==============================
အချို့ဟဒီးဆ်တော်များကို အမလ် မလုပ်ခဲ့ခြင်း အကြောင်းရင်းများ
------------------------------
အစ္စလာမ့်ခေတ်ဦးပိုင်းတွင် ကြုံတွေ့ခဲ့ရသည့်အနေအထား၊ အခြေအနေ၊ အချိန်အခါအရ ဟဒီးဆ်များကို တစ်စုတစ်ဝေးတည်း စုဆောင်းရရှိရန် မဖြစ်နိုင်ခဲ့ပေ။ အချိန်ကာလကြာရှည်လာသောအခါ ရှုပ်ထွေးမှုများ တိုးပွါးလာတော့သည်။ ဤတွင် ဟဒီးဆ်တော်များကို စုဆောင်းကောက်ယူခြင်း၊ ပို့ချခြင်း၊ ဆန်းစစ်ခြင်း စသော ဟဒီးဆ်ဆိုင်ရာ သီးသန့်ပညာရှင် နှင့် ပညာရပ်များ ပေါ်ထွန်းလာခဲ့သည်။
ဆွဟာဘဟ်သာဝကတော်ကြီးများ၊ ၄င်းတို့၏နောက်မျိုးဆက် သာဘိအီးန်များ၊ ၄င်းတို့၏နောက်မျိုးဆက် သားဘအ် သာဘိအီးန်များ၊ ၄င်းနောက် မဇ်ဟဘ်အိမာမ်ကြီးများခေတ်တစ်လှေ
အချို့ဟဒီးဆ်များအား အမလ် မကျင့်သုံးခဲ့သည်ကို တွေ့ကြရခြင်းမှာ ဟဒီးဆ်မှန်သမျှ လက်လှမ်းမမှီခဲ့ရသည့် အဓိကအကြောင်းရင်းပင် ဖြစ်ပါသည်။ ထိုအကြောင်းခြင်းရာများကို ဟဒီးဆ်ပါရဂူ သုတေသီများက အောက်ပါကဲ့သို့ ဆန်းစစ်တင်ပြထားကြပေသည်။
၁။ မုဂ်ျသဟိဒ် ပညာရှင်များမှ ဟဒီးဆ်ရှာမတွေ့ခဲ့မှု
မုဂ်ျသဟိဒ် (အစ္စလာမ့်ဥပဒေများကို ဖော်ထုတ်သတ်မှတ်သော ပညာရှင်) တို့သည် မိမိတို့သက်တမ်း တစ်လျှောက် ဟဒီးဆ်တော်များကို တတ်စွမ်းသမျှ ရှာဖွေစုဆောင်းခဲ့သည်ချည်းသာ ဖြစ်သည်။ ဟဒီးဆ် ရှာမရခဲ့သော အကြောင်းကိစ္စများအတွက် မိမိတို့၏ဆင်ခြင်ဥာဏ်၊ ပညာအင်အားအပေါ် အသုံးပြု၍ လက်တွေ့ပြဿနာများကို ရင်ဆိုင်ဖြေရှင်းခဲ့ကြရသည်။ ယင်းသို့ မတ်စ်အလာ (ပြဿနာဖြေရှင်းချက်/
ဆွဟာဘဟ်သာဝကတော်ကြီးများ၊ သာဘိအီန်းများ၊ သားဘအ် သာဘိအီးန်များ နှင့် ခေတ်အဆက်ဆက် ဓမ္မပညာရှင်များအနက် မည်သူတစ်ဦးတစ်ယောက်ကမျှ '' တမန်တော်များ၏ ဟဒီးဆ်/စွန္နဟ်တော်အပေါင်းကို သိရှိကြောင်း '' ကြေငြာကြွေးကျော်ခဲ့ကြသည် မဟုတ်ချေ။ တမန်တော်မြတ်(SAW) နှင့် အနီးကပ်ဆုံး လက်ပွန်းတတီး နေထိုင်ခဲ့ကြသူတို့ပင်လျှင် ထိုကဲ့သို့ မပြောဆိုခဲ့ကြချေ။ ထို့ကြောင့် ယင်းသို့ပြောဆိုကြေငြာသူသည် အကြီးမားဆုံး လူလိမ်လူညာ သာဖြစ်ကြောင်း ကမ္ဘာတစ်ဝှန်းရှိ အဆင့်မြင့်ပညာရှင်အားလုံးမှ အဆိုညီခဲ့ပြီးဖြစ်သည်။ ထင်ရှားသော သမိုင်းအထောက်အထားအချို့ကို တင်ပြပါမည်။
