Pages

.

အိမ်မှာခွေးအလှမွေးလို့ ပိုင်သလား .. ??


ခုခေတ် လူတချို့ တွေ အိမ်မှာ အိမ်သူအိမ်သားတွေပမာ မည်သူ့ နေရာမဆိုဝင်ထွက်သွား
လာနိုင်တဲ့ပုံစံမျိုးနဲ့ အရွယ်အမျိုးမျိုးသော ပုံစံအသွယ်သွယ်ဖြင့် ခွေးများကို အလှ အဖြစ်
 မွေးကြသည်ကိုတွေ့ နေရတယ် ။ အဲ့ဒီခွေး ရဲ့ဝေယျာ ဝစ္စအတွက်များစွာကုန်ကျခံကာ
ဂရုစိုက်ကြတယ် ။ သူ့ ကိုရေချိုးပေးတာတို့ အမွှေးနံ့ သာသုတ်လိမ်းတာတို့ ဘယ်နေရာ
သွားသွား မိမိနဲ့ အတူခေါ်ဆောင်သွားကြတယ် ။ အဲ့လိုပဲ အဲ့ဒီခွေးကိုပွေ့ ပိုက်ချီပိုး ထား
ကြ .. .. စသည်ဖြင့်များစွာ အလုပ်ရှုပ်နေကြတာကိုတွေ့ နေရတယ်  ။  .. ဝမ်းနည်းစရာ
ကောင်းတာကကမ္ဘာများကြီးမှာ မြောက်များစွာသောလူတွေ မိမိဝမ်းရေးအတွက် မရုန်း
ကန်နိုင်သည့်အဆုံး စားရမဲ့သောက်ရမဲ့ ဖြစ်နေတာတွေ " လဲနေသူ ထူပေးပါ " ဆိုတဲ့စကား
လေးအတိုင်းသူတို့ ကိုထူမပေးမယ့်သူကို မျှော်လင့်နေကြတယ် ။ ကြမ်းတမ်းလွန်းတဲ့ဘဝ
ဒဏ်ကြောင့်သူတို့ အတွက် မေတ္တာတရားဆိုတာ လူတိုင်းတွေ့ ခွှင့်မရှိတဲ့ ရှေးဟောင်းပစ္စည်းတခု
ပမာ ရှားပါးနေ ငတ်မွတ်ခေါင်းပါးနေတယ် ။ ဒါပေမယ့်လည်းသူတို့ ကိုမိမိလိုပဲလူပါလားဆိုတဲ့
အသိတရားနဲ့ ကြင်နာယုယမှုတွေ ပေးဖို့ .. ဂရုစိုက်မှုတွေမျှဝေဖို့ လူတွေကအရမ်းဝန်လေး
တတ်ကြတယ် … တကယ်တော့သူတို့ တွေဟာခုဏကခွေးထက်ပိုပြီး ဒါတွေကိုပိုပြီးပိုင်ဆိုင်
သင့်သူတွေပါ ။ ..ထားပါတော့ .. စကားလမ်းကြောင်းပြောင်းသွားဦးမယ် .. ဒီပို့ စ်မှာပြောချင်တာ
က မိမိအိမ်မှာ ခြံစောင့်ခွေးပုံစံမျိုးမဟုတ်ပဲနဲ့ အိမ်တွင်းမှာမိမိတို့ နဲ့ ရောနှောနေထိုင်ဖို့ အလှအဖြစ်
ခွေးမွေးလို့ ပိုင်သလားဆိုတာပါ ။ မပိုင်ပါဘူး ..။ ဒါနဲ့ ပတ်သတ်တဲ့တားမြစ်ချက်တွေကိုဟဒီးဆ်
တော်မှာတွေ့ ရတယ်။
     ဆွဟာကြီးအဘူဟိုရိုင်ရဟ် သခင်ဘက်မှဆင့်ပြန်ချက်လာရှိတယ် .. သူကတမန်ဆီမှဆင့်ပြန်
ခဲ့တယ် .. တမန်တော်ကအမိန့် ရှိခဲ့တယ် .. "  မည်သူမဆို အမဲလိုက်တဲ့ခွေးလဲမဟုတ် ခြေလေး
ချောင်းတိရစ္ဆာန်တွေကို(ထိန်းကျောင်းတဲ့)ခွေးလည်းမဟုတ် မြေ(ခြံစောင့်)ခွေးလည်းမဟုတ်တဲ့ ခွေး
ကိုမွေးခဲ့လျှင် နေ့ စဉ်နဲ့ အမျှ သူ၏ကောင်းမှုကုသိုလ်မှ ကီရားသွ် နှစ်ခုလျော့နည်းနေမှာဖြစ်သည် ။
( ကီရားသွ်-ဆိုတာ ထိုခေတ်ကအချိန်အသွယ်တခုရဲ့နာမည်ပါ .. ဒီခေတ် ကီလို တို့ ပိသာ တို့ 
ကဲ့သို့ )  - ဆွဟီးဟ် မွစ်လင်မ် ကျမ်း .. ဟဒီးဆ်နံပါတ် 2974 –
 နောက်ဟဒီးဆ်တပုဒ် က ဟဇရသ် အလီ ဘက်မှဆင့်ပြန်ချက်လာရှိတယ် သူက .. "   တမန်
တော်ကမိန့် တော်မူခဲ့တယ် .. မုချဧကန် ကောင်းကင်တမန် (ဖရစ်ရှ်တာ) တွေဟာ ခွေးနဲ့ ရုပ်ပုံ
ဓါတ်ပုံတွေရှိသောအိမ်သို့ မဝင်ရောက်ကြပေ ။  [ ဒီနေရာမှာကောင်းကင်တမန်တွေဆိုတာ
မိမိဆီသို့ ရဟ်မသ် (အလ္လာဟ့်ဘက်မှကြင်နာသနားမှု)တွေ ၊ မဂ်ဖေရသ်( ခွှင့်လွတ်ချမ်းသာ
မှု)တွေ ၊ ဗရ်ကသ်(တိုးပွားမှုမင်္ဂလာ)တွေ …. စသည်ဖြင့် ကောင်းခြင်းနဲ့ ပတ်သတ်ပြီးယူ
ဆောင်လာမယ့် ဖရစ်ရှ်တာတွေကိုဆိုလို တာပါ ။ ] - အိဗ်နေမာဂျဟ် ကျမ်း ဟဒီးဆ်နံပါတ် 3640-
 စသည်ဖြင့်အထောက်ထားတွေအများကြီးလာရှိပါတယ် ။ ပို့ စ်ရှည်သွားမယ်ဆိုလို့ အားလုံး
မရေးပေးတော့ဘူး ။ ..
 ဒါဆိုရှရီအသ်က ဘယ်လိုလိုအပ်ချက်တွေအတွက် ခွေးကိုမွေးခွှင့်ပြုထားသလဲ … ?
 ခွှင့်ပြုထားတဲ့ပုံစံတွေက …
 ( 1 )  ခြေလေးချောင်းတိရစ္ဆာန်တွေ( သိုး ဆိတ် .. စတာတွေ) ကို သားရဲ့တိရစ္ဆာန်တွေ
        ရန်မှ ကာကွယ်ရန်  
(2)  မိမိစိုက်ခင်းတွေကိုတိရစ္ဆာန်နဲ့ တခြားသောရန်တွေမှ စောင့်ပေးရန်
(3)  အမဲလိုက်ရန်
(4)  ခြံစောင့်ရန်

 Faiz Bilaal - Nay win tun

No comments:

Post a Comment

Note: only a member of this blog may post a comment.