အလ္လာဟ်အရှင်မြတ်သည် မိမိဖန်ဆင်းခံတွေအေပေါ်အေဗာဒါးသ်(ခဝပ်ကိုးကွယ်မှု)တွေကို
သတ်မှတ်တာဝန်ပေးသည့်အခါ ၄င်းအေဗာဒါးသ်တွေကိုပုံစံမျိုးစုံနဲ့ သတ်မှတ်ပေးခဲ့
တယ် .. ထိုအထဲမှ..
.
(1) နှုတ်ဖြင့်ရွတ်ဆိုတမ်းတပြီးပြုရသောအေဗာဒါးသ်
(2) ခန္ဓာကိုယ်ဖြင့်ဆောက်တည်ဝတ်ပြုရသောအေဗာဒါးသ်
(3) စိတ်နှလုံးဖြင့်စွဲမြဲယုံကြည်ပြီးပြုရသောအေဗာဒါးသ်
(4) ပစည်းဥစာဖြင့်ပြုရသောအေဗာဒါးသ် ….. ဟူ၇်ျသတ်မှတ်ခဲ့သည်
၎င်းနောက်ဒီအမျိုးအစားတခုတိုင်းတခုတိုင်းအတွက်သူနှင့်သီးသန့် ဖြစ်ရာအမလ်(လုပ်ရပ်)
တွေကိုသတ်မှတ်ပေးထားသည် ...
.
.................. နှုတ်ဖြင့်ရွတ်ဆိုတမ်းတပြီးပြုရသောအေဗားဒါးသ်တွေ....
.
အနက်အမွန်မြတ်ဆုံးအေဗာဒဟ်ကတော့အလ္လာဟ်ရှင်မြတ်ကို(ဇိက်ရ်)တမ်းတခြင်း
ပင်ဖြစ်သည် ..
…. တမန်တော်ကမိန့် တော်မူခဲ့တယ် .. '''သတိချပ်လော့ အသင်တို့ ကိုငါကိုယ်တော်
အသိပေးပြောပြမည် ..အသင်တို့ ရဲ့လုပ်ရပ်တွေအနက်ကောင်းဆုံးသော .. အသင်
တို့ ကိုစိုးပိုင်တော်မူသော(အလ္လာဟ်ရှင်မြတ်)ရဲ့ထံတော်ဝယ်အသန့်စင်ဆုံးသော ..
အသင်တို့ ရဲ့အဆင့်တန်းတွေမှာအမြင့်ဆုံးသော .. ရွှေတွေသားရတနာတွေကို(အလ္လာဟ်
လမ်းတော်မှာ)သုံးစွဲခြင်းထက်သာလွန်သော .. သင်တို့ ရန်သူနဲ့ ရင်ဆိုင်တွေ့ ဆုံ
စဉ်သင်တို့ ကသူတို့ ရဲ့လည်ဂုတ်တွေခုတ်ပိုင်းပြီးသူတို့ ကသင်တို့ ရဲ့လည်ဂုတ်တွေကိုခုတ်
ပိုင်းခြင်းထက်သာလွန်သော လုပ်ရပ်ကိုငါပြောပြရမည်လော .. ထိုအခါဆွဟာဘဟ်
(သာဝက)အပေါင်းကဟုတ်ကဲ့ကျနော်တို့ ကိုပြောပြပါဟုပြန်လည်လျှောက်ထားရာ
တမန်တော်က (ထိုလုပ်ရပ်သည်ကား)အလ္လာဟ်ရှင်မြတ်ကိုဇိက်ရ်ပြု(တမ်းတခြင်း)ပင်
ဖြစ်သည် ..
.
ဒီပို့ စ်မှာကျနော့်အနေနဲ့ ဇိက်ရ်တွေအားလုံးနဲ့ ၎င်းတို့ ရဲ့အကျိုး(စဝါးဘ်)တွေကိုအကျယ်
တဝင့်ပြောချင်တာမဟုတ်ပါဘူး .. ကျနော်တင်ပြချင်တာကအဲ့ဒီဇိက်ရ်တွေထဲမှအမွန်မြတ်
ဆုံးသောဇိက်ရ်ဖြစ်တဲ့ အစ်တစ်ဂ်ဖားရ် (မဂ်ဖေရသ် ခွင့်လွှတ်မှုတောင်းခံခြင်း)ဆိုတဲ့ဇိက်ရ်
အကြောင်းပဲဖြစ်သည် ..
