ဘာသာရေးဆိုင်ရာအထောက်အထားမှာ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ
ကာဖိရ်သွေးဖည်ငြင်းဆန်သူတို့က ၎င်းတို့သည် အလျင်းရှင်ပြန်ထရမည်မဟုတ် ဟူ၍ ထင်မြင်ပြေားဆိုခဲ့ကြသည် (အိုးနဗီတမန်တော်)အသင်သည် ပြေားကြားပါလေ (အချင်းတို့) အဘယ့်ကြောင့်မဟုတ်သနည်း ငါ့အား ဖန်ဆင်းမွေး မြူတော်မူသေား အရှင်မြတ်အား တိုင်တည်၍ (ပြေားအံ့) ဧကန်မလွဲအသင်တို့သည် ရှင်ပြန်ထကြရပေမည် ထို့နောက် ဧကန်မုချ အသင်တို့သည် မိမိတို့ကျင့်မူခဲ့သမျှ တို့ကို သိစေခြင်း ခံကြရမည် စင်စစ်သော်ကား ဤသည် အလ္လာဟ်အရှင်မြတ်၌လွန်စွာလွယ်ကူလှ၏ (စူရာဟ် (၆၄) သဂါဗွန် | အာယသ် -၇ )
ဆက်လက်၍မိန့်တော်မူသည်မှာ
စင်စစ်သော်ကား ကာဖိရ် သွေးဖည် ငြင်းပယ်သေားသူတို့က ရှင်ပြန်ထရမည့်အချိန်ကာလသည် ကျွန်ုပ်တို့ထံဆိုက်ရောက်လာမည်မဟုတ်ဟု ဆိုကြကုန်၏ (အိုး နဗီတမန်တော်) အသင်သည်ပြေားကြားပါလေ (အချင်းတို့) ငါ့အားမွေးမြူဖန်ဆင်းတော်မူသေား အကွယ်၌ရှိသည်တို့ကို သိမြင်တော်မူသေား အရှင်မြတ်၏ ကစမ် ယင်းရှင်ပြန်ထမည့် အချိန်ကာလသည် အသင်တို့ထံအမှန်ပင်ဆိုက်ရောက်လာမည် မိုးကောင်းကင်များ၌လည်းကောင်း ပထဝီမြေ၌လည်းကောင်း အဏုမြူခန့်မျှသေား ဝတ္ထုပစ္စည်းသည် ပင်လျင် ထိုအရှင်မြတ်၏အသိပညာမှ ကွယ်ပျောက်နေသည်ဟု၍မရှိ ပေ စင်စစ်သော်ကား ယင်းအဏုမြူထက်သေးငယ်သေားအရာ ဝတ္ထုပင်ဖြစ်စေ ထင်ရှားစွာသော မှတ်တမ်းစာအုပ်တွင် (ရေးသားပြီး) ဖြစ်ပေသည် ( စူရာဟ် (၃၄) စဗအ် | အာယသ် -၃)
ထို့နောက်ကောင်းကင်ကျကျမ်းအားလုံသည် သေပြီးတစ်ဖန်ရှင်ပြန်ထခြင်းအား အလွဲ အလွဲ မရှိ ညွှန်ပြထားသည်
အလ္လာဟ်အရှင်မြတ်သည် ဤမျက်မှောက်လေားကတွင်ပင် သေသွားသေားအရာများကို ပြန်လည်ရှင်ပြန် ထစေ၍ မိမိ ဗန္ဒာဟ်များအား ပြသခဲ့လေသည် ထို့နောက် စူရာဟ် ဘကရာ တစ်ပုဒ်ထဲမှာပင် ပြန်လည်ရှင်ထခြင်း၏ပမာ (၅) ခု ဖောပြထားသည် ၎င်းတို့အနက်
(၁) တမန်တော်မူစာ (အ) ၏ အွမ္မသ်သားများသည် အလ္လာဟ်အရှင်မြတ်အား ကျွန်ုပ်တို့သည် လက်တွေ့သိမြင်ခြင်းမရှိသမျှ ကာလပတ်လုံး အသင့်အား အီမာန် မယူနိုင်ပါဟု ပြေားကြားသေားအခါ အလ္လာဟ်အရှင်မြတ်က ၎င်းတို့အားသေစေပြီး ပြန်လည်ရှင်ထစေခဲ့၏ ဤအကြောင်းနှင့်ပတ်သက်၍ ဗနီအိစ္စရာအီလ်များအား မိန့်တော်မူသည်မှာ
