂျန္နသ် သုခဘုံ၌ စံမြန်းရမည့် သူများဖြစ်ကြသည်
ယာအလ္လာဟ် အရှင်မြတ် ကျွန်တော်မျိုး တို့သည်အပြစ်မကင်းသောလူသားများဖြစ်ကြပါသည် ကျွန်တော်မျိုးတို့ရဲ့အ့ပြစ် ဂုနာဟ်များကို ဝန်ချတောင်းပန်ပါတယ် ယာအလ္လာဟ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါ ထို့နောက် ကျွန်ျတ်ာမျိုးတို့အား နံပါတ် ၁၂ အုပ်စုတွင် ပြန်လည်ရှင်ပြန်ထစေတော်မူပါ ။။
ၼ

No comments:
Post a Comment
Note: only a member of this blog may post a comment.