******************************
ဝဟီ ခေတ်ကာလအတွင်း သာသနာ့ပညာ ဖြန့်ချိမှု
===========================
မဒီနဟ်မြို့တော်သည် အစ္စလာမ့်ဗဟိုဌာနဖြစ်လာပြီးနောက်
အာရေဗျတစ်ခွင်မှ လူတို့သည်လည်း တမန်တော်မြတ်(SAW)ထံသို့ အရောက်လာကြပြီး အစ္စလာမ်ကို လက်ခံသက်ဝင်လာကြ၏။ သာသနာ့ပညာအဆုံးအမများကို နာယူမှတ်သားကြ၏။ ၄င်းနောက် မိမိတို့ဌာနီများပြန်၍ ဒအ်ဝဟ် (အစ္စလာမ်သာသနာကိုလက်ခံရန် ဖိတ်ခေါ်ခြင်း) နှင့် သဗ်လီးဃ် (သာသနာ့ပညာ ပို့ချဖြန့်ဖြူးခြင်း) ပြုလုပ် ခဲ့ကြကုန်၏။
ဝဟီကာလ၏နောက်ဆုံးနှစ်များ၌ အာရေဗျတစ်ခွင်နှင့်ဝန်းကျင်ရှိ လူမျိုးစု/မျိုးနွယ်စု သံတမန်အဖွဲ့များသည် မဒီနဟ်သို့ တဖွဲဖွဲရောက်ရှိခဲ့ကြသည်။ အထူးသဖြင့် ဟိဂ်ျရီ (၉)ခုနှစ်တွင် ဖြစ်ပြီး ထိုနှစ်မှာ '' သံတမန်များ နှစ် '' ဟု သမိုင်း၌အမည်တွင်ခဲ့သည်။ သို့ဖြစ်ရာ မဒီနဟ်ပြင်ပ သာသနာ့ပညာဖြန့်ချိမှုတွင် မျိုးနွယ်စု သံတမန်အဖွဲ့များသည် အရေးကြီးသောအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့သည်။ ၄င်းတို့အနက် ဘနီ စအဒ် ဘင်န် ဘက်ရ်၊ အဘ်ဒုလ် ကိုင်းစ်၊ သဂျီးဘ် စသည့် ကိုယ်စားလှယ်အုပ်စုများမှာ ထင်ရှားလှပေသည်။
ခလီဖဟ် ခေတ်ကာလအတွင်း သာသနာ့ပညာ ဖြန့်ချိမှု
=============================
တမန်တော်မြတ် (SAW) ဝဖါ့သ်ဖြစ်တော်မူပြီးနောက် အစ္စလာမ့်လူ့ဘောင်တစ်ရပ်လုံးကို ထိန်းသိမ်း အုပ်ချုပ်ရေး အရိုက်အရာခံ (ခလီဖဟ်)မှာ (အရွယ်ရောက်ပြီးအမျိုးသားများအန
တမန်တော်မြတ်ကြီး (SAW) မရှိတော့သည်နှင့် မုနာဖစ်က်အုပ်စုများ ခေါင်းထောင်ထလာခဲ့ကြသည်။ အစ္စလာမ့်ရင်းမြစ် မဏ္ဍိုင်တာဝန်တစ်ရပ်ဖြစ်သည့် ဇကာ့သ်ကို ငြင်းပယ်သည့်မျိုးနွယ်စုများ ပေါ်ပေါက်လာသည်။ မိမိကိုယ်ကို မုစ်လင်မ် ဟုပင် အမည်ခံထားသော ယင်း မုရ်သဒ် (သာသနာပျက်)များကို ခလီဖဟ်ကြီး အဘူ ဘကရ် (R)မှ ငြိမ်ဝပ်ပိပြားအောင် ဆောင်ရွက်ခဲ့ရသည်။ တဖန် တမန်တော်ဖြစ်ခြင်း နှင့် ဘုရင်ဖြစ်ခြင်းကို မခွဲခြားတတ်သော အာဏာရူးများက တမန်တော်အတုများအဖြစ် ကြေငြာထွက်ပေါ်လာကြပြီး အင်အားစုဆောင်းကာ မုစ်လင်မ်တို့ကို