“ အားလုံးအတွက် ကုရ်အာန် ” - ၁၁
***************************
ကိုယ်ကျင့်တရားအခြေခံ အလ္လာဟ့်မုခ်ပါဌ်တော်များအား ဟောပြောပို့ချရုန်းကန်အားထုတ်ကြကုန်သော အတိတ်ကာလတမန်တော်များ၏ဖြစ်စဉ်ကို ကုရ်အာန်က ဆက်လက်ဖွင့်ပြထား၏။ သူတို့မှာ သစ္စာတရား ၏ဆန့်ကျင်ဖက်များကိုသာ ခေတ်တိုင်းတွင် ကြုံဆုံခဲ့ကြရကြောင်း တွေ့ရပေသည်။
တမန်တော် နူးဟ် (အလိုင်)၏ အဖြစ်အပျက်
------------------------------------------
တမန်တော် နူးဟ်သည် မိမိ၏တမန်တော်တာဝန်အကြောင်းကို သူ့အမျိုးသားထုအပေါ် သတိပေးခဲ့၏။ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ
ခဝပ်ကိုးကွယ်ရန် ဟောပြောခဲ့၏။ သစ္စာတရားပယ်သူတို့က တမန်တော်နူးဟ်ကို
မုသာဝါဒီ (လူလိမ်လူညာ)အဖြစ် သရော်ခဲ့ကြ၏။ တမန်တော်နူးဟ်က မိမိသည် ဧကန်ပင်
သစ္စာတရားအတွက်သာ ရောက်လာခြင်းဖြစ်သည်၊ မည်သည့်ရုပ်ဝတ္ထု(အကျိုးအမြတ်)အတွက်မဟုတ်၊
သူတို့အား သွေဖယ်ငြင်းဆန်ခြင်းအဖြစ်မှ ကယ်တင်လို၍သာဖြစ်ကြောင်း
ပြောပြခဲ့သည် (၁၁း ၂၅ - ၃၅)။ ထို့နောက် မဟာရေလွှမ်းမိုးမှုဘေးမှလွတ်ကင်းရေးအတွက်
ဧရာမလှေကြီးတစ်စင်း တည်ဆောက်ရန် တမန်တော်နူးဟ်ထံ အမိန့်ရောက်လာခဲ့၏။
သူ့သတိပေးချက်ကို လူအများစုမှ ပယ်ချသည်သာမက သူ၏သားအရင်းပင်လျှင်
လက်မခံခဲ့ချေ။ အလ္လာဟ်အရှင်မြတ်၏မိနု့်ကြားချက် အမှန်ဖြစ်သည်တွင် တမန်တော်စကားကို လက်သင့်ခံထားခဲ့သူတို့မှအပ သူ၏အမျိုးသားထုအပေါင်း ပျက်သုဉ်းခဲ့ကြရပေသည် (၁၁း ၃၆ - ၄၈ )။
နိမ့်ကျသည့်ကိုယ်ကျင့်တရားရှင်တို့သည် ဆိုးဝါးသောနိဂုံးကိုသာ ကြုံဆုံကြရကြောင်း ဤစူရဟ်၌ ဤသို့စတင်ဖော်ပြထား၏။
ဤအဖြစ်အပျက်များသည်ကား အကွယ်တရားမှသတင်းများအနက်မှသာ ဖြစ်၏။ သို့ဖြစ်ရာ
အသင်သည် သည်းခံကြံ့ခိုင်စွာရှိလော့။ အကြောင်းမှာ ဧကန်မလွဲ မုသ်သကီ
(အကြောက်တရားရှိသူ)များသာလျှင် အဆုံးသတ်ကောင်းမည်ဖြစ်သည်။ ကုရ်အာန်
(၁၁း ၄၉)
တမန်တော် ဟူးဒ် နှင့် သူ့အမျိုးသားထု
-------------------------------------
တမန်တော် ဟူးဒ်သည် မိမိ၏သား နှင့်အမျိုးသားထုဖြစ်သော အာ့ဒ်
မျိုးနွယ်ထံသို့ တမန်တော်အဖြစ် စေလွှတ်ခံရ၏။ သူ့အလျင်က
တမန်တော်နူးဟ်အတိုင်းပင် သူသည် မည်သည့်ရုပ်ဝတ္ထု(ပိုင်ဆိုင်ရယူလ
