Pages

.

သုံးရက်ထက်ပိုပြီးမခေါ်မပြောပဲ နေခွှင့်မရှိ .. ဟရာမ်ဖြစ်သည်

ခုဒီပို့ စ်မှာကျနော်တို့ မွစ်လင်မ်လူထုကြား အလွှာအသီးသီး အသက်ရွယ်အစုံစုံ နေရာဒေသ
 အဖုံဖုံတို့ မှာအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နေတဲ့ ရှရီအသ်တရားတော်ကပြင်းပြင်းထန်ထန်
 တားမြစ်ထားတဲ့ မွစ်လင်မ်တဦးနှင့်တဦး မခေါ်မပြောပဲ တယောက်တယောက်စွန့် ထားကြ
 တာကိုဖြစ်ရိုးဖြစ်စဉ်တခုကဲ့သို့  အလွယ်တကူ ပေါ်ပေါက်နေတာကိုအမြဲလိုလို မြင်နေကြားနေရပါ
 တယ် ။ သိပ်ဝမ်းနည်းစရာကောင်းပါတယ် .. .. ပတ်ဝန်းကျင်တခု လူ့ အသိုက်အဝန်းတခုရဲ့
 သာယာလှပမှု ရှင်သန်စိုပြေ မှုဆိုတာ အဲ့ဒီအသိုက်အဝန်းရဲ့စည်းလုံးမှု အပြန်အလှန်ရိုင်းပင်းကူ
 ညီမှု စတာတွေအပေါ်မူတည်နေတယ်ဆိုတာ သိထားသင့်တယ် ။ မိမိတဦးတည်းကောင်းစားခြင်း
 ဟာမိမိအသိုက်အဝန်းကောင်းစားခြင်းမဟုတ်သေးဘူးဆိုတာ ခေါင်းထဲထည့်ထားရမှာဖြစ်တယ် ။
 တကယ်တမ်းဆိုရင် မိမိညီကိုမောင်နှမတွေရဲ့အရေးကို ပထမအဆင့်မှာထားပြီး မိမိကိုယ်ရေးကိုယ်
 တာကို ဒုတိထအဆင့်မှာထားသင့်တာ ။ အချင်းချင်းတွေရဲ့ကြား လဲနေသူထူပေးရမယ် အားငယ်
 သူအားပေးရမယ်  .. တယောက်ရဲ့အောင်မြင်ပျော်ရွှင်မှုဟာ အားလုံးအတွက်ဝမ်းသာစရာ ၊
 တယောက်ရဲ့ဆုံးရှူံးဝမ်းနည်းမှုဟာ အားလုံးအတွက်ထိခိုက်ကြေကွဲစရာ အဖြစ်မွစ်လင်မ်တွေ
 အားလုံးဟာတဝမ်းတည်းဖွားညီကိုမောင်နှမတွေလိုသဘောထားရမှာပါ ။ ခုဒီပို့ စ်မှာ ခုလိုပျော်ရွှင်
 စရာကောင်းတဲ့အသိုက်အမြုံမျိုးကို ဖျက်စီးတတ်တဲ့အကြီးမားဆုံးအကြောင်းတရားဖြစ်တဲ့ မွစ်လင်မ်
 တဦးနဲ့ တဦးအဆက်အသွယ်ဖြတ်တဲ့ကိစ္စကိုပြောမှာပါ ။
       ရှရီအသ်တရားတော်အရမွစ်လင်မ်တဦးဟာမွစ်လင်မ်တဦးကို သုံးရက် ထက်ပိုပြီးမခေါ်မပြော
 ပဲနေပိုင်ခွှင့်မရှိပါဘူး ။ ဟရာမ်ဖြစ်ပါတယ် ။ ဟဒီးတော်တွေအရအဲ့လိုအဆက်အသွယ်ဖြတ် သူရဲ့ကောင်းမှုကုသိုလ်တွေဟာလည်းအလ္လာဟ့်ထံတော်ဝယ်စာရင်းသွင်းခြင်းခံရမှာမဟုတ်ဘူး ။
အဲ့လိုလူဟာအလ္လာဟ့်ထံတော်၌ဒိုအာကဘူလ်(လက်ခံခြင်း)ခံရသူတွေစာရင်းမှနှုတ်ပယ်ခြင်းလည်း
 ခံကြရမှာဖြစ်တယ် ။ ဒီလုပ်ရပ်ဟရာမ်ဖြစ်တာနဲ့ ပတ်သတ်လို့ ဟဒီးဆ်တော်တွေလာရှိပါတယ် ။
           အေမာမ်ဗိုခါရီကဆင့်ပြန်ခဲ့တယ် ….. တမန်တော်ကအမိန့် ရှိခဲ့တယ် .. "  မွစ်လင်မ်တယောက်သည်
 သူ့ နောင်တော် မွစ်လင်မ်တယောက်ကို သုံးရက်ထက်ပို၇်ျ (မခေါ်မပြောပဲ)စွန့် ပယ်ထားခွှင့်မရှိ ။
 သူတို့ နှစ်ဦးဟာ ဆုံတွေ့ တဲ့အခါတယောက်နဲ့ တယောက်တိမ်းလှည့်သွားကြသည် ။ သူတို့ နှစ်ဦး
