“ အားလုံးအတွက် ကုရ်အာန် ” - ၂၀
***************************
ဂျူး - ခရစ်ယာန် ကျမ်းဂန်များ နှင့် ကုရ်အာန်၏ ခြားနားချက်
==============================
(၁) ကျမ်းဂန်များမှ ကမ္ဘာ့ရာဇဝင်
----------------------------------
ကုရ်အာန် နှင့် ဂျူး - ခရစ်ယာန်ကျမ်းစာများ၌ တမန်တော်ဖြစ်စဉ်များအကြောင်း
တူညီစွာပါရှိနေသည့်တိုင် သမိုင်းကြောင်းဆင့်ပြန်မှု၌ တင်ပြဟန်ကွဲလွဲ၏။
တမန်တော်ဖြစ်အင်အများစုပါဝင်သော သောင်ရားဟ်ကျမ်းသည်
တကယ့်ကို စာပေဟန်ပန်အတိုင်း '' ကနဦးမူလ '' မှ စတင်သည်။ ၄င်းနောက်
ပထမဦးဆုံးလူသား နှင့် သူ့မျိုးဆက်များကို သက္ကရာဇ်စဉ်ပုံစံဖြင့်
ရှေ့ဆက်ဖော်ပြသည်။ ပြီးလျှင် ဤကမ္ဘာ၌ တမန်တော်ဆိုင်ရာတာဝန် နှင့်
လမ်းညွှန်ပေါ်ထွက်ခြင်းကို စိတ်ဝင်စားဖွယ် တမန်တော်များ၏ဘဝဇာတ်လမ်းနှင့်တစ်ကွ
တင်ပြသည်။ အချုပ်မှာ သောင်ရားဟ်ကျမ်းသည် သာသနာ့ဗျာဒိတ်သတင်း၊
ကိုယ်ကျင့်တရား၊ နီတိ၊ ကောင်းကင်ကျဥပဒေတို့ကို
သမိုင်းကြောင်းစဉ်ဆက်ပုံဟန်အသွင်ဖြင့် တမန်တော် မူစာအထိ တောက်လျှောက် အသိပေးထား၏။ သမ္မာကျမ်းသည်လည်း ဤနည်းအတိုင်း အနည်းနှင့်အများ သမိုင်းဘာသာရပ်ဆန်ဆန် ဖော်ပြထား၏။
သို့ရာတွင် ကျမ်းမြတ်ကုရ်အာန်၏ တင်ပြသုံးသပ်ပုံ၌ ထူးထူးခြားခြား
ကွာဟနေပါ၏။ ဖန်ဆင်းရှင် နှင့် မနုဿလူသားအကြားရှိ အညမညသဘောတရားကို
မိတ်ဆက်ထားသော မဟာဆုတောင်းပတ္ထနာဖြင့် လက်ဦးပထမ စတင်ထားပါသည်။
မပြတ်မစဲကြင်နာစာနာထောက်ထားတော်
မူသော
အနန္တကရုဏာတော်ရှင် အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် (အစပြုပါ၏)။
ချီးမွှမ်းထောပနာဟူသမျှတို့သည် လောကအပေါင်းကို ဖန်ဆင်းပျိုးထောင်တော်မူသော
အလ္လာဟ်အရှင်မြတ်အဖို့သာလျှင်တည်
း။
ထိုအရှင်မြတ်သည် မပြတ်မစဲ ကြင်နာစာနာထောက်ထားတော်မူသော အနန္တကရုဏာရှင်
ဖြစ်တော်မူ၏။ စီရင်ခြင်းနေ့တော်အား အစိုးရတော်မူသောအရှင်ဖြစ်တော်မူ
၏။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင် ဆည်းကပ်ကိုးကွယ်ပါ၏။ အရှင်မြတ်၏ကူညီဆောင်မမှုကိုသာလျှ
