==============================
ဝဟီ ၏ အမျိုးအစား
ဝဟီ နှစ်မျိုးနှစ်စား ရှိပါသည်။
၁။ ဝဟီ မသ်လူ - ဖတ်ရွတ်သရဇ္ဈာယ်ရသော ဝဟီဗျာဒိတ်တော်
၂။ ဝဟီ ဃိုင်းရ် မသ်လူ - ဖတ်ရွတ်သရဇ္ဈာယ်မှု မပြုသည့် ဝဟီဗျာဒိတ်တော်
“ ဝဟီ မသ်လူ ” အမျိုးအစားသည် ကျမ်းမြတ်ကုရ်အာန်ပင်ဖြစ်သည်။ ဝဟီဗျာဒိတ်သယ်ဆောင်လာသော ကောင်းကင်တမန် ဂျိဘ်ရီးလ်(AS) သော်လည်းကောင်း၊ တမန်တော်မြတ်(SAW) သော်လည်းကောင်း စကားလုံး အပိုအလိုမရှိ အတိအကျပင် ပို့ချဆင့်ပြန်ကြရ၏။ အလ္လာဟ်အသျှင်မြတ် ကိုယ်တော်တိုင်၏မုက္ခပါဌ်တော် ဖြစ်နေခြင်းကြောင့် တစ်လုံးတစ်ပါဒမျှ လွဲချော်ခွင့် မရှိချေ။
“ ဝဟီ ဃိုင်းရ် မသ်လူ ” အမျိုးအစားသည် “ စွန္နသိ နဘဝီ ” ဖြစ်၏။ တမန်တော်မြတ်(SAW)၏ စွန္နဟ်တော်ကို ဆိုလိုသည်။ တမန်တော်မြတ်(SAW)၏ စွန္နဟ်/
မည်သူမဆို ရစူလ်တမန်တော်မြတ်၏အမိန့်တော်မျ
ထိုမှတပါး ထိုအဖော်(မုဟမ္မဒ်) သည် (မိမိ) စိတ်အလိုဆန္ဒအရ စကားပြောဆိုလေ့ရှိသည်လည်း မဟုတ်ပေ။ ယင်းပြောဆိုမှုကား (အလ္လာဟ်အသျှင်မြတ်အထံတော်မှ) ထုတ်ပြန်ခြင်းခံရလေသော ထုတ်ပြန်ချက်သာလျှင် ဖြစ်ပေသည်။ ကုရ်အာန် ( ၅၃း၃-၄ )
တမန်တော်မြတ်(SAW)သည် ဝဟီကျရောက်ခြင်းမရှိဘဲ အမှုကိစ္စအများအပြား၌ ကိုယ်တော်တိုင် ချင့်ချိန်စီရင်ဆုံးဖြတ်ခြင်း ပြုတော်မူခဲ့၏။ ၄င်းကို “ အိဂ်ျသိဟာ့ဒ် ” ဟု ခေါ်၏။ ကိုယ်တော်မြတ်(SAW)၏ အိဂ်ျသိဟာ့ဒ် မှန်ကန်နေလျှင် အလ္လာဟ်အသျှင်မြတ်မှအတည်ပြုတော်မ
ဖော်ပြမည့် အာယသ်တော်ကို ထောက်ရှုလျှင် မုစ်လင်မ်အပေါင်းမှ စွန္နဟ်/ဟဒီးဆ်တော်အား မဖြစ် မနေ လိုက်နာကျင့်သုံးအပ်ကြောင်း ရှင်းလင်းစွာ သိရှိရပေလိမ့်မည်။
ထို့ပြင် အသင် (မုဟမ္မဒ်)၏ အဆုံးအဖြတ်ကို တစ်စုံတစ်ရာ အတိုက်အခံချေပခြင်းမပြုဘဲ ကြေနပ်စွာလက်ခံ နာယူခြင်း မရှိသမျှကာလပတ်လုံး ထိုသူများသည် အီမာန်သက်ဝင်ယုံကြည်သူများ မဖြစ်သေးချေ။ ( ကုရ်အာန် - ၄း၆၅ )
အစ္စလာမ်သာသနာသည် ကျမ်းမြတ်ကုရ်အာန်ဖြင့်ပင် လုံလောက်ပြီလော
ဟဒီးဆ်ကို လက်မခံသူအများစုက ကုရ်အာန်သည် “ ငါအလ္လာဟ်အသျှင်မြတ်၏ စာအုပ်တွင် ဘာမျှ ချန်မထား (၆း၃၈) ” နှင့် “ အရာခပ်သိမ်းတို့၏ ရှင်းလင်းချက် (၁၆း၈၉) ” ကို အကိုးအကားပြုတတ်ကြသည်။
စင်စစ်၌မူ အာယသ်တော် (၆း၃၈)တွင် ဖော်ပြသော “ ကိသာ့ဘ် ” ဟူသည် ကုရ်အာန်ကို ဆိုလိုခြင်းမဟုတ်၊ “ လောင်ဟိမဟ်ဖူးဇွ် ” ကို ညွှန်းထားခြင်းဖြစ်၏။
တဖန် အာယသ်တော် (၁၆း၈၉)ကို ကိုးကား၍ ဟဒီးဆ် မလိုအပ်ပါ ဟု ဆိုသူများအဖို့ အထက်ဖော်ပြပြီး သော ကုရ်အာန်အာယသ်တော် ( ၃း၃၁၊ ၄း၆၅၊ ၄း၈ဝ၊၂၄း၆၃ )တို့က အလိုအလျောက် ပြန်လည်ရှင်းလင်းပြီးဖြစ်ချေ၏။
တမန်တော်မြတ်(SAW)မှ မိန့်ကြားတော်မူခဲ့သည်။
ထိုခေတ်ကာလ မဝေးတော့ပြီ။ အသင်တို့အနက် လူတစ်ဦးသည် မှီအုံးတစ်ခုကိုမှီ၍ ထိုင်နေအံ့။ ထိုသူအား ငါကိုယ်တော်မြတ်၏ဟဒီးဆ်တော်ကို တင်ပြသောအခါ ၄င်းက - ကျွန်ုပ်အဖို့ ကျမ်းမြတ်ကုရ်အာန်ဖြင့်ပင် လုံလောက်ပါပြီ။ ကျွန်ုပ်သည် ကုရ်အာန်၌ ဟလာလ် ဟုဆိုလျှင် ဟလာလ်ဟုသာ မှတ်ယူပြီး၊ ဟရာမ်ဟုဆိုလျှင် ဟရာမ်ဟုသာ သတ်မှတ်မည်ဖြစ်သည်ဟု ပြောဆိုပေအံ့။ အမှန်စင်စစ် ငါတမန်တော်မြတ်က ဟရာမ်ဟု သတ်မှတ် ထားသောအရာသည် အလ္လာဟ်အသျှင်မြတ်က ဟရာမ် ပြုတော်မူထားသောအရာနှင့်အတူတူပင
( သိရ်မိဇီ ကျမ်း၊ အဘူဒါဝူးဒ် ကျမ်း )
** အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၊ ကမ္ဘာကျော် အလ်အဇ်ဟရ် အစ္စလာမ့်တက္ကသိုလ်မှ
ဟဒီးဆ်ပါမောက္ခကြီး မုဟမ္မဒ် မုဟမ္မဒ် အဘူဇဟူး ၏
သာရီးခ် ဟဒီးဆ် ဝ မုဟဒ္ဒိဆီးန် ကျမ်းကြီးမှ ပြန်လည်ကောက်နှုတ်အကျဉ်းချုပ်တင်
No comments:
Post a Comment
Note: only a member of this blog may post a comment.