---------------------------
ဝဟီထုတ်ပြန့ို့ချမှုသည် လောကအပေါင်း (စကြဝဠာခပ်သိမ်းရှိ ဝေနေယျအပေါင်း) အတွက် သတိပေးနှိုးဆော်ချက်မှတစ်ပါး အခြားမဟုတ်လေပြီ (၆း၉ဝ) ဟူ၍ ကုရ်အာန်က ဆိုထား၏။ ကျမ်းမြတ်ကုရ်အာန်က မိမိနောက်လိုက်များ နှင့် ဖတ်ရှုသူများကို နှိုးဆော်သတိပေးထားသော အကြောင်းသုံးရပ်ရှိ၏။
(က) အလ္လာဟ်အရှင်မြတ်၏အလိုတော်တစ်ခုတ
(ခ) အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျင့်ဝတ်ဆိုင်ရာလမ်းညွှန်ချက်မျာ
(ဂ) လူသားတို့မှ မည်သည့်အရာကိုမျှ ဖုံးကွယ်မထားနိုင်အောင် အလ္လာဟ်အရှင်မြတ်သည် အမြဲမပြတ် တွေ့မြင်သိရှိနေတော်မူကြောင်း၊ စစ်မှန်စွာသက်ဝင်ယုံကြည်သူ (မုအ်မင်န်)တို့သည် ဤပကတိအရှိတရား၏
သတိသမ္ပဇဉ်အပြည့်အဝနှင့်တစ်ကွ နေထိုင်ရှင်သန်သွားသည့်ဘဝကို တည်ဆောက်ကြရမည့်အကြောင်း။
ကုရ်အာန်ကျမ်းလာ ဗျာဒိတ်တော်သည် စကြဝဠာတစ်ခွင်လုံးနှင့်သက်ဆိုင်
ကိုးကွယ်အပ်ရာဖန်ဆင်းရှင် တစ်ပါးတည်းရှိမှုကို ဟောကြားသော အတိတ်ကာလ ဗျာဒိတ်ဓမ္မစစ်များအား ဆက်လက်အတည်ပြုနေသည့်ကျမ်းဂန်ဟူ၍
စကြဝဠာဆိုင်ရာ သတင်းသဝဏ်ဖြစ်နေသည့်အတွက် တမန်တော်မူစာ(အလိုင်)၊ တမန်တော်အီစာ (အလိုင်)တို့ထံ ထုတ်ပြန်ခဲ့သောကျမ်းဂန်များနှင်
လွန်လေပြီးသော ဗျာဒိတ်တော်လာယုံကြည်ချက်များအတ
ထုတ်ပြန်ခံရခြင်း တစ်ကြောင်းဖြစ်၏။
(၅) ဝေဒနာ ကုစားချက်
-----------------------
ကျမ်းမြတ်ကုရ်အာန်က မိမိသည် အမျိုးသား၊ အမျိုးသမီးတို့၏ နှလုံးသားများအတွက် ဝေဒနာကင်းပျောက်စေရာ ဆေးကုထုံးတစ်ရပ်ဖြစ်ကြောင်း ဖော်ပြသည် (၁၇း၈၂)။ ကုရ်အာန်အခြေတည် ကိုယ်ရည်ကိုယ်သွေးသည်
အလ္လာဟ်အရှင်မြတ်အား တမ်းတသတိရခြင်းမှတစ်ဆင့် နှလုံးသားသန့်စင်မှုအတွက် နာမ်ပိုင်းဆိုင်ရာ လမ်းကြောင်းတစ်ရပ်ကို ပေါ်ထွက်ထွန်းလင်းလာစေပါသည်။ ဝဟီဗျာဒိတ်သည် လူသားတို့၏လူသားဆန်မှုကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းစေခြင
ဤကဏ္ဍ၌ ကုရ်အာန်သည် လူ့နှလုံးသားဝိညာဉ်ကို ဖန်ဆင်းရှင်နှင့်ပတ်သက်သမျှအပေါ်
အကောင်းဆုံး သို့မဟုတ် အဆိုးဆုံးအချိန်အခါအတွင်းမှာပင်
လုပ်ရပ်တိုင်းမှာ ညီညွတ်လေးနက်လာပေတော့သည်။
(ဆက်လက်ဖော်ပြပါမည်)
==============================
“ အားလုံးအတွက် ကုရ်အာန် ” - ၃
***************************
ကုရ်အာန်ကညွှန်းထားသည့် ကြားနာသူအမျိုးအစားများ