င် ဆည်းပူးရှာဖွေကြပါ၏။ ကျွန်တော်မျိုးတို့အား ဖြောင့်မတ်မှန်ကန်တည်ကြည်သောလမ်
းစဉ်ကို ညွှန်ကြားပြသတော်မူပါ။ အရှင်မြတ်မှ သုခချမ်းသာဂုဏ်ကျေးဇူးပြုခဲ့လေေ
သာ အကြင်သူမွန်သူမြတ်တို့၏လမ်းတရား
ကို
(ချီးမြှင့်သနားတော်မူပါ)။ (ထိုလမ်းတရားသည်) အရှင်မြတ်ထံတော်မှ
မျက်မာန်ရှခံရသူများ (၏လမ်း) လည်းမဟုတ်၊ လမ်းချော်မှောက်မှားသူများ (၏လမ်း)
လည်း မဟုတ်ချေ။ ကဏ္ဍအမှတ်စဉ် ၁ - အလ်ဖာသိဟဟ် ( ၁း ၁ - ၇ )
ပြီးလျှင် စူရဟ် - ကဏ္ဍစဉ် ၂ ကို စတင်လိုက်ပြီး ယုံကြည်မှုသဒ္ဓါတရား၊
ငြင်းပယ်ဖီဆန်ခြင်းအကြောင်း၊ အရေခြုံကြောင်သူတော်ဝါဒတို့၏ သဘောသဘာဝအပေါ်
နှိုက်နှိုက်ချွတ်ချွတ် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးထားသည်။
ငြင်ပယ်ဖီဆန်သူတို့အား ကုရ်အာန်ထဲမှပင် စိန်ခေါ်၍
ဖန်ဆင်းရှင်တစ်ပါးတည်းကိုသာ စစ်စစ်မှန်မှန် ယုံကြည်ရန် ဖတ်ရှုသူတို့အား
တိုက်တွန်းထားသည်။ ၄င်းနောက် ပါဒတော်ပေါင်း ၃ဝ အထိ အာဒံမ်ကိုဖန်ဆင်းခြင်း၊
ကောင်းကင်တမန်တို့၏ လူ့သဘာဝရေးရာဒဿနမေးခွန်းများ၊ ယှိုင်သွာန် ဟု သိကြသော
လမ်းချော်မိုက်မှားစေသည့် လက္ခဏာများ စသည့်အကြောင်းအရာများကို ကုရ်အာန်က
မိတ်ဆက်ပေးပြန်သည်။ နောက်ထပ် ပါဒ - အာယသ်တော် ၁ဝ
ကြောင်းကျော်လွန်သည့်အခါတွင်မူ အာဒံမ်ကို ဖန်ဆင်းခြင်းမှအစပြု၍
ဣသရေလမျိုးနွယ်များ၏ပဋိညာဉ်များ
အား ပြန်ပြောင်းသတိပေးခြင်း နှင့် ၄င်းတို့၏တမန်တော်မူစာ (အလိုင်)၏ဘဝဖက်သို့ သမိုင်းကြောင်းဆင့်ပြန်ချက်အဖြစ
်သို့ကူးပြောင်းသွားလေသည်။
ကုရ်အာန်၏တင်ပြဟန်သည် သမ္မာကျမ်း၏တင်ပြဟန်နှင့် အတော်ပင်ကွာဟပါသည်။ ကုရ်အာန်က သမိုင်းသက္ကရာဇ်အစဉ်လိုက်နည်းလမ်
းဖြင့် ဖော်ပြထားခြင်းမဟုတ်။ ကုရ်အာန်၏အခြေခံလမ်းကြောင်းမှာ လူသားထုတစ်ရပ်လုံး၏ယုံကြည်မှု နှင့် ဖန်ဆင်းရှင်အားနာခံလိုက်နာရေးကိ
ုသာ ဦးတည်အခြေပြု၏။ အဆုံးအမများ၊ နှိုးဆော်ချက်များ၊ အတွေးအခေါ်ဆွေးနွေးချက်များအားဖြ
င့် ကျမ်းဂန်အနှံ့ကိုယ်ကျင့်တရားအြေ
