Pages

Pages - Menu

အမေး အဖြေ


မေး။ ။ လူသားတစ်ဦးကို လူသားတစ်ဦးက ဘယ်အချိန်မှာ ညစ်ညမ်းတဲ့စကားတွေနဲ့ပြောဆိုနိုင်ပါသလဲ ၊ဆဲဆိုနိုင်ပါသလဲ.။ဘယ်လိုအချိန်မှာခွင့်ပြုထားပါသလဲ.။
ခွင့်ပြုချက်မရှိပဲ ဆဲဆိုတယ်ဆိုရင်လည်း ဆဲဆိုခြင်းရဲ့ အပြစ်ကိုကုရ်အာန် နဲ့ဟဒီးစ်က ဘယ်လို ပြဆိုထားလဲဆိုတာကို ကိုနေစိုးဖြေပေးပါလား.။
အခြားဘာသာတွေမှာတော့ ဖရုဿဝါစာ ဆိုပြီး ကျွန်တော်လေ့လာဖူးတယ်.။
အစ္စလာမ်က ဘယ်လိုဆိုထားလဲဆိုတာကို အထောက်အထားလိုချင်တာပါ။
ချစ်ခင်လေးစားစွာဖြင့်

ဖြေ။ ။
بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ
မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တကရုဏာတော်ရှင် ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏နာမံတော်ဖြင့်(အစပြုပါ၏)။
الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ
ချီးမွမ်းထောမနာခြင်း ဟူဟူသမျှသည် စကြာဝဠာ အပေါင်းတို့ကို (မဖြစ်ပေါ်မီကစ၍ ပြည့်စုံပြီးစီးသည့်တိုင်အောင် အဆင့်ဆင့်) ပြုစု ပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အဖို့သာတည်း။
والصلاة والسلام على نبينا محمد وعلى آله وصحبه أجمعين
السلام عليكم ورحمة الله وبركاته
၎င်းပြင်ကျွန်ုပ်တို့၏ နှစ်ဘဝသခင်ကျေးဇူးတော်ရှင် (ရစူလ်) နဗီတမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ)၏အပေါ်သို့ လည်းကောင်းတမန်တော်မြတ်ကြီး(ဆွ)၏ ချစ်လှစွာသောအိမ်သူအိမ်သားများအားလုံးအပေါ်သို့ လည်းကောင်းတမန်တော်ကြီး(ဆွ)နှင့်အတူကိုယ်ကျိုးမဖက်ကြံကြံခံစွန့်စားခဲ့ကြသော ဆွဟာဗာဟ်(ရသွီ)သခင်ကြီးများအပေါ်သို့လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်မှငြိမ်းချမ်းသာယာမှုအပေါင်းကျရောက်ပါစေကြောင်းနှင့်
အသင့်တို့အားလုံးအပေါ်သို့လည်းကျရောက်ပါစေကြောင်း
ဦးစွာစလာမ်မေတ္တာဖြင့်နုတ်ခွန်းဆက်သပါ၏်။
အစ္စလာမ်သာသနာတော်သည် လူသားတို့အား ရုပ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာများကိုငြိမ်းအေးမှုပေးသည့် သသနာတော်ကြီးဖြစ်သည့်အလျောက် လူ့အခွင့်အရေးကိုဆံချည်တစ်ပင်မျှပင် ချိုးဖေါက်ခွင့်မပြုထားသည့် သာသနာတော်ကြီးလည်းဖြစ်၏။ လူသားတို့အား အပြန်အလှန် ကဲ့ရဲ့ရှုတ်ချခြင်း ၊ ညစ်ညမ်းရိုင်းပြစွာဆဲဆို၊ဆက်ဆံခြင်းများကိုအလေးအနက်ထားတားမြစ်ထားသည့်

သာသနာတော်ကြီးဖြစ်၏။ အစ္စလာမ်သာသနာတော်သည်လူသားများကိုမဆိုနှင့် တိရိစ္ဆာန်များ ကိုပင်ညှင်းပမ်းနှိပ်စက်ခြင်း။ သဘာဝပတ်ဝန်းကျင်များကို ဖြုန်းတီးခြင်း။ ခေတ်ကာလအား မကောင်းပြောဆိုခြင်းစသည့်များကိုပင် တားမြစ်ပိတ်ပင်ထား၏။
စကြာဝဠာ အပေါင်းတို့၏ အခွင့်အရေးများကို ပြည့်စုံကုန်လုံအောင်ပေးထားသည့်သာသနာတော်ကြီးဖြစ်၏။
လူသားတို့အား လောကီလောကုတ်နှစ်ဌာနစလုံးအတွက်အောင်မြင်မှုရရှိရန်လမ်းညွန်ပေးတဲ့ သာသနာတော်ကြီးသာဖြစ်၏။ ကြီးသူကိုဂုဏ်ပေး ရွယ်တူကိုလေးစား ငယ်သူကိုသနား စသည့် စာရိတ္တပိုင်းဆိုင်ရာများကိုလည်း ပြည့်စုံကုန်လုံအောင်လမ်းညွန်ပေးခဲ့၏။

عن ابن مسعود قال : قال رسول الله سباب المسلم فسوق وقتاله كفر ) متفق عليه

အိဗ်နုမစ်အူဒ်(ရသွီ)သခင်ကြီးမှဆင့်ဆိုခဲ့၏။ တမန်တော်မြတ်ကြီး(ဆွ)မှမိန့်တော်မူခဲ့သည်မှာ မွတ်စ်လင်မ်တစ်ဦးအား ကဲ့ရဲ့ရှုတ်ချခြင်း ။ညစ်ညမ်းရိုင်းပြစွာဆဲဆို၊ဆက်ဆံခြင်းသည် (အလ္လာဟ်အရှင်မြတ်နှင့်အလ္လာဟ်ရစူလ်၏)အမိန့်တော်များကိုဖီလာဆန့်ကျင်ရာမည်၏။မွတ်စ်လင်မ်တစ်ဦးအား(မတော်မတရား)သတ်ဖြတ်ခြင်းသည် (အလ္လာဟ်အရှင်မြတ်နှင့်အလ္လာဟ်ရစူလ်)အားသွေဖည်ရာမည်၏။
وأما الفسوق ، وفي الشرع: الخروج عن طاعة الله ورسوله، وهو في عرف الشرع أشد من العصيان.

