တမလွန် ကမ္ဘာ့တရားခွင်နေ့တွင် အသင်သည် စာရင်းအင်းစစ်ဆေးခံရပေမည်။
ထုအလျှင် ဤလောကမှာပင် မိမိ၏စာရင်းအင်းများကို ကြိုတင်စစ်ဆေးထားလိုက်ပါလေ။
ထို့အပြင် သင်တို့၏ ကိုယ်ကျင့်တရားများကိုလည်း တွက်စစ်ချိန်တွယ်ခံရပေမည်။
ထို့အလျှင် ဤလောက၌ပင် ကြိုတင်ချိန်တွယ်၍ ကြည့်ထားပါလေ။
ဤလောကကြီး၌ နေလိုသမျှ နေလိုက်ပါလေ။ နောက်ဆုံးတွင်မူ သေခြင်းကို မုချ ရင်ဆိုင်ရမည်သာတည်း။ မည်သူကိုပင် ဖြစ်စေ နှစ်သက်မြတ်နိုးလိုက နှစ်သက်မြတ်နိုးပါလေ။ အဆုံးတွင် ထိုသူနှင့် ခွဲခွာရမည်မှာ မုချသာတည်း။ ကျင့်လိုသော အကျင့်ကို ကျင့်ဆောင်ပါလေ။ အကြောင်းတရား၏ အကျိုးဆက်ကို အစားရမည်မှာ မုချသာတည်း။
ဒွန္နယာအတွက် အလုပ်ကို ဒွန္နယာ၌နေရမည့် အတိုင်းအတာမျှလောက်သာလုပ်ပါ။ အာခေရတ်တွင် အဘယ်မျှ ကြာရှည်စွာ အသင်နေရမည်ဆိုခြင်းကို ချင့်ချိန်၍ အာခေရတ်အတွက် အလုပ်လုပ်ပါ။ အလ္လာဟ်အရှင်ကို အဘယ်မျှ နှီးရင်းလိုသည့်တောင့်တမှုရှိ သနည်း။ ထိုအတိုင်းအတာ ပမာဏနှင့်အညိ အလ္လာဟ်နှင့်
နှီးရင်းနိုင်ရန် အလုပ်လုပ်ပါ။ အပါယ်ငရဲ၏ ဒုက္ခကို အသင်ဘယ်အတိုင်းအတာထိ
ကြံ့ကြံ့ခံနိုင်မည်နည်။ ထိုခံနိုင်ရည်ပမာဏနှင့်အမျှ အလုပ်လုပ်ပါ။
ဤလောကကြီး၌ နေလိုသမျှ နေလိုက်ပါလေ။ နောက်ဆုံးတွင်မူ သေခြင်းကို မုချ ရင်ဆိုင်ရမည်သာတည်း။ မည်သူကိုပင် ဖြစ်စေ နှစ်သက်မြတ်နိုးလိုက နှစ်သက်မြတ်နိုးပါလေ။ အဆုံးတွင် ထိုသူနှင့် ခွဲခွာရမည်မှာ မုချသာတည်း။ ကျင့်လိုသော အကျင့်ကို ကျင့်ဆောင်ပါလေ။ အကြောင်းတရား၏ အကျိုးဆက်ကို အစားရမည်မှာ မုချသာတည်း။
ဒွန္နယာအတွက် အလုပ်ကို ဒွန္နယာ၌နေရမည့် အတိုင်းအတာမျှလောက်သာလုပ်ပါ။ အာခေရတ်တွင် အဘယ်မျှ ကြာရှည်စွာ အသင်နေရမည်ဆိုခြင်းကို ချင့်ချိန်၍ အာခေရတ်အတွက် အလုပ်လုပ်ပါ။ အလ္လာဟ်အရှင်ကို အဘယ်မျှ နှီးရင်းလိုသည့်တောင့်တမှုရှိ
ဝန်တိုမှု
ရန်ငြိုးတွေမှန်သမျှ
ဖြိုချလို့ရနိုင်
ဝန်တိုမှု သံတိုင်ငယ်
ဖြိုနိုင်ရန်ခက်သား
ဝန်တိုစိတ်၊ ရန်ငြိုးက
တယ်ဆိုးပါလား
ရန်ငြိုးတွေမှန်သမျှ
ဖြိုချလို့ရနိုင်
ဝန်တိုမှု သံတိုင်ငယ်
ဖြိုနိုင်ရန်ခက်သား
ဝန်တိုစိတ်၊ ရန်ငြိုးက
တယ်ဆိုးပါလား
(အာရဗီကဗျာ)
အမည်မသိရှေးစာဆို
မော်လာနာ ဂျလာလွတ်ဒီးန်( ကန့်ဘလူ)
ပြန်ဆိုရေးသားသော "အို..ချစ်သား တပည့်တစ်ဦးသို့ အေမာမ် ဂဇာလီ သခင်ကြီး၏
ပေးစာ " မှ ကောက်နှုတ်ဖေါ်ပြသည်။
ကျွန်တော့မေးလ်ထဲမှာသိမ်းထားတဲ့ကဗျာလေးပါး)
No comments:
Post a Comment
Note: only a member of this blog may post a comment.