ပထမခလီဖဟ် သမ္မတကြီး အဘူဘကရ် (R)က ဖခင်ဖက်မှ အဖွားသည် အမွေခံစားပိုင်ခွင့် မရှိ ဟု ဖသ်ဝါ ပေးခဲ့သည်။ သာဝကတော်ကြီး မုဃီရဟ် ဘင်န် ယှုအ်ဘဟ် (R) နှင့် မုဟမ္မဒ် ဘင်န် မတ်စ်လမဟ် (R)တို့မှ တမန်တော်မြတ်(SAW)က ခြောက်ပုံတစ်ပုံ ပေးတော်မူခဲ့သော အထောက်အထား ရှိကြောင်း သက်သေထူခဲ့ကြရသည်။
ဒုတိယခလီဖဟ် သမ္မတကြီး အုမရ် ဘင်န် အလ်ခသ်ွသွာ့ဘ် (R)သည် ခလီဖဟ်အဖြစ် အုပ်ချုပ်စိုးစံချိန်အထိ သူတစ်ပါးအိမ်သို့ဝင်လျှင် စလာမ်သုံးကြိမ်ဆိုပြီး ခွင့်တောင်းရသည့် စွန္နဟ် - နည်းလမ်းကို မသိရှိခဲ့ပါ။ အဘူ မူစာ အရှ်အရီ (R)မှ ပြန်လည်တင်ပြဆင့်ပြန်ခဲ့ရ၏။ ထိုနည်းတူ မီးကိုးကွယ်သော မဂျူစီထံမှ အခွန်အခကို အဟ်လိကိသာ့ဘ် အတိုင်း ကောက်ခံရကြောင်း မသိခဲ့ - အဘ်ဒုရ် ရဟ်မာန်း ဘင်န် အောင်းဖ် (R)မှ နည်းလမ်းပြသခဲ့ရ၏။
တတိယခလီဖဟ် သမ္မတကြီး အုဆ်မာန်း ဘင်န် အဖ္ဖာန်း (R) သည် ခင်ပွန်းသည်ကွယ်လွန်က ဇနီးမှာ အစ်ဒသ်ရက်ကုန်သည်အထိ ခင်ပွန်း၏အိမ်၌ နေထိုင်ရသည့်ပညတ်ကို မသိခဲ့။ သာဝကကြီး အဘူ စအီးဒ် အလ်ခုဒ်ရီ (R)၏ညီမဖြစ်သူ ဖုရုအဟ် ဘင့်န်သိ မာလစ်က် (R)မှ မိမိ၏အဖြစ်ကို တင်ပြဆင့်ပြန်ခဲ့ရ၏။
စတုတ္ထခလီဖဟ် သမ္မတကြီး အလီ ဘင်န် အဘီသွာလစ်ဘ် (R)၊ အဘ်ဒုလ္လာဟ် ဘင်န် အုမရ် (R)၊ ဇိုင်းဒ် ဘင်န် ဆာဘိသ် (R)တို့သည် မဟ်ရ် မသတ်မှတ်ဘဲ ထိမ်းမြားခဲ့သော အမျိုးသမီးအဖို့ ခင်ပွန်းကွယ်လွန်က ထိုသူမ အား မဟ်ရ် ပေးရတော့မည် မဟုတ် ဟု ဖသ်ဝါပေးခဲ့ကြကုန်၏။ တမန်တော်မြတ်(SAW) မှ မဟ်ရ် ပေးရ မည်ဖြစ်ကြောင်း သတ်မှတ်တော်မူခဲ့ခြင်းကို သူတို့ မသိရှိခဲ့ကြပေ။
ဤသည်မှာ ဆွဟာဘဟ် သာဝကတော်ကြီးတို့၏ဖြစ်ရပ်များမှ
၂။ ဟဒီးဆ်ဆင့်ပြန်ချက် ခိုင်မာမှုအပေါ် အမြင်မတူညီခြင်း