ကာင်းကို အပိုင်းလိုက်၊ အစု လိုက်တင်ပြထားသည်။ သမိုင်းရာဇဝင်အား ဇာတ်ကြောင်းဖွဲ့နွဲ့တင်ပြထားမှုမ
ျိုး မဟုတ်ဘဲ လွန်လေပြီးသော တမန်တော်များ နှင့် လူ့ယဉ်ကျေးမှုများထံမှ သင်ခန်းစာထုတ်ယူသည့်ကိရိယာတစ်ရပ
်အဖြစ်
အသုံးချထားခြင်းဖြစ်၏။ တနည်းဆိုသော် ကုရ်အာန်သည် သမိုင်းအချက်အလက်များကို
အသေးစိတ်မဆွေးနွေး၊ သမိုင်းဖြစ်ရပ်များကပြောသော
ကိုယ်ကျင့်တရားအကြောင်းတို့ကိုသ
ာ စူးစိုက်ဖော်ပြထားသည်။
သမ္မာကျမ်းစာ၌တွေ့ရသော တည်နေရာ၊ မျိုးရိုးစဉ်ဆက်၊ လူမျိုးနွယ်
စသည့်အချက်များအား ကုရ်အာန်က အနုစိတ်ဖော်ပြရန်ပင် မလိုလား၊ တစ်ဖက်မှာတော့
ရှေးကျမ်းရရှိသူတို့အကြား ဂူအောင်းလူစု၏အရေအတွက်ကို
အငြင်းပွားမဆုံးနိုင်ခဲ့။ '' သို့ဖြစ်လေရာ အသင်သည်
၎င်းသူတို့နှင့်စပ်လျဉ်း၍ သာမန်အကြောင်းရပ်အဖြစ်မှတစ်ပါး အနုစိတ် အသေးစိပ်
မလိုက်လေနှင့် '' (၁၈း၂၂) ဟု ကုရ်အာန်က ရှင်းရှင်းပင်ဆိုထား၏။
ဖြစ်ရပ်တစ်ခုဆိုယုံမျှသာ သဘောထားရန်၊ ကိုယ်ကျင့်တရားကိုအာရုံပြောင်းသ
ွားစေမည့် သမိုင်းကြောင်းဆိုင်ရာအချက်အလက်
များနှင့် ပတ်သက်၍ နစ်မြှုပ်ငြင်းခုန်မှု မပြုလုပ်ရန် ဆိုလိုခြင်းဖြစ်သည်။
ယေဘူယျအားဖြင့် ကုရ်အာန်၏သမိုင်းရေးရာကောက်ချက်
ဆွဲပြမှုသည်
ခရစ်ယာန်တို့၏ အစဉ်အလာထက် ဂျူးအစဉ်အလာနှင့် ပိုမို၍နီးစပ်တူဆင်သည်။
သောင်ရားဟ်ကျမ်းဂန်ကဲ့သို့ ကုရ်အာန်သည် ဖန်ဆင်းရှင်မှ
ငြိမ်းချမ်းမင်္ဂလာနှင့် မျက်မာန်ရှမှုအားဖြင့် ပြုပြင်စီရင်ပေးရသော
အလျဉ်မပြတ် လူ့ဇာတ်လမ်းရှည်ကြီးကဲ့သို့ သမိုင်းကို တင်ပြသည်။ ယေရှုသခင်ကို
ကယ်တင်ရှင်အဖြစ်လက်ခံခြင်းဖြင့်
သာလျှင် လူသား၏ ပင်ကိုယ်ပြစ်မှုများသန့်စင်နိုင်
သည်
ဟူသောအယူအဆမှာ ကနဦးယုံကြည်ချက်များ၌ မပါဝင်ခဲ့။ လူသားသည် ပြစ်မှုဖြင့်
ဖန်ဆင်းခံရသည်၊ လူသားထုတစ်ရပ်လုံးအတွက် ယေရှုသခင်က စတေးခံခဲ့သည်ဟူ၍
ခရစ်ယာန်ကမ္ဘာ့သမိုင်း၌ သွတ်သွင်းခံရသည့် ယုံကြည်မှုမှာ ဂျူး နှင့်
မုစ်လင်မ်များအဖို့ သူစိမ်းပြင်ပြင်အထူးတဆန်းအယူအဆတ
စ်ခု ဖြစ်ပေသည်။