ဖေါ်ပြပါ ဟဒီးသ်တော်ပါ (ဖူစူက်)၏အဓိပ္ပါယ်မှာ အလ္လာဟ်အရှင်မြတ်နှင့်အလ္လာဟ်ရစူလ်၏အမိန့်တော်များကိုဖီလာဆန့်ကျင်ခြင်းဖြစ်၏။ ဤသည် အမိန့်မနာခံခြင်းထက်ပို၍ဆိုး၇ွာ၏။ ဗုခါရီ၊မွတ်စ်လင်မ်ကျမ်းလာစစ်မှန်ခိုင်မာသောဟဒီးသ်တော်ဖြစ်၏။ အီမာမ်နဝဝီသခင်ကြီးမှ အထက်ပါဟဒီးသ်တော်အားမိမိ၏ကျမ်း၌အကျယ်တဝန်းရှင်းလင်းတင်ပြရာတွင် ဤသို့ မိန့်ဆိုခဲ့၏။ ။
မွတ်စ်လင်မ်တစ်ဦးအား ကဲ့ရဲ့ရှုတ်ချခြင်း ၊ ညစ်ညမ်းရိုင်းပြစွာဆဲဆို၊ဆက်ဆံခြင်းစသည်တို့ကို သာသနာ့ပညာရှင်ကြီးများမှအကွဲအလွဲမရှိ ဟရမ်အဖြစ်သတ်မှတ်ခဲ့ကြ၏။
သို့ဆိုလျှင် အထက်ပါဟဒီးသ်တော်အရ မွတ်စ်လင်မ်အချင်းချင်း ကဲ့ရဲ့ရှုတ်ချခြင်း ၊ညစ်ညမ်းရိုင်းပြစွာဆဲဆို၊ဆက်ဆံခြင်းသည်သာဟရမ်ဖြစ်ပါသလော မွတ်စ်လင်မ်မဟုတ်သူများအား ကဲ့ရဲ့ရှုတ်ချခြင်း ညစ်ညမ်ရိုင်းပြစွာဆဲဆို၊ဆက်ဆံခြင်းခြင်းကို အစ္စလာမ်ကခွင့်ပြုထားပါသလောဟုမေးခွန်းထုတ်စရာဖြစ်နေ၏။ မည်သည့်လူသားကိုမဆို ကဲ့ရဲ့ရှုတ်ချခြင်း ၊ညစ်ညမ်းရိုင်းပြစွာဆဲဆို၊ဆက်ဆံခြင်းကို အစ္စလာမ်သာသနာတော်က ဟရမ်အဖြစ်သတ်မှတ်ထားသည်ကိုကျမ်းတော်မြတ်ကုရ်အာန်မှအတိအလင်းထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်၏။

عن عبد الله بن عمرو رضي الله عنهما قال قال رسول الله صلى الله عليه وسلم إن من أكبر الكبائر أن يلعن الرجل والديه قيل يا رسول الله وكيف يلعن الرجل والديه قال يسب الرجل أبا الرجل فيسب أباه ويسب أمه
အဗ်ဒွလ္လာဟ်ဗင်အမရ်(ရသွီ)သခင်ကြီးမှဆင့်ဆိုခဲ့၏။တမန်တော်မြတ်ကြီး(ဆွ)မှမိန့်တော်မူခဲ့သည်မှာ ပုဂ္ဂိုလ်တစ်ဦးမှ မိမိ မိဘနှစ်ပါးကို လအ်နသ် ပို့ခြင်းသည် မုချ အကြီးမားဆုံးပြစ်မှုများအနက်မှပြစ်မှုကြီးတစ်ခုဖြစ်၏။ ဆွဟာဗာ(ရသွီ)များမှတမန်တော်မြတ်ကြီး(ဆွ)အား ပုဂ္ဂိုလ်တစ်ဦးမှ မိမိ မိဘနှစ်ပါးကို လအ်နသ် ပို့ခြင်းဆိုသည်မှာအဘယ်နည်းဟုမေးလျှောက်ကြရာ တမန်တော်မြတ်ကြီး(ဆွ)မှ ပုဂ္ဂိုလ် တစ်ဦးမှအခြားပုဂ္ဂိုလ်တစ်ဦး၏မိဘများကို ကဲ့ရဲ့ရှုတ်ချခြင်း ၊ဆဲဆိုခြင်း ဆဲဆိုခံရသူမှ ဆဲဆိုသူ၏မိဘနှစ်ပါးကို ကဲ့ရဲ့ရှုတ်ချခြင်း ၊ဆဲဆိုခြင်း(ဤသို့အပြန်အလှန်မိဘနာမည်ကိုင်၍ ကဲ့ရဲ့ရှုတ်ချခြင်း ၊ဆဲဆိုခြင်းသည်သားသမီးများမှ)မိဘများအား လအ်နသ်ပို့ရာမည်၏ဟုပြန်လည်ဖြေကြားခဲ့၏။
ဗုခါရီကျမ်း ဟဒီးသ်အမှတ် ၅၆၂၈ ။
عن عبد الله بن عمرو ـ رضي الله عنهما ـ عن النبي صلى الله عليه وسلم قال: المسلم من سلم المسلمون من لسانه ويده،
အဗ်ဒွလ္လာဟ်ဗင်အမရ်(ရသွီ)သခင်ကြီးမှဆင့်ဆိုခဲ့၏။တမန်တော်မြတ်ကြီး(ဆွ)မှမိန့်တော်မူခဲ့သည်မှာ
မွတ်စ်လင်မ်ဟူသည်(မိမိညီနောင်)မွတ်စ်လင်မ်များအပေါ် ကိုယ်၊နုတ်နှစ်ဖြာငြိမ်းချမ်းရ၏
ဗုခါရီမွစ်လမ်ကျမ်းလာ စစ်မှန်ခိုင်လုံသောဟဒီးသ်တော်ဖြစ်၏။
ကျမ်းတော်မြတ်ကုရ်အာန်ပါ ဖူစူက်၏ အဓိပ္ပါယ်ကိုကြည့်ပါ။

