Pages

Pages - Menu

တိုင်တိုင်ပင်ပင်


တိုင်တိုင်ပင်ပင်
ကြင်ကြင်နာနာဖြင့် တစ်ယောက်လက်ကို တစ်ယောက်တွဲ အပြန်အလှန် ဖေးမရင်းဖြင့် ဘ၀ခရီးကို အတူတကွ လျှောက်လှမ်းခဲ့ကြသည် မှာ ယခု လင်မယားနှစ်ယောက် စလုံးပင် အသက်ခြောက်ဆယ်ပြည့်ခဲ့လေပြီ။ လက်တွဲခဲ့သည် ဘ၀ခရီး တလျှောက်လုံး တွင် စိတ်ငြိုငြင်စရာ နှမ်းစေ့ခန့်မျှပင် ဇနီးသည် ဖြစ်သူ ထံမှ မရခဲ့ဖူးပါ။ တစ်ဦးမသိအောင် တစ်ဦး ဖုံးကွယ်ထားခဲ့သည် လည်းမရှိခဲ့ပါ။ သို့သော်လည်း ချစ်ရသူ ဇနီးသည် ထံမှာတော့ သေတ္တာတစ်လုံးရှိလေသည်။ နံရံကပ်စင်ပေါ်၌ ပဲတင်ထားသည်။ အထဲ၌ ဘာရှိလဲ သိချင်သော်လည်း မဖွင့်စေချင်သောဇနီးသည် ရဲ့ဆန္ဒကို မလွန်ဆန်ခဲ့ပါ။ ဇနီးသည် အပေါ် မြတ်နိုးလွန်း၍ ပဲဖြစ်သည်။
ယနေ့ ဆရာဝန် ၏ စကားသံကို ပြန်ကြားယောင်နေမိသည် (ခင်ဗျား ဇနီး ရောဂါကျွမ်းနေပြီး။ နေရမဲ့အချိန် အရမ်းနည်း သွားပြီး။) အရမ်းပင် ၀မ်းနည်းမိသည်။ တချိန်က ပျော်ရွှင်ခဲ့ရသော အမှတ်တရ ပစ္စည်းတွေ ကို လိုက်ကောက်စု ပြီး အိတ်တစ်လုံးထဲ ထည့်သိမ်းနေမိသည်။ ဒီအမှတ်တရတွေ ထာဝရရှင်သန်နေဖို့ တန်ဘိုးထား သိမ်းဆည်းနေခြင်းသာ။ ရုတ်တရက် နံရံကပ်စင်ပေါ်မှ သေတ္တာကို သတိပြုမိသွားသည်။ သေတ္တာကို ယူပြီး ဇနီးသည် လှဲလျောင်းနေသော ခုတင် ဆီသို့လျှောက်သွားသည်။ ဒီတကြိမ်တော့ ချစ်ရသူ ဇနီးသည် က နူးညံ့သော အပြုံးလေးဖြင့် သေတ္တာကို ဖွင့်ကြည့်လို့ ရပါပြီး ဟု ဆိုလေသည်။
သေတ္တာထဲ၌ ဇာပန်းထိုးထားသော အရုပ်လေးနှစ်ရုပ် ၊ဇာပန်းထိုးအပ်နှင့် ဒေါ်လာ နှစ်သောင်းခွဲ ကိုတွေ့ရလေသည်။ ဒါ ဘာတွေလဲ ဟု မေးမိသည်။ ထိုအခါ ဇနီးသည်က (ကျမ တို့အိမ်ထောင်ကျခါစ အချိန်က ကျမရဲ့အဖွါးက တခုဆုံးမခဲ့တယ်။(အိမ်ထောင်ရေး မပြိုကွဲပဲ တည်မြဲစေချင်ရင် အချက်နှစ်ချက် ကို သတိထားပါ။ လင်မယား အငြင်းပွါးတာရယ် ၊အသုံးစရိတ်ရယ်။ စိတ်ဆိုးဒေါသ ဖြစ်လာပြီးဆိုရင် ဒေါသကို မျိုသိပ်ပြီး အရုပ်တစ်ရုပ် ပြီးအောင်ပန်းထိုးပါ။) အရုပ်နှစ်ရုပ်ကို ကြည့်ပြီး အဖိုးအိုသည် မျက်ရည်တွဲခိုလာပါတော့သည်။ နှစ်ခြောယ်ဆယ်လုံးလုံး အရုပ်နှစ်ရုပ်တည်းပဲလား? နှစ်ခြောက်ဆယ်လုံးလုံး နှစ်ကြိမ်တည်းပဲ စိတ်ဆိုးခဲ့တာလား ဟု တွေးမိပြီး၊ အိပ်ယာပေါ်လှဲနေရသော ချစ်ရသူ ဇနီးအတွက် ၀မ်းနည်းရမည်မှန်သော်လည်း ၊အိမ်ထောင်သက်တမ်းတစ်လျှောက်လုံး ဇနီးသည် စိတ်တိုအောင် နှစ်ကြိမ်လေးပဲ လုပ်ခဲ့မိသည်ကို သိရသည့် အတွက် ရင်ထဲမှာ ပီတိဖြစ်ရသည်။ ဒါဆို ဒေါ်လာတွေကရော။ ထိုအခါ ဇနီးသည်က

