အလ္လာဟ်ရှင်မြတ်ဟာ လူသားကိုဖန်ဆင်းပြီးနောက် သူ့ ထဲမှာ ( အစ်သေတွာအဟ်) စွမ်းဆောင်
နိုင်မှု နှင့် ( အစ်ခ်သေယာရ်) ရွေးချယ်ခွှင့်ကိုပေးထားတယ် ။ ပြီးနောက်လူသားတို့ အတွက်
လမ်းနှစ်လမ်းကိုပြထားတယ် တစ်လမ်းကလမ်းမှန်ဖြစ်ပြီးအဆုံးသတ်မှာအရှင်မြတ်ရဲ့ကျေနပ်နှစ်မြို့
မှုနဲ့အတူထာဝရအောင်မြင်မှု ကိုပိုင်ဆိုင်ရမယ် နောက်တစ်လမ်းက လမ်းမှားဖြစ်ပြီး အဆုံးသတ်မှာ
အရှင်မြတ်ရဲ့အပြစ်ဒဏ်နဲ့ ထာဝရဆုံးရှုံးမှုကို ရသွားမှာဖြစ်တယ် ။ ဒီလမ်းနှစ်လမ်းထဲက ဘယ်လမ်း
ကိုလျှောက်ပါလို့ အတင်းအကျပ်မလုပ်ထားဘူး ။ ကြိုက်တဲ့လမ်းကိုလျှောက်နိုင်တယ် ။ ဒိအတွက်
ကြောင့်ပဲ လူသားကိုသူနေထိုင်ရမယ့်လောကကြီးမှာ စွမ်းဆောင်နိုင်မှုနဲ့ ရွေးချယ်ခွှင့် ဆိုတာကို
ဖန်ဆင်းကတည်းကပေးထားတာ ။ ဘယ်လမ်းမှာဖြစ်ဖြစ်မိမိရဲ့ပြုမှုဆောင်ရွက်မှုတို့ရဲ့အသီးအပွင့်ကိုလောကမှာရော
လောကီမှာပါ မလွဲမသွေတွေ့ ရမှာပါ ။ ဒါပေမယ့် .. အမြဲတမ်းခေါင်းထဲထည့်ထားရမှာက မိမိဘဝရဲ့ ကဏ္ဍတိုင်း
မှာ ကိုယ်လုပ်ခဲ့ ပြောခဲ့ စဉ်းစားခဲ့တာမှန်သမျှကို တခုမကျန်စာရင်းသွင်းမှတ်သားထားခဲ့ ထားဆဲ
ဆိုတာပါပဲ ။ ကိုယ်ပြောခဲ့သမျှလုပ်ခဲ့သမျှ တွေမှာ အမှုန်အမွှားတခုတောင်ပျောက်သွားမှာမဟုတ်
ပါဘူး ။ အဲ့ဒီရဲ့အစားကို မုချရကြမယ် ။
အဲ့ဒီတော့ ..