وَاعْلَمُوا أَنَّ فِيكُمْ رَسُولَ اللَّهِ لَوْ يُطِيعُكُمْ فِي كَثِيرٍ مِنَ الْأَمْرِ لَعَنِتُّمْ وَلَكِنَّ اللَّهَ حَبَّبَ إِلَيْكُمُ الْإِيمَانَ وَزَيَّنَهُ فِي قُلُوبِكُمْ وَكَرَّهَ إِلَيْكُمُ الْكُفْرَ وَالْفُسُوقَ وَالْعِصْيَانَ أُولَئِكَ هُمُ الرَّاشِدُونَ (7)
၎င်းပြင် အသင်တို့သည် မိမိတို့၌ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ရှိနေတော်မူသည်ကို (ကောင်းစွာ)သိထားကြလေကုန်။ အကယ်၍ ထိုရစူလ်တမန်တော်မြတ်သည်များစွာသော အရေးကိစ္စတို့၌ အသင်တို့၏ ပြောဆိုချက်ကိုလိုက်နာပါလျှင် အမှန်ပင် အသင်တို့သာလျှင် ဒုက္ခတွေ့ကြမည်သာ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား’အီမာန်’ သက်ဝင်ယုံကြည်မှုကို နှစ်သက်မြတ်နိုးစေတော်မူခဲ့၏။ထို့ပြင် ယင်း ‘အီမာန်’ ယုံကြည်မှုကို အသင်တို့၏စိတ်နှလုံးများတွင် မြတ်နိုးစေတော်မူခဲ့၏။ လှပတင့်တယ်စေတော်မူခဲ့၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ‘ကုဖ်ရ်’ သွေဖည်မှုကိုလည်းကောင်း၊ ပြစ်မှုကျူးလွန်ခြင်းကို လည်းကောင်း၊အမိန့်မနာခံမှုကိုလည်းကောင်း၊ စက်ဆုပ်စေတော်မူခဲ့၏။ ယင်းကဲ့သို့သော သူတို့သည်သာလျှင် လမ်းမှန်ကိုရရှိသူများ ဖြစ်ကြကုန်၏။

وَلَا تَسُبُّوا الَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ فَيَسُبُّوا اللَّهَ عَدْوًا بِغَيْرِ عِلْمٍ كَذَلِك

َ زَيَّنَّا لِكُلِّ أُمَّةٍ عَمَلَهُمْ ثُمَّ إِلَى رَبِّهِمْ مَرْجِعُهُمْ فَيُنَبِّئُهُمْ بِمَا كَانُوا يَعْمَلُونَ (108)
၎င်းပြင် အသင်တို့သည် အကြင်(မှားယွင်းသော) ကိုးကွယ်ရာများကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြလင့်။ ထို(မုရှ်ရစ်က်)များသည် အလ္လာဟ်အရှင်မြတ်အား စွန့်ပယ်၍ကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် (အသင်တို့ဤသို့ပြုလုပ် ကြလျှင်) ထိုသူများသည်လည်း အသိတရား မရှိ သဖြင့်စည်းကမ်းကျူးလွန်ကာ အလ္လာဟ်အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချခြင်း ပြုကြပေမည်။ ငါအရှင်သည် ဤနည်းအတိုင်းပင် အုပ်စုတိုင်း၏အမြင်တွင် ၎င်းတို့၏ပြုမူချက်တို့ကို လှပတင့်တယ်အောင် ပြုလုပ်ထားတော်မူခဲ့လေသည်။ ထို့နောက် ၎င်းတို့အားလုံးသည်မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်အထံတော်သို့ ပြန်ကြရမည်။ ထိုအခါ အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ပြုလုပ်ခဲ့ကြသည်များကို ထုတ်ဖော်မိန့်ကြားတော်မူမည်။

