Pages
▼
Pages - Menu
▼
အဆုံးစီရင်ခြင်း
အဆုံးစီရင်ခြင်း
တနေရာမှာ လူတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားနေလေသည်။ ထိုအခါ အသက်ခပ်ကြီးကြီး လူတစ်ယောက်က လှမ်းတားပြီး မေးလေသည်။ (ငါ့ ညီ မင်း ဘာကြောင့် သေကြောင်းကြံနေရတာလဲကွာ ။ မလုပ်ကောင်းဘူးကွာ ။) အဲ့ဒီအခါမှာ သေကြောင်းကြံသူ သူငယ်က (မိသားစု ပြသနာပါဗျာ)ဟု ပြန်ဖြေလေသည်။ ဒီလောကမှာ ဖြေရှင်းလို့မရတဲ့ ပြသနာဆိုတာ မရှိပါဘူးကွာ ။ဘာဖြစ်တာလဲ ?ငါ့ကိုပြောပြ ဟု ထိုအမျိုးသား က ထပ်မေးပြန်သည်။ ထိုအခါ သူငယ်က အဖြစ်သနစ် ကိုပြောပြလေသည်။ (ကျွန်တော် တခုလပ် မုဆိုးမ တစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်တယ်။ သူမ မှာ သမီးပျိုလေး တစ်ယောက်ရှိတယ်။ ကျွန်တော့် အဖေက ကျွန်တော့် မိန်းမ သမီးကို မြင်မြင်ချင်း လက်ထပ်ချင်တယ် ပြောတယ်။ ခင်ဗျား ပဲစဉ်းစားကြည့်ပါ။ ကျွန်တော့်အဖေ က ကျွန်တော့် မိန်းမ သမီးကိုယူလိုက်ရင် ကျွန်တော်က ကျွန်တော့် အဖေရဲ့ ယောက္ခမ ဖြစ်သွားမယ်။ တကယ်လို့ ကျွန်တော့် မိန်းမ က ကလေးမွေးရင် ကျွန်တော့် ကလေးက ကျွန်တော့် အဖေရဲ့ မြေးတော်လိမ့်မယ်။ တချိန်တည်းမှာပဲ ကျွန်တော့် ကလေးက ကျွန်တော့် အဖေ မိန်းမရဲ့ မောင်လေး ဖြစ်သွားမယ်။ ကျွန်တော် အဖေ့ မိန်းမ က ကျွန်တော့် အတွက် အန်တီနေရာ ရောက်နေတော့ ကျွန်တော့ သားလေးက ကျွန်တော့် အန်ကယ် ပြန်ဖြစ်သွားမယ်။
တကယ်လို့ ကျွန်တော့် အဖေ မိန်းမ ကလေးမွေး ခဲ့ရင် ကလေးက ကျွန်တော့်အဖေ ကလေး ဆိုတော့
ကျွန်တော့် ညီလေး တော်သွားမယ်။ တချိန်တည်းမှာပဲ ကျွန်တော့်ညီလေး က ကျွန်တော့် မိန်းမ ရဲ့သမီး မွေးတဲ့ကလေး ဆိုတော့ ကျွန်တော့် မိန်းမရဲ့ မြေးတော်သွားမယ်။ ကျွန်တော့် ညီက ကျွန်တော့် ရဲ့ မြေးလည်း ဖြစ်သွားမယ်။ အဲလိုဆိုတော့ ကျွန်တော့်ညီရဲ့ အဖွါး ကျွန်တော့် မိန်းမက ကျွန်တော့် အဖွါးနေရာ ရောက်သွားမယ်။ ကျွန်တော်က ကျွန်တော့် အဖွါးရဲ့ ယောက်ျားလည်းဖြစ်သွားမယ်။ ကျွန်တော့်ညီရဲ့ အဖိုးလည်း ဖြစ်သွားမယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်ပဲ အဖိုး ကျွန်တော်ပဲ မြေးဖြစ်နေပြန်ရော။ ထိုအချိန်မှာပဲ နားထောင်နေသူ အမျိုးသား က (တော် တော် တော်လိုက်တော့) ဟု စကားဖြတ်ပြောကာ မင်း ရော မင်းအဖေ ရော အရှင်မြတ် ကောင်းချီးမပေးပါစေ ဟု ပါစပ်ကကျိန်ဆဲပြီး ((လာ လာ ငါပါ မင်းနဲ့ အတူ ရောသေလိုက်တော့မယ် ))ဟု ပြောလိုက်ပါတော့သည်။
၁၉၅၅ ခုနှစ်မှ စပြီး ကမ္ဘာပေါ်တွင် မိမိကိုယ် ကို သေကြောင်းကြံစည်မှု တစ်ရာတွင် ခြောက်ဆယ် ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဆိုသည်။
များသောအားဖြင့် ပြသနာပေါင်း သောင်းခြောက်ထောင် တို့ကြောင့် စိတ်ဖိစီးလာသောအခါ မိမိကိုယ်ကို သတ်သေမှုသည် လူတို့၏ ဖက်ရှင်တစ်ခု အဖြစ် နေရာယူလာပေသည်။
စာပေနိုဗယ်လ်ဆုရှင် Ernest Hemingway ကဲ့သို့သော အမေရိကန် အကျော်အမော် လူစွမ်းကောင်း ကြီးနှင့် စိတ်ညစ်တာတွေလွှင့်ပြစ် ၊ဘ၀ကို အသစ်တဖန်ပြန်စ ဟု လမ်းညွှန် ခဲ့သော ကမ္ဘာကျော် အမေရိကန်စာရေးဆရာ ကြီး Dale Carnegie ကဲ့သို့သော အကျော်အမော် ပညာရှင်များသည် လည်း ဘ၀ကို သေကြောင်းကြံစည်ခြင်းဖြင့် အဆုံးစီရင်ပြစ်ခဲ့ကြသည်။
စက္ကန့်လေးဆယ်တိုင်း တွင် လူတစ်ဦးနှုန်းဖြင့် မိမိကိုယ်ကို သတ်သေနေသောကြောင့် နှစ်စဉ် သိန်းချီ ၍ သေကြောင်းကြံ သေဆုံးမှု ဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဆိုသည်။
هو حَدِيثٌ آخَرُ صَحِيحٌ أيضًا: مَنْ قَتلَ نفسَهُ بشىءٍ عُذِّبَ بهِ في نارِ جَهَنَّمَ.