အိုးဗနီအစ္စရာအီလ်မျိုးနွယ်အပေါင်းတို့ ပြန်လည်အောင်းမေ့သတိရကြကုန် တရံရေားအခါ အသင်တို့သည် အိုးမူစာ ကျွန်ုပ်တို့သည်အလ္လာဟ်အရှင်မြတ်ကို ဒိဋ္ဌ မျက်ဝါးထင်ထင် မဖူးမြင်ရသမျှကာလ ပတ်လုံး ကျွန်ုပ်တို့သည် အသင့်အား အလျင်းယုံကြည်ကြမည်မဟုတ် ဟုပြေားဆိုကြကုန်၏ ထိုကဲ့သို့မပြေားသင့်မပြေားအပ်သေားစကားရပ်ကိုပြေားဆိုကြသည့်အတွက် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုး လောင်မီးသည် ဖမ်းဆီး ကွပ်မျက်လိုက်လေပြီ အသင်တို့ကိုယ်တိုင်လည်း ထိုအခြင်းအရာကိုတွေ့မြင်ကြပေသည်
ိအိုးဗနီအစ္စရာအီလ် မျိုးနွယ်အပေါင်းတို့ အသင်တို့အသက် သေကြေပျက်စီးပြီးသည့် နောက်သော်မှပင် ငါအရှင်သည်အသင်တို့အား တစ်ဖန်ရှင်ပြန်ထစေတော်မူ၏ သို့မှသာလျင်အသင်တို့သည်ကျေးဇူးတင်ကြမည်
(၂) ဗနီအစ္စရာအီလ်အတွင်းမှ လုပ်ကြံသတ်ဖြတ်ခြင်းခံရသော ဗနီအစ္စရာအီလ် တစ်ဦးနှင့်ပတ်သက်၍ ၎င်းတို့အငြင်းပွားခဲ့ရာ အလ္လာဟ်အရှင်မြတ်သည် (နွားမ) တစ်ကောင်ကိုသတ်ပြီး ထိုနွား၏အချို့အသားများအား ယူ၍ အသတ်ခံရသူအား ထိရိုက်လျင် သတ်ဖြတ်သူ၏သတင်းပေးမည်ဟု ၎င်းတို့အား အမိန့်ပေးတော်မူခဲ့သည်
(၃) သေခြင်းတရားမှကြောက်ရွံ့ကာ အိုးအိမ်စွန်လွှတ်ထွက်ပြေးခဲ့ပြသေား လူတစ်စုအားသေစေ၍ုပြန်လည်ရှင်ထစေတော်မူခဲ့၏
(၄) နဗီတစ်ပါးသည် လူသားအားလုံး သေကြေကြလျက် ပျက်စီးယိုယွင်းနေသော ကျေးရွာတစ်ခုအနီးဖြတ်သန်းသွားရာ ဤသေနေသူများအား အလ္လာဟ်အရှင်မြတ် မည်ကဲ့သို့ပြန်လည်ရှင်ထစေမည်ကိုအတွေးဝေခဲ့ရာ ထိုနဗီအားအလ္လာဟ်အရှင်မြတ်သည် နှစ်ပေါင်း တစ်ရာ သေစေပြီး တစ်ဖန်ပြန်ရှင်ထစေ၍ သင်ခန်းစာပေးတော်မူခဲ့၏
(၅) တမန်တော် အိဗ်ရာဟီးမ် (အ) သည် ငှက်များအားသတ်ဖြတ်အတုံးအတစ်ပြုလုပ်ကာ တောင်းများအသီးသီးတွင်စွန့်ပစ်၍ ပြန်လည်ခေါ် ယူသေားအခါ ငှက်များပြန်လည် ရှင်သန် လာ၍ တမန်တော် အိဗ်ရာဟီးမ် (အ) ထံပါးသို့ပြေး၍ လာခဲ့ကြသည်
အလ္လာဟ်အရှင်မြတ်သည်လူတို့အား သေစေရှင်စေတော်မူသောအရှင်ဖြစ်သည်
သေပြီးတစ်ဖန်ရှင်ထခြင်းမှာ ဖြစ်နိုင်သည်ဟု အသိဉာဉ်ပိုင်းဆိုင်ရာ အထောက်အထားမှာ နှစ်မျိုးရှိ၏
တစ်မျိုးမှာ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် မိုးခုနှစ်ထပ် မြေခုနှစ်ထပ် ၎င်းတို့ကြားဝယ် တည်ရှိသေားအရာခပ်သိမ်းတို့အား အစပြုဖန်ဆင်းတော်မူသေားအရှင်ဖြစ်၍ အစပြုဖန်ဆင်းခြင်းကို စွမ်းဆောင်နိုင်သေားတန်ခိုးရှင်သည် ဘာကြောင့်ပြန်လည်ရှင်စေခြင်းအား မစွမ်းဆောင်နိုင်ရမည်နည်း