يَا أَيُّهَا الَّذِينَ آمَنُوا اجْتَنِبُوا كَثِيرًا مِنَ الظَّنِّ إِنَّ بَعْضَ الظَّنِّ إِثْمٌ ۖ وَلَا تَجَسَّسُوا وَلَا يَغْتَبْ بَعْضُكُمْ بَعْضًا ۚ أَيُحِبُّ أَحَدُكُمْ أَنْ يَأْكُلَ لَحْمَ أَخِيهِ مَيْتًا فَكَرِهْتُمُوهُ ۚ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ تَوَّابٌ رَحِيمٌ
49@12
အို-’မုအ်မင်န်’သက်ဝင်ယုံကြည်သူ အပေါင်းတို့၊အသင်တို့သည် များစွာသော ထင်မြင်ယူဆချက်များမှ ကြဉ်ရှောင်ကြလေကုန်။ စင်စစ်ဧကန် အချို့သောထင်မြင်ယူဆချက်များမှာ အပြစ်ပင်ဖြစ်ပေသည်။ ၎င်းပြင် အသင်တို့သည် (သူတစ်ပါးတို့၏ ချွတ်ယွင်းမှုများကို) ထောက်လှမ်းစူးစမ်းခြင်း မပြုကြကုန်လင့်။ ထို့ပြင် အသင်တို့အနက် တစ်ဦးသည်တစ်ဦး၏နောက်ကွယ်၌ အတင်းပြောဆိုခြင်းကိုမပြုရ။ အသင်တို့အနက်တစ်ဦးတစ်ယောက်သည် မိမိညီအစ်ကို၏ အသေသားကို စားသုံးရန် နှစ်သက်ပါမည်လော။ စင်စစ် အသင်တို့သည် ထို(အသေသားစားခြင်း)ကို စက်ဆုပ်ကြမည်သာ။ ထိုမှတစ်ပါးအသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေကုန်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် ၀န်ချတောင်းပန်ခြင်းကို အလွန်တရာ လက်ခံတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာတော်မူသောအရှင်၊ဖြစ်တော်မူပေသတည်း

(2589) حَدَّثَنَا يَحْيَى بْنُ أَيُّوبَ، وَقُتَيْبَةُ، وَابْنُ حُجْرٍ، قَالُوا: حَدَّثَنَا إِسْمَاعِيلُ، عَنِ الْعَلَاءِ، عَنْ أَبِيهِ، عَنْ أَبِي هُرَيْرَةَ، أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، قَالَ: «أَتَدْرُونَ مَا الْغِيبَةُ؟» قَالُوا: اللهُ وَرَسُولُهُ أَعْلَمُ، قَالَ: «ذِكْرُكَ أَخَاكَ بِمَا يَكْرَهُ» قِيلَ أَفَرَأَيْتَ إِنْ كَانَ فِي أَخِي مَا أَقُولُ؟ قَالَ: «إِنْ كَانَ فِيهِ مَا تَقُولُ، فَقَدِ اغْتَبْتَهُ، وَإِنْ لَمْ يَكُنْ فِيهِ فَقَدْ بَهَتَّهُ»
ယာဟ်ယားဗင်န်အိုင်ယူးဗ် ၎င်းကူသိုင်းဗဟ် ၎င်းအိဗ်နုဟဂျရ်သခင်ကြီးတို့မှပြောကြားခဲ့သည်မှာ ကျွန်ုပ်တို့အား အိစ်မာအီးလ်သခင်ကြီးမှ ၎င်းအား အလ်အလားသခင်ကြီးမှ ၎င်းအားသူ၏ဖခင်ကြီးမှ ၎င်းအားအဗူဟူရိုင်ရာဟ်သခင်ကြီးမှ(ရသွီ)မှတမန်တော်မြတ်ကြီး(ဆွ)ပြောကြားခဲ့သည်ကို ဆင့်ကဲဆင့်ဆိုခဲ့ကြသည်မှာ တမန်တော်မြတ်ကြီး(ဆွ)မှဆွဟာဗဟ်သာဝကကြီးများအားဤသို့မေးမြန်းခဲ့လေ၏
(အချင်းတို့)နောက်ကွယ်အတင်းပြောခြင်းသည် အဘယ်အရာနည်းအသင်တို့သိကြပါသလော။ ထိုအခါ ဆွဟာဗဟ်သာဝကကြီးများမှ(ရသွီ)အလ္လာဟ်အရှင်မြတ်နှင့် အလ္လာဟ်အရှင်မြတ်၏ရစူလ်သာပို၍သိပါမည်ဟုပြန်လည်လျှောက်ထားကြရာ တမန်တော်မြတ်ကြီး(ဆွ)မှ မိမိညီနောင်မွတ်စလင်မ်(တစ်ဦးဦး)၏ နောက်ကွယ်၌ ထိုသူမနှစ်သက်သော စကားပြောခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့လေသည်။
ထိုအခါ ဆွဟာဗဟ်သာဝကကြီးများ(ရသွီ)များအနက်(တစ်ဦးမှ အိုး အလ္လာဟ်အရှင်မြတ်၏ရစူလ်) အကယ်၍ကျွန်တော်မျိုးသည် မိမိညီနောင်တွင် အမှန်တကယ်ရှိနေသော (မကောင်းမှု)အရာကိုနောက်ကွယ် ပြောဆိုခဲ့လျှင် ဤသည်လည်းနောက်ကွယ်အတင်းပြောခြင်းဖြစ်ပါသလော ထိုအခါတမန်တော်မြတ်ကြီး(ဆွ)မှပြန်လည်ဖြေကြားခဲ့သည်မှာ အကယ်၍ ထိုသူ၌ရှိနေသော (မကောင်းမှု)အရာကိုနောက်ကွယ် ပြောဆိုခဲ့ပါမူ ထိုစကားသည်လည်းအတင်းဖြစ်၏။
အကယ်၍ ထိုသူ၌မရှိသော(မကောင်းမှု)အရာကိုနောက်ကွယ်ပြောဆိုခဲ့လျှင် အသင်သည် ထိုသူ့အားစွပ်စွဲခြင်း၊မတရားပြောခြင်းပင်ဖြစ်သည်ဟုမိန့်တော်မူခဲ့လေသည်။
ဟဒီးသ်အဆင့်အတန်း (ဆွဟီးဟ်)မုစ်လင်မ်ကျမ်း ဟဒီးသ်အမှတ်၂၅၈၉

