
ကော်ဖီ
ခါလိဒ် အမည်ရှိတဲ့ အရဘ်တစ်ယောက်ဟာ အီသီယိုပီးယား တောင်ပိုင်း ကဖ်ဖာဒေသမှာ ဆိတ်ကျောင်းလေ့ရှိတယ်။ သူရဲ့ ဆိတ်တွေဟာ ဘယ်ရီသီးတစ်မျိုး ကို စားပြိးတဲ့နောက် ပိုပြီး တက်ကြွဖြတ်လက်တာလကို သတိထားမိတယ်။ သူ ဟာ ဒီအသီးကို ရေနဲ့ကျိုးပြီ ပထမဆုံး ကော်ဖီလုပ်ခဲ့တယ်။ ဒီလိုသောက်တဲ့ဓလေ့ဟာ အီသီယိုပီးယား ကနေ ယီမင်ကို ရောက်လာတယ်။ ဆူဖီတွေ တစ်ညဉ့်လုံးနိုးကြားပြီး အထူးဆုတောင်းပွဲတွေ မှာသောက်သုံးကြတယ်။
၁၅ရာစု နှောင်းပိုင်းလောက်မှာ မက္ကာ နဲ့တူရကီ အဲဒီကမှ ၁၆၄၅ ခုနှစ် မှာဗင်းနစ်ကို ရောက်တယ်။ အဲဒီကနေ မှ ၁၆၅၀ မှာ ပါစကွာရိုစီးလို့ တူရကီ အမည်ရှိဲ ကော်ဖီဆိုင်တစ်ခု လန်ဒန်မှာ ဖွင့်ခဲ့တယ်။ အရဗီလို ကဟ်ဝါ ၊ တူရကီလို ကဟ်ဗီ ကနေ အီတာလျံ လို ကဖေး ၊ အင်္ဂလိပ် လို ကော်ဖီ ဖြစ်လာတယ်။

ရှေးဂရိ တွေက ကျွန်တော် တို့မျက်စိများက မြင်နိုင်ဖို့ လေဆာလို အလင်းတန်း တွေထုတ်လွတ်တယ်လို့ယုံကြတယ်။ အလင်းတန်း ဟာ မျက်စိ ထဲကိုဝင်သွားပြီး ထင်ကျန်ရစ်တယ်လို့ ပထမဆုံး သိနားလည်သူက ၁၀ရာစု မွတ်စလင် သိပ္ပံပညာရှင် နက္ခတ္တနဲ့ ရုပဗေဒပညာရှင် အိဗ်နုဟိုင်သမ်ပဲဖြစ်တယ်။ သူဟာ ပြတင်းတံခါး ရဲ့အပေါက်လေး ကနေ အလင်းတန်းဝင်လာတာကို သတိပြုမိပထမဆုံးပင်အပ် ပေါက်ကင်မရာကို တီထွင်ခဲ့ပါတယ်။ အပေါက်ငယ်လေ ပုံရိပ်ကောင်းလေ ဖြစ်လာတယ်။ သူကြိုးစားလုပ်ခဲ့ပြီး ပထမဆုံးကင်မရာကို တပ်ဆင်ခဲ့တယ်။ (အာရဗီလို ကမရ က အမှောင် သို့မဟုတ် ကိုယ်ပိုင်အခန်းလို့အဓိပ္ပါယ် ရပါတယ်။ ) ဒဿနအမြင်တစ်ရပ်ကို ရုပဗေဒ သဘောတရား အဖြစ်မြင့်တင်ခဲ့တဲ့ ပထမဆုံးသူ ဖြစ် သူ့ကို အသိအမှတ်ပြူထားကြတယ်။

စစ်တုရင်
စစ်တုရင် ဆိုတာ ရှေးအိန္ဒိယသားတွေ ကစားတာပါ။ ဒါကို ဖွံ့ဖြိုးတိုးတက်စေပြီး ဒီကနေ ကျွန်တော်တို့ကို သိစေတာက ပါရှား တွေပဲ။ ၁၀ရာစု လောက်မှာစပိန်တွေ က မိတ်ဆက်ပေးလို့ အနောက်ဖတ် ဥရောပကို ပျံ့နှံ့သွားတယ် ။ အဲဒီကနေ အရှေ့ဖတ် ဂျပန်အထိ ပျံနှံ့သွားတယ်။ စစ်တုရင်မှာ ရုခ် ဆိုတာ ပါရှားစကား အဓိပ္ပါယ်က နှစ်ဘီးတပ် စစ်ရထားဖြစ်တယ်။

ပျံသန်းခြင်း
