Pages

.

အကီကဟ် ဆိုတာ .. ? ?


 ဒီပို့ စ်မှာ အစ္စလာမ့်ရဲ့အထိန်းအမှတ်တွေအနက်မှတခုဖြစ်တဲ့မိမိရဲ့ကလေးအတွက် “ အကီကဟ်
 လို့ ခေါ်တဲ့ ဒီကလေးအတွက်အလ္လာဟ့်ထံတော်ဝယ်ခိုလှုံတဲ့အနေနဲ့ သားကောင် ဇဗဟ် ပြု အလ္လာဟ့်
 လမ်းတော်မှာ လှူဒါန်းခြင်းပင်ဖြစ်သည် ။ ဒါနဲ့ ပတ်သတ်လို့ တင်ပြမှာပါ ။ များစွာသောသူတွေဒီလိုအ
 ရေးကြီးကိစ္စမျိုးကိုမေ့နေကြပါတယ် ။ တချို့ ကလဲ တကယ်မသိဘူး ။ တချို့ ကသိသော်ငြားလဲပဲ အရေး
 မကြီးဟုယူဆ၇်ျ တခြားကိစ္စတွေထက်ဦးစားမပေးဘူး ။ တချို့ ကသိတယ် အရေးတယူလဲထားတယ် …
 ဒါပေမယ့် လုပ်ဖို့ အတွက်မတတ်နိုင်ဘူး … စသည်ဖြင့် အခြေအမျိုးမျိုးရှိနေကြတယ် ။
     အကီကဟ် ဆိုတာ စွန္နတ်မိုအက္ကဒဟ် ( တမန်တော်စွဲစွဲမြဲမြဲအလေးနက်ထားခဲ့တဲ့လုပ်ရပ် )တွေအနက်
 မှဖြစ်တယ် ။ ဒါနဲ့ ပတ်သတ်လို့ ဆွဟာဘဟ် ကြီး စမိုရဟ် သခင်ဘက်မှဆင့်ပြန်ချက်လာရှိတယ် သူက
  … “ .. မုချတမန်တော်ဟာအမိန့် ရှိခဲ့တယ် … ‘  ကလေးတိုင်းဟာ သူ့ ရဲ့အကီကဟ်အပေါ်မှာအပေါင်ခံ
 (အာမခံ)ထားခြင်းခံကြတယ် .. ထို(ကလေး)အတွက် (မွေးပြီး) ခုနှစ်ရက်မြောက်နေ့ မှာ သားကောင်ကို
 ဇဗဟ် လုပ်ရမယ် ၄င်းနောက် (ကလေး) ကိုခေါင်းရိတ်ပေးရမယ် ပြီးတော့ ကလေးရဲ့ဆံပင်ရဲ့အလေးချိန်
 နဲ့ ညီမျှတဲ့ငွေသားကို သို့ မဟုတ် ထိုငွေသားနဲ့ တန်ဖိုးညီတာတခုခုကို ဆွဒကဟ်( အလှူဒါန ) ပြုရမယ်
 ပြီးနောက် ကလေးကိုနာမည်ပေးရမယ် “ ( အဗူဒါဝူးဒ် ကျမ်း-တိရ်မိဇီ ကျမ်း - နဆာအီ ကျမ်း- အိဗ်နေ
 မာဂျဟ် ကျမ်း )
  အကီကဟ် ကိုဘယ်နှစ်ကောင်လုပ်ရမလဲ …. ? ?
 သားယောကျာ်းလေးအတွက်ဆို ဆိတ်၊သိုး .. စသည်ဖြင့် နှစ်ကောင်လုပ်ရပါမယ် ။ သမီးမိန်းကလေးအတွက်
 ဆိုရင်တော့ တစ်ကောင်လုပ်ရပါမယ် ။
 ဘယ်နေ့ လုပ်ရမလဲ ….. ? ?
 ကလေးမွေးပြီး 7 နှစ်ရက်မြောက်နေ့ မှာလုပ်ရပါမယ် .. ဤသည်အမွန်မြတ်ဆုံးဖြစ်သည် ။ အကယ်၇်ျ
 အကြောင်းအမျိုး မျိုးကြောင့် 7 ရက်မြောက်နေ့ မှာမလုပ်နိုင်ခဲ့လျှင် မွေးပြီး 14 ရက်မြောက်နေ့ မှာလုပ်
 ရမယ် ။ အကယ်၇်ျမလုပ်နိုင်ခဲ့လျှင် 21 ရက်မြောက်နေ့ မှာလုပ်ရပါမယ် … ဒီရက်မှာလည်းလုပ်ဖို့ အခြေ
 နေမပေးဘူးဆိုလျှင် မိမိလွယ်ကူမယ့်တနေ့ မှာလုပ်လိုက်ရပါမယ် ။ ကုရ်ဘာနီကဲ့သို့  အကီကဟ် အတွက်သီးသန့် လ ရက်