ညီနောင်မွတ်စ်လင်မ်များ၏ဂုဏ်သိက္ခာကိုကာကွယ်ခြင်းဖြင့် ဂျဟန္နမ်အပါယ်ငရဲမှလွှတ်ငြိမ်းကြမည်။

عن أسماء بنت يزيد رضي الله عنها قالت قال رسول الله صلى الله عليه وسلم
အာစ်မားဗင်ယဇီးဒ်သခင်မကြီးမှ(ရသွီ)ဆင့်ဆိုခဲ့သည် တမန်တော်မြတ်ကြီး(ဆွ)မှမိန့်တော်မူခဲ့သည်မှာ

{ من ذب عن عرض أخيه بالغيب كان حقا على الله أن يعتقه من النار }
အကြင်မည်သူမဆို မိမိညီနောင်မွတ်စ်လင်မ်တစ်ဦးဦး၏ (ရုပ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာ) ဂုဏ်သရေကျဆင်းအောင် နောက်ကွယ် အတင်းပြောခြင်းမှ အကာအကွယ်ပေးတားမြစ်ပေးခြင်း၊ သိက္ခာသမာဓိမပျက်ဆီးအောင် ထိန်းသိမ်းပေးခြင်း၊ မိမိညီနော င်၏ကောင်းခြင်းများသာပြောဆိုပေးသူအား အလ္လာဟ်အရှင်မြတ်ဘက်တော်မှလည်း၎င်းသူအား ဂျန္နမ်အပါယ်ငရဲမှ လွှတ်ငြိမ်းခွင့်ပေးရန်တာဝန်တစ်ရပ်ဖြစ်သွားပေသည်။

وأخرج الإمام أحمد وإسناده حسن
المحدث: الألباني - المصدر: صحيح الجامع - الصفحة أو الرقم: 6240
خلاصة حكم المحدث: صحيح
ဟဒီးသ်အဆင့်အတန်း အိစ်နားဒူဟူးဟစန် ။ မုစ်နဒ်အဟ်မဒ်ကျမ်း။ ရှိုက်္ခအလ်ဗားနီးသခင်ကြီးမှ (ဆွဟီးဟ်)ဖြစ်ကြောင်းမိမိ၏ကျမ်း ဆွဟီးဟွလ်ဂျားမေအ်ကျမ်း အမှတ်၆၂၄၀ တွင်ဖေါ်ပြထားပေသည်။
عن أبي الدرداء عن النبي- صلى الله عليه وسلم -قال:
အဗီဒရ်ဒါးသခင်ကြီး(ရသွီ)သခင်ကြီးမှဆင့်ဆိုခဲ့သည် တမန်တော်မြတ်ကြီး(ဆွ)မိန့်တော်ခူခဲ့သည်မှာ