ိုမှု)ကိုမျှ
မမျှော်ကိုးဘဲ သူ့အမျိုးသားထုအား ပြစ်မှုဒုစရိုက်မှကျောခိုင်း၍
အလ္လာဟ်အရှင်မြတ်ထံ နောင်တသံဝေဂဖြင့် ပြန်လှည့်ရန်
တိုက်တွန်းနေခြင်းသာဖြစ်ကြောင်း
သိစေခဲ့၏။ သို့ရာတွင် အာ့ဒ်အမျိုးသားတို့သည် သူ၏ဗျာဒိတ်သတင်း အကြောင်းကိုပယ်ချပြီး (စိတ်ကူးတည့်ရာ)ရုပ်ပွါးဆင်းတုက
ိုးကွယ်ခြင်းကိုသာ ရွေးချယ်ခဲ့ကြကုန်၏။ တမန်တော်ဟူးဒ်ကိုလည်း အပြုစားခံလိုက်ရလေပြီဟု ပြောဆိုခဲ့ကြသည် ( ၁၁း ၅ဝ - ၅၄ )။
တမန်တော်ဟူးဒ်က မိမိသည် တစ်ဆူရှင်ဝါဒဖက်သို့ဖိတ်ခေါ်ခြင်
းသာဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ်ကို လွှဲအပ်နာခံကြောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာ အကြွင်းမဲ့သိရှိတော်မူသောအရှင်ြ
ဖစ်ကြောင်း
ဖြေကြားခဲ့သည်။ ဆက်လက်၍ ယင်းဒုစရိုက်မှုအတွင်း ဆက်လက်
ခေါင်းမာစွဲမြဲနေပါလျှင် အရှင်မြတ်က ပြစ်ဒဏ်ချမှတ်မည့်အကြောင်း
သတိပေးခဲ့သည်။ နောက်ဆုံးသော်ကား တမန်တော်ဟူးဒ် နှင့်
သူ့နောက်လိုက်များကိုသာချန်၍ ဒုစရိုက်သား အာ့ဒ်အမျိုးသားအားလုံးပျက်စီးရန
် အလ္လာဟ်အရှင်မြတ်က အမိန့်တော်ချမှတ်ခဲ့လေသည် ( ၁၁း ၅၅ - ၆ဝ )။
တမန်တော် ဆွာလိဟ် နှင့် ဆမူးဒ်အမျိုးသားများ
------------------------------
---------------------
တမန်တော် ဆွာလိဟ် (အလိုင်)သည် မိမိရှေ့က တမန်တော်နူးဟ် နှင့် တမန်တော်ဟူးဒ်အတိုင်း အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ
ကိုးကွယ်ရန်၊ အရှင်မြတ်ထံ သံဝေဂတရားဖြင့်ပြန်လှည့်ကြရေး သတင်းသဝဏ်အတွက်
စေလွှတ်ခံရသောတမန်တော်ဖြစ်၏။ သူ့အမျိုးသား ဆမူးဒ် လူမျိုးနွယ်တို့သည်လည်း
၎င်းတို့အလျင်က လူမျိုးနွယ်များကဲ့သို့ပင် တမန်တော်ဆွာလိဟ်အား လူလိမ်ဟု
စွပ်စွဲကာ အထောက်အထားပြသရန် တောင်းဆိုခဲ့ကြကုန်၏။ ထိုအခါ အလ္လာဟ်အရှင်မြတ်က
ပြိုင်စံမဲ့လှပစွာသည့် ကုလားအုတ်မ တစ်ကောင်ကို ထင်ရှားစေခြင်းဖြင့်
သာဓကတစ်ရပ် ပို့ပေးတော်မူခဲ့သည်။ တမန်တော်ဆွာလိဟ်က ထိုကုလားအုတ်မကို
ထိခိုက်မှုမဖြစ်စေဘဲ ဘေးမဲ့လွှတ်ထားရန် မှာကြားခဲ့၏။ သို့သော် ၄င်းတို့က
သစ္စာကိုပယ်ကာ အရှင်မြတ်၏ထင်ရှားလှစွာသော သာဓက (ကုလားအုတ်မ)အား
သတ်ဖြတ်လိုက်ကြကုန်၏ ( ၁၁း ၆၁ - ၆၄ )။