ရန်စောင်ခဲ့ကြပြန်သည်။ ၄င်းတမန်တော်အတုများအနက် မုစိုင်းလိမဟ်သည် သြဇာအကြီးထွားဆုံးဖြစ်၏။ ယင်းအုပ်စုကြီးကို ယမာမဟ် စစ်ပွဲကြီးဖြင့် ချေမှုန်းသုတ်သင်ခဲ့ရပေသည်။ ထိုစစ်ပွဲကြီးအတွင်း ကုရ်အာန် နှင့် ဟဒီးဆ်ကို ထိန်းသိမ်းထားသော ဆွဟာဘဟ်ပေါင်းများစွာ ယှဟီးဒ် ဖြစ်သွားခဲ့သည်။ ဆိုလေပြီးသည့်အတိုင်း သာဝကတော်အများစုသည် ကုရ်အာန်သော်လည်းကောင်း၊ ဟဒီးဆ်/
ဝဟီကျရောက်မှု မရှိတော့ပြီဖြစ်ရာ ကုရ်အာန်ကျမ်းမြတ်အား မူရင်းမပျက် ထိန်းသိမ်းထားရန် အရေးပေါ် လိုအပ်ပြီဖြစ်ကြောင်း အုမရ် (R)က အဘူဘကရ် (R)ကို သတိပေးလေသည်။ ထိုအခါ အဘူဘကရ်သည် သာဝကတော်များအကြား ပြန့်ကျဲနေသည့် ကုရ်အာန်၏စူရဟ်/
ဒုတိယမြောက် ခလီဖဟ် အုမရ် ဘင်န် အလ်ခသ်ွသွာ့ဘ်(R) လက်ထက်တွင် အစ္စလာမ့်အင်ပိုင်ယာ ကြီးထွားကျယ်ပြန့်လာခြင်း၊ မုစ်လင်မ့်လူ့အဖွဲ့အစည်း၏အရေးအရ
တတိယမြောက် ခလီဖဟ် အုဆ်မာန်း ဘင်န် အဖ္ဖာန်း(R) ၏ လက်ထက်သို့ရောက်သော် အာရဘ် မဟုတ်သူမုစ်လင်မ်များ အဆမတန် တိုးတက်များပြားလာခဲ့သည်။ တဆက်တည်းမှာပင် ကုရ်အာန်ဖတ်ရွတ်မှုပုံသဏ္ဍာန်များ ကွဲပြားလျက် ကုရ်အာန်၏မူရင်းပုံဟန်အား ထိခိုက်နိုင်သည့်အန္တရာယ်ကို တွေ့မြင်လာကြကုန်၏။ ဤတွင် အုဆ်မာန်း (R)က ကုရ်အာန်ကို ဒုတိယအကြိမ်ပြန်လည် စုစည်းစိစစ်ရန် ဇိုင်းဒ် ဘင်န် ဆာဘိသ် (R)နှင့်အဖွဲ့ကိုပင် ထပ်မံ တာဝန်ပေးခဲ့ပေသည်။ အုမရ် (R)၏ညီမဖြစ်သူ ဟဖ်ဆွဟ် (R)သခင်မထံ ရှိနေသော (အဘူဘကရ် လက်ထက်မှ) အကြမ်းဖျင်းစုဆောင်းချက်များကို
ဤတစ်ကြိမ်ကြိုးပမ်းမှု၌ အချောသတ်အဆင့်သို့ရောက်ရှိခဲ့ပြ
ခလီဖဟ် ခေတ်ကာလအတွင်း ဟဒီးဆ်တော်၏အနေအထား
==============================
တမန်တော်မြတ်(SAW)၏လက်ထက်နှောင်
ဟဒီးဆ်အတုများ ပေါ်ပေါက်လာတော့မည့် အန္တရာယ်ကို ဆွဟာဘဟ်အများစုမှ ရိပ်စားမိခဲ့ကြ၏။ အဘူဘကရ် (R)ကိုယ်၌ကပင် ဟဒီးဆ်တော်များကို ရေးသားမှတ်တမ်းတင်သူဖြစ်လင့်ကစာ
အခြားတစ်ဖက်၌မူ သာသနာ့ပညာထိမ်ချန်ခြင်း၏ပြစ်ဒဏ်
ခုလာဖာအိ ရာရှိဒူးန် ( လမ်းမှန်ညွှန်ပြခြင်းခံရသော ခလီဖဟ်ကြီးလေးပါး )၏ ခေတ်သမယအတွင်း ဟဒီးဆ်ဆင့်ပြန်မှုအပေါ် တင်းကြပ်ခဲ့ရသောအကြောင်းများရှိ