.
လူသားကမိမိရဲ့ဖန်ဆင်းရှင်ကိုတမ်းတခြင်းတွေအနက်အကောင်းဆုံးအမွန်မြတ်ဆုံးသော
တမ်းတခြင်းကား(မဂ်ဖေရသ်)ခွှင့်လွှတ်မှုတောင်းခံခြင်းပင်ဖြစ်သည် ..
..... ... ကုရ်အာန်ကျမ်းတော်မြတ်မှာအလာဟ်ရှင်မြတ်က အမိန့် ရှိသည် '' သင်တို့ အလ္လာဟ့်
ထံတော်ဝယ်ခွှင့်လွှတ်မှုတောင်းခံကြမုချဧကန် ထိုအရှင်သည်ကားအလွန်ခွှင့်လွှတ်တော်မူသော
အလွန်သနားကြင်နာတော်မူသောအရှင်သခင်ဖြစ်တော်မူ၏ ''
.
ထို့ အပြင်အလ္လာဟ်ရှင်မြတ်ကမိမိ၏တမန်တော်အားလည်းမိမိအွမ္မသ်(နောက်လိုက်သားတွေ)
အတွက်အလ္လာဟ်ထံမှာမဂ်ဖေရသ်တောင်းခံရန်အမိန့် ပေးထားတော်မူသည် ..
.
ကျမ်းတော်မြတ်ကုရ်အာန်မှာအမိန့် ရှိသည်
. ''' အိုးတမန်တော် အလာဟ်ရှင်မြတ်
ဘက်မှကြင်နာသနားမှုကြောင့်သင်ဟာ၎င်းတို့ အတွက်နူးညံ့သိမ်မွေ့ ခဲ့လေပြီ
အကယ်၇်ျသင်ဟာခက်ထန်ပြီးစိတ်နှလုံးကြမ်းတမ်းသောသူတယောက်ဖြစ်ခဲ့လျှင်
သူတို့ သည်သင့်အပါးမှခွဲခွာထွက်သွားကြလိမ့်မည် သူတို့ နဲ့ ပတ်သတ်ပြီးသင်တမန်တော်
နားလည်ခွှင့်လွှတ်ပေးလိုက် ၄င်းနောက်သူတို့ အတွက်မဂ်ဖေရသ်တောင်းခံပေး ထို့ နောက်
အရေးကိစတွေမှာသင်သူတို့ ကိုတိုင်ပင်ဆွေးနွေးပါ '''
.
နောက်အာယဟ်တခုမှာအလာရှင်မြတ်ကအမိန့် ရှိတယ် ''' အိုးတမန်တော်သင့်ထံကို
မို့ အ်မင်န်အမျိုးသမီးတွေက သူမတို့ အနေနဲ့ အလာဟ်ရှင်မြတ်မှလွဲ၇်ျတခြားတစုံတခုတစုံ
တယောက်ကိုမှ(ရှိရ်က်)တွဲဖက်ကိုးကွယ်မှုမပြုခြင်းအတွက် .. သူမတို (့တပါးသူပစည်းကို)
ခိုးဝှက်မှုမပြုခြင်းအတွက် .. ကာမေသုမိစ္ဆာစာရကံ(ဇေနာ)မပြုခြင်းအတွက် ..
မိမိတို့ ရဲ့သားသမီးတွေကိုမသတ်ခြင်းအတွက် .. လှည့်ဖျားလီဆယ်ရန်သက်သေ
အထောက်ထားကိုသူမတို့ ရဲ့ရှေ့မှောက်မှာမယူလာခြင်းအတွက် .. ကောင်းခြင်းနဲ့ ပတ်သတ်ပြီး
အသင်တမန်တော့်ကိုအပြစ်လုပ်ပုန်ကန်မှုမပြုခြင်းအတွက် . . သူမတို့ အနေနဲ့ သင့်ထံကို
ဘိုင်အသ်(သစ္စာ)ကတိပြုရန်ရောက်လာလျှင်အသင်သူမတို့ အားဘိုင်အသ်ပြုလိုက်ပါ
၎င်းနောက်သူမတို့ အတွက်အလ္လာဟ့်ထံတော်ဝယ်မဂ်ဖေရသ်( ခွှင့်လွှတ်မှု )တောင်းခံပေး
လိုက်ပါမုချဧကန်အလာဟ်ရှင်မြတ်သည်အလွန်ခွှင့်လွှတ်တော်မူသော အလွန်သနား
ကြင်နာတော်မူသောအရှင်ဖြစ်တော်မူ၏ "'
.