သစ္စာတရားအပေါ် ဆက်လက်ဖီဆန်နေပါက ဖျက်ဆီးခံမည့်နေ့တစ်ေ့ ဆိုက်ရောက်လာတော့မည်ဖြစ်ကြောင်း
တမန်တော်ဆွာလိဟ်မှ သတိပေးလေ၏။ နောက်ဆုံးတွင် ၄င်းဆမူးဒ်အမျိုးသားတို့မှာ
ပြင်းထန်သော ပေါက်ကွဲသံကြောင့် ပျက်စီးခဲ့ကြကုန်လေသည် ( ၁၁း ၆၅ - ၆၈ )။
တမန်တော် အိဗ်ရာဟီမ်၏ ခန္တီပါရမီ နှင့် တမန်တော် လူးသွ် အကြောင်း
------------------------------
------------------------------
----
၎င်းနောက် ဤစူရဟ်သည် စိတ်ရှည်သည်းခံကြံ့ခိုင်ရမည့် ကိုယ်ကျင့်တရားဖက်သို့ ဦးတည်လေ၏။ တမန်တော်အိဗ်ရာဟီမ်နှင့်ဇနီးတို
့သည် နှစ်ပေါင်းများစွာ အလ္လာဟ်အရှင်မြတ်ထံ လွှဲအပ်ပြီးနောက် သားတစ်ဦး ထွန်းကားမည့်အကြောင်း ကောင်းသတင်းရလေ၏ ( ၁၁း ၆၉ - ၇၃ )။
တမန်တော်အိဘ်ရာဟီမ်သည် မိမိထံ ကောင်းသတင်းသယ်ဆောင်လာသော
ကောင်းကင်တမန်တို့အား တမန်တော်လူးသ်ွကို အကူအညီပေးရန် မေတ္တာရပ်ခံခဲ့၏။
လူးသွ်၏အမျိုးသားတို့မှာ လိင်တူချင်းအပေါ် အာသာငမ်းငမ်း
စိတ်ဝင်စားနေကြသူများ ဖြစ်၏။ ကောင်းကင်တမန်များက တမန်တော်လူးသ်ွအား
သူ့အမျိုးသားတို့မှာ မတော်မလျော်ကိစ္စများမှ နောက်ပြန်လှည့်ကြမည်မဟုတ်သဖြင့်
ဖျက်ဆီးချေမှုန်းခံရမည့်အကြောင်း
၊ မိသားစုကို ခေါ်ယူတိမ်းရှောင်ရန်အကြောင်းကို
ပြောပြခဲ့ကြ၏။ ယင်းဖိတ်ခေါ်မှုကို အရေးမစိုက်သော သူ၏ဇနီးမှာလည်း ယင်းမြို့သူမြို့သားတို့နှင့်အတ
ူ ဖျက်ဆီးချေမှုန်းခြင်းခံခဲ့ရလေ၏ ( ၁၁း ၇၄ - ၈၃ )။
တမန်တော် ယှုအိုင်းဗ် နှင့် မဒ်ယာန်အမျိုးသားများ
------------------------------
----------------
တမန်တော် ယှုအိုင်းဗ်သည်လည်း သူ့အမျိုးသားထု မဒ်ယာန်တို့ထံ စေလွှတ်ခံရသည့်
တမန်တော် တစ်ပါးဖြစ်သည်။ လွန်လေပြီးသော တမန်တော်များအတိုင်းပင်
အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ
ခဝပ်ကိုးကွယ်ကြရန် နှင့် ကောင်းမြတ်မှန်ကန်သည့်စီးပွားရေ
းကိုသာ
ပြုကျင့်ရန်နှိုးဆော်ခဲ့၏။ သူ၏အမျိုးသားများအဖို့
စည်းမစောင့်သည့်ကိစ္စများမှာ အထူးအဆန်းမဟုတ်ခဲ့ချေ။
အတိတ်ကာလလူမျိုးစုအတိုင်းပင် ၄င်းတို့သည် တမန်တော်ယှုအိုင်းဗ်၏
တစ်ဆူရှင်ဝါဒဖက်ဖိတ်ခေါ်မှု နှင့် လောကီရေး၌အလွန်အကျွံနစ်မွန်းခြင