من رد عن عرض أخيه رد الله عن وجهه النار يوم القيامة
အကြင်မည်သူမဆို မိမိညီနောင်မွတ်စ်လင်မ်တစ်ဦးဦး၏ (ရုပ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာ) ဂုဏ်သရေကျဆင်းအောင် နောက်ကွယ် အတင်းပြောခြင်းမှ အကာအကွယ်ပေးတားမြစ်ပေးသူအား အလ္လာဟ်အရှင်မြတ်ဘက်တော်မှလည်း၎င်းသူအား ဂျန္နမ်အပါယ်ငရဲမှ အကာအကွယ်ပေးတော်မူမည်။
وتلا رسول الله صلى الله عليه وسلم { وكان حقا علينا نصر المؤمنين } } .
ဟု မိန့်တော်မူကာတဆက်တည်း ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၃၀ အာယသ်နံပါတ် ၄၇ အားဖတ်ကြားတော်မူ၏( وكان حقا علينا نصر المؤمنين စင်စစ်’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား ကူညီစောင်မတော်မူခြင်းသည် ငါအရှင်မြတ်၏ တာဝန်ပင် ဖြစ်ပေသတည်း။) သိရ်မဇီကျမ်း ကိသားဗုလ်ဗေရ်ရိဝါဆ်ွဆွေလာဟ်ကဏ္ဍ စာမျက်နှာ ၁၀၆ ဟဒီးသ်အဆင့်အတန်းမှာ ဟစန်ဖြစ်၏။ ကိုးကားကျမ်းများ ။သုဟ်ဖာသွလ်အဟ်ဝဇီ၊ရေယားဒွဆ်ွဆွားလေဟီးန်။
များစွာသော အဓိပ္ပါယ်တူ စာသားကွဲ ဟဒိးသ်များလည်းရှိပေသည်။
عن ابن عمر - رضي الله عنهما - أن رسول الله صلى الله عليه وسلم قال: " المسلم أخو المسلم، لا يظلمه ولا يسلمه من كان في حاجة أخيه: كان الله في حاجته، ومن فرج عن مسلم كربة فرج الله عنه بها كربة من كرب يوم القيامة، ومن ستر مسلماً ستره الله يوم القيامة" متفق عليه [379].
عن عبد الله بن عمر - رضي الله عنهما - أن النبي صلى الله عليه وسلم قال
အဗ်ဒူလ္လာဟ်ဗင်အုမရ်(ရသွီ)သခင်ကြီးမှဆင့်ဆိုခဲ့သည်
မုချတမန်တော်မြတ်ကြီး(ဆွ)မှမိန့်တော်မူခဲ့သည်မှာ
المسلم أخو المسلم
မွတ်စ်လင်မ်များသည် အချင်းချင်း (အစ္စလာမ်သာသနာတော်အားအကြောင်းပြုကာ)ညီရင်းအစ်ကိုမောင်ရင်းနှမများပင်ဖြစ်ကြ၏။ ရှင်းလင်းချက်။ ။ ကြီးကျယ်မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ်သည်မိမိ၏ကျမ်းတော်မြန်ကုရ်အာန်တွင် မုအ်မင်န်၊ မွတ်စ်လင်မ်များသည် အချင်းချင်း အစ္စလာမ့်သာသနာတော်အားအကြောင်းပြုကာ ညီရင်းအစ်ကိုမောင်ရင်းနှမများပင်ဖြစ်ကြသည်ဟုများစွာသောအာယသ်တော်များထုတ်ပြန်ခဲ့သည် ယင်းအာယသ်တော်များအားခြေခံ၍ တမန်တော်မြတ်ကြီး(ဆွ)မှအထက်ပါအတိုင်းပြန်လည်မိန့်မြွတ်ခဲ့၏်။
(إِنَّمَا الْمُؤْمِنُونَ إِخْوَةٌ فَأَصْلِحُوا بَيْنَ أَخَوَيْكُمْ وَاتَّقُوا اللَّهَ لَعَلَّكُمْ تُرْحَمُونَ) (الحجرات:10)
မုအ်မင်(န်)သက်ဝင်ယုံကြည်သူတို့မှာ (အချင်းချင်း) ညီအစ်ကိုများသာဖြစ်ကုန်၏။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ ညီအစ်ကိုနှစ်ယောက်၏စပ်ကြားဝယ် ရန်ငြိမ်းအောင်(စေ့စပ်မှုကို) ပြုလုပ်ဆောင်ရွက်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကရုဏာပြုတော်မူခြင်းကို ခံကြရကုန်အံ့သတည်း။
( فَأَصْبَحْتُمْ بِنِعْمَتِهِ إِخْوَاناً )(آل عمران:م103)
သို့ဖြစ်၍အသင်တို့သည် (ယခုအခါ) ထိုအရှင်မြတ် ၏ ကျေးဇူးတော်ဖြင့် (မိမိတို့ အချင်းချင်း)ညီရင်းအစ်ကိုများပင်ဖြစ်ခဲ့ကြချေပြီ။
(فَإِنْ لَمْ تَعْلَمُوا آبَاءَهُمْ فَإِخْوَانُكُمْ فِي الدِّينِ وَمَوَالِيكُمْ)(الأحزاب:5)
သို့ရာတွင် အကယ်၍ အသင်တို့သည် ၎င်းတို့၏ဖခင်များကို မသိခဲ့ကြလျှင် ၎င်းတို့သည်အသင်တို့၏ သာသနာဝင်ညီအစ်ကိုများ ဖြစ်ကြသည့်ပြင်၊အသင်တို့၏ အဆွေခင်ပွန်းများလည်း ဖြစ်ကြကုန်၏။ စင်စစ်သော်ကား အသင်တို့အပေါ်၌ အသင်တို့ မေ့မှား၍ပြုမူခဲ့ကြကုန်သော အမှုကိစ္စနှင့်စပ်လျဉ်း ၍ အပြစ်တစ်စုံတစ်ရာ မရှိပေ။ သို့ရာတွင် အသင်တို့၏စိတ်က ကြံရွယ်ပြုလုပ်ခဲ့ကြကုန်သော အမှုကိစ္စ၌မူ(အပြစ်)ရှိသည်။ အမှန်စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အထက်တွင်ဖေါ်ပြခဲ့သည့် ကျမ်းတော်မြတ်ကုရ်အာန်ပါအာယသ်တော်များအရ အစ္စလာမ်သာသနာဝင် မွတ်စ်လင်မ်များသည် အချင်းချင်း ညီရင်းအစ်ကိုမောင်ရင်းနှမများပင်ဖြစ်ကြသည်ကို ကွက်ကွင်းစွာမီးမှောင်းထိုးပြနေလေ၏။ တစ်ဦးအပေါ်တစ်ဦးအပြန်အလှန် နားလည်ခွင့်လွှတ်ခြင်း၊ဖေးမကူညီခြင်း၊စာနာနားလည်ပေးခြင်း၊အတိဒုက္ခများကိုကူညီဖြေရှင်းပေးခြင်း၊ကောင်ရာညွန်ခြင်း၊မကောင်းမှုမြစ်တားခြင်း၊စတဲ့ကိစ္စရပ်များကိုအပြန်အလှန်လုပ်ဆောင်ပေးကြရမည်၊ သာသနာ့ညီအစ်ကိုများသည် မိဘမျိုးရိုးမှဆင်းသက်လာသည့် ညီအစ်ကိုများထက်ပင်ရင်းနှီးကြ၏ မိဘမျိုးရိုးမှဆင်းသက်လာကြသည့်ညီအစ်ကိုများသည် တစ်ဦးနှင့်တစ်ဦး ဂုဏ်တုဂုဏ်ပြိုင်များ နင့်ထက်ငါသာ မနာလိုဝန်တိုမှုအမုန်းတရားများပင်ရှိခဲ့ကြ၏ ။ သာသနာ့ညီအစ်ကိုများမှာမူ ဖေါ်ပြပါ အချက်များမရှိကြ၍တပြေးညီအခွင့်အရေးများရှိကြကာ အပြန်အလှန်မျှတမှုတို့ဖြင့်နားလည်မှုပို၍ရှိကြ၏။
لا يظلمه
