နောက်မှ ပါဝင်လာသည် ရကအသ်များ ဖြည့်စွက်နည်း
မေး ။ ။ အေမာမ်နှင့်အတူ (၃) ရကအသ် ရပြီး (၁) ရကအသ် လွတ်သူ၊ (၂) ရကအသ်
လွတ်ခဲ့သူနှင့် (၁) ရကအသ်သာ ရပြီး (၃) ရကအသ် လွတ်ခဲ့သူ မတ်စ်ဗူးက်သည်
မိမိလွတ်ခဲ့သည့် ရကအသ်များကို မည်သည့် ပုံစံဖြင့် ဖြည့်စွက်ရမည်နည်း ?
ဖြေ ။ ။ (၁) ရကအသ် လွတ်ခဲ့သူသည် အေမာမ် စလာမ်လှည့်ပြီးနောက် ထရပ်၍ ဆနာ၊
စူရာဟ် ဖာသိဟဟ်နှင့် စူရာဟ်ဖတ်၍ နမားဇ်ကို ဖြည့်စွက်လိုက်ရမည်။
နှစ်ရကအသ် လွတ်ခဲ့သြူ...ဖစ်လျှင်
အေမာမ် စလာမ်လှည့်ပြီးနောက် ထရပ်၍ ဆနာ၊ စူရာဟ် ဖာသိဟဟ်နှင့်
စူရာဟ်တွဲရမည်။ နောက်ဆုံး ရကအသ်၌ စူရာဟ်ဖာသိဟဟ်နှင့် စူရာဟ်တွဲ၍ နောက်ဆုံး
ကအ်ဒဟ် ထိုင်ရမည်။
အကယ်၍ (၃) ရကအသ် လွတ်ခဲ့သူ ဖြစ်လျှင် အေမာမ်
စလာမ်လှည့်ပြီးနောက် ထရပ်ပြီး ဆနာ၊ စူရာဟ် ဖာသိဟဟ်နှင့် စူရာဟ်တွဲရမည်။
ထိုရကအသ်၌ ကအ်ဒဟ် ထိုင်ရမည်။ ဒုတိယ ရကအသ်၌ စူရာဟ် ဖာသိဟဟ်နှင့်
စူရာဟ်တွဲရမည်။ တတိယရကအသ်၌ စူရာဖာသိဟဟ်ကိုသာ ဖတ်ရမည်။ ထို့နောက် နောက်ဆုံး
ကအ်ဒဟ် ထိုင်လိုက်ရမည်။
ဖသ်ဝါ လုဒ်ယာန၀ီကျမ်း
ပြုစုသူ - မွဖ်သီယူစွဖ် (လုဒ်ယာန၀ီ)
အလ်မီဇာန် အဖွဲ့မှ ဘာသာပြန်သည်
မတ်စ်ဗူးက်၏ လွတ်ခဲ့သော ရကအသ်များသည် ပထမ ရကအသ်များလား (သို့မဟုတ်) နောက်ဆုံး ရကအသ်များလား
မေး ။ ။ ဂျမာအသ် နောက်ကျသွားသော မုက်သဒီသည် (၁) ရကအသ် (သို့မဟုတ်) (၂)
ရကအသ် လွတ်ခဲ့သည်များကို အစဉ်လိုက် မည်သို့ ဖြည့်စွက်ရမည်နည်း ? အစ
ရကအသ်များဟု မှတ်ယူရမည်လား? (သို့မဟုတ်) နောက်ဆုံး ရကအသ်များဟု
မှတ်ယူရမည်လား ? ယင်းနှစ်မျိုးအနက် စူရာဟ်ဖာသိဟဟ် ဖတ်ပြီးနောက် အခြားစူရာဟ်
ဖတ်ရခြင်း မဖတ်ခြင်းသာ ကွာခြားချက် ရှိပါသည်...။ ထို အခြေ အနေ၌ ဆနာအား နမားဇ်၌ ၀င်ရောက်သည့် အချိန် ဖတ်ရမည်လား ? (သို့မဟုတ်) ကျန်ရကအသ်များ ဖြည့်စွက်သည့် အခါတွင်မှ ဖတ်ရမည်လား ?
ဖြေ ။ ။ လွတ်သွား၍ ဖြည့်ရသော ရကအသ်များသည် ပထမ ရကအသ်များသာ ဖြစ်သည်။
တစ်ရကအသ်ရ၍ ဖြည့်စွက်ရာ၌ ပထမ ရကအသ်တွင် ဆနာ၊ စူရာဟ် ဖာသိဟဟ်နှင့် စူရာဟ်
တစ်ပုဒ်လည်း ဖတ်ရသည်။
ဒုတိယ ရကအသ်တွင် စူရာဟ် ဖာသိဟဟ်နှင့် အခြား စူရာဟ်၊ တတိယ ရကအသ်တွင် စူရဟ် ဖာသိဟဟ်သာ ဖတ်ရသည်။
အေမာမ်နှင့် တစ်ရကအသ် ရရှိပါက တစ်ရကအသ် ထပ်မံဖြည့်စွက်ပြီး ကအ်ဒဟ်
ထိုင်ရန် အရေးကြီးသည်။ ကျန်သည့် နှစ်ရကအသ်ကို ကအ်ဒဟ် တစ်ခုတွင်
ဖြည့်စွက်လိုက်ရမည်။
ဖသ်ဝါ လုဒ်ယာန၀ီကျမ်း
ပြုစုသူ - မွဖ်သီယူစွဖ် (လုဒ်ယာန၀ီ)
အလ်မီဇာန် အဖွဲ့မှ ဘာသာပြန်သည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: only a member of this blog may post a comment.