အလာဟ်ရှင်မြတ်ဟာ နဗီတမန်တော်အပေါင်းကိုလည်းခွှင့်လွှတ်မှုတောင်းခံရန်မိန့် တော်
မူထား၏ .. ဥပမာ --
.
တမန်တော်အာဒမ်
. ''' သူအစဉ်အမြဲတောင်းခံခဲ့တာက အိုးကျနော်
မျိုးတို့ ကိုဖန်ဆင်းသောအရှင် ကျနော်မျိုးတို့ ဟာကျနော်တို့ ကိုယ်အပေါ်ကျနော်တို့ 
(အရှင်မြတ်၏အမိန့် ကိုမနာခံခြင်းဖြင့်)ညင်းပန်းနှိပ်စက်သမှုပြုခဲ့ပြီ အကယ်၇်ျအရှင်မြတ်
သာကျနုပ်တို့ အားမခွှင့်လွှတ်လျှင် ကျနုပ်တို့ အားမသနားလျှင် မုချကျနော်မျိုးတို့ ပျက်စီး
ဆုံးရှူံးရမယ့်သူတွေထဲကဖြစ်သွားလိမ့်မည် ''' (ကုရ်အာန်)
.
တမန်တော်နူးဟ်
. ''' အိုးကျနုပ်၏အရှင် ကျနော်မျိုးအရှင့်ထံကျနော်မျိုး
မသိသောကစ္စအားမေးမြန်းတောင်းခံခြင်းမှုခိုလှုံပါသည် အကယ်၇်ျအရှင်မြတ်ကကျနုပ်
အားမခွှင့်လွှတ်မသနားခဲ့လျှင်ကျနုပ်သည်ပျက်စီးဆုံးရှူံးသူတွေထဲမှဖြစ်သွားလိမ့်မည် ''' (ကုရ်အာန်)
.
တမန်တော်အိဗ္ဗ်ရာဟီးမ်
. ''' သူအစဉ်အမြဲတောင်းခံခဲ့တာက
အိုးကျနော်မျိုးတို့ ရဲ့အရှင်သခင်(ကေယာမတ်)စာရင်းအင်းစစ်ဆေးသည့်နေ့ တွင် ကျနုပ်အားခွှင့်လွှတ်ပါ ၄င်းနောက်ကျနုပ်၏မိဘနှစ်ပါးအား ၄င်းနောက်မို့ အ်မင်န်
အပေါင်းအားခွှင့်လွှတ်ပါ''''(ကုရ်အာန်)
… စသည်ဖြင့်တမန်တော်အားလုံးသည်ခွှင့်လွှတ်မှု(မဂ်ဖေရသ်)
တောင်းခ့ခြင်းအစဉ်အမြဲပြုလုပ်ခဲ့သည် ..
.
အေမာမ်မွတ်စ်လင်မ်ရဲ့ဟဒီးဆ်ကျမ်းတွင်လာရှိသည်မှာ '' တမန်တော်သည်တရက်လျှင်
အကြိမ်ပေါင်းတရာထက်ပိုပြီးမဂ်ဖေရသ်တောင်းခံသည် ''
ထို့ အပြင်နဗီတမန်တော်အပေါင်းတို့ သည်မိမိတို့ အမျိုးသားအုပ်စုတို့ အားမိမိတို့ ဘက်မှဖြစ်တတ်တဲ့အရှင်မြတ်ရဲ့တာဝန်တွေကိုထမ်းဆောင်ရာတွင်ပေါ့လျော့မှုမှားယွင်းမှုများမှခွှင့်လွှတ်ပေးရန်နားလည်မှုပေးရန်အတွက်မဂ်ဖေရသ်
တောင်းခံရန်ဖိတ်ခေါ်ခဲ့သည်မိန့် ကြားခဲ့သည် "
ဒီအတွက်ကြောင့်ကျနုပ်တို့ အနေနဲ့ မဂ်ဖေရသ်(ခွှင့်လွှတ်မှုတောင်းခံခြင်း)အားကြိမ်ဖန်
များစွာပြုသင့်သည် ..
