စင်ကာပူမှာ ဖသ၀ါကို ဘယ်လို လက်ခံ ကျင့်သုံးလည်း ဆိုတာ ဗဟုသုတအနေနဲ့ ဖြန့်ဝေ ပေးပါရစေ
စင်ကာပူမှာ ကျင့်သုံးသော ဖသ၀ါ ပုံစံ
---------------------------------------
ဖသ၀ါ (အစ္စလာမ်၏ ဥပဒေ ထုတ်ပြန်ချက်) သည် မွတ်စ်လင်များ၏ ဘ၀ အတွက် အလွန်အရေးကြီးသော အရာ တစ်ခုဖြစ်သည်။
သိပ္ပံ နှင့် နည်းပညာ တဟုန်တိုး ဖွံဖြိုး လျက်ရှိသည့် ခေတ်မှီတိုးတက်သော စင်ကာပူ နိုင်ငံတွင် နေထိုင်နေရသော စင်ကာပူနိုင်ငံသား မွတ်စ်လင်မ်များ အတွက် နေ့စဉ် ဘ၀ အမှန်တရားများကို ရင်ဆိုင်ဖြေရှင်းပြီး သင့်တင့် မျှတစွာ နေထိုင်နိုင်ရန် ပေါ်ပေါက်လာလျက်ရှိသော ဘ၀ စိန်ခေါ်မှုများ ၊ မေးခွန်းများ သံသယများ အတွက် အဖြေများကို ဖသ၀ါ ဖြင့် ကူညီ ပံ့ပိုးပေးလျက်ရှိပါသည်။
စင်ကာပူ၏ အမြင့်ဆုံး အစ္စလာမ်သာသနာ အဖွဲ့ကြီးဖြစ်သော (MUIS, Majlis Ugama Islam
Singapura) ၏လက်အောက်ခံ အဖွဲ့ တစ်ခုဖြစ်သော မွဖ်သီရုံးချုပ်မှ ဖွဲ့စည်းပေးထားသော ဖသ၀ါ ကော်မတီ မှ နေ၍ ဖသ၀ါ နှင့် ပက်သက်သည့် ကိစ္စ အ၀၀ ကို တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဖြစ်ပေါ်လာသော အရေးတကြီး အခြေအနေပေါ်မူတည်ပြီး လိုအပ်သော သတင်းအချက်အလက်များ ၊ အကိုးအကား အထောက်အထားများ ကို မွဖ်သီရုံးချုပ်မှ ရှာဖွေစုဆောင်းကာ ဖသ၀ါ ကော်မတီသို့ ကူညီ ပံ့ပိုးပေးလျက်ရှိပါသည်။
တချို့ သော အခြေအနေ အချိန်အခါများတွင် ၊ လူပုဂိုလ် တစ်ဦးချင်းစီမှ မိမိ၏ ကျွမ်းကျင်ရာ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များကို ကူညီ ဖြန့်ဖြူး ဆွေးနွေးပေးနိုင်ပါက မွဖ်သီရုံးချုပ်မှ ထိုပုဂိုလ် တစ်ဦးချင်းဆီအား ဖိတ်ကြားကာ လက်ခံဆွေးနွေး အကြံရယူပါသည် ၊ အထူးသဖြင့် နောက်ဆုံးပေါ် သိပ္ပံ နည်းပညာ နှင့် ပက်သက်ဆက်နွယ်သော မေးခွန်းများကို ဖသ၀ါ ထုတ်ပြန်ဖြေကြားရန် အတွက်ဖြစ်ပါသည်။
အတွေ့အကြုံ ရင့်ကျက်သော အစ္စလာမ်ဘာသာရေး ဆိုင်ရာ ဆရာများကို ဖိတ်ကြားကာ ဖသ၀ါ ပိုင်းဆိုင်ရာ ဆွေးနွေးမှုများကို ပိုမို ထိရောက် ကျယ်ပြန့်စေခဲ့ပါသည်။ ထိုသို့ ဖိတ်ကြားခြင်းဖြင့် အစ္စလာမ်ဘာသာရေး ဆိုင်ရာ ပညာရှင်များကိုလည်း နောင်တချိန်တွင် ဖသ၀ါ ကော်မတီ၌ ပါဝင်ထမ်းဆောင်ခွင့်ရလာစေရန် အခွင့် အလမ်း ဖြစ်လာစေပါမည်။
ဖသ၀ါ တစ်ခု ထုတ်ပြန်ပုံ နှင့် ဖြစ်ပုံ လာပုံ အဆင့်ဆင့်
------------------------------------------------------
၁ ။ အကြောင်းအရာ ကိစ္စ တစ်ခု အပေါ်၌ အများ မွတ်စ်လင်မ် ပြည်သူများ၏ လိုအပ်ချက်အရ ဆုံးဖြတ်ချက် အရ တောင်းဆိုလာမှု ရှိသော်
၂။ လူပုဂိုလ် တစ်ဦး ၊ အသင်းအဖွဲ့ တစ်ခု ၊ စာအုပ်စာပေ မီဒီယာ စသည့် နှင့် ပက်သက်၍ အများ မွတ်စ်လင်မ် ပြည်သူများမှ ကန့်ကွက် တိုင်ကြားကာ အဆုံးအဖြတ် တစ်ခု တောင်းဆိုလာမှု ရှိသော်