်း (ရုပ်ဝါဒတရား)မှ ရုန်းထွက်ရန်ဖိတ်ခေါ်မှုအပေါ် လှောင်ပြောင်သရော်ခဲ့ကြကုန်၏ ( ၁၁း ၈၄ -၈၈ )။
သူ့အမျိုးသားတို့သည် ကြွယ်ဝချမ်းသာ၍ တစ်ဖက်စောင်းနင်းစီးပွါးရေးအတွင
်းမှ
သြဇာကြီးခြင်းအခြေအနေအပေါ် သာယာနေခဲ့ကြ၏။ သို့ဖြစ်၍ တမန်တော်ယှုအိုင်းဗ်က
ထိုအခြေအနေနှင့်ကွဲလွဲနေသည့် မိမိ၏ဗျာဒိတ်သတင်းအား မပယ်လှန်ကြရန် နှင့်
အတိတ်ခေတ်လူမျိုးနွယ်များကဲ့သို
့ ကြမ္မာဆိုးကြုံရမည့်အကြောင်း သတိပေးခဲ့သည်။ အလ္လာဟ်အရှင်မြတ်ထံပြန်လှည့်ကြရန
်ဟောကြားရာ
ယင်းရုပ်ဝါဒီတို့က တမန်တော်ယှုအိုင်းဗ်ကို လူနေမှုအဆင့်အတန်းနိမ့်ကျသော
ပစ္စည်းမဲ့လူသားအဖြစ် လှောင်ပြောင်ခဲ့ကြလေသည် ( ၁၁း ၈၉ - ၉၃ )။
နောက်ဆုံးတွင်ကား ယုံကြည်ချက်အားငြင်းဆန်မှု နှင့် လောကီရေးတွင် အလွန်အကျွံငြိတွယ်မှုတို့ကြောင့်
မဒ်ယာန်အမျိုးသားတို့မှာလည်း ဖျက်ဆီးချေမှုန်းခြင်းခံခဲ့ရလေသည
်။ တမန်တော်ယှုအိုင်းဗ် နှင့် သူ့နောက်လိုက်များသာ လွတ်မြောက်ခဲ့ပါသည် ( ၁၁း ၉၄ - ၉၅ )။
တမန်တော် မူစာ နှင့် အဓမ္မဝါဒီ ဖိရ်အောင်န်ဘုရင်တို့၏ ထိပ်တိုက်ရင်ဆိုင်မှု
------------------------------
------------------------------
-
တမန်တော် မူစာမှ အဓမ္မမင်းဆိုးမင်းညစ် ဖိရ်အောင်န် နှင့်
သူ၏အင်အားစုများကို ဆန့်ကျင်တော်လှန်သည့်အကြောင်း ဤစူရဟ်၌ အကျဉ်းသဘောမျှသာ
ဖော်ပြ၏။ တမန်တော်မူစာသည် ထင်ရှားသော သက်သေလက္ခဏာနှင့်တစ်ကွရောက်လာသော
်လည်း ဖိရ်အောင်န်နှင့် သူ၏ဆရာသခင်အကြီးအကဲများမှာ မှားသောလမ်းစဉ်ကိုသာ လိုက်ခဲ့ကြ၏။ ၄င်းတို့အလျင်ကရှိခဲ့ကြသူတို့အတ
ိုင်းပင်
ဖျက်ဆီးချေမှုန်းခံခဲ့ရလေသည်။ တရားစီရင်မည့်နေ့တော်ဝယ် ဖိရ်အောင်န်သည်
သူ့နောက်လိုက်အပေါင်းကို ငရဲမီးအတွင်းသို့ ဦးစီးဦးဆောင်ပြု၍
ခေါ်ဆောင်သွားမည်ဖြစ်လေသည် ( ၁၁း ၉၆ - ၉၉ )။
ကိုယ်ကျင့်တရားကောင်း ဖော်ဆောင်ရေးသို့ ဦးတည်
------------------------------
---------------------
သူရဲကောင်းပီသသော၊ ဖြူစင်သမာဓိရှိကြကုန်သော တမန်တော်များ၏ဖြစ်ရပ်မှန်
နှင့် အားထုတ်မှုများ ကို အကျဉ်းရုံးဖော်ပြပြီးနောက် ကုရ်အာန်သည်
ကိုယ်ကျင့်တရားကောင်းဖော်ဆောင်ေ
ရးဖက်သို့
