Pages

.

ဆုတောင်းကဗျာ

အို..အရှင် မိုးကို အက်ကွဲ ဖြိုချနိုင်သော အင်အား ၊ မြေကို မှောက်လှန်နိုင်သော ခွန်အား နှင့် နေ၀န်းစကြာဝဌာ ကို ချုပ်ကိုင်နိုင်သော စွမ်းအားတို့ကို ပိုင်ဆိုင်ရပါစေ။ သို့သော် ၄င်းအင်အား တန်ခိုးတို့သည် အရှင်ချစ်ခင် နှစ်သက်မှု မှ ကင်းကွာနေလျှင် အရှင်နှစ် သက် တော်မူသော လူသွားလမ်းပေါ်မှ ဆူးခလုတ် ကို ဖယ်ရှား နိုင်စွမ်းကို သာ ရလိုပါ၏ ”
သူတော်စင် တို့၏ နှလုံးသားတွင် အရှင်မြတ်အား ချစ်ခင်စွဲလမ်း ခြင်း မီးလျှံတို့သည် အ စဉ်တောက် လောင် အုံကြွချက် ရှိ ကုန်၏ ။ ဤချစ်မီးလျှံတို့၏ အရှိန်အဟုတ်ကြောင့် သူတော် စင်တို့၏ နှုတ်ဖျား မှ အရှင့်အား လွမ်း ဆွေး မြည် သံ တို့သည် အခိုးအငွေ့အဖြစ် ထွက်၍လာကုန်၏ ။


မေ့လျော့ နေကြသူတို့ – အရှင်မြတ်အား ချစ်ခင်စွဲလမ်းသော သူတော်စင်တို့ ၏ နှလုံးသာား လှိုဏ်ဂူ မှ ရိုက်ခတ် ထွက်ပေါ် လာသော ပဲ့တင်မြည်တမ်းသံ တို့ကို နားဆင်ခံစားကြကုန်။
အို – အရှင် တစ်လောကလုံး သည် ကျွန်ုပ် အပါး၌ ၀န်းရံခံစားနေပါစေ။ ကျွန်ုပ်နှင့် အတူ အရှင့် ချစ်မေတ္တာ တော်မရှိလျှင် အထီးကျန် ကျွန်းငယ် တစ်ခု ပမာသာ ဖြစ်ပါ၏။တစ်လောကလုံး ကျွန်ုပ် အား ဥပေက္ခာပြု လစ်လျူရှု ထား ကြပါစေ။ အရှင့်အချစ် ဂရုဏာ တော်သည် ကျွန်ုပ်နှင့်အတူ ရှိခဲ့ပါ လျှင် ကျွန်ုပ် ထက် ပြည်စုံသူမရှိတော့ပါ အရှင်  ။

အို – အရှင်  ၊အရှင် ၏ ချစ်ခြင်း နှင့် အတူတကွဖြစ်သော ထွက်သက် ၀င်သက်ကို ရယူလိုပါ၏။ အရှင့် ချစ်မေတ္တာ တော်သည အကယ်၍ မီးတောက်တစ်ခု ဖြစ်ပါလျှင် ကျွန်ုပ်နှလုံးသား ကို ဤ အချစ် မီးလျှံ ၌ ယဇ်ကောင်အဖြစ် အရှင့်အတွက်ပူဇော်ပါရစေ။ အကယ်၍ အရှင့်ချစ်မေတ္တတော်သည် ထက်သော ဓားတစ်လက် ဖြစ်ပါလျှင် ဤ ဓါးအောက်၌ ကျွန်ုပ်နှလုံးသား သည်ကုရ်ဘာနီ သားကောင် အဖြစ် လည်လှီးခြင်းကို ခံရလိုပါ၏ ။

အို – အရှင် ၊ အရှင်သည် အဖန်တလဲလဲ ခွင့်လွတ်သနားတော် မူသော အရှင်ဖြစ်တော်မူ ပါ၏ ။ အို – ခြွင်းချက်မရှိ ခွင့်လွတ်တော်မူသော အရှင် ၊ကျွန်တော်မျိုး ၏ အပြစ်ဂုနဟ် တို့သည် လောက ရှိသဲမုန် တို့နှင့်အမျှ မိုးရေ အစက်အပေါက် တို့နှင့်အမျှ များမြောင်ပါစေ။ အရှင်သည် အပြစ်ဂု နဟ် တို့ကို ခွင့်လွှတ်သန့်စင်နိုင် စွမ်းတော်မူသော အရှင် ဖြစ်တော် မူပါ၏ ။

