ရေမွှေးစွတ်၍ အပြင်ထွက်သေားအမျိုးသမီးသည် ဇေနာဟ် ကျုးလွန်ခြင်းတစ်မျိုးဖြစ်
သာဝကကြီးအဗူမူဆာ သခင်မှအဆိုတစ်ရပ်လာရှိသည်
တမန်တော်မြတ် (ဆွ) မိန့်ကြားတော်မူခဲ့၏ ကာမဂုဏ် အာရုံနှင့် ကြည့်သေားမျက်စိတိုင်းသည် ဇေနာဟ် ကျုးလွန်သူဖြစ်၏ ထို့နောက် အမျိုးသမီးတစ်ဦးသည် အကြင်အခါရေမွှေးစွတ်၍ အမျိုးသားများကြားမှ ဖြတ်သွားခဲ့သော် သူမသည်လည်းထိုအတိုင်းဖြစ်သည် (ဝါ) ဇေနာဟ်ကျုးလွန်သူဖြစ်၏
( အဗူဒါဝူဒ် / သိရ်မေဇီ)
ဤဟဒီးစ်တော်မြတ်တွင်ပထမပုံသေဥပဒေတစ်ရပ် အနေဖြင့်
ကာမဂုဏ်အကြည့်နှင့်ကြည့်သေားမျက်စိတိုင်းသည်
ဇေနာကျုးလွန်သူဖြစ်၏ဟုမိန့်ကြားထားသည် ထိုအမိန့်၌ အမျိုးသား အမျိုးသမီး
နှစ်ဦးစလုံးပါဝင်ပါ၏ အကြင်အမျိုသားသည် သူစိမ်း မိန်းကလေး ကိုကြည့်ခဲ့သော်
အကြင်အမျိုးသမီးသည် သူစိမ်းယောင်္ကျားလေးကိုကြည့်ခဲ့သော်
ဇေနာကျုးလွန်သူသာဖြစ်ကြောင်းမိန့်ကြားထားပေသည် အမှန်တစ်ကယ်
ကိုယ်ထိလက်ရောက် ကျုးလွန်သေား လိင်ကိစ္စမျိုးသည် ဇေနာမည်၏ သို့ရာတွင်
တမန်တော်မြတ် (ဆွ) သည် ဇေနာ၏ အကြောင်းခံ အစွယ် အပွားများကိုပင်
ဇေနာပြုခြင်းဟု မိန့်ကြားထားသည်
ဟဒီးစ်တော်တစ်ရပ်တွင်လာရှိသည်မှာ မျက်စိများ၏ဇေနာသည်ကြည့်ခြင်းဖြစ်သည်
နားများ၏ ဇေနာသည် နားထောင်ခြင်းဖြစ်သည်
နှုတ်၏ဇေနာသည် စကားပြေားခြင်းဖြစ်သည်
လက်၏ဇေနာသည် ကိုင်တွယ်ခြင်းဖြစ်သည်
ခြေထောက်၏ ဇေနာသည် ၎င်းဘက်သို့သွားခြင်းဖြစ်သည်
စိတ်၏ဇေနာသည် ကာမဂုဏ် များကိုလိုလားတက်မက်ခြင်းခြင်းမျှော်လင့်ချက်ထားခြင်းတို့ဖြစ်သည်
ဤသည်ဖြင့်သိရသည်မှာ လိင်နှစ်ခုစပ် ယှက်ခြင်းသည် ဇေနာကြီးဖြစ်သောလည်း
ဇေနာဖြစ်သလိုအစိတ်အပိုင်းများသည်လည်း ဇေနာပြုကြကြောင်းသိရသည်
သို့ဖြင့်မိန့်ကြားသည်မှာ သူစိမ်းအမျိုးသား အမျိုးသမီးနှစ်ဦး
ကြည့်ခြင်းသည်လည်းဇေနာဖြစ်သည် နှုတ်အရသာခံ၍စကားပြေားခြင်းသည်လည်းဇေနာ
သူစိမ်းအမျိုးသား အမျိုးသမီးတစ်ယောက်စီ
ကာမဂုဏ်အာရုံဖြင့်သွားခြင်းသည်လည်းဇေနာဖြစ်သည်
လက်ဖြင့်တစ်ဦးတစ်ယောက်ကိုကိုင်ခြင်းသည်လည်းဇေနာဖြစ်သည် ထို့နောက်
တမန်တော်မြတ် (ဆွ) သည် အထက်ပါ အရာများကို မိန့်ကြားပြီးနောက် ဆက်လက်၍
အကြင်အမျိုးသမီးသည် ရေမွှေးစွတ်၍ အမျိုးသားများကြားမှဖြတ်သွားခဲ့သော်
သူမသည်လည်းဇေနာ ကျုးလွန်သူဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့၏
အဘယ့်ကြောင့်ဆိုသော် ရေမွှေးစွတ်၍ အမျိုသားများအနားမှ ဖြတ်သွားခြင်းသည်