လုပ်ရပ်မှန်သမျှဟာဘယ်ပေါ်မှာမူတည်နေသလဲဆိုတော့
မိမိရဲ့ (နဖ်စ်) စိတ်အပေါ်မှာမူတည်နေပါတယ် ။
ရှရီအသ်ရဲ့ဘောင်အတွင်းမှာရှိနေတဲ့စိတ်ကထွက်တာမှန်သမျှဟာ ဘောင်
တွင်းမှာဖြစ်နေပြီး ရလဒ်က ကောင်းခြင်းပြည့်နေမယ် ။
ရှရီအသ်ရဲ့ဘောင်အပြင်မှာရှိနေတဲ့စိတ်ကထွက်တာမှန် သမျှ ဟာ
ထုံးစံအတိုင်းဘောင်အပြင်ရောက်နေမှာဘဲ ရလဒ်ကတော့ ဆိုးယုတ်မှုအတိပါ ။ ခုဒီပို
့စ်မှာ
ရှရီအသ်လာ လူ့ တို ရဲ့ခြောက်မျိုးကို အတိုချုပ် ဖော်ပြမယ် ။
(၁) နဖ်စ် အမ္မာရဟ် ( အဓိပ္ပါယ် - မကောင်းမှုကိုအလွန်အမိန့် ပေးသောစိတ် )
ဒီစိတ်က တော့မကောင်းတာချည်းလုပ်ခိုင်းလိမ့်မယ် .. သူ့ အနောက်ကိုလိုက်ရင်တော့
သေချာပေါက် မှားမှာပါ ။ အကယ်၇်ျ မိမိအနေနဲ့  တရားတော်ရဲ့တာဝန်ဝတ္တရားတွေကို မကျေ
ပွန်ဘူး လစ်ဟင်းမှုတွေဆက်လာမယ် ။ သာသနာ့ကိစ္စ ကိုပေါ့ပေါ့တန်တန်ထားနေပြီဆိုရင် တော့
သတိထားလိုက်ပါ ကိုယ့်မှာဒီစိတ်ကအသက်ဝင်လှုပ်ရှားနေပြီဆိုတာ ။ ဒိအတွက်ကြောင့်သူပြော
လာတာမှန်သမျှကိုဆန့် ကျင်ပြီး အနိုင်ယူလိုက်ပါ ။ ပျေက်သွားလိမ့်မယ် ။ ဒီစိတ်နဲ့ ပတ်
သတ်လို့ အကျယ်တဝင့်ကို ကုရ်အာန် (12း 53) အာယတ်တော်လေ့လာခြင်းဖြင့်သိနိုင်သည် ။
( ၂ ) နဖ်စ် မွလ်ဟေမဟ် (အဓိပ္ပါယ်- တိတ်တဆိတ်အသိပေးသောစိတ်)
ဒီစိတ်ရဲ့စွမ်းဆောင်မှုက တစုံတခုပြောဖို့ လုပ်ဖို့ ဖြစ်လာတဲ့အခါ သူက ကိုယ့်ကို ကောင်း
တာရော မကောင်းတာပါ ချပြ မှာပါ ။ (တနည်း- သူ့ မှာကောင်းတာရောမကောင်းတာပါ သက်
ရောက်နေတယ် ။ အဲ့ဒီအခါမှာကိုယ်က ကောင်းတာကိုရွေးချယ်လိုက်ခြင်းဖြင့် ကောင်မြင်မှုကို
ဆွတ်ခူးနိုင်မှာပါ ။ ဒီစိတ်ပိုင်ရှင် နံပါတ် 1
စိတ်ပိုင်ရှင်ထက်ကိုသာပါတယ် ။သူ့ အကြောင်းကို အာယတ်တော် (91း 8)
မှာလေ့လာနိုင်ပါတယ် ။
( ၃ ) နဖ်စ် လောဝ်ဝါမဟ် (အဓိပ္ပါယ် - အလွန်ပြစ်ဖို့ ပြစ်တင်ပြုသောစိတ်)
ဒီစိတ်ကဘယ်ချိန်မှာဖြစ်လာသလဲဆိုတော့ လူသားဟာ မကောင်းမှုတွေအပြစ်တွေကိုကျူး
လွန်မိပြီး နောင်တရသောအခါ မိမိကိုယ်ကို မိမိအပြစ်တင် နေတဲ့ဖြစ်လာမှာပါ ။ ဒီလိုစိတ်ဝင်
လာတာကောင်းပါတယ် ။ ကိုယ့်အမှားကို အမှားမှန်း သိစေတယ် ကိုယ့်လုပ်ရပ်ကိုမိမိကိုယ်တိုင်