 အနက်အကောင်းဆုံးသူက အလျှင်ဦးစွာ စလာမ်စပေးသူသာလျှင်ဖြစ်သည် …. ။ (ဗိုခါရီ ကျမ်း
 ဟဒီးဆ်နံပါတ် 5727 - မွစ်လင်မ်ကျမ်း ဟဒီးဆ်နံပါတ် 2560 )
 ဒါကသာမန်မွစ်လင်မ်နှစ်ဦးရဲ့ကြားမှာရှရီအသ်ရဲ့သတ်မှတ်ချက်ပါ ။ အကယ်၇်ျ အဲ့ဒီနှစ်ဦးဟာ ဆွေမျိုးတော်
 စပ်နေမယ် ဥပမာ- မိဘနဲ့ သားသမီး ၊ ညီကိုမောင်နှမချင်း ၊ အကြင်လင်မယားခြင်း ၊ ဦးလေးအဒေါ် ..
 စသည်ဖြင့် ဆွေမျိုးသင်္ဂဟ တွေရဲ့ကြားမှာဆိုရင်တော့ ထိုကဲ့သို့ လုပ်သူဟာ သာပို၇်ျ အပြစ်ထိုက်သူ
 ပါ ။ ဒီအထုံးကိုမိမိဘက်ကစတင်ဖြေလိုက်ရမှာပါ ။ ဒီအတွက်အလ္လာဟ်အရှင်မြတ်အနေနဲ့ များစွာသော
 ကောင်းခြင်းတွေချီးမြင့်မှာမလွဲဧကန်ပါ ။
     ဟုတ်ပါပြီ .. ဒါဆိုမခေါ်မပြောပဲနေလို့ ရတဲ့အခြေနေလုံးဝမရှိတော့ဘူးလား မေးလာရင်တော့ …
 ရှိပါတယ် .. အဲ့ဒီအခြေနေက ဘာလဲဆိုတော့ အကယ်၇်ျ မွစ်လင်မ်တယောက်ဟာ သာသနာကိစ္စတွေ
 မှာ အသစ်တီထွင်မှု(ဗိဒ်အသ်)တွေ ၊ တရားတော်အရမပြုပိုင်တဲ့ကိစ္စမျိုးတွေကို သိလျက်နဲ့ ပြောင်
 တင်းတင်း လုပ်နေမယ် ၊ သူ့ ကို ခေါ်ခေါ်ပြောပြော နေနေခြင်းက သူ့ ရဲ့ထိုကဲ့သို့ လုပ်ရပ်တွေကို အားပေး
 အားမြှောက်ပြုရာ ပိုမိုဝင့်ထွားစေရာ ရောက်မယ် ဆိုရင်တော့အဲ့လို ညီကိုမွစ်လင်မ်မျိုးကို သူအမြင်မှန်
 ရစေရန်ရည်ရွယ်ချက်နဲ့ ၊ သူ့ အနေနဲ့ ငါရဲ့လုပ်ရပ်တွေကိုငါ့ပတ်ဝန်းကျင် ငါ့အသိုက်အဝန်းက လက်မခံ
 ရှုတ်ချနေပါလား ဆိုတဲ့အသိဝင်ပြီး လမ်းမှန်ဆီပြန်လှည့်လာဖို့ … စသည့်ရည်ရွယ်ချက်တွေနဲ့ ဆိုတော့
 သူ့ ကိုစွန့် ဖယ်ထားလို့ ရပါတယ် ..  မခေါ်မပြောပဲ နေလို့ ပိုင်ပါတယ် ။
                  နိဂုံးချုပ်အနေနဲ့ ပြောချင်တာက … မွစ်လင်မ်တိုင်းဟာ မိမိနောင်တော်မွစ်လင်မ်အတွက်
 ကျယ်ဝန်းတဲ့နှလုံးသား ပိုင်ရှင် ၊ ခွှင့်လွတ်တဲ့မျက်နာထားတို့ နဲ့ ဆီးကြိုနေသင့်တယ် ။ ကိုယ့်ရဲ့စကား
 ကိုယ့်လုပ်ရပ်ဟာ သူ့ အတွက် အတုယူစရာ လိုက်နာစရာအဆုံးအမသဖွယ် ဖြစ်နေသင့်တယ် ။ သူ့ ရဲ့
 မသိစိတ်ကဖြစ်ဖြစ် သိစိတ်ကဖြစ်ဖြစ် ညီးညူနာကျင်သွားမယ့် မြေနိမ့်ရာလှံစိုက် စကားမျိုးတွေ
 လုပ်ရပ်တွေကို အဝေးဆုံးတနေရာမှာထာဝစဉ်စွန့် ထားလိုက်ခြင်းဖြင့် သန့် ပြန့် ကြည်လင်တဲ့အသိုက်
 အဝန်းတခုကို ရှင်သန်တိုးတက်စေသင့်ပါတယ် …။


Credit to: ---->  Faiz Bilaal - Nay win tun
 effort.zodiacs@gmail.com

No comments:

Post a Comment

Note: only a member of this blog may post a comment.