အို – အရှင် ၊ ကျွန်တော်မျိုးကဲ့သို့သော အပြစ်ကျူးလွန်တက် သော လူမိုက်များ သာ မရှိလျှင် အရှင်၏ ခွင့်လွတ်ချမ်းသာခြင် ဂုဏ်ကျေးဇူးတော်သည်လည်း ပေါ်လွင်ထင်ရှားမည်မဟုတ်ပါ။ အို- အရှင် ၊ ဂုဏ်ကျေး ဇူတော်အတွက် ကျွန်တော်မျိုးသည် အပြစ်သား တစ်ဦးအနေနှင့် ဖန်ဆင်းခံရ၏ ။ အို-အရှင် ဂုနဟ် ဒုစရိုက်ဝဲသြဃ တိုက်မှ ကျွန်ုပ်အား ကယ်မတော်မူ၍ အရှင့်ခွင့်လွတ်ခြင်း ဥယျာဉ်မှ မေတ္တာ စမ်းရေထွက် သို့ ပို့ဆောင်ပေးတော်မူပါတော့အရှင်။
အို-အရှင် ၊ အရှင်သည် အပြစ်သား များအား ပြင်းထန်စွာ ပြစ်ဒဏ်တပ်ရိုက်စီရင်တော်မူသော အရှင်လည်း ဖြစ်တော်မူ၏။ ပြစ်ဒဏ်ပေးရန် အတွက် ဂျဟန္နမ် အတွင်း ၌ ဆူပွက်ကြုံးဝါး လျက်ရှိကြ ကုန် ၏
အို-အရှင် ၊ အရှင်သည် ကျွန်တော်မျိုးအား ဂျဟန္နမ် ငရဲအတွက် သတ်မှတ် တော်မူပြီးဖြစ်ပါလျှင် ၄င်းငရဲ ၌ရှိသော အရှင့်မျက်တော်တို့ကို ရုပ်သိမ်းပေးတော်မူပါလျင် ၄င်းငရဲ ၌ရှိသော အရှင့်အ မျက်တော် တို့ကို ရုပ်သိမ်း ပေးတော်မူပါ။ အရှင်အမျက်တော်ထက် ပို၍ပူလောင်သော မီးသည် မရှိ။ ထို့ကြောင့် အရှင့် အမျက် တော် သာမရှိလျှင် ကျွန်တော်မျိုး သည် မည်သည့် ငရဲကိုမှမကြောက်ပါ။ အရှင့် အမျက်တော် မဲ့သော မီး တွင်းကြီး ထက် အရှင့်အမျက် တော်တည်သော မီးပွားတစ်ပွင့် ကို ပို၍ကြောက် ပါ၏။