ရှုပ်ချတယ် ။ ဒီလိုစိတ်ပိုင်ရှင်က နံပါတ် 2 စိတ်ပိုင်ရှင်ထက်သာပါတယ် ။ ဒီလိုစိတ်ရဲ့စေညွှန်ရာက
ဆိုးကျိုးမရှိတဲ့အတွက်ကြောင့်ပါ ။ ဒီစိတ်အကြောင်းအကျယ်တဝင့်ကို အာယတ်တော် (75း 2)
မှာလေ့လာနိုင်ပါတယ် ။
(၄) နဖ်စ် မွတ်ွမအင်န္နဟ် (အဓိပ္ပါယ်- ကြည်လင်ငြိမ်းချမ်းနေသောစိတ်)
ဒီစိတ်ပိုင်ရှင်က .. .. မိမိလုပ်ခဲ့တဲ့လုပ်ရပ်တွေကြောင့်စိတ်ညစ် ခြင်း ကြောက်ရွံ့ စိုးရိမ်နေ
ရခြင်း ၊ မိမိလုပ်တော့မယ့်အလုပ်အတွက် သောကရောက်ရခြင်း ပူဆွေးရခြင်း .. တို့ ကနေ
ကင်းစင်နေမှာပါ ။ သူ့ မှာအဲ့လိုအဖြစ်မျိုးတွေ ပေါ်မှာမဟုတ်ပါဘူး ။ အကြောင်းက သူကအလ္လာဟ့်
ရဲ့တာဝန်တွေကို ပြည့်ပြည့်ဝဝ ထမ်းဆောင်တဲ့အတွက်ကြောင့် အလ္လာဟ့်ဘက်ကနေသူ့ ကိုပြည့်ဝ
တဲ့ဂရုစိုက်မှုတွေရှိနေတဲ့အတွက်ကြောင့်ပဲဖြစ်တယ် ။ သူကအထက်က 1-2-3 ထက်ကိုအလွန်
သာပါတယ် ။ သူ့ အကြောင်းကို အာယတ်တော် ( 89း 27-28 ) မှာလေ့လာနိုင်တယ် ။
(၅) နဖ်စ် ရာဒွီယဟ် (အဓိပ္ပါယ်- ကျေနပ်နေသောစိတ်)
သူစိတ်ပိုင်ရှင်က အလ္လာဟ့်ရဲ့သူ့ ကိုပေးကမ်းထားတာကိုအမြဲကျေနပ်နေတယ် ။ အလ္လာဟ်အ
ရှင်မြတ်ရဲ့ဝေတမ်းကိုသူစောဒကမတတ်တတ်ဘူး ။ အလ္လာဟ့်ရဲ့အမိန့် တော်မှန်သမျှဟာ သူ့ 
အတွက်ကျေနပ်စရာအတိဖြစ်နေတယ် ။ သူကတော့အထက်က စိတ်တွေအားလုံးထက်ပိုသာ
တာပေါ့ ။ သူ့ အကြောင်းကို အာယတ်တော် ( 89း 27-28 ) တက်ဖ်စီရ် မှာ တွေ့ ရမှာပါ ။
(၆) နဖ်စ် မရ်ဒွီယဟ် (အဓိပ္ပါယ် - ကျေနပ်စေခြင်းခံရသောစိတ်)
ဒီစိတ်ပိုင်ရှင်ရဲ့လုပ်ရပ်မှန်သမျှကိုအလ္လာဟ်အရှင်မြတ်က ကျေနပ်နေတယ် ။ သူဘာလုပ်
လုပ် ဘာပြောပြော အရှင်မြတ်ကကျေနပ်နေပြီးသား ။ တနည်း- သူ့ ရဲ့နာရီတိုင်း မိနစ်တိုင်းဟာ
အလ္လာဟ့်အတွက် နှစ်မြို့ စရာအတိဖြစ်နေတာပါ ။ ဒီလိုစိတ်မျိုးက (ဝလီ) သူတော်စင် ၊ နဗီတွေ
အားလုံးမှာ ရှိပါတယ် ။ သူ ကတော့လူ့ စိတ်အစဉ်တွေထဲမှာအမြင့်မြတ်ဆုံးပေါ့ ။ သူ့ အကြောင်း
ကိုလဲ အာယတ်တော် ( 89း 27-28 ) ရဲ့အကျယ်မှာတွေ့ ရမှာပါ ။
Faiz Bilaal - Nay win tun
Faiz Bilaal - Nay win tun
No comments:
Post a Comment
Note: only a member of this blog may post a comment.