ပြန်လည် ရှင်ထစေခြင်းသည် အစပြုဖန်ဆင်းရခြင်းထက် ပို၍လွယ်ကူ သည်ကို အသိဉာဉ်အနည်းငယ် ရှိသူများ ပင်လျင် လွယ်ကူစွာသိမြင်နိုင်၏
အလ္လာဟ်အရှင်မြတ် မိန့်တော်မူထားသည်မှာ
အမှန်သော်ကား ထိုအရှင်မြတ်သည်ပင် အဖန်ဆင်းခံတို့အား စတင်ဖန်ဆင်းတော်မူ၏ ထို့နောက်ထိုအရှင်မြတ်သည်ပင်ယင်း
အဖန်ဆင်းခံတို့ကို
ထပ်မံ ၍ဖန်ဆင်းတော်မူမည် စင်စစ်သော်ကား ဤသည် ထိုအရှင်မြတ်ဖို့သာ၍ပင် လွယ်ကူလှပေသည် (စူရာဟ် (၃၀) ရူးမ် | အာယသ် -၂၇)
ဆွေးမြေ့နေသေားအရိုးများ ပြန်လည်ရှင်ထမည်ကို ငြင်းဆန်သူများ၏ အဆိုကို ပယ်ချ၍ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ
(အိုး နဗီတမန်တော်) အသင်သည်ပြေားကြားပါလေ (အချင်းတို့) ပထမအကြိမ်ယင်းအရိုးများကို ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်သည်ပင်လျှင် ယင်းအရိုးများကို ရှင်ပြန် စေတော်မူမည် စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလုံးစုံသော ဖန်ဆင်းပုံ ဖန်ဆင်းနည်းတို့ကို ကောင်းစွာ သိရှိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည်
( စူရာဟ် (၃၆) ယာစီး
ီန် | အာယသ် - ၇၉)
အသင်တို့စေားဒကအတွက် အသင်တို့ငြင်းဆန်မှု့ရဲ့ အဖြေကို သိကြပြီလား အစ္စလာမ်နဲ့ ပတ်သက်၍ မည်သည့်စေားဒကမည်သည့်ပုတ်ခက်မှု့မျိုးမဆို ပြည့်ဝခိုင်လုံတဲ့အဖြေမှာရှိနေပါသည် ဒီစာကိုဖတ်ပြီး ကာဖိရ်များ ဟေဒါယသ်ရကြပါ့စေ
မိုးကောင်းကင်များကိုလည်းကောင်း ကမ္ဘာမြေကိုလညးကောင်း ဖန်ဆင်းတော်မူခဲ့သောအရှင်မြတ်သည် ၎င်းသို့သော သူတို့အား (ဒုတိယအကြိမ် ထပ်မံ၍ ) ဖန်ဆင်းတော်မူရန် စွမးဆောင်နိုင်တော်မူသောအရှင်မဟုတ်ပါလော
အဘယ့်ကြောင့်မဟုတ်ပါသနည်း
မုချမလွဲ စွမ်းဆောင်းနိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူ၏ စင်စစ်မူကားထိုအရှင်မြတ်သည် အလွန်တရာဖန်ဆင်းတော်မူသောအရှင် အရာခပ်သိမ်းတို့ကိုအကြွင်းမဲ့ သိတော်မူသေားအရှင် ဖြစ်တော်မူ၏ (စူရာဟ် (၃၆) ယာစီးန် | အာယသ် -၈၁)
No comments:
Post a Comment
Note: only a member of this blog may post a comment.