ဤနေရာ၌ အရေးကြီးသည့်အချက်နှစ်ရပ်ကို သတိပြုအပ်သည်။ ပထမအချက်မှာ (ယနေ့ခေတ်၌ ကျွန်ုပ်တို့ တွေ့မြင်နေရပြီဖြစ်သော) ကျမ်းမြတ်ကုရ်အာန်၏စူရဟ်/
မုစ်လင်မ် မဟုတ်သော ကုရ်အာန်သုတေသီများက တတိယခလီဖဟ်ကြီး အုဆ်မာန်း ဘင်န် အဖ္ဖာန်း (R)လက်ထက်မှသာ ကုရ်အာန်သည် အစီအစဉ်တကျဖြစ်ရသည်ဟု မှတ်ချက်ပြု (စွပ်စွဲ)ခဲ့ကြ၏။ ဇိုင်းဒ် ဘင်န် ဆာဘိသ် (ရဿွိ)နှင့်အဖွဲ့၏သတ်မှတ်ဖန်တီး
တမန်တော်မြတ်ကြီး (SAW) ပရိနိဗ္ဗာန် စံလွန်တော်မူမည့်နှစ်၏ ရမဿွာန်လမြတ်တွင် ကိုယ်တော်မြတ်သည် ခါတိုင်းနှစ်နှင့်မတူ တမူထူးခြားစွာ အိအ်သိကာ့ဖ်ကို ရက်နှစ်ဆယ်တိုင်တိုင် စခန်းဝင်တော်မူခဲ့၏။ အိအ်သိကာ့ဖ် ကာလ အတွင်း ကောင်းကင်တမန်ချုပ် ဂျိဘ်ရီးလ် (AS)သည် ကိုယ်တော်မြတ်အပေါ် ထုတ်ပြန်ပို့ချပြီးသမျှ ကုရ်အာန်ကို (တစ်နှစ်လျှင်တစ်ကြိမ်) ပြန်လှန်လေ့ကျင့်လေ့ရှိ၏။ ထိုနှစ်တွင်မူ နှစ်ကြိမ်တိုင်တိုင် ပြန်လှန်လေ့ကျင့်ကြရာ (ဝဟီထုတ်ပြန်မှု ပြီးဆုံးပြီဖြစ်၍) ကျမ်းဂန်၏ စူရဟ်/အာယသ်တော် အစီအစဉ်သတ်မှတ်မှုလုပ်ငန်းလည်း ပါဝင်ခဲ့ကြောင်း အလွယ်တကူ သိနားလည်အပ်ပေသည်။
သတိပြုရမည့် ဒုတိယအချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) တမန်တော်မြတ် (SAW)၏ (ကုရ်အာန်ပို့ချမှု အပါအဝင်) ဟဒီးဆ်တော်မှန်သမျှကို ဆွဟာဘဟ်တိုင်းက သိရှိနာယူနိုင်ခဲ့ကြသည် မဟုတ်ခြင်း
(၂) ကုရ်အာန်၏ပညာ၌လည်းကောင်း၊ ဟဒီးဆ်၌လည်းကောင်း၊ သာသနာ့ရေးရာ အချို့ကိစ္စများ၌လည်းကောင်း၊ အနာဂတ်ဖြစ်ရပ်များ၌ လည်းကောင်း တမန်တော်မြတ်(SAW)သည် (ဥာဏ်ရည်မြင့်မားသည့်) ဆွဟာဘဟ်အချို့ကိုသာ သီးသန့်ညွှန်ပြ သင်ကြားတော်မူခဲ့ခြင်း၊ ၄င်းအပြင် ဆွဟာဘဟ်များအနက် ပညာရှင်များကို အမည်နှင့်တစ်ကွ ညွှန်ပြတော်မူခဲ့ခြင်း။
(၃) တမန်တော်မြတ် (SAW)၏ နောက်ဆုံးအချိန်တွင် မိမိ၏အွမ္မသ်အတွက် နောက်ဆုံးမှာကြားချက်ပြုရန် စာရွက်နှင့် ကလောင်တံကို တောင်းဆိုတော်မူခဲ့ခြင်း (အနီး၌ ရှိနေသူအချို့၏ အငြင်းပွားမှုကြောင့် သတိပေးမှာကြားချက်များ မပြုခဲ့ရချေ)