အမျိုးသားတို့အားမြူဆွယ်ခြင်းအကြောင်းခံဖြစ်သည် သို့ဖြစ်၍ ဤသည်ကိုလည်း
ဇေနာကျုးလွန်ခြင်းဟု ပြေားတော်မူခဲ့၏
အကြင်အခါဖိုမတို့သည်
ဇေနာအဆင့်သို့ရောက်သွားခဲ့သည်ဆိုသော ထိုကိစ္စသည် တမဟုတ်ခြင်း
ဖြစ်သွားသည်မဟုတ် ပမာဏအားဖြင့် နှစ်ဦးနှစ်ဝ နီးစပ်မှု့ရရှိစေရန်
အမျိုးမျိုးသေားမြူဆွယ်မှု့များပြုကြပြီး ဇေနာအဆင့်သို့ရောက်ကြသည်ဖြစ်သည်
သို့ဖြစ်၍တရားတော်သည် မိမိအလိုပါအောင် ဆွဲးဆောင်စေသော် အလို ရမက်
ကြွအောင် လုံးလထုတ်သေားအကြောင်းအရာများကိုပင် ဇေနာ ဟု သတ်မှတ်ခဲ့ပေသည်
အကယ်၍ အမျိုးသမီးတစ်ဦးအား ရှောင်တခင် အမှတ်မထင်ပဲ အပြင်ထွက်ခဲ့ရလျင်
ပရ်ဒါ အပြည့်နှင့်ထွက်ပြီး အမျိုးသားများနှင့်ရှောင်တိမ်းလျက်
လမ်းဘေးများမှလျှောက်သွားခွင့်ရှိသည် ရေမွှေး အမွှေးအကြိုင်များကိုစွတ်၍
အပြင်ထွက်ခြင်းသည် အကယ်၍ပင် ဗွရ်ခါ အတွင်း၌ ရှိစေကာမူ တရားတော်မြတ်သည်
၎င်းကိစ္စကိုမည်မျှ မကောင်းဟု သတ်မှတ်ထားသည်ဆိုသော တမန်တော်မြတ် (ဆွ) က
ဤသို့ပြုသေားအမျိုးသမီးသည် ဇေနာကျုးလွန်သူဖြစ်သည်ဟုမိန့်ခဲ့ပေသည် ဤ
သို့လည်း အမျိုးသမီးများ အိမ်ထဲ အိမ်ပြင်း ၌
သန့်ပြန့်သေားရေမွှေးအမွှေးအကြိုင်များကို သုံးစွဲးခွင့်မရှိပေ တမန်တော်မြတ်
(ဆွ) က အမျိုးသားများ၏ ရေမွှေသည် အရောင်မစွန်းပဲ
အနံ့ပြန့်သေားရေမွှေးမျိုးဖြစ်စေရပြီး အမျိုးသမီး စွတ်သေား ရေမွှေးသည်
အရောင် စွန်း၍ မသင်းပြန့်သေား အရာဖြစ်စေရမည်ဟု မိန့်ခဲ့လေသည် (သိရ်မေဇီ)
အဘယ့်ကြောင်းဆိုသော် အမျိုးသမီး အား လင်ယောင်္ကျား နှင့်သာ
အနီးကပ်ဆုံးနေရမှာဖြစ်သည် မိမိခင်ပွန်းသည် ယောင်္ကျားမှ အနံ့ပြော့သေား
အမွှေးရနံ့ကို အနားကပ်၍ ရရှိမည်သာဖြစ်သည် အကြင်အခါ အမျိုးသမီးစွတ်ထားသေား
အမွှေးရနံ့သည် မိမိ လင်ယောင်္ကျားအပြင် မည်သူ့ကိုမှ ရလိုသည်မဟုတ်သော်
သင်းပြန့်သော အမွှေး ရနံ့ကို စွတ်ထားရန်လည်း မလိုအပ်တော့ချေ
အချုပ်ဆိုရသော် အမျိုးသမီးတို့သည် သူစိမ်းယောင်္ကျား အမျိုသားများနှင့် အရာ
ရာများတွင် ရှောင် ၍ နေရန် အရေးကြီးလိုအပ်ပေသည် မိမိ၏ အမွှေးရနံ့ကိုပင်
မရရှိစေရန် နေရမည်ဖြစ်ပေသည်
အစ္စလာမ်
အမျိုးသမီးများအားလုံးတမန်တော်မြတ် (ဆွ) မိန့်ကြားတော်မူခဲ့သည့်အတိုင်း
ပြုမူကျင့်ကြံနေထိုင်နိုင်ရန်အလ္လာဟ်အရှင်စွမ်းအားပေးသနားတော်မူပါ
Har Fiz
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: only a member of this blog may post a comment.