(၂) ပြန်လည်ပြင်ဆင်ပုံစံချသည့် ဥပဒေများ
------------------------------
---------------
ဂျူး နှင့် မုစ်လင်မ်တို့၏ကျမ်းဂန်များဝယ် ထပ်တူညီဥပဒေများ များစွာပါရှိသည်။ ယေရှုသခင်က ကျမ်းဂန်များ၌တွေ့ရသည့်ဥပဒေအမျာ
းစုကို
ဖျက်သိမ်းခဲ့သည်ဟု ခရစ်ယာန်ဘာသာဝင်အားလုံးနီးပါးက ယုံကြည်ကြ၏။
ဤသို့သုံးသပ်ချက်ကို မုစ်လင်မ်တို့က လက်မခံကြသည်သာမက ယေရှုသည်
ဣသရေလမျိုးဆက်နောက်လိုက်တို့အတွ
က်
ဥပဒေများဖြည့်စွက်ရန် နှင့် နှိုးဆော်ရန်စေလွှတ်ခံရသည်ဟု ယုံကြည်ထားသည်
(၅း၄၆)။ ဤအယူအဆကိုပင် ရှင်မဿဲခရစ်ဝင်ကျမ်း (၅း ၁၇ - ၂ဝ)၌
တစ်ထေရာတည်းတွေ့ရသည်။ သို့တစေ ကုရ်အာန်က မိမိသည်
လွန်လေပြီးသောဗျာဒိတ်တော်လာဥပဒေ
များကို ပိုမို၍ကောင်းမွန်စေသော သို့မဟုတ် သဏ္ဍာန်တူသောအရာဖြင့် ပြန်လည်ပြင်ဆင်ပုံစံချသည်ဟု ဆို၏ (၂း၁ဝ၆)။
သန့်စင်မှုဆိုင်ရာဥပဒေသများနှင့်
စပ်လျဉ်း၍ အော်တိုဒေါ့ဂျူးဝါဒ၌ ရှုပ်ထွေးပွေလီလှသလောက် ကုရ်အာန်၌မူ ရိုးစင်းလွယ်ကူလှသည်။ ရေဟူဒီ (ရေဝတီ)ဘာသာဥပဒေကျမ်းများကိုကြည
့်လျှင်
ခန္ဓာကိုယ်သန့်စင်မှုဆိုင်ရာ ဥပဒေများကို အခန်းကဏ္ဍများဖြင့်တွေ့ရသည်။
သို့သော် အစ္စလာမ့်ဥပဒေကျမ်းဂန်များဝယ် ဤအရေးနှင့်စပ်လျဉ်းပြီး
စာမျက်နှာအနည်းငယ်မျှဖြင့် လုံလောက်စွာဖော်ပြထားသည်ကို တွေ့မြင်နိုင်သည်။
ဂျူးများထံ၌ရှိသော ဥပဒေတစ်သီတစ်တန်းကြီးအပေါ် ကုရ်အာန်က - ခန္ဓာကိုယ် နှင့်
အဝတ်အထည်အား သန့်စင်မှုပြုယုံနှင့် မနှောင့်မနှေး သန့်ရှင်းမှုရရှိသည်ဟု
ရိုးရှင်းသောနည်းလမ်းဖြင့် လွယ်ကူသွားစေပါသည်။
အလားတူစွာပင်
အမျိုးသမီးတို့၏ လစဉ်ဓမ္မတာကိစ္စ၌ မိမိတို့၏သန့်စင်မှုပြန်မရမီ (၇)ရက်အထိ
အိမ်မှုကိစ္စများနှင့် ကင်းစွာနေရမည်ဟု သောင်ရားဟ်ကျမ်းက ဆိုထားသည်။ ကြည့် -
ဝတ်ပြုရာကျမ်း ( ၁၅း ၁၉ - ၃၃ )။ အစ္စလာမ့်ဥပဒေကမူ အမျိုးသမီးတို့သည်
ထိုကာလအတွင်း မိမိတို့ခင်ပွန်းများနှင့်နှီးေ
နှာခြင်း၊ နေ့စဉ်ငါးကြိမ် ဝတ်ပြုခြင်းမှအပ လူ့အဖွဲ့အစည်းအတွင်း ရောနှောပါဝင်နိုင်ပြီး မိမိတို့၏ မည်သည့်နေ့စဉ်ဝတ္တရားများကိုမဆို