(ကျမရဲ့ သွေးကိုရောင်းပြီး သိမ်းထားခဲ့တာပါ။)
عن أم سلمة قالت :قال رسول الله صلى الله عليه وسلم((أيما امرأة ماتت وزوجها عنها راض دخلت الجنة)) رواه مسلم

မြတ်တမန် ဤသို့မိန့်ခဲ့သည် ( မိမိခင်ပွန်းသည် အား စိတ်ကျေနပ်စေခဲ့ပြီး မုအ်မင် အဖြစ် ဆုံးပါးသွားခဲ့ပါက ထိုဇနီးသည် ၏ ဋ္ဌာနီ သည် သုခဘုံပင်။)
وعن أم المؤمنين عائشة -رضي الله تعالى عنها- قالت: قال رسول الله صلى الله عليه وسلم: خيركم خيركم لأهله
မြတ်တမန် ဤသို့မိန့်ခဲ့သည် (မိမိတို့ မိသားစု အပေါ် အကောင်းဆုံး ဖြစ်ကြသော မွတ်စလင်မ် တို့သည် ၊မွတ်စလင်မ်တို့ထဲ ၌ အမွန်မြတ်ဆုံးသောသူတို့ပင်။)
إذا نويت بذلك إسعاد أهلك وإكمال حاجياتهم قربة إلى الله فأنت مأجور
لأن النية تجعل العادة عبادة

لم يعرف عن رسول الله صلى الله عليه وسلم أبدأ أنه ضرب أو سب أو عنف أو قبح أحدى زوجاته أبدا بل كان دائما رفيقا بهم

ချစ်ဇနီးအပေါ် ကြင်နာယုယ စွာဖြင့် လိုအပ်ချက်များ ဖြည့်စွက်ပေး ကာ ပျော်ရွှင်မှုပေးခြင်းသည်လည်း အရှင်မြတ် အလိုတော်ရှိသည့်အတိုင်း စိတ်စေတနာ ဖြူစင်ခဲ့ပါက ခင်ပွန်းသည် တို့အတွက် ကောင်းမှုကုသိုလ်ပြုခြင်းပင်ဖြစ်သည်။
မြတ်တမန်တော်၏ ကြင်ယာတော် မိခင်မွန်များသည် အမျိုးသမီးထု တစ်ရပ်လုံး ၏ စံဖြစ်နေခဲ့သကဲ့သို့ မြတ်တမန်တော် သည်လည်း မိမိ၏ ကြင်ယာတော်တို့ အပေါ် ရိုက်နှက်ခြင်း ၊ဆဲဆိုခြင်း၊
နာကျင်စေခြင်း သက်တမ်းတစ်လျှောက် တကြိမ်တခါမှ မရှိခဲ့သလို၊ ဖေးမ ယုယကာ တိုင်တိုင်ပင်ပင် အဆွေခင်ပွန်း တဖြစ်လည်း မှတ်ကျောက်တင်ခဲ့ပေသည်။

မှတ်ချက်။ ။ သူငယ်ချင်းကိုဒို၏ရေးသားတင်ပြချက်များကိုညီနောင်များအားမျှဝေခြင်းသာ(ကိုနေစိုး)

No comments:

Post a Comment

Note: only a member of this blog may post a comment.