အို-အရှင် ၊ အကယ်၍ ငရဲမီးအတွင်း၌ အရှင့်မျက်တော်သာမရှိပဲ အရှင့်ကြင်နာမှု ၊ ကရု ဏာ တော်တို့ရှိပါလျှင် ဤသို့သေ ငရဲမျိုး ၌ မည်မျှ တိုင်ခံစားရစေတော့ ခံစားရလိုပါ၏ အရှင်၊
အို-အရှင်၊ အရှင့်ကို ချစ်ခင်စွဲလမ်းမှုနှင့် ပတ်သက်၍ လူအများက ကျွန်ုပ်ကို မေးနေကြပြီ ၊ ကျွန်ုပ် ဘယ်သို့ ဖြေလိုက်ရမည်နည်း။ အရှင့်အချစ်၏ အတိမ်အနက် ကို တိုင်းတာပြောဆိုနိုင်သော ပါးစပ် မရှိပြီ။ အရှင်မြတ် အပေါ် စွဲလမ်း၍ ချစ်ရသော ငါ့အဖြစ်ကို နားလည်လိုသူတို့အား ငါ ၏ နှလုံးသားကို သင်တို့၏ ရင်ခွင်၌ ခေတ္တထား၍ ရလျှင်ကား ထားပြလိုက်ချင်စမ်းပါဘိ။
အို-အရှင် ၊ ငိုက်မျဉ်းခြင်း ကားလှပသော အပျိုစင် အသွင်ဖြင့် ကျွန်ုပ် အား မေ့ လျော့ခြင်း၊ မွေ့ရာထက် သို့ ဆွဲဆောင်ခေါ်ယူခဲ့၏ ။ သို့သော် အရှင့် ကို ချစ်ခြင်းက ငိုက် မျဉ်းခြင်းကို ရက်စက် စွာ မောင်းနှင်ထုတ်ခဲ့ပြီ။ အရှင်ကိုချစ်ခြင်းက မေ့လျော့ အိပ်စက်ရသော ညဟူ သည် မရှိတော့ပါ။
အို-အရှင် ၊ အရှင့်ကို ချစ်မြတ်နိုးခြင်းက ကျွန်ုပ်မျက်လုံးများကို ကွယ်စေပါသည်။ ဘယ်အရာကို ကြည့်ကြည့် ရှင်မှလွဲ၍ အခြားဘာကိုမျှ မမြင်ရတော့ပါ။ အရှင့်ကို စွဲလမ်းခြင်းသည် ကျွန်ုပ်တို့ ၏နားကို ပင်းစေပါ၏ ။ လူအများ ဘာပြောပြော ဂရုမစိုက်နိုင်တော့ပါ။ ကျွန်ုပ်ခြေလှမ်း များဘယ် အရပ်သို့ ဦးတည်နေသည်ကို လည်း သတိမထားမိတော့ပါ။ အရှင့်အားချစ်ခြင်း က ကျွန်ုပ်ရင် ကို ပြည့်ကျပ်စေပါ၏ ။ အစားအစာ အနည်းငယ် မျှပင် မ၀င်နိုင်တော့ပါ။
အို-အရှင် ၊ အရှင့်မေတ္တာတော် ရေကြည်တစ်စက် ကို ဂျန္နသ် ရှိ နို့စမ်းရည် နှင့်လည်း မလဲနိုင်ပါ။ အရှင့်မေတ္တာ တော်ရေကြည်ကို ငတ်မွတ်နေ သူ ကျွန်ုပ်အတွက် ဂျန္နသ်မှ နို့စမ်းရေ သည် တံလှပ် ပမာ ပါ အရှင် ၊ အာရဗီကဗျာ တစ်ပုဒ်ကို သတိရမိပါ၏။


“စွဲလမ်းနေသူအတွက် အရှင့်အား အမှတ်ရနေခြင်းသည် အချိုမြိန်ဆုံး ယမကာပါ”
အရှင့်အား တသမှု ကင်းသော ယမကာတိုင်း သည် တံလှပ်ပမာ ပါ။
အို-အရှင် ၊ ကျွန်ုပ် မျက်စိ များအား အရှင့် မျက်နှာတော်ကို ဆာလောင်နေအောင် ဘယ်အချိအန်ထိ ပြုစားတော်မူမည်နည်း ။
အို-အရှင် ၊ မိုးကို အက်ကွဲစေ၍ ဖြိုချနိုင်သော  အင်အား ၊ မြေကို မှောက်လှန် နိုင်သော ခွန် အား နှင့် နေ၀န်း စကြာ ကို ချုပ်ကိုင်နိုင်သော စွမ်းအား တို့ကို ပိုင်ဆိုင်ရပါစေ။ သို့သော် ၄င်း အင် အား တန်ခိုးတို့သည် အရှင်ချစ်ခင် နှစ်သက်မှု မှကင်းကွာ နေလျှင် အရှင်နှစ်သက်တော်မူသော လူသွား လမ်းပေါ်မှ ဆူးခလုတ် ကို ဖယ်ရှား နိုင်စွမ်းကိုသ ရလိုပါ၏”
ဤစကား သံတို့သည် အရှင့်အား စွဲလမ်းသော သူတော်စင် တို့  ၏ နှလုံးသား မှ ယိုစီးဖိတ် စဉ် လာသော ခံစားချက် စကားများသာ ဖြစ်၏။ ဤကဲ့သို့ အရှင့်အား စွဲလမ်းသူတို့ နှင့် စပ်လျဉ်း၍ ဆိုထားသော ဗျာဒိတ် တော်ကား -
၎င်းပြင်  အလ္လဟ်အရှင်မြတ်အား ယုံကြည်မှု၊ သဒ္ဓါတရား ထားကြကုန်သော အကြင်မုအ်မင်န် သူတော်စင် တို့ သည် အရှင်မြတ်အား အလွန်ပင် အချစ်ကြီး ချစ်ကြ ကုန် ၏ ( ကုရ်အာန် ၂း၁၆၅ )
မောင်လာနာ အဗ္ဗဒူရ်ရဟီမ်းမြင့်လွင် (ကျူံဒိုး)
 http://muslimtime.wordpress.com

No comments:

Post a Comment

Note: only a member of this blog may post a comment.