ဤသည်ပင်လျှင် လူတိုင်းသိရှိရန် မဟုတ်သည့်အချက်များကို သက်ဆိုင်ရာကဏ္ဍများ၌ သိရှိနေသူတို့က ဆောင်ရွက်သွားကြောင်း ပေါ်လွင်နေပေသည်။
အချို့ဆွဟာဘဟ်များက ဟဒီးဆ်ကို လက်မခံကြ၊ ခလီဖဟ်များသည် ဟဒီးဆ်ကိုလျစ်လျူရှုခဲ့သည် ဟူသော စွပ်စွဲချက်တို့မှာ တင်ပြထားသောဖြစ်ရပ်မှန်များဝယ် အဖြေမှန်ကို မီမောင်းထိုး ပြသထားပြီး ဖြစ်ချေသည်။
ခလီဖဟ်များသည် ဟဒီးဆ်တော်ထိန်းသိမ်းခြင်း နှင့် ဆင့်ပြန်ခြင်း၌ တားမြစ်ပိတ်ပင်ခဲ့ခြင်း မဟုတ်၊ ကုရ်အာန်ကိုဦးစားပေးနေချိန်ဖြစ်
ခလီဖဟ်လေးပါးခေတ်အတွင်း ဟဒီးဆ်ဆင့်ပြန်မှု အရှိန်နှေးသွားခဲ့သော်လည်း ရပ်တန့်ခြင်းကား မရှိခဲ့ချေ၊ ဆင့်ပြန်မြဲ - ပို့ချမြဲ - ထိန်းသိမ်းမြဲပင် ရှိခဲ့၏။ ကုရ်အာန်၌ အဖြေရှာမရခဲ့သူ ဆွဟာဘဟ်အမြောက်အများတို့သည် ဟဒီးဆ်ပညာရှင်များထံလှည့်၍ အဆုံးအဖြတ်ရယူခဲ့ကြသည့်သာဓကများ
မရေတွက်နိုင်ခဲ့ပါ။ စင်စစ် ကုရ်အာန်အား မှန်ကန်စွာ ဋီကာဖွင့်ဆိုနိုင်သူများမှာ မုဟဒ်ဒိဆီးန် ခေါ် ဟဒီးဆ်ပညာရှင်များသာ ဖြစ်နေသောကြောင့်တည်း။ ဆွဟာဘဟ်များအနက် အကျော်အမော် ဟဒီးဆ်ပညာရှင်များရှိခဲ့သည်။ အထင်ရှားဆုံးသူ အချို့မှာ အဘူ ဟုရိုင်ရဟ် (R)၊ အလီ ဘင်န် အဘီသွာလစ်ဘ် (R)၊ အနတ်စ် ဘင်န် မာလစ်က်(R)၊ အဘ်ဒုလ္လာဟ် ဘင်န် အမ်ရ် ဘင်န် အလ် အာ့ဆွ် (R)၊ အဘ်ဒုလ္လာဟ် ဘင်န် မတ်စ်အူးဒ် (R)၊ အဘ္ဘာ့စ် ဘင်န် အဘ်ဒုလ် မုသ်ွသွလစ်ဘ် (R) နှင့် မိခင်မွန်ကြီး အာအိရှဟ် (R) တို့ဖြစ်ကြပါသည်။
** အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၊ ကမ္ဘာကျော် အလ်အဇ်ဟရ် အစ္စလာမ့်တက္ကသိုလ်မှ
ဟဒီးဆ်ပါမောက္ခကြီး မုဟမ္မဒ် မုဟမ္မဒ် အဘူဇဟူး ၏
သာရီးခ် ဟဒီးဆ် ဝ မုဟဒ္ဒိဆီးန် ကျမ်းကြီးမှ ပြန်လည်ကောက်နှုတ်အကျဉ်းချုပ်တင်
အင်န်ရှာ အလ္လာဟ်။ ဆက်လက်ဖော်ပြသွားပါမည်။ အနိုင်ယူငြင်းခုံမှုများအတွက် အချက်အလက်များ ချပြနေခြင်း မဟုတ်ပါ။ လူသိနည်းလွန်းသော အကြောင်းအရာများကို အလွယ်တကူ လေ့လာနိုင်ရန် ကြိုးစားတင်ပြပေးနေခြင်းသာဖြစ်ေ
No comments:
Post a Comment
Note: only a member of this blog may post a comment.