Pages

.

တမန်တော်အာဒမ် (အလိုင်ဟိစ္စလာမ်)


တမန်တော်အာဒမ် (အလိုင်ဟိစ္စလာမ်)

ကမ္ဘာပထမဦးဆုံးလူသား အာဒမ်(အ) အား အလ္လာဟ်အရှင်မြတ်သည် (ဂျွန်မာ) သောကြာနေ့တွင် ဖန်ဆင်းတော်မူခဲ့သည်။ သို့ရှိရာ အာဒမ်(အ)သည် အဘွတ်လ်ဘရှ်ရ် (ဝါ) လူသားများ၏ ပထမဦးဆုံး ဖခင်ကြီးဖြစ်တော်မူသည်။ တမန်တော် အာဒမ်(အ) သည် သောကြာနေ့၌ပင် ဂျန္နသ်သုခဘုံသို့ ဝင်ရောက် စံမြန်းရလေသည်။ ဂျန္နသ်သုခဘုံတွင် အလ္လာဟ်အရှင်မြတ်က သစ်ပင်တစ်ပင်၏ အသီးကို မစားသုံးရန် တမန်တော်အာဒမ်(အ)အား အမိန့်ထုတ်ထားတော်မူသည်။ ၄င်းအပြင် ဖခင်ကြီး အာဒမ်(အ)အတွက် အဖော်အဖြစ် မိခင်ဟဝါ(အ) သခင်မအား ဖန်ဆင်းပေးတော်မူခဲ့သည်။

ထိုသို့ဂျန္နသ်သုခဘုံတွင် နေထိုင်စဉ် အလ္လာဟ်အရှင်တားမြစ်ပိတ်ပင်ထားသော သစ်ပင်၏အသီးကို စားသုံးမိသဖြင့် အလ္လာဟ်အရှင်မြတ်က ပြစ်ဒဏ်ခတ်သည့် အနေဖြင့် ဂျန္နသ်သုခဘုံမှ လူ့လောကသို့ ပို့ချပစ်တော်မူခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်က လူလောကသို့ စေလွတ်သည့်အခါ ဖခင်၊ မိခင်တို့ကို တစ်နေရာတည်းတွင် မစေ့လွှတ်ဘဲ တစ်ယောက်တစ်နေရာစီ ပို့ချတော်မူခဲ့ လေသည်။
ဖခင်ကြီးအာဒမ်(အ)ကို အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ “စန်ဟတ်လ်ဒီး”ကျွန်းသို့ ဆင်းသက်စေခဲ့ပြီး၊ မိခင်ကြီးဟဝါ(အ)ကို လက်ရှိဆော်ဒီအာရေဗျနိုင်ငံ “ဂျဒ္ဒါမြို့” သို့ဆင်းသက်စေခဲ့လေသည်။

မိခင်၊ ဖခင်တို့၏ ပူဆွေးမှု

အလ္လာဟ်အရှင်မြတ်၏ အကြီးဆုံးသော “နေ့အ်မတ်” (စည်းစိမ်) ဆုလာဘ်ဖြစ်သည့် ဂျန္နသ်သုခဘုံမှ စွန့်ခွာခဲ့ရခြင်းကြောင့် ဖခင်ကြီးအာဒမ်(အ)နှင့် မိခင်ကြီးဟဝါ(အ) တို့သည် နှမြောတသပူဆွေးမိကြကာ နှစ်ပေါင်း(၂၀၀)တိတိ အလွမ်းမျက်ရည်များ ကျခဲ့ကြလေသည်။ ထိုပြင် လူလောက၌ ရက်ပေါင်း (၄၀)တိုင်တိုင် မစားမသောက် ဘဲ နေတော်မူခဲ့ကြလေသည်။

အာရ်ဖာသ်ကွင်းပြင်

လူသားများ၏ ဖခင်ကြီးအာဒမ်(အ) နှင့် မိခင်ကြီးဟဝါ(အ)တို့သည် လူလောကတွင် တစ်ယောက်တစ်နေရာစီ နေထိုင်တော်မူခဲ့ကြရာမှ ဇွလ်ဟာဂ်ျလမြတ် (၉)ရက် “အာရ်ဖားသ်” နေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့အနီးရှိ “အာရ်ဖားသ်ကွင်းပြင် ကြီး”တွင် ဖခင် နှင့် မိခင်ကြီးနှစ်ပါးတို့သည် ပြန်လည် တွေ့ဆုံခဲ့ကြလေသည်။ တဦးနှင့်တဦး လည်းမှတ်မိကြလေသည်။ ထိုသို့တွေ့ဆုံပြီး တဦးနှင့်တဦး မှတ်မိကြ ပုံကို အကြောင်းပြုကာ ဌင်းကွင်းပြင်ကြီးအား “အာရ်ဖားသ်ကွင်းပြင်ကြီး”ဟု ယနေ့တိုင် ခေါ်ဝေါ်ကြလေသည်။

ဖခင်ကြီး၏ အရှက်အကြောက်

ဖခင်ကြီးအာဒမ်(အ)သည် ဂျန္နသ်သုခဘုံအားစွန်ခွာပြီး လူ့လောကဘုံသို့ဆင်းသက် ခဲ့ရခြင်းကြောင့် အလ္လာဟ်အရှင်မြတ်အား အလွန်ရှက်ကြောက်တော်မူသဖြင့် နှစ်ပေါင်း (၃၀၀)တိုင်တိုင် ဦးခေါင်းတော်အား အာကာသထက်သို့ မဖော်ခဲ့ပါ။ အချိန်ရှိသရွေ့ “တောင်ဗာဟ်” အမှားဝန်ခံလျှက်ရှိပြီး၊ အရှက်မျက်ရည်များ ငိုကြွေးလျှက်ပင် နေတော်မူခဲ့လေသည်ဟု သမိုင်းပညာရှင် “ရှယ်အစ်ဗနိုအောင် ရှတ်ဗ်” သခင်က သမိုင်းကျမ်း၌ မိန့်ကြားထားလေသည်။

တမန်တော်အာဒမ်(အ)၏ မျက်ရည်

ကမ္ဘာပေါ်ရှိ လူသားအပေါင်းတို့၏ မျက်ရည်များကို စုပေါင်းလိုက်လျှင် ဖခင်ကြီး အာဒမ်(အ)ကျခဲ့သော မျက်ရည်များမှာ လူသားအပေါင်းတို့၏ မျက်ရည်ထက်ပင် ပိုမိုများပြားလိမ့်မည်ဖြစ်သည်။

“ဝဖားသ်” ကွယ်လွန်ခြင်း

ဖခင်ကြီးတမန်တော်အာဒမ်သည် လူ့ဘုံလောကတွင် နှစ်ပေါင်း(၁၀၀၀) သက်တော် ထင်ရှားနေထိုင်တော်မူခဲ့ပြီး “ဂျွမ္မာ” သောကြာနေ့တွင်ပင် ဝဖားသ်ပြု အရှင့်အမိန့်ကို ခံယူခဲ့လေသည်။

No comments:

Post a Comment

Note: only a member of this blog may post a comment.