.
အေမာမ်ဟစံဘစရီသခင်ထံကိုယောကျာ်းတယောက်ကရောက်လာခဲ့သည် ၄င်းနောက်သူကအေမာမ်ကြီးအား '' ကျနော်ကသူဆင်းရဲတယောက်ဖြစ်သည်ကျနုပ်မှာ
ပစ္စည်းတစုံတရာဟူ၇်ျမရှိ ထိုအခါအေမာမ်ကြီးက အစ်တစ်ဂ်ဖားရ်များများ ဖတ်ပါ '' ပြန်လည်
ဖြေကြားပေးလိုက်သည် .. ၄င်းနောက်အေမာမ်ကြီးထံသို့ နောက်တယောက်ရောက်လာ
ခဲ့သည်သူက '' ကျနော်အိမ်ထောင်ပြုခဲ့ပြီး ဒါပေမယ့်ကလေးမရဘူး ထိုအခါအေမာမ်ကြီး
က မဂ်ဖေရသ်များများတောင်းခံပါ '' ဟုပင်ပြန်ဖြေကြားပြန်သည် တတိယတယောက်
ရောက်လာပြန်သည်ထိုသူက '' ကျနော့်မှာစိုက်ပျိုးမြေရှိတယ် ဒါပေမယ့်အဲ့ဒီမှာမိုးလည်း
မရွာဘူးစိုက်ခင်းလည်းမပေါက်ဘူး အေမာမ်ကြီးက မဂ်ဖေရသ်များများပြုပါ '' ဟုပင်ပြန်
ဖြေပြန်သည် … ထိုအခါသူ့ အပါးကသူ့ တပည့်သားချင်းများကသူ့ ကိုမေးမြန်းတယ်
အိုးအဘူစအီးဒ်(အေမာမ်ကြီး၏ဂုဏ်ပုဒ်တခု)ဒီလူတွေသင့်ကိုမေးတာကွဲလွဲခြားနားတဲ့
မေးခွန်းတွေဖြစ်တယ် သင်အဖြေတမျိုးတည်းဘာလို့ပေးတာလဲ .. အေမာမ်ကြီးကဟုတ်တယ်
အလ္လာဟ်ရှင်မြတ်ကအမိန့် ရှိထားတာကိုသင့်ကိုမကြားကြဘူးလား ထိုအရှင်ကအမိန့် 
ရှိတယ် (စူရာဟ်နူးဟ်တွင်)
.
. '' သင်တို့ ရဲ့အရှင်သခင်ထံမှာမဂ်ဖေရသ်တောင်းခံကြ မုချထို
အရှင်သည်အစဉ်အမြဲအလွန်ခွှင့်လွှတ်တော်မူသောအရှင်ဖြစ်တော်မူ၏ (ထိုအရှင်သည်)
သင်တို့ အပေါ်(မိုးရေပါသော)တိမ်တိုက်များကိုကြိမ်ဖန်များစွာစေလွှတ်ပေးနေသည်
၎င်းနောက်သင်တို့ အားဥစ္စာပစ္စည်းများဖြင့်သားသမီးရတနာများဖြင့်ကူညီစောင်မ
ပေးနေသည် ၄င်းနောက်ထိုအရှင်သည်သင်တို့အတွက်ဥယျာဉ်ခြံများနှင့်မြစ်ချောင်းများ
အားပြုလုပ်ပေးနေသည်" .
.