ဆောင်ရွက်နိုင်သည်ဟု ဖြေရှင်းပေးထားပါသည်။
ရံဖန်ရံခါ ဣသရေလအနွယ်ဝင်တို့အပေါ်ရှိသော မပြုမနေရတာဝန်အချို့ကို
အစ္စလာမ့်ဥပဒေမှ လုံးဝပယ်ဖျက်ထားသည်လည်းရှိ၏။ ဥပမာပေးရလျှင် ကုရ်အာန်သည်
ညဥ့်လယ်စာစားခြင်းကိုလည်းကောင်း
၊ လုပ်ငန်းကိုင်ငန်းအတွက် သီးသန့်နားရက်ထားခြင်းကိုလည်းကေ
ာင်း
ဖြုတ်ပယ်ထားပါသည်။ သောကြာနေ့များတွင် ဓမ္မသဘင်တစ်ရပ်ပါဝင်သည့်
စုပေါင်းဝတ်ပြုမှုကြီးသို့ မုစ်လင်မ်တို့မှ တက်ရောက်လေ့ရှိကြသည်။
မုစ်လင်မ်တိုင်းပြည် အများစု၌ သောကြာနေ့ကို အများပြည်သူအားလပ်ရက်အဖြစ်သတ်မှ
တ်သော်လည်း
သောကြာနေ့အတွက် အခြား ဥပဒေနှင့်ကန့်သတ်ချက်ဟူ၍ ထပ်မံမတွေ့ရချေ။ သို့သာမက
မုစ်လင်မ်တို့သည် သောကြာနေ့၌ နေ့တစ်ဓူဝ လုပ်ရိုးလုပ်စဉ်အတိုင်းသာ
သွားလာလှုပ်ရှားမပျက် ရှိနေကြပေသည်။
(၃) ပြန်လည်ပြင်ဆင်ပုံစံချသည့် သာသနာ့ကျင့်ထုံးများ
------------------------------
-----------------------
ဝတ်ပြုခြင်း၊ သန့်စင်ဒါန၊ ဥပုသ်သီလတို့မှာ ဘာသာတရားအားလုံး၏အစိတ်အပိုင်းတစ
်ရပ်ဖြစ်ကြောင်း
ကုရ်အာန်က လက်ခံထား၏။ သို့တစေ ဘာသာရပ်တစ်ခုစီ၏ လက်တွေ့နည်းနိဿယများကိုမူ
အစ္စလာမ့်အဆုံးအမများဖြင့် ပြန်လည်ပြင်ဆင်ပုံစံချထားခဲ့ပြီ
းဖြစ်သည်။
ဥပမာ - (၂၄)နာရီတိုင်တိုင် စောင့်ထိန်းရသည့် ဥပုသ်သီလကို
နံနက်အရုဏ်ချိန်မှ ညနေနေဝင်ချိန်ထိသာ ဥပုသ်စောင့်ထိန်းရန်
ပြင်ဆင်သတ်မှတ်စေခဲ့သည်။ ထို့အတူ အော်တိုဒေါ့ဂျူးဝါဒ၌တွေ့ကြရကုန်
သည့် တစ်နေ့သုံးကြိမ်ဝတ်ပြုခြင်းအစား
တစ်နေ့ငါးကြိမ်ဝတ်ပြုရန် အစ္စလာမ်က အစားထိုးသတ်မှတ်ခဲ့သည်။
(၄) လူသားအပေါင်းထံ ဆန့်ထွက်သက်ဆိုင်နေသည့် ပဋိညာဉ်
------------------------------
------------------------------
--
ဖန်ဆင်းရှင်၏ပဋိညာဉ်သည် အစ္စလာမ်အားဖြင့် ဣသရေလနောက်လိုက်များကိုပင်
ကျော်လွန်၍ အပြည်ပြည်ဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ မိသားစုအဆင့်အထိ