မွတ်စ်လင်မ်ညီနောင်အချင်ချင်း တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် အသက်၊အိုးအိမ်၊စည်းစိမ်၊ဂုဏ်သိက္ခာ ရုပ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာများ စတဲ့အားလုံးအပေါ်မတရားသဖြင့်ငြင်းပန်းနှိပ်ဆက်ခြင်း၊သတ်ဖြတ်ခြင်း၊လွန်ကျူးခြင်း၊ဆဲဆိုခြင်း၊ရိုင်းပြခြင်း၊အပုတ်ချမကောင်းပြောခြင်း၊အတိဒုက္ခရောက်အောင်သွယ်ဝိုက်နည်းသော်လည်းကောင်း၊တိုက်ရိုက်နည်းသော်လည်းကောင်း ထိခိုက်နစ်နာစေခြင်းမပြုရ ။
ولا يسلمه
တစ်ဦးတစ်ယောက်မှ မိမိညီနောင်မွတ်စ်လင်မ်တစ်ဦးဦးအပေါ် အသက်၊အိုးအိမ်၊စည်းစိမ်၊ဂုဏ်သိက္ခာ ရုပ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာများ စတဲ့အားလုံးအပေါ်မတရားသဖြင့်ငြင်းပန်းနှိပ်ဆက်ခြင်း၊သတ်ဖြတ်ခြင်း၊လွန်ကျူးခြင်း၊ဆဲဆိုခြင်း၊ရိုင်းပြခြင်း၊အပုတ်ချမကောင်းပြောခြင်း၊အတိဒုက္ခရောက်အောင်သွယ်ဝိုက်နည်းသော်လည်းကောင်း၊တိုက်ရိုက်နည်းသော်လည်းကောင်း ထိခိုက်နစ်နာစေခြင်း
ပြုလုပ်လာပါက မိမိညီနောင်ဘက်မှအကာအကွယ်ပေးရမည်။ မိမိဘက်မှလည်းဖေါ်ပြပါထိခိုက်နစ်နာမှုမျိုးမိမိညီနောင်အားမပြုလုပ်ရ။
والله في حاجة العبد ما كان العبد في حاجة أخيه"
အကြင်မည်သူမဆို (အရှင်မြတ်၏ကျေးကျွန်)မိမိညီနောင်မွတ်စ်လင်မ် တစ်ဦးဦး၏် ကျန်းမာရေး၊လူမှုရေး၊စီးပွားရေး၊ဘာသာရေး၊ဂုဏ်သိက္ခာ၊ဆင်းရဲအကြပ်အတည်း အတိဒုက္ခ စတဲ့လိုအပ်ချက်များကို ထိန်းသိမ်း၊အကာအကွယ်ပေး၊ကူညီပံ့ပိုး၊ပြေလည်အောင်ဖြေရှင်းပေးပါက၎င်းသူအားလည်းအလ္လာဟ်အရှင်မြတ်ဘက်တော်မှပြန်လည် အထက်ပါမိမိလုပ်ဆောင်ပေးခဲ့သည့်အတိုင်းလျော့နည်းမှုမရှိကူညီပံ့ပိုးပေးမည်။
(အချားသောဟဒီးသ်များတွင် လောကီလောကုတ်နှစ်ဌာနစလုံးတွင်အလ္လာဟ်အရှင်မြတ်ဘက်မှပြန်လည်တုန့်ပြန်ပေးမည်။ အဗူဟူရိုင်ရာဟ်(ရသွီ)သခင်ကြီးဆင့်ဆိုခဲ့သည့် အဒီးသ်တော် ဟဒီးသ်ကျမ်းအသီးသီးတို့တွင်ဖေါ်ပြထားပေသည်)
ومن فرج عن مسلم كربة من كرب الدنيا؛ فرج الله عنه كربة من كرب يوم القيامة
အကြင်မည်သူမဆို မိမိညီနောင်မွတ်စ်လင်မ်တစ်ဦးဦးအား လောကီ၌ စိုးရိမ်ကြောက်လန့်မှု၊ဝမ်းနည်းပူဆွေသောကမှု၊ ဆင်းရဲအကြပ်အတည်း၊ အတိဒုက္ခ၊ စတဲ့အရာများအား လွယ်ကူချောမွေ့ပြေလည်ပပျောက်အောင်ကူညီပံ့ပိုးပေးသူအား အလ္လာဟ်အရှင်မြတ်ဘက်တော်မှ၎င်းသူအားလည်းကေယာမသ်နေ့တွင် ၎င်းသူကြုံတွေရမည့် စိုးရိမ်ကြောင့်လန့်ခြင်း၊ဝမ်းနည်းပူဆွေသောကအကြပ်အတည်း အတိဒုက္ခ စတဲ့အရာများအား ပြေလည်အောင် ပံ့ပိုးကူညီပေးမည်။
(အချားသောဟဒီးသ်များတွင် လောကီလောကုတ်နှစ်ဌာနစလုံးတွင်အလ္လာဟ်အရှင်မြတ်ဘက်မှပြန်လည်တုန့်ပြန်ကူညီပံ့ပိုးပေးမည်။( အဗူဟူရိုင်ရာဟ်(ရသွီ)သခင်ကြီးဆင့်ဆိုခဲ့သည့် အဒီးသ်တော် ဟဒီးသ်ကျမ်းအသီးသီးတို့တွင်ဖေါ်ပြထားပေသည်)
ومن ستر مسلماً ستره الله يوم القيامة
အကြင်မည်သူမဆို မိမိညီနောင်မွတ်စ်လင်မ်တစ်ဦးဦး၏ ရုပ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာ အရှက်၊ဂုဏ်သိက္ခာ၊စတဲ့ကျဆင်းစေမည့် အရာများအား အကာအကွယ်ပေး၊ဖုံးအုပ်ပေးပါက အကြင်သူအားလည်းအလ္လာဟ်အရှင်မြတ်ဘက်တော်မှ ၎င်းသူ၏ အရှက်၊ဂုဏ်သိက္ခာအား ကေယာမသ်နေ့တွင်ပြန်လည် အကာအကွယ်ပေး၊ဖုံးအုပ်ပေးမည်။ (အချားသောဟဒီးသ်များတွင် လောကီလောကုတ်နှစ်ဌာနစလုံးတွင်အလ္လာဟ်အရှင်မြတ်ဘက်မှပြန်လည်တုန့်ပြန်ပေးမည်။ အဗူဟူရိုင်ရာဟ်(ရသွီ)သခင်ကြီးဆင့်ဆိုခဲ့သည့် အဒီးသ်တော် ဟဒီးသ်ကျမ်းအသီးသီးတို့တွင်ဖေါ်ပြထားပေသည်)
ကိုးကားကျမ်းများ။ ။
ဗုခါရီ ၊မွတ်စ်လင်မ်၊မုစ်နဟ်အဟ်မဒ်၊ စူနန်အဗီဒါဝူဒ်၊ သေရ်မေဇီ၊ နဆာအီ၊ အိဗ်နုမားဂျဟ်၊ ဆွဟီးဟိုင်း အလ်ဟားကင်မ်၊ အိဗ်နုဟိဗ်ဗားန်၊ ရေယားဒွဆ်ွဆွားလေဟီးန်။
အဗူဟူရိုင်ရဟ်(ရသွီ)သခင်ကြီး၏ဆင့်ဆိုခဲ့သောဟဒီးသ်တော်အားအောင်တွင်တင်ပြပေးထားပါတယ်။
وفي الصحيحين، وجامع الترمذي من حديث عبد الله بن عمر رضي الله عنهما – أن رسول الله صلى الله عليه وسلم قال: ((المسلم أخو المسلم، لا يظلمه, ولا يسلمه, ومن كان في حاجة أخيه كان الله في حاجته، ومن فرج عن مسلم كربة فرج الله عنه بها كربة من كرب يوم القيامة، ومن ستر مسلماً، ستره الله يوم القيامة)) .
قال الترمذي: هذا حديث حسن صحيح غريب من حديث ابن عمر.
وفي (صحيح مسلم) و(مسند أحمد)، و(سنن أبي داود) و(الترمذي) و(النسائي)، و(ابن ماجه)، و(صحيحي الحاكم وابن حبان)
وفي (صحيح مسلم) و(مسند أحمد)، و(سنن أبي داود) و(الترمذي) و(النسائي)، و(ابن ماجه)، و(صحيحي الحاكم وابن حبان) من حديث أبي هريرة مرفوعاً، ((من نفس عن مؤمن كربة من كرب الدنيا نفس الله عنه كربة من كرب يوم القيامة. ومن يسر على معسر يسر الله عليه في الدنيا والآخرة. ومن ستر مسلماً ستره الله في الدنيا والآخرة، والله في عون العبد ما كان العبد في عون أخيه))