……သည်နေရာမှာကုရ်အာန်ကျမ်းတော်မြတ်ကလူသားတွေအတွက်
အသိပေးအလင်းပေးမိန့် မှာထားသည်မှာ …
မဂ်ဖေရသ်(ခွှင့်လွှတ်မှုတောင်းခံခြင်း)၏စူးရှသက်ရောက်မှုသည်လူသားတို့ ရဲ့ဘဝကဏ္ဍ
အသီးသီးမှာဖြစ်နေတဲ့အခက်ခဲတွေကိုဖြေရှင်းဖို့ အတွက်ဦးတည်ရာပန်းတိုင်တွေအနက်
တခုအပါအဝင်ဖြစ်ခြင်းပင် …
ဆိုလိုတာကအလာဟ်ရှင်သည် အစ်တစ်ဂ်ဖားရ်(မဂ်ဖေရသ်ခွှင့်လွှတ်မှုတောင်းခံခြင်း)ရဲ့
အကျိုးကျေးဇူးအသီးအပွင့်ကိုဒီလောကမှာပင်ပေးသနားတာကိုလူသားကနောင်တမလွန်
(အာခေရသ်)မရောက်ခင်တွေ့ နေရပေမည် ..
.
ဒိပြင်မကအလာဟ်ရှင်မြတ်ကကျနုပ်တို့ အရင်ရှိခဲ့သောမွတ်စ်လင်မ်ညီကိုမောင်နှမ
အပေါင်းတို့ အတွက်အရှင်မြတ်ထံတော်မှာမဂ်ဖေရသ်တောင်းခံပေးရန်ကျနုပ်တို့ အား
အမိန့် ပေးထားတော်မူ၏ ..
.
အစ်တစ်ဂ်ဖားရ်(မဂ်ဖေရသ်ခွှင့်လွှင်မှုတောင်းခံ)မှုပြုရမယ်နေရာအချိန်အခိုက်အတန့် များ .....
.
တောင်းခံရမယ့်အချိန်နေရာတွေကတော့အများကြီးရှိပါတယ် …
.
…….. ဝိုဇူလုပ်ပြီးနောက် …..
. တမန်တော်ကအမိန့် ရှိတယ် '' အကြင်မည်သူမဆိုဝိုဇူလုပ်ပြီး
နောက် ' ဆွဗ်ဟားနကလ်လားဟွမ်မာ ဝဘေဟမ်ဒိက် အရှ်ဟဒိုအလ်လားအေလားဟ
အစ်လ်လားအန်းတ အက်စ်တဂ်ဖေ့ရိုက ဝအတူးဘို့ အေလိုင်းက '" ဒီအစ်တစ်ဂ်ဖားရ်စာပိုဒ်ကို
ရွတ်ဆိုခဲ့လျှင် သူ့ အတွက်(ဒီ
အစ်တစ်ဂ်ဖားရ်)သည်သားရေပါးတွင်ရေးမှတ်ထားခြင်းခံရမယ် ပြီးနောက်အဲ့ဒီသားရေ
ပါးကိုတံဆိပ်ရိုက်နှိပ်ထားပြီး(ထိန်းသိမ်းထားပေးလေမည်)ကေယာမတ်နေ့ ထိတိုင်
ကျိုးပျက်မှာမဟုတ်ပေ ''
.
………. ဆွလားသ်ပြီးနောက် .......
.
ဆွဟာဗဟ်ကြီး အဘူဘကရ်သခင်ရဲ့ဟဒီးဆ်တော်မှာလာရှိသည် သူကတမန်တော်
ကိုလျှောက်ထားမေးမြန်းခဲ့တယ် ' အိုးရစူလွလ်လားဟ် ကျနော့်ကိုသင်ပေးပါ ကျနော့်
ဆွလားသ်မှာကျနော်ဘာဒိုအာတောင်းရမလဲဆိုတာ ထိုအခါတမန်တော်ကအမိန့် ရှိတယ်
အသင်ဖတ်ရွတ်ပါ ' အလ်လားဟွမ်မာ အင်န်နီးဇွလမ်သုနက်ဖ်စီး ဇွလ်မန်ကဆီးရဟ်
ဝလားယဂ်ဖေရွတ်ဇိုနူးဘ အစ်လ်လားအန်းတ ဖှက်ဂ်ဖိရ်လိ မဂ်ဖေ့ရတန် မင်န်အင်န်
ဒိက ဝရ်ဟမ်နီးအင်န်နက အန်းတလ်ဂဖူးရုရ်ရဟီးမ် ' (အေမာမ်ဗိုခါရီဆင့်ပြန်သည်)
.
