ထင်ထင်ရှားရှား မှန်သော တရား
ထင်ထင်ရှားရှား မှန်သော တရား
ကျမ်းမြတ်ကုရ်အာန်( وما خلقت الجن والإنس إلا ليعبدون
(ငါ အရှင်မြတ်တစ်ပါးတည်း ကိုသာ ခ၀ပ်ကိုးကွယ် ရန်အလို့ငှာ ဂျင်သတ္တ၀ါ နှင့်လူသတ္တ၀ါ တို့ကို ဖန်ဆင်းခဲ့ခြင်းဖြစ်ပေသည်။ )
وَخَلَقَ الجانَ مِن مَارِجٍ مِن نارً"
ကျမ်းမြတ်ကုရ်အာန် (ထို မှတပါး ထိုအရှင်မြတ်သည် ပင် ဂျင်န်သတ္တ၀ါတို့ကို ဂျင်သတ္တ၀ါတို့၏ ဖခင် “အစ်ဗ်လီစ်ကို” မီးခဲ မီးခိုးမရှိသော မီးတောက်ဖြင့် ဖန်ဆင်းတော်မူခဲ့၏ ။ )
"وَأنَهُ كان رِجالٌ مِنَ الإِنسِ يَعوذونَ بِرِجالً مِنَ الجِنِ فَزادوهمْ رَهَقاً"
ကျမ်းမြတ်ကုရ်အာန်( ထို့ပြင် အမှန်စင်စစ် လူသားအချို့တို့သည် ဂျင်န်အချို့တို့၏ ထံတွင် ပူဇော်ပသ ခိုလှုံလေ့ရှိခဲ့ကြပေရာ ထိုလူသားတို့သည် ထို ဂျင်န်များ၏ ပုန်ကန်မှုကို ပိုကဲစေခဲ့ကြကုန်၏ ။)
وعن عائشة - رضي الله عنها - عن رسول الله - صلى الله عليه وسلم - قال : خلقت الملائكة من نور
မြတ်တမန်တော် အမိန့်ရှိခဲ့သည်( အရှင်မြတ်သည် ကောင်းကင် တမန် တို့အား ရောင်ခြည်ဖြင့် ဖန်ဆင်းတော်မူခဲ့ သည်)
الجن:
أصل جامع لكل من الشيطان والعفريت والمارد والمسلم من الجان، فكلمة جن تعني كل هؤلاء لأن الجن ما سمى بذلك إلا لتخفيه وعدم ظهوره وكل هؤلاء ( العفريت والمارد والشيطان ) فصائل من صنف الشيطان.
ရှိုင်တွာန် မာရ်နတ် သရဲတစ္ဆေ စသည်ဖြင့် အမျိုးအစားတို့ကို ဂျင်န်သတ္တ၀ါ ဟုချုံပြီးခေါ်သည်။
အထက်ပါ အကြောင်းအရာများကို အရင်ဦးစွာရှင်းပြသည့် ရည်ရွယ်ချက်မှာ ဆက်လက်ပြီးဖေါ်ပြမည့် အကြောင်းအရာများ ကို မိတ်ဆွေတို့ သေသေချာချာ သဘောပေါက်စေဖို့ ရည်ရွယ်ခြင်း ဖြစ်သည်။
عن أبي هريرة رضي الله عنه أن النبي صلى الله عليه وسلم قال : "إذا
سمعتم صياح الديكة فاسألوا الله من فضله ، فإنها رأت ملكًا ، وإذا سمعتم
نهاق الحمير فتعوذوا بالله من الشيطان ، فإنها رأت شيطانًا
မြတ်တမန်တော် အမိန့်ရှိခဲ့သည် ( အသင်တို့ ကြက်တွန်သံ ကြားရသောအခါ တစ်ပါးတည်းသော ဖန်ဆင်းရှင် အား တသသတိရ ချီးမွမ်းထောမနာပြုကြပါ။ အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းကင်တမန်ကို မြင်ရလေသည်။ အသင်တို့ မြည်းအော်သံကို ကြားရသောအခါ ရှိုင်တွာန် မကောင်းဆိုးဝါး မာရ်နတ် ၏ အနှောက်အယှက်မှ ကင်းဝေးရန် အရှင့်ထံပါး၌ ခိုလှုံကြပါ။ အဘယ်ကြောင့်ဆိုသော် မြည်း သည် မကောင်းဆိုးဝါး ရှိုင်တွာန်မာရ်နတ်ကို မြင်ရလေသည် ။ )
လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ က တမန်တော် အမိန့်ရှိခဲ့သော တရားကို သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိလက်ခံလာကြ ပြန် လေပြီး ။ လူသား ၏ အမြင်စွမ်းအား သည် အတိုင်းအတာ တစ်ခုသာဖြစ်သည် ။ လူသား ၏ အမြင်စွမ်းအား သည် မြည်း မြင်ရသော အရာ နှင့် ကြက်မြင်ရသော အရာကို မမြင်ရပေ။ လူသားသည် အနီအောက်ရောင်ခြည်ကို မမြင်ရသကဲ့သို့ ခရမ်းလွန်ရောင်ခြည် ကိုလည်းမမြင်ရပေ။
မြည်းသည် အနီအောက်ရောင်ခြည် (IR) ကိုမြင်ရသည် ။ ထို့ကြောင့် မီးဖြင့်ဖန်ဆင်းခံရသော ရှိုင်တွာန် မကောင်းဆိုးဝါးကို မြင်ရသည် ။
ကြက်သည် ခရမ်းလွန်ရောင်ခြည် (uv) ကိုမြင်ရသည် ။ ထို့ကြောင့် ရောင်ခြည်ဖြင့် ဖန်ဆင်းထားသော ကောင်းကင်တမန်ကို မြင်ရသည် ။
ကောင်းကင်တမန်များရောက်ရှိလာ သောအခါ မကောင်းဆိုးဝါး ရှိုင်တွာန် မာရ်နတ် တို့သည် ထွက်ပြေးကြသည် ။ အဘယ်ကြောင့်နည်း ။ ကောင်းကင်တမန်တို့၏ ရောင်ခြည်ကို မခံနိုင်သဖြင့် ရှိုင်တွာန်မာရ်နတ် တို့ထွက်ပြေးကြသည် ။ ဥပမာ ( ခရမ်းလွန်ရောင် ခြည်နှင့် အနီအောက် ရောင်ခြည် ထိပ်တိုက်ဆုံလာပါက အနီအောက်ရောင်ခြည်သာ ပျက်ပျယ်ကုန်သည်။ )
(တမန်တော်ယူဆောင် လာသော မှန်ကန်သော တရားဓမ္မကို ကျင့်ကြံအားထုတ်ခြင်း ဖြင့် မသေခင်ပြင်ဆင်ကြပါစို့)
မှတ်ချက်။ ။ သူငယ်ချင်း ကိုဒိုး၏ ရေးသားတင်ပြချက်ကို ညီနောင်များအားမျှဝေခြင်းသာ။ (ကိုနေစိုး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: only a member of this blog may post a comment.