ဦးတည်ညွှန်ပြ၏။ ဤဖြစ်ရပ်အပေါင်း၌ အမှန်သည် အမှားထက်သာလွန်သည်
ဟူသောအချက်ကိုသာမက သစ္စာတရားဘက်တော်သားအပေါင်းမှာ
မိစ္ဆာတရားဘက်တော်သားတို့၏ငြင်းပ
ယ်ခြင်း၊
ပြောင်လှောင်သရော်ရှုတ်ချခြင်း နှင့် ညှင်းပန်းနှိပ်စက်ခြင်း ကို
ခံစားခဲ့ရကြောင်း တွေ့မြင်ရပေမည်။ သို့ရာတွင် အဆုံးသတ်မှာကား
မိစ္ဆာတရားပြိုလဲပြီး သစ္စာတရား နှင့် ကြံ့ခိုင်မှုသည်သာ
အောင်နိုင်သွားခဲ့ပါသည်။
ဤတမန်တော်များ နှင့် ယင်းလူ့ယဉ်ကျေးမှုအုပ်စုများအပေါ်
ကုရ်အာန်က အောက်ပါအတိုင်း သမိုင်းကြောင်းကောက်ချက်ဆွဲပြခဲ
့ပါသည်။
စင်စစ်သော်ကား ငါအရှင်မြတ်သည် ၄င်းတို့အား နှိပ်စက်တော်မူခဲ့သည်မဟုတ်။
၎င်းတို့ကိုယ်တိုင်က (တရားလမ်းမှန်ကိုစွန့်၍) မိမိကိုယ်ကို
နှိပ်စက်ကလူပြုခဲ့ကြခြင်းတည်း။ အသင်၏ဖန်ဆင်းရှင်ထံတော်မှ
အမိန့်တော်ရောက်ရှိလာရာဝယ် အရှင်မြတ်ကိုစွန့်၍ ၄င်းတို့မှ
ခိုကိုးတောင်းခံကြကုန်သော ၄င်းတို့၏ကိုးကွယ်ရာများမှာ ၄င်းတို့အဖို့
မည်သည့်ကောင်းကျိုးမျှ မပြုနိုင်ခဲ့ကြပေ။ ထိုမှတစ်ပါး ယင်း
(မှားယွင်းသည့်)ကိုးကွယ်မှုတို့သ
ည် လုံးလုံးလျားလျားပျက်စီးစေခြင်း
မှအပ မည်သည့်အရာမျှ ထပ်မံ တိုပွားစေမည် မဟုတ်ချေတကား။ ကုရ်အာန် ( ၁၁း ၁ဝ၁ )
ဤသမိုင်းကောက်ကြောင်းသည် အလ္လာဟ့်သိစိတ်ရှိကြသူများအဖို့ သက်သေလက္ခဏာတော်တစ်ရပ်ဖြစ်ကြောင်
း၊ တရားမျှတမှုကင်းမဲ့သောလူ့အဖွဲ့အစ
ည်းမှန်သမျှ ၄င်းတို့၏ အစဉ်တစိုက်မောက်မာပလွှားမှုကြောင်
့
နောက်ဆုံးတွင် ယုတ်နိမ့်လျှောကျခဲ့ရကြောင်း၊ လောကီနှင့်တမလွန်မှ
ဆုလာဘ်များမှာ လမ်းမှန်တရားနောက် လိုက်သူများအတွက်သာဖြစ်ကြောင်း
ထောက်ပြလျက်ရှိပါသည် ( ၁၁း ၁ဝ၂ - ၁ဝ၉ )။
ဤကဏ္ဍ၏အဆုံးသတ်ချက်၌ မုအ်မင်န်တို့သည် (အမှန်တရားကို) မယုံကြည်သွေဖယ်ငြင်းဆန်မှု (ကုဖ်ရ်) နှင့် မာန်မာနကင်းစင်သောလမ်းကြောင်းကိ
ုလိုက်ရန်၊
သစ္စာဝါဒီများဖက်မှ ရပ်တည်ကြရန်၊ ဒုစရိုက်သားများအား မျက်နှာသာ မပေးကြရန်၊
ဝတ်ပြုဆုတောင်းမှုများ ပုံမှန်ကျင့်ဆောင်ရန်၊
စိတ်ရှည်သည်းခံကြံ့ခိုင်စွာရြှိ
ကရန် လမ်းညွှန်ထားပေသည် ( ၁၁း ၁၁၅ )။
(ဆက်လက်ဖော်ပြပါမည်)
July Yeyint
No comments:
Post a Comment
Note: only a member of this blog may post a comment.