============================
ကျမ်းမြတ်ကုရ်အာန်ကို လိင်၊ ယဉ်ကျေးမှု၊ အယူဝါဒ ဘောင်အကန့်အသတ်မရှိ စကြဝဠာအတွင်း အရာအပေါင်းက နားဆင်လေ့လာနိုင်၏။ သို့သော် အကြောင်းရပ်အသီးသီးနှင့် အခြေအနေအမျိုးမျိုးအတွက် လူ့အုပ်စု (၆) မျိုးအပေါ်
အထူးရည်ညွှန်းထားသည်ကိုတွေ့ရ၏။
(က) လူသားမျိုးနွယ်များ
---------------------------
လူသားအပေါင်းနှင့်သက်ဆိုင်သော သွန်သင်ချက်များ၊ သတိပေးမှုများ နှင့် ကောင်းသတင်းပေးခြင်းများ ပါဝင်၏။ ယင်းသို့သော စာပိုဒ်များမှာ အို - လူသားအပေါင်းတို့ သို့မဟုတ် အို - အာဒမ်၏မျိုးဆက်များ ဟူ၍ အမြဲတစေ
စတင်ထားတတ်သည်။ ဤသို့သော ရည်ညွှန်းချက်များကို အစောပိုင်းကာလ ဝဟီထုတ်ပြန်ချက်များတွင် အများအားဖြင့် တွေ့ရမည်ဖြစ်သည်။ ထိုစာပိုဒ်တို့မှာ မက္ကဟ်ခေတ်ကာလ(အတွင်းကျရောက်သော)
(ခ) သက်ဝင်ယုံကြည်သူများ
------------------------------
မုစ်လင်မ် ပီသစေမည့် အပြုအမူ၊ လောကနီတိ နှင့် ဥပဒေသ တစ်ရပ်ရပ်ပါဝင်နေ၏။ ဤသို့သော စာပိုဒ်မျိုးမှာ အို - အသင် သက်ဝင်ယုံကြည်ကြသူတို့ ဟူ၍ အမြဲတစေ အစပြုထားလေ့ရှိပြီး ဤသည်မှာ သက်ဝင်ယုံကြည်သူတို့အဖို့တည်း ဟု အဆုံးသတ်ထားလေ့ရှိ၏။ လမ်းချော်မှောက်မှားမှုအတွင်း မကျရောက်ရေး သတိပေးချက်များ၊ ယုံကြည်မှုအပေါ်
မားမတ်ကြံ့ခိုင်မှု နှင့် စိတ်ရှည်သည်းခံမှုရှိကြသူများအတွ
(ဂ) ရှေးကျမ်းရရှိသူများ
------------------------
ရှေးကျမ်းဂန်ရရှိသူများအနက် ဂျူး နှင့် ခရစ်ယာန်များကို ကုရ်အာန်က များမြောင်စွာ အလေးပေးဖော်ပြထား၏။ ယင်းလူ့အဖွဲ့အစည်းနှစ်ရပ်လုံးကိ
အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ
ရံဖန်ရံခါ ကုရ်အာန်က အုပ်စုတစ်ခုချင်းကို သီခြားညွှန်းဆိုတတ်၏။ ဥပမာပြရလျှင် ခေတ်ဦး မုစ်လင်မ့်လူ့အဖွဲ့အစည်းသည် မက္ကဟ်မြို့မှ မဒီနဟ်မြို့သို့ ဂန္တဝင်မြောက်ရွှေ့ပြောင်းမှု ပြုပြီးသည့်နောက်ဝယ် တမန်တော်မြတ်(ဆွ) သည် ကုရ်အာန်ဗျာဒိတ်နှင့်စပ်လျဉ်း၍ ဂျူးအနွယ်ဝင်လူမျိုးစု (ယဟူဒီ) များနှင့် အချေအတင်
အပြန်အလှန်ဆွေးနွေးချက်များ ပြုတော်မူခဲ့ပါသည်။ ကျမ်းမြတ်ကုရ်အာန်၌ ဂျူးတို့၏မေးမြန်းချက်အပေါ် ပြန်လည် ဖြေကြားချက်၊ ၄င်းအပြင် အသိုင်းအဝိုင်းနှစ်ရပ်အကြားတွင်
(ဃ) အရေခြုံကြောင်သူတော်များ
------------------------------