رواهُ البخاريُّ
မြတ်တမန်ဤသို့ မိန့်ခဲ့သည်။ ( အကြင်သူသည် မိမိကိုယ်ကို သတ်သေခဲ့ပါက ဂျဟန္နမ် ငရဲဘုံတွင် သတ်သေ ခဲ့သည် နည်းအတိုင်း အပြစ်ပေးခံရမည် ဖြစ်သည်။)
، يقول الله عز وجل: ..وَلاَ تَقْتُلُواْ أَنفُسَكُمْ إِنَّ اللّهَ كَانَ بِكُمْ رَحِيمًا (29) سورة النساء
ကျမ်းတော်မြတ်ကုရ်အာန်( အသင်တို့သည် မိမိကိုယ်ကိုယ် သတ်ဖြတ်ခြင်းမပြုကြလေနှင့်။ ဧကန်စင်စစ် အရှင်မြတ်သည် အသင်တို့အဖို မဟာဂရုဏာရှင်ပင်ဖြစ်တော်မူသည်။)
وَمَنْ يَقْنَطُ مِنْ رَحْمَةِ رَبِّهِ إِلَّا الضَّالُّونَ)
ကျမ်းတော်မြတ်ကုရ်အာန်( အကြင်သူတို့သည် အရှင်မြတ်၏ ဂရုဏာတော်မရရှိနိုင်တော့ဟု မျှော်လင့်ချက်ကင်းမဲ့ လာသော် ထိုသူတို့သည် လမ်းမှား သွားသူပင်ဖြစ်သည်။)
وَلَا تَحْزَنُوا وَأَنْتُمُ الْأَعْلَوْنَ إِنْ كُنْتُمْ مُؤْمِنِينَ) [آل عمران: 139
ကျမ်းတော်မြတ်ကုရ်အာန်( ပူပင် သောက မဖြစ်ကြလေနှင့် ။ အသင်တို့သည် တပါးတည်းသော ဖန်ဆင်းရှင်ကို စစ်မှန်စွာ ယုံကြည်သူ များဖြစ်ကြ သော် အသင်တို့သည် သာ အောင်မြင်မှုသရဖူ ဆောင်းရသော အောင်နိုင်သူများ ဖြစ်ကြလတ္တံ့။)
قال تعالى: ((وَمَنْ يَقْتُلْ مُؤْمِناً مُتَعَمِّداً فَجَزَاؤُهُ جَهَنَّمُ خَالِداً فِيهَا وَغَضِبَ اللَّهُ عَلَيْهِ وَلَعَنَهُ وَأَعَدَّ لَهُ عَذَاباً عَظِيماً)) [النساء (93)]
ကျမ်းတော်မြတ်ကုရ်အာန်( အကြင်သူသည် မုအ်မင်တစ်ဦးတစ်ယောက် ကို တမင်သက်သက် ကြံစည် သတ်ဖြစ်သူဖြစ်သော် ထိုသူ၏ အပြစ်သည် ဂျဟန္နမ် ငရဲဘုံပင်ဖြစ်သည်။)
لايجوز للمسلم قتل اخيه لان الإسلام حرم قتل النفس بغير حق
(((ထို့ကြောင့် မိမိတို့ကိုယ်ကို သတ်သေခြင်းဖြင့် ငရဲဘုံတွင် ထိုနည်းအတိုင်း ပြန်အပြစ်ပေးခံရမည်ဖြစ်သကဲ့သို့ အသေခံဗုံးခွဲခြင်းဖြင့် မုအ်မင်တို့ကို သေကျေပျက်စီးစေသော သူတို့ ၏ ဋ္ဌာနီသည် လည်း ငရဲဘုံပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အပြစ်မဲ့ပြည်သူတို့ကို သတ်ဖြတ်ခွင့် အစ္စလာမ်တရားတော်၌ မရှိပေ။)))
والله أعلم
မှတ်ချက်။ ။ သူငယ်ချင်းကိုဒိုး၏ရေးသားတင်ပြချက်များကိုညီနောင်များအားမျှဝေခြင်းသာ(ကိုနေစိုး)
No comments:
Post a Comment
Note: only a member of this blog may post a comment.