မွတ်စ်လင်မ်ညီနောင်များတစ်ဦးအပေါ်တစ်ဦးမဖြစ်မနေပေးဆပ်ရမည့် အစ္စလာမ်ဓမ္မငြိမ်းချမ်းရေးသာသနာတော်မှ ပြဠာန်းချက်
عن أبي هريرة رضي الله عنه أن رسول الله صبى الله عليه وسلم قال : ( حق المسلم على المسلم خمس رد السلام و عيادة المريض و اتباع الجنائز و إجابة الدعوة و تشميت العاطس ) متفق عليه .
အဘူဟူရိုင်ရဟ်(ရသွီ)သခင်ကြီးမှဆင့်ဆိုခဲ့သည် မုချ တမန်တော်မြတ်ကြီး(ဆွ)မှမိန့်တော်မူခဲ့သည်မှာ မွတ်စ်လင်မ်တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ပေးအပ်ရမည့်အခွင့်အရေး(ဝတ္တရား)ငါးပါးရှိ၏ ၎င်းတို့မှာ (၁)တစ်ဦးဦးကစလာမ်မေတ္တာပို့သလျှင်ပြန်လည်တုန့်ပြန်ဖြေကြားရမည်။(၂)တစ်ဦးဦးကနာမကျန်းဖြစ်သည့်အခါသွားရောက်မေးမြန်းရမည်။(၃)တစ်ဦးဦးကကွယ်လွန်သွားလျှင် ဂျနာဇဟ်သွားရောက်လိုက်ပါပို့ဆောင်ပေးရမည် ။(၄) တစ်ဦးဦး၏ (ဒအ်ဝဟ်)ဖိတ်ကြားချက်ကို လက်ခံပေးရမည်။ (၅) တစ်ဦးဦးကနှာချေ၍ (အလ်ဟမ်းဒူလိလ္လာဟ်)ဆိုသံကြားလျှင် (ယရ်ဟမူကလ္လာဟ်)ပြန်လည် ဆိုပေးရမည်။ ဗုခါရီမွတ်စ်လင်မ်ကျမ်း (ကိုနေစိုး

No comments:

Post a Comment

Note: only a member of this blog may post a comment.