ကျမ်းမြတ်ကုရ်အာန်က အရေခြုံကြောင်သူတော်ဝါဒကို ရွံမုန်းစက်ဆုပ်ဖွယ်ရာအဖြစ် ဖော်ပြထားပြီး ပြင်းထန်လှသည့်စကားလုံးများဖြင်
စောင့်ကြိုနေမည့်အရာကိုလည်း သတိပေးဖော်ပြထားသည်။ ၄င်းတို့၏ စရိုက်သဘာဝ နှင့် လုပ်ထုံးလုပ်နည်းများကို ပြုပြင်ပြောင်းလဲ၍ စစ်မှန်ဖြောင့်မတ်သောယုံကြည်ချက
(င) နိစ္စသစ္စာကို ပယ်လှန်သူများ
------------------------------
ကုရ်အာန်၏ဗျာဒိတ်သတင်းကို ပယ်လှန်ငြင်းဆန်သူများအား ကုရ်အာန်က ဒဿနအဆိုများဖြင့် အကျယ်တဝင့်ဆွေးနွေးထားသည်သာမက ယင်းသို့ငြင်းပယ်ခြင်းအပေါ် သတိပေးချက် ပြဆိုထားသည်။
နိစ္စသစ္စာကို ပယ်လှန်ခြင်း (ကုဖ်ရ်) စကားလုံးကို ကုရ်အာန်၏သဘောတရားနှင့် မလျော်ညီစွာ လူအချို့က ယုံကြည်ချက်ကင်းမဲ့သူ ဟုလည်းကောင်း၊ ပို၍ဆိုးဝါးသည်မှာ မိစ္ဆာတိတ္ထိက ဟုလည်းကောင်း တလွဲတချော် ပြင်းပြင်းထန်ထန် ဘာသာပြန်ထားကြ၏။ အရဘီစကား ကုဖ်ရ် သည် ကျယ်ပြန့်စွာ အနက်ထွက်သော်လည်း ၄င်း၏ ဇစ်မြစ်အဓိပ္ပာယ်မှာ ကျေးဇူးမသိတတ်ခြင်း၊ ကျေးဇူးကန်းခြင်း ဟူ၍ ရပါ၏။ ကုရ်အာန့် ရှုထောင့်အရ အကြီးမားဆုံး ကျေးဇူးကန်းခြင်းသည် ဖန်ဆင်းရှင်၏နိစ္စသစ္စာတရား ထင်ရှားပေါ်လွင်လာပြီးသည့်နောက်ဝ
ဖြစ်သည်။ သို့ဖြစ်ရာ ကျမ်းမြတ်ကုရ်အာန်လာ ကာဖိရ် ဟူသည့် အသုံးအနှုန်းအား နိစ္စသစ္စာကိုပယ်လှန်သူ သို့တည်းမဟုတ်
ဖန်ဆင်းရှင်၏သက်သေလက္ခဏာတော်များ
(စ) ဖတ်ရှုလေ့လာသူများ
-----------------------------
လူ့အတွေးအခေါ်ကို မြှင့်တင်ပေးသည့် အပြန်အလှန်အမေးအဖြေစကားရပ်များက
ကျမ်းမြတ်ကုရ်အာန်သည် ဖတ်ရှုလေ့လာသူတိုင်းကို အပြည့်အဝ အာရုံဝင်စားသွားစေရန် ပြိုင်စံရှားနည်းလမ်းဖြင့် မေးခွန်းများ မေးမြန်းညှို့ယူလေ့ရှိသည်။ ဥပမာတစ်ရပ်ကို ရှုပါ။
ထိုအရှင်မြတ်သည် အသင် (မုဟမ္မဒ်) အား မိဘမဲ့အဖြစ်တွေ့တော်မူပြီး ခိုကိုးရာကို ပေးတော်မူခဲ့သည် မဟုတ်တုံလော။ ၄င်းပြင် ထိုအရှင်မြတ်သည် အသင့်အား လမ်းပျောက်သူ အဖြစ်တွေ့တော်မူပြီး လမ်းညွှန်တော်မူခဲ့သည်
မဟုတ်ပေသလော။ ထိုမှတပါး ထိုအရှင်မြတ်သည် အသင့်အား နွမ်းပါးသူအဖြစ်တွေ့တော်မူပြီး ကုံလုံကြွယ်ဝစေတော်မူခဲ့သည် မဟုတ်တုံလော။ ကုရ်အာန် (၉၃း၆၈)
(ဆက်လက်ဖော်ပြပါမည်)
July Yeyint
No comments:
Post a Comment
Note: only a member of this blog may post a comment.