ဆန့်ထွက်သက်ဆိုင်လျက် - အကျုံးဝင်လျက်ရှိပေသည်။ ၄င်း၌ မျိုးရိုး၊
လူတန်းစားခွဲခြားချက် အလျဉ်းမရှိပါ။ ကုရ်အာန်က
ကမ္ဘာတစ်ဝှန်းရှိယုံကြည်သူတို့ကိ
ု တစ်ခုတည်းသောအွမ္မဟ် (မုစ်လင်မ်အစုအဝေး)အဖြစ် ရည်ညွှန်းထားရာတွင်လည်း လူမျိုးကန့်သတ်ချက်ဟူ၍ မရှိပါလေ။
လွန်လေပြီးသော သာသနာ့ယုံကြည်ချက်အပေါင်းသည် သက်ဆိုင်ရာနေရာဒေသ နှင့် လူမျိုးစု/
လူ့အုပ်စုများ
အတွက်သာ ပေါ်ထွက်ခဲ့ကြောင်း ကုရ်အာန်က ဆိုထားသည်။ သမ္မာကျမ်းလာ
ယေရှုသခင်၏စကားရပ်ဖြစ်သည့် '' ပျောက်ဆုံးနေသော ဣသရေလ သိုးများထံမှအပ
ငါ့အား စေလွှတ်သည်မဟုတ် '' ဟူသည်က ဤအချက်ကို ထောက်ခံလျက်ရှိပေသည်။
တမန်တော်မုဟမ္မဒ်(ဆွ)သွန်သင်ခဲ့သောသာသနာမှာက
ား
စကြဝဠာတစ်ခွင်လုံးနှင့် သက်ဆိုင်ပါသည်။ အကြောင်းမှာ မုစ်လင်မ်အပေါင်းမှ
မုဟမ္မဒ်(ဆွ)အား ဖန်ဆင်းရှင်စေလွှတ်သည့် နောက်ဆုံးတမန်တော်အဖြစ်
ခံယူထားသောကြောင့်ဖြစ်သည်။ ဤသည်နှင့်စပ်လျဉ်း၍ မုဟမ္မဒ်(ဆွ)က '' ငါ၏အလျင်
တမန်တော်မှန်သမျှ သက်ဆိုင်ရာအမျိုးသားထုထံသို့သာ စေလွှတ်ခံကြရသည်။
သို့ရာတွင် ငါသည်ကား လူသားမျိုးနွယ်တစ်ရပ်လုံးထံ စေလွှတ်ခံရပေသည် '' ဟု
မိန့်မှာခဲ့သည်။ ကုရ်အာန်ကလည်း ဤသို့ထပ်ဆင့် အတည်ပြုထားပေသည်။
စင်စစ်သော်ကား ငါအသျှင်မြတ်သည် အသင် (မုဟမ္မဒ်)အား လောကခပ်သိမ်းအတွက်
ကရုဏာတော်အဖြစ် စေလွှတ်တော်မူခြင်းသာတည်း။ ကုရ်အာန် ( ၂၁း ၁ဝ၇ )
တစ်နည်းအားဖြင့် ဖန်ဆင်းရှင်၏တာဝန်ကို သယ်ပိုးထမ်းရွက်ရန် '
သီးသန့်အခွင့်ထူးခံ လူတန်းစား' ဟူ၍ မရှိကြောင်း ကုရ်အာန်ကပြောကြား၏။
ထိုကိစ္စသည် ဂျူးဝါဒ၌သာရှိသည်။ ဖန်ဆင်းရှင်၏ပဋိညာဉ်မှာ အစ္စလာမ်ကို လက်ခံ၍
အွမ္မဟ်ဖြစ်လာသူတိုင်းထံ ဆန့်ထွက်နေလျက်ရှိပြီး၊ ဗျာဒိတ်သဝဏ် နှင့်
ဥပဒေသများသည် လောကခပ်သိမ်းအပေါ် အကျိုးဖြစ်ထွန်းစေသည်ဟု ကုရ်အာန်က
ရှင်းပြနေပေသည်။
(၅) တမန်တော်ဖြစ်စဉ်များမှ ရှုထောင့်သစ်
======================
တမန်တော်ဖြစ်စဉ်များ တူညီစွာပါဝင်နေခြင်းသည် သမိုင်းကြောင်းရုပ်လွှာတစ်လျှောက
်