ရိုက်ညီနောင် မတိုင်ခင် နှစ်ပေါင်းများစွာ ကတည်းက မွတ်စလင်ကဗျာဆရာ ၊နက္ခတ္တဗေဒပညာရှင် ၊ဂီတ ပညာရှင် ၊ အင်ဂျင်နီယာ အဗာစ် အိဗ်နုဖိရ်နားစ် ဟာ ပျံသန်းနိုင်တဲ့ စက်ကရိယာ တည်ဆောက်နိုင်ဖို့ အကြိမ်များစွာ ကြိုးပမ်းများစွာ အားထုတ်ခဲ့ပါတယ်။ ၈၅၂ခုနှစ်မှာ သူဟာ ကော်ဒိုဗာ ဗလီကြီးရဲ့ မီနာရာ မျှော်စင်ပေါ်ကနေ သစ်နဲ့လုပ်ထားတဲ့ ဒေါက်တွေပါတဲ့ အကာကြီးနဲ့ခုန်ချခဲ့တယ်။ ငှက်တစ်ကောင်လို ပျံဝဲနိုင် မယ်လို့ ထင်ခဲ့ပေမဲ့ သူ မလုပ်နိုင်ခဲ့ဘူး။ ဒါမေပမဲ့ ဒီအကာကြီးက သူကျတာကို နှေးသွားစေခဲ့တယ်။ ဒဏ်ရာ အနည်း ငယ် ရခဲ့ပြီး လေထီးရဲ့ ရှေ့ပြေးပုံလုပ်နိုင်ခဲ့တယ်။ ၈၇၅ ခုနှစ် အသက် ၇၀ပြည့်မှာ ပိုပြည့်စုံတဲ့ စက်ကို လုပ်နိုင်ခဲ့တယ်။ ပိုးထည်နဲ့ လင်းယုန်တောင်တွေသုံးပြီး တောင်ပေါ်က ခုန်ချဖို့ နောက်တစ်ကြိမ်ကြိုးစား ခဲ့ပါတယ်။ သိသိသာသာ အမြင့်မှ ပျံဝဲပြီး ၁၀မိနစ်လောက်ပျံနိုင်ခဲ့တယ်။ နောက်တော့ မြေပြငကို ပြုတ်ကျ လာခဲ့ တယ်။ သူရဲ့စက်မှာ အမြီးမပါတဲ့အတွက် အဆင်းမှာ ခက်တယ်လို့ ကောက်ချက်ချခဲ့တယ်။ ဘဂ္ဂဒက် နိုင်ငံတ ကာ လေဆိပ်နဲ့ လပေါ်က ချိုင့်ကြီး တစ်ခုကို သူအမည် ပေးဂုဏ်ပြုခဲ့ပါတယ်။
ဆပ်ပြာ
ရေမိုးချိုးခြင်နဲ့ သန့်ရှင်း စင်ကြယ်စေခြင်းဟာ မွတ်စလင်တွေ အတွက် ဘာသာရေးအရ လိုအပ်ချက်တစ်ရပ်ဖြစ်တယ်။ ဒါဟာ ဒီကနေ ကျွန်တော်တို့သုံးစွဲနေကြတဲ့ဆပ်ပြာဖြစ်လာဖို့ လမ်းစပဲဖြစ်ပါတယ်။ ရှေးအီဂျစ်တွေဟာ ရောမ ဆံပင်တွေ အတွက် ဆီမွေးသုံးသလိုပဲ ဆပ်ပြာတစ်မျိုးကို သုံးကြတယ်။ ဒါပေမယ့် အရဗ်တွေ က ဟင်းရွက်ဆီ နဲ့ ဆိုဒီယမ်ဟိုက်ဒရောဆိုက်ကို ရောပြီး စမုံဖြူ လို မွေးကြိုတဲ့ရနံ့ထည့် ထားတယ်။ ၁၇၅၉ ခုနှစ် လောက်မှာ အင်္ဂလန် ဘရိုက်တန် ကမ်းခြေမှာ မဟ်မူဒ် ဆိုတဲ့ မွတ်စလင် တစ်ဦးက အိန္ဒိယ ရေနွေးငွေ့ ရေချိုးခန်းတစ်ခုကို ဖွင့်ခဲ့တယ်။ သူက ရှမ်ပူခေါင်းလျှော်ရည် ကို စတင်သုံးစွဲစေခဲ့တယ်။ ဂျော့ဂ်ျ ၄ နဲ့ ၀ီလျံ ၄ ဘုရင်လက်ထက်မှာ ရှမ်ပူဆာဂျင်အနေနဲ့ ခန့်အပ်ခံ၇တယ်။
ဖောင်တိန်