ဒိအတွက်ကြောင့်ဆွလားသ်(နမားဇ်)ဝတ်ပြုနေတဲ့စဉ်စဂ်ျဒဟ်နဲ့တခြားဒိုအာတောင်း
ရမယ့်နေရာများတွင် မဂ်ဖေရသ်ကိုမြောက်များစွာ တောင်းခံရမယ် …
နမားဇ်ပြီး(စလာမ်လှဲ့ )ပြီးနောက်ပထမဦးဆုံးမိမိနှုတ်ကထွက်ဆိုရွတ်ဖတ်သင့်တာက
' အက်စ်တဂ်ဖေ့ရုလ်လားဟ် အက်စ်တဂ်ဖေ့ရုလ်လားဟ် အက်စ်တဂ်ဖေ့ရုလ်လားဟ် '
.
……………………. ဟဂ်ျမှာ ………….
.
အရဖားသ်ကွင်းပြင်မှပြန်လာပြီးနောက် ကုရ်အာန်ကျမ်းတော်မြတ်မှာအလ္လာဟ်
အရှင်မြတ်ကအမိန့် ရှိထားတယ် ''' .. ထို့ နောက်သင်တို့ အရဖားသ်မှတခြားသူတွေ
ပြန်လည်ထွက်ခွာသကဲ့သို့ ထွက်ခွာလာကြ ၄င်နောက် (မဂ်ဖေရသ်)ခွှင့်လွှတ်မှု
တောင်းခံကြ မုချ အလ်လာဟ်ရှင်မြတ်သည်အလွန်ခွှင့်လွှတ်တော်မူသောအလွန်
သနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူ၏ ..
.
(အစ်တစ်ဂ်ဖားရ်)မဂ်ဖေရသ်တောင်းခံသင့်တဲ့နေရာတွေကတော့မြောက်များစွာ
ရှိပါတယ် .. အထူးသဖြင့် လူသားဟာအပြစ်တခုကိုကျူးလွန်မိပြီးနောက်ပိုပြီး
မဂ်ဖေရသ်(ခွှင့်လွှတ်မှုတောင်းခံ)ရမည်ဖြစ်သည် . . . ဥပမာ ..
.
အကယ်၇်ျမိမိဟာနမားဇ်နဲ့ ပေါ့လျော့မှုတွေဖြစ်ခဲ့မယ် ..
တစုံတခုနဲ့ ပတ်သတ်ပြီးသံသယတွင်းမှကျနေမယ် ..
ကြည့်ခွင့်မရှိ(ဟရာမ်)ဖြစ်တဲ့တစုံတရာကိုတစုံတယောက်ကြည့်မိခဲ့မယ် .. စသည်ဖြင့်
ထိုလူဟာထိုကဲ့သို့ ဖြစ်ပြီးတာနဲ့ တပြိုင်နက်တည်းချက်ချင်း အစ်တစ်ဂ်ဖာရ် ဖတ်သင့်သည်
အလ္လာဟ်အရှင်မြတ်ကကျမ်းတော်မြတ်ကုရ်အာန်မှာအမိန့် ရှိထားသည် …
.
'' .. အကြင်သူတွေဟာရှက်ဖွယ်မကောင်းမှုတခုကိုပြုတဲ့အခါ သို့ မဟုတ် မိမိတို့ ကိုယ်ကို
မိမိတို့ (အပြစ်ကျူးလွန်လိုက်ခြင်းဖြင့်)ညင်းပန်းမိသည့်အခါသူတို့ သည်အလ္လာဟ်ရှင်မြတ်ကို
သတိရသွားသည် ထိုအခါ(၄င်းတို့ သည်)သူတို့ ရဲ့အပြစ်တွေအတွက်အလ္လာဟ့်ထံမှာ
ဝန်ချတောင်းပန်လေသည် အလ္လာဟ်ရှင်ကလွဲလို့ အပြစ်တွေကိုခွှင့်လွှတ်ပေးနိုင်တာမည်
သူရှိမည်နည်း ? ၄င်းနောက်ထိုသူတို့ သည်မိမိတို့ လုပ်ခဲ့လုပ်ရပ်တွေကိုလည်းရှေ့ ဆက်
အစဉ်မြဲမပြုတော့ပေ '''' (ကုရ်အာန်)
Faiz Bilaal - Nay win tun
No comments:
Post a Comment
Note: only a member of this blog may post a comment.