Pages

Pages - Menu

မှန်မှန်ကန်ကန်


မှန်မှန်ကန်ကန်
ရိုးသားဖြောင့်မတ်သော မွတ်စလင်ဆိုင်ရှင်က မိမိ ၀န်ထမ်းအား အသေအချာ မှာတမ်းနေလေသည်။ ရောင်းကုန် ပစ္စည်းအား အနာ အဆာ ရှိမရှိ စစ်ဆေးပါ။ အနာ အဆာတွေ့ပါက ၀ယ်သူလာသော အခါ အနာအဆာကို အရှိအတိုင်း ပြပြီး မှ မှန်မှန်ကန်ကန်ဈေးရောင်းပါ။ ဆိုင်ရှင် မရှိသော တစ်ရက်တွင် ဂျူးလူမျိုး ဈေးဝယ်သူ ရောက်ရှိလာပြီး အနာအဆာ ရှိသော အထည် ကို ၀ယ်ယူသွားလေသည်။ (အလုပ်သမား လည်း ဈေးဝယ်သူမှာ ဂျူးလူမျိုးပဲ ဆိုပြီး အနာအဆာကို ထုတ်ပြောမနေတော့ဘဲ မသိလိုက် မသိဖာသာ ရောင်းပေးလိုက်သည်။)
ဆိုင်ရှင်ရောက်လာသောအခါ ရောင်းလိုက်သော အထည်စ ကို မေးပါလေတော့သည်။ထိုအခါ အလုပ်သမားက (ဂျူးလူမျိုး တစ်ဦး ကို ဒရ်ဟမ်သုံးထောင်ဖြင့် အနာအဆာ ဖုံးကာ ရောင်းချ မိကြောင်း ၀န်ခံလေသည်။ )ဂျူး လူမျိုးမှာလည်း အထည်စ ၀ယ်ပြီး သည်နှင့် ခရီးသွား ကုန်သည်အုပ်စု တို့ဖြင့် ဆက်လက်ထွက်ခွါသွားခဲ့ပြီး ဖြစ်လေသည်။ ဆိုင်ရှင် သည် ထိုကုန်သည် အုပ်စု ကိုမှီရန် သုံးရက် ခရီးအပြင်းနှင်ခဲ့ရသည်။ ထို့နောက် ဈေးဝယ်သူ ဂျူးလူမျိုးကို တွေ့လေသော် ( အသင် ၀ယ်ယူခဲ့သော အထည်စ သည် ဤသို့ ဤဖုံ အနာအဆာ တို့ ရှိခဲ့သည်။ သို့ဖြစ်၍ အသင်၏ ဒရ်ဟမ် သုံးထောင်ကို အသင်ပြန်ယူပါ။ အထည်စ ကို ထားခဲ့ပေးပါ။ )ထိုအခါ ဂျူလူမျိုးက ပြန်မေးလေသည် (အဘယ်သို့သော အကြောင်းကြောင့် အသင်သည် ယခုကဲ့သို ခရီးအပြင်းနှင်လာကာ အပင်ပန်းခံရသနည်း? )
ထိုအခါ ဆိုင်ရှင်က (မြတ်တမန်တော် ဤသို့မိန့်ခဲ့သည် وقول رسول الله صلى الله عليه وسلم :
" من غشنا فليس منا "
ရောင်းရေး ၀ယ်တာ ကိစ္စဟူသရွေ့တို့တွင် အမှန်ကိုထိန်ချန်ပြီး အနာအဆာဖြင့် လူခပ်သိမ်းတို့အား

စဉ်းလဲသူတို့သည် ငြိမ်းချမ်းသော အစ္စလာမ် ဘာသာဝင်တို့ မှမဟုတ်ချေ။)
((ထိုအခါ ဂျူးလူမျိုးက ကျွန်ုပ် ပေးခဲ့သော ပိုက်ဆံသည် လည်း အတုပင်ဖြစ်သည်။))

قوله تعالى

: { وَيْلٌ لِلْمُطَفِّفِينْ . الّذِينَ إِذَا اكْتَالُوا عَلَى النَّاسِ يَسْتَوْفُون . وَإِذَا كَالُوهُمْ أَو وَّزَنُوهُمْ يُخْسِرُونَ } [المطففين:1-3].

ကျမ်းတော်မြတ်ကုရ်အာန်( အလေး ၊တင်းတောင်း ၊ ခွက် စသည်တို့ကို စဉ်းလဲသူအပေါင်း ပျက်ဆီး ကြရပေမည်။ အကြင်သူတို့သည် သူတပါးထံမှ ခြင်တွယ်၍ ယူကြသော အခါ အပြည့်(ခြင်၍) ရယူကြလေသည်။ သို့ရာတွင် ၄င်းတို့သည် သူတပါးတို့အား ခြင်တွယ်၍ သော် လည်းကောင်း ၊ သူတပါး တို့အား ချိန်တွယ်၍ သော်လည်းကောင်း ပေးကြသော အခါ လျှော့၍ ပေးကြလေသည်။ )ထိုသို့သော စဉ်းလဲသူများသည် ပျက်ဆီးကြရမည်သာ။

:" قيل : أن كهمسا سقط منه دينار ، ففتش ، فلقيه ، فلم يأخذه ، وقال : لعله غيره
(((ကဟ်မာစ် ထံမှ ဒီနာရ်တပြား ကျသွား သဖြင့် လိုက်ရှာလေရာ တွေ့လေသည်။ သို့သော်လည်း သူသည် ပြန်ကောက်မယူဘဲ မွတ်စလင်ပီပီ ဤသို့ဆိုခဲ့လေသည်။ ဒါ သူတပါး ပစ္စည်းဖြစ်နိုင်သည်။)
မှတ်ချက်။ ။သူငယ်ချင်းကိုဒိုး၏ရေးသားတင်ပြချက်ကိုညီနောင်များအားမျှဝေခြင်းသာ(ကိုနေစိုး)

No comments:

Post a Comment

Note: only a member of this blog may post a comment.