ရှင်းလင်းပြတ်သား တိကျသော ဖသ၀ါ တစ်ခု ထုတ်ပြန်နိုင်ရန် မုဖ်သီ ရုံး နှင့် ဖသ၀ါ ကော်မတီ အနေနှင့် စတင်၍ လုပ်ကိုင်ဆောင်ရွက်ပါသည်။
လုပ်ကိုင်ဆောင်ရွက်ပုံ အဆင့်ဆင့်
*********************
လူပုဂိုလ် ၊ အဖွဲ့အစည်း တစ်ခု ၊ ဘာသာရေး စာအုပ် တစ်အုပ် (သို့) လုပ်ရပ် တစ်ခု နှင့် ပက်သက်ပြီး ထုတ်ပြန်ရန် လိုအပ်ပါက
- ပထမဦးစွာ ထို လူပုဂိုလ် ၊ အဖွဲ့အစည်း တစ်ခုမှ တာဝန်ရှိသူအား မုဖ်သီ ရုံးသို့ ဖိတ်ကြားပြီး ဖသ၀ါ ကော်မတီ နှင့် ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံ အဖြေရှာခြင်း ၊ ဖသ၀ါကော်မတီမှ စုဆောင်းထားသော သက်သေအထောက်အထားများ ထုတ်ပြကာ ထို လူပုဂိုလ် ၊ အဖွဲ့အစည်း တစ်ခု၏ မှားယွင်းမှုများအား ရှင်းလင်းပြောကြားခြင်း
- အကယ်၍ ထို လူပုဂိုလ် ၊ အဖွဲ့အစည်း တစ်ခု မှ မိမိ၏ မှားယွင်းမှုကို သိမြင်ကာ ပြန်လည် ပြင်ဆင် ထုတ်ဝေ ကျင့်သုံးမည်ဆိုပါက သဘောတူကြောင်း လက်မှတ်ရေးထိုး မှတ်တမ်းရယူကာ မုဖ်သီ ရုံးမှ အောင်မြင်စွာ ညှိနှိုင်းပြီးကြောင်း မှတ်တမ်းသိမ်းဆည်းထားမည်ဖြစ်သည်။
- အကယ်၍ ထို လူပုဂိုလ် ၊ အဖွဲ့အစည်း တစ်ခုမှ မိမိ၏ အမှားကို ပြင်ဆင်ရန် ငြင်းဆန်လာပါက ၊ ဖသ၀ါ ကော်မတီ အနေနှင့် အများ မွတ်စလင်မ်၏ အကျိုး အတွက် မလွဲမရှောင်သာဘဲ ထို လူပုဂိုလ် ၊ အဖွဲ့အစည်း တစ်ခု၏ လုပ်ရပ်မှားယွင်းနေကြောင်း ၊ ကျမ်းတော်မြတ်ကုရအာန် ၊ ဟဒီးဆ် နှင့် ဆန့်ကျင်နေကြောင်း ဖသ၀ါ ထုတ်ပြန်ကြေငြာပါလိမ့်မည် ( ဖသ၀ါ ဥပမာ ကို သက်သက် ကြည့်ရှုနိုင်ပါသည် ၊ English and Malay ဘာသာဖြင့် ထုတ်ဝေပါသည် )
- ထုတ်ပြန်ထားသော ဖသ၀ါကိုလည်း (MUIS, Majlis Ugama Islam Singapura) ၏ web site တွင် မှတ်တမ်း အဖြစ်ထားရှိကာ အချိန်မရွေး ဖတ်ရှုနိုင်ပါသည်။
ယနေ့ ခေတ်မှီ တိုးတက်ပြောင်းလဲနေသော သိပ္ပံ နှင့် နည်းပညာ နှင့် ပက်သက်သော အများမွတ်စ်လင်မ် အကျိုးပြု ဖသ၀ါ ထုတ်ပြန်ရန်လိုအပ်လာပါက
- သက်ဆိုင်ရာ ကျွမ်းကျင်သူ သိပ္ပံ နည်းပညာ ပရောဖက်ရှင်နယ်များနှင့် ဖသ၀ါ ကော်မတီ မှ အစ္စလာမ်ဘာသာရေး ကျွမ်းကျင်ပညာရှင်များ တွေ့ဆုံဆွေးနွေးကာ ကျမ်းတော်မြတ်ကုရအာန် ၊ ဟဒီးဆ်၏ ဆုံးမမှုများအတိုင်း ဖသ၀ါများကို ထုတ်ပြန်ပေးလျက်ရှိပါသည် ။ (ဥပမာ - ကိုယ်ခန္ဒာအတွင်းမှ အင်္ဂါရပ်များ အစားထိုးခြင်း ၊ လှူဒါန်းခြင်း ၊ property mortgage loan, Islamic banking, Islamic financing , insurance nomination, joint tenancy, stem cell research, Natural Ethanol in Halal food flavoring )
-See more at: http://www.muis.gov.sg/cms/oomweb/fatwa.aspx#sthash.jdWeP710.dpuf
No comments:
Post a Comment
Note: only a member of this blog may post a comment.