တတိယ ခလီဖဟ်ကြီး အုဆ်မာန်း ဘင်န် အဖ္ဖာန်း (R) ၏လက်ထက်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုများ စတင်ခဲ့ပြီး၊ အလီ (R)၏လက်ထက်တွင် နိုင်ငံရေးသြဇာပြိုင်ဆိုင်မှု ပွင့်ထွက်ကြီးထွားလာခဲ့သည်။ ၄င်းတို့ ၏ ခေတ်နှောင်းပိုင်း နှင့် နောက်ပိုင်းခေတ်ကာလတွင် ဟဒီးဆ်အတုများ ပျံ့နှံ့လာတော့သည်။ နိုင်ငံရေးဆိုင်ရာ အာဏာရလိုမှုအတွက် ထွင်လုံးဟဒီးဆ်များကို အသုံးချခဲ့ခြင်း ဖြစ်သည် ( ဟဒီးဆ်ကျမ်းဂန်များ ပေါ်ပေါက်လာပုံသမိုင်း အခန်း၌ ဆက်လက်ဖော်ပြသွားပါမည် )။ အလီ (R)သည် ဟဒီးဆ်တော်တစ်ပုဒ်ကို တမန်တော်မြတ်(SAW)၏ ဟဒီးဆ် အမှန်ဖြစ်ကြောင်း အမျိုးသားနှစ်ဦး၏ကျိန်ဆိုချက်ဖြ
ရာဝီ (ဟဒီးဆ်ဆင့်ပြန်သူ)တို့၏ အစဉ်အဆက်လမ်းကြောင်း (စနဒ်) နှင့် ရာဝီတို့၏ ကိုယ်ရည်ကိုယ်သွေးပေါ် မူတည်၍ ဆန်းစစ်သုံးသပ်ပြီးမှ လက်ခံခဲ့ကြသည်။ သို့ရာတွင် ဟဒီးဆ်ကိုလက်ခံရာ၌ ပညာရှင်တစ်ဦးနှင့် တစ်ဦး မတူညီကြချေ။ ကိုယ်ပိုင်သတ်မှတ်ချက်စံနှုန်းကိ
အိမာမ်များထံ ဟဒီးဆ်တော်တစ်ပုဒ်ပုဒ်သည် စနဒ်တစ်မျိုးတည်းဖြင့် ဆင့်ပြန်ရောက်ရှိလာခဲ့၏။ သို့သော် စာသားစကားလုံး / အသုံးအနှုန်း (မတ်သာန်) အပေါ် အမြင်မတူကြသဖြင့် အချို့အိမာမ်က ခိုင်မာသည်ဟု ယူဆကြပြီး အချို့အိမာမ်က မခိုင်မာဟု ယူဆသုံးသပ်ကြသောကြောင့်လည်း ဖြစ်၏။
၃။ ဆင့်ပြန်မှုလမ်းကြောင်း နှစ်မျိုးဖြစ်နေခြင်း
ဟဒီးဆ်တော်တစ်ပုဒ်သည် အလွန်မှန်ကန်ခိုင်မာသော (ဆွဟီးဟ်) အဆင့်ရှိ ဆင့်ပြန်ချက်လမ်းကြောင်း နှင့်တစ်ကွ ဥပဒေပြုပညာရှင်တစ်ဦးဦးထံ ရောက်ရှိလာသည်။ ထိုအခါ ထိုအိမာမ်က လက်ခံကျင့်သုံး အမလ် ပြုလုပ် သည်။ တဖန် ထိုဟဒီးဆ်တော်တစ်ခုတည်းပင် နောက်အိမာမ်တစ်ဦးထံ ချို့ယွင်းချက်ရှိသော စနဒ် လမ်းကြောင်းဖြင့် ရောက်ရှိလာသည်။ ထိုအခါ ထိုအိမာမ်က ချို့ယွင်းချက်ဖြစ်သော အချက်ကိုတွေ့ပြီး အမလ် မပြုခဲ့ချေ။
သို့ဖြစ်ရာ ဟဒီးဆ်တော်တစ်ပုဒ်တည်းဖြစ်နေလင်
** အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၊ ကမ္ဘာကျော် အလ်အဇ်ဟရ် အစ္စလာမ့်တက္ကသိုလ်မှ
ဟဒီးဆ်ပါမောက္ခကြီး မုဟမ္မဒ် မုဟမ္မဒ် အဘူဇဟူး ၏
သာရီးခ် ဟဒီးဆ် ဝ မုဟဒ္ဒိဆီးန် ကျမ်းကြီးမှ ပြန်လည်ကောက်နှုတ်အကျဉ်းချုပ်တင်
No comments:
Post a Comment
Note: only a member of this blog may post a comment.