အချိန် ဆိုတာမျိုးမကန့် သတ်ထားပါဘူး ။ လွယ်ကူတဲ့တနေ့ တချိန်လုပ်
လို့ ရပါတယ် ။ ဒါပေမယ့် .. အတတ်နိုင်ဆုံးအလျှင်အမြန်လုပ်လိုက်တာအကောင်းဆုံးပါ ။ ဒါမှမိမိ
 တာဝန်တခုကျေပွန်သွားမှာပါ ။
  ကလေးအတွက် အကီကဟ် ကိုဘယ်သူလုပ်ပေးရမလဲ … ? ?
 ဖခင်ကအကုန်ကျခံလုပ်ပေးရမှာပါ .. အကယ်၇်ျဖခင်ကလုပ်ပေးဖို့ မဖြစ်နိုင်ရင်တော့ ဒီကလေးရဲ့စား
 ဝတ်နေရေးနဲ့ ပတ်သတ်လို့ တာဝန်ရှိနေသူတဦးဦးကလုပ်ပေးရမှာပါ ( ဥပမာ- မိခင်ကဲ့သို့ )
 အကီကဟ် သားကောင်က ဘယ်လိုသားကောင်ဖြစ်ရမလဲ .. ဇဗဟ် လုပ်ပြီး စားရမှာလား လှူရမှာ
 လား .. ဘယ်လို လှူရမလဲ … ? ?
 အကီကဟ် သားကောင်နဲ့ ပတ်သတ်လို့ အမိန့် ကတော့ ကုရ်ဘာနီ သားကောင်ရဲ့အမိန့် အတိုင်းပါပဲ ။
 သားကောင်မှာ ကျိုးခြင်းကန်းခြင်း စသည်ဖြင့်ချွတ်ယွင်းချက်တွေမရှိရဘူး ။ အဲ့ဒီသားကောင်ရဲ့အမွှေး
 သားရေ အသား စတာတွေကိုရောင်းလို့ မပိုင်ဘူး ။ လှီးပြီးနောက် အကီကဟ် သားကောင်ရဲ့အသားကို
 စားသုံးလို့ ရတယ် ။ ( တချို့ တွေယူဆထားကြပါတယ် .. မိဘဘိုးဘွားတွေက မစားရဘူးဆိုပြီး .. ဒီစ
 ကားကမှားပါတယ် ။ အခြေအမြစ်မရှိပါဘူး ) ။ အကီကဟ် ရဲ့အသားကို ကုရ်ဘာနီ အသားကဲ့သို့ 
 လှူဒါန်း ရမယ် ဝေငှရမှာပါ ။ ပညာရှင် အများစုရဲ့အဆိုအရ အကီကဟ် ရဲ့အသားကိုချက်ပြုတ်ပြီးလှူ
 ဒါန်းခြင်းဟာ ပိုကောင်းပိုမွန်မြတ်ပါတယ် ။ မချက်ပြီး ဝေခဲ့မယ်ဆိုလျှင်လည်းပိုင်ပါတယ် ။
 အကယ်၇်ျ ဆိတ်လုပ်မယ်ဆိုလျှင် ဆိတ်ဟာအနည်းဆုံး တနှစ်သား ရှိရမယ် ။ သိုးဆိုလျှင်တော့ 6 လသား
 အနည်းဆုံးရှိရမှာပါ ။
       နိဂုံးချုပ်အနေနဲ့ ပြောချင်တာက မိဘတို့ အနေနဲ့ မိမိသားသမီးတို့ အတွက်အကီကဟ် လုပ်ပြီးလား
 အရင်စဉ်းစားပါ ။ မလုပ်ရသေးလျှင် အကီကဟ် ကိုအရင်လုပ်လိုက်ပါ ။ ဤသည်မိမိသားသမီးတို့ ရဲ့အနာ
 ဂတ်အတွက် အရေးကြီးသည့် သာသနာ့တာဝန်တရပ်ပင်ဖြစ်သည် ။ ခုလိုပြောရခြင်းက တချို့ တွေက
 အကီကဟ် မလုပ်သေးပဲ ကုရ်ဘာနီ ကိုလုပ်နေကြတာကိုတွေ့ နေရပါတယ် ။ တကယ်တော့အကီကဟ်
 ကိုအရင်ဆုံးတာဝန်ချလိုက်မှာဖြစ်ပါတယ် ။

 Credit to: ---->  Faiz Bilaal - Nay win tun
 effort.zodiacs@gmail.com

No comments:

Post a Comment

Note: only a member of this blog may post a comment.