၉၅၁ခုနှစ်တုန်းက အီဂျစ်စူလ်တန် ဟာ စာရေးရင် လက်နဲ့ အကျီမှာ မင်မပေနိုင်တဲ့ စာရေးကိရိယာတစ်ခု လိုအပ်နေတာကြောင့် ဖောင်တိန်ပင်ကို တီထွင်နိုင်ခဲ့ပါတယ်။ အဒီမှာ မင်သိုလှောင်ဖို့နဲ့ ဆံမြည်မျှင်ပိုက်တို့ပါဝင်ပါတယ်။ ဆံခြည်မျှင် ပြွန်တစ်လျှောက် သတ္တိနဲ့ မြေဆွဲအားသုံးပြီ ကလောင်သွားဆီကို မင်ပို့ ပေးပါတယ်။
လေစွမ်းအင်
၆၄၃ ခုနှစ်တုန်းက ပါရှန်းတွေဟာ လေစွမ်းအင်ကို သုံးပြီး ဂျုံပြောင်း ကြိတ်စက်နဲ့ ရေတင်စက်ကို သုံးခဲ့ကြပါတယ်။ စမ်းချောင်းတွေ ၊ ခမ်းခြောက်သွားတဲ့ ရာသီမှာ လေစွမ်းအား ဟာ လပေါင်းများစွာ တစ်သမတ်တည်း တိုက်ခတ်နေတက်ပါတယ်။ စက်ကိုဖျင်စ၊ ဒါမှမဟုတ် ထန်းရွက် ၊နဲ့ ဒလက် ၆ခုမှ ၁၂ ခုအထိ လုပ်တက်ပါတယ်။ ဒါဟာ ဥရောပမှာ လေစွမ်းအင်သုံးစက်ကို မမြင်ရသေးမှီ နှစ်ပေါင်း ၅၀၀အရင်က တွေရတာပါ။
အလယ်ခေတ် မွတ်စလင်တွေ ရက်လုပ်တဲ့ ကော်ဇော်တွေ ဟာ နတ်ဘုံနတ်နန်း တမျှ ခမ်းနားလှပါတယ်။ သူတို့ရက်လုပ်တဲ့ နည်းပညာကို ကျေးဇူးတင်မိပါတယ်။ အဆင့်မြင့်လှတဲ့ အစ္စလာမ့်ဒီိဇိုင်း နဲ့ ကနုတ်တွေကို တွေ့မြင် နိုင်ပါတယ် ။ ဒါနဲ့တစ်ချိန်တည်း ဥရောပမှာဆို အိမ်ကြမ်းပြင်ကို တန်ဆာမဆင်တက်ကြသေးပါဘူး။ အာရေဗျ နဲ့ပါရှား ကစတင်ပြီး ကော်ဇော်ခင်းဖို့ မိတ်ဆက်ပေးခဲ့တာပါ။
ပညာရှင်တစ်ဦးရဲ့ မှတ်တမ်းအရဆိုရင် အင်္ဂလန်မှာ ကြမ်းပြင်ကို ကျူတစ်မျိုးခင်းထားတယ်။ အခမ်းအနား ပွဲ တွေ မှာ အသစ်ခင်းတယ် ။ တစ်ခါတစ်ရံ ဆိုနှစ်ပေါင်း ၂၀ လောက် မလဲဘဲ ထားတယ်။ ရေ၀ပ်နေမယ် ၊ အ ညစ် အကြေး တွေကျမယ်။ မှိုင်းတွေ မီး ခိုးတွေ ၊ အရက် ၊ တွေနဲ့ပေါ့။ ကော်ဇော်တွေဟာ ဒါတွေ အားလုံး တစ်မု ဟုတ် ချင်း ပြောင်းလဲပစ်လိုက်တယ်
ချက်လက်မှတ်
ခေတ်သုံးချက်လက်မှတ်ဆိုတာ အရဗ်တွေ ဆီကလာတာပါ။ အရဗ်ကုန်သည် တွေ ဟာ ပစ္စည်းပို့ပြိး အန္တရယ်ရှိ တဲ့ နယ်ကိုဖြတ်ရရင် ငွေအစားချက်လက်မှတ် ကိုယူဆောင်သွားတက်ကြတယ်။ ၉ရာစု မွတ်စလင် လုပ်ဝန်းရှင် တွေဟာ တရုတ် ပြည်နဲ့ ကုန်ကူးသန်းတဲ့အခါ ချက်လက်မှတ်တွေကိုသုံးခဲ့ကြတယ်။
အပိုင်း ၂ ကိုဆက်လက်တင်ပြသွားပါမည်
http://muslimtime.wordpress.com








































No comments:
Post a Comment
Note: only a member of this blog may post a comment.