ယုံကြည်မှု နှင့် ကိုယ်ကျင့်တရား၏ အစဉ်အလာတစ်ခုကို ပေါ်လွင်လာစေသည်။
သို့သော် တမန်တော်များအကြောင်းတင်ပြမှု ၌ ကုရ်အာန် နှင့် သမ္မာကျမ်းစာတို့သည်
နည်းလမ်းအနည်းငယ်ကွဲပြားကြသည်။
အချို့သော ဂျူး၊ ခရစ်ယာန် နှင့် ပညာရှင်တို့က ကုရ်အာန်သည် ဓမ္မဟောင်းကျမ်း
နှင့် ဓမ္မသစ်ကျမ်းရှိ ဇာတ်လမ်းများကိုယူ၍ မိမိကိုယ်ပိုင်အမြင်ဖြင့်
ပြောင်းလဲလိုက်သည်ဟု ထင်မြင်ယူဆလေ့ရှိတတ်ကြသည်။ ပထမဦးစွာသိအပ်သည့်အချက်မှာ
ကုရ်အာန်သည် ဆင်တူသော်လည်း တစ်ထပ်တည်းမကျသည့်ဇာတ်လမ်းဖြစ်စ
ဉ်များအတွက်
ခယခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း အလျဉ်း မပြုထားချေ။ အဘယ်ကြောင့်ဆိုသော်
ကုရ်အာန်သည် ဗျာဒိတ်တော်အသစ်ဖြစ်ခြင်းအပြင် လွန်ခဲ့သော ဗျာဒိတ်တော်များ၏
ရှေ့ဆက်စီးဆင်းမှု နှင့် နောက်ဆုံးအဆုံးသတ်မှု ဖြစ်နေခြင်းကြောင့်တည်း။
တစ်ခါ ကုရ်အာန်က မိမိသည် အရင်းအမြစ်အသစ်တစ်ရပ်မှ သီးခြားပေါက်ဖွားလာသည်ဟု မကြွေးကြော်၊ လွန်လေပြီးသောဗျာဒိတ်တော်များ၏ဇ
စ်မြစ်
(ဖန်ဆင်းရှင်)နှင့် အတူတူပင်ဖြစ်ကြောင်း ဆိုထားသည်။ တပြိုင်နက်တည်းမှာပင်
Torah နှင့် Bibble ကျမ်းဂန်များ၌တွေ့ရသော တမန်တော်တို့၏ဖြစ်ရပ်မှန်အချို့
မှာ ရွေ့လျောပျက်စီးသွားခဲ့ပြီဖြစ်
ကြောင်း၊
ဖန်ဆင်းရှင်မှ တမန်တော်များကို အမြင့်မားဆုံးစိတ်ဓါတ်၊
ကိုယ်ကျင့်တရားများနှင့်တစ်ကွ စေလွှတ်တော်မူခဲ့ခြင်းမှာ
၎င်းတို့၏သက်ဆိုင်ရာလူမှုဝန်းကျင
်အား ဖြောင့်မတ်မှန်ကန်သည့်လမ်းတရားအ
ပေါ်
ဦးဆောင်ရန်ဖြစ်ကြောင်း ကုရ်အာန်က ရှင်းလင်းပြောပြသည်။ သို့ရှိရာ
(ကျမ်းဂန်အတွင်းဖော်ပြထားသော) ဤတမန်တော်များကို ဤကမ္ဘာမြေတစ်ခွင်
ကမ္ဘာ့လူသားတို့၏ သာသနာ့ဖြစ်စဉ်ကြီးအတွင်း တကယ့်သူရဲကောင်း နှင့်
စံပြပုဂ္ဂိုလ်မွန်များအဖြစ် အမှန်တကယ်သတ်မှတ်ပါက သူတို့သည်
ကိုယ်ရည်ကိုယ်သွေးအရာ၌ အထွဋ်မြတ်ဆုံး ဖြစ်နေရမည် မဟုတ်ပေသလော ။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment
Note: only a member of this blog may post a comment.