မယိုင်လဲသော စာရိတ္တ
*****************
စင်စစ်၌ လူ့ယဉ်ကျေးမှု ဟူသည် သဘာဝတရား၏ဆန့်ထွက်မှု တစ်ရပ်သာဖြစ်၏။ လူသားတို့သည် ရိုးစင်းသော ၀တ္ထုပစ္စည်းများဖြင့် နေထိုင်ရှင်သန်ခဲ့ကြ၏။ ၄င်းမှတဆင့် အဆောက်အဦများ၊ စက်ကိရိယာများ၊ စက်ရုံများ၊ စက်မှုဇုံများ နှင့် ခေတ်မီအသုံးအဆောင်များအဖြစ် ပြောင်းလဲလိုက်ကြ၏။ ယင်းသို့ပြုလုပ်စေရန် လူသားတို့ကို မည်သည်က တွန်းအားပေးခဲ့ပါသနည်း ? သဘာဝတရား၌ ကိန်းအောင်းနေသော တည်တံ့ခိုင်မြဲသည့် ဂုဏ်သတ္တိများပင် ဖြစ်ပါသည်။ ၄င်းသဘာဝဂုဏ်သတ္တိများကို လူသားတို့ ရှာဖွေတွေ့ရှိရာဝယ် ၄င်းတို့ကို အသုံးချ၍ တိုးတက်မှုကို ရှာကြံဖော်ဆောင်ခဲ့ကြသည်။ ယင်း ဓာတ်သဘော၌ ကြိုတင်ခန့်မှန်းသိမြင်နိုင်မှုအ
မြစ်ကူးတံတားတစ်စင်းတည်ဆောက်လို
ရုပ်ဝတ္ထုပစ္စည်းများထံ၌ ၄င်းတို့၏သက်ဆိုင်ရာဂုဏ်သတ္တိမျာ
လူ့ယဉ်ကျေးမှုအတွင်းမှ အရာဝတ္ထုများတွင် ကိုယ်စီကိုယ်ငှ တိကျသေချာသော ဂုဏ်သတ္တိများ ပေါ်လွင်နေရမည်ဖြစ်၏။ ထိုနည်းလည်းကောင်း လူမှုဝန်းကျင်တစ်ရပ်သည် ပြေပြစ်ချောမောစွာ ကြီးပွားတိုးတက်လာလိုသော် ယင်းလူ့အဖွဲ့အစည်းဝင် တစ်ဦးချင်းကိုယ်တိုင်က ရည်မှန်းသည့်အတိုင်းလုပ်ဆောင်နိ
အကယ်၍ လူတစ်ဦးသည် ရှိသင့်ရှိထိုက်သော လူ့စာရိတ္တအသွင်အပြင်များကို မပြသနိုင်ပါက သူ၏အဖိုးတန်မှု ဆုံးရှုံးသွားကြောင်း အဆိုရှိ၏။ ယင်းသို့လူစားများဖြင့် တည်ဆောက်ထားသော လူ့အဖွဲ့အစည်းသည် မတည်ငြိမ်မှု နှင့် အလိုမကျမှု၏ဒဏ်ကို ခံစားရလေ့ရှိသည်။ လူအသီးသီးထံ ရှေ့နောက်မညီသည့် ပုံပျက်ပန်းပျက် စာရိတ္တများ ၀င်ရောက်လာပါလျှင် ထိုလူ့အဖွဲ့အစည်းသည်လည်း တည်ကြည်ခိုင်ခံ့မှု ရှိတော့မည် မဟုတ်ပါလေ။
လူ့အဖွဲ့အစည်းဝင်တို့သည် ကတိသစ္စာတည်ကြည်ရမည့်အစား ကျင့်ဝတ်ကိုဖောက်ဖျက်လာကြလျှင် -
သဘောထားကြီးရမည့်အစား စိတ်ဓာတ်သေးသိမ်ကျဉ်းမြောင်းလြာ
လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် မျှော်ကိုးစဉ်းစားရမည့်အစား မိမိတစ်ဘို့တည်းအတွက်သာ စဉ်းစားတွေးခေါ်လာကြလျှင် -
ခွင့်လွှတ်မှုကို လက်ကိုင်ပြုကြရမည့်အစား အငြိုးအာဃာတတရားကို ကိုင်စွဲလာကြလျှင် -
လိုက်လျောညီထွေသဟဇာတဆက်ဆံရမည့်အ
သူတစ်ပါး၏အခွင့်အရေးကို အသိအမှတ်ပြုရမည့်အစား မိမိကိုယ်ကျိုးမှအပ ကျန်သည်ကို အချည်းနှီးဟု မှတ်ယူလာကြလျှင် -
ကမ်းလက်တစ်စုံကို လှမ်းလင့်ရမည့်အစား ချိုးနှိမ်နှိပ်ကွက်လာလျှင် -
အချုပ်အားဖြင့် မိမိကိုဆက်ဆံစေလိုသည့်ပုံသဏ္ဍာန်န
ယင်းလူ့အဖွဲ့အစည်းမှာ စာရိတ္တယိုယွင်းပျက်စီးခြင်းအဖြစ
လူတို့သည် လောက၏အနှစ်သာရကိုသိမြင်ပြီး လူပီသသောလူဖြစ်ပါမှ ခိုင်မာတောင့်တင်းသည့်လူ့အဖွဲ့အ
သူတို့သည် အဓိဌာန်ပြုပါက သံမဏိကဲ့သို့ ခိုင်မာစေသော် -
နှူးညံ့ရန်လိုအပ်ပါက စီးတွေနေသည့်ရေအလား သိမ်မွေ့စေသော် -
ငြိမ်သက်ရန်လိုအပ်ပါက ကျောက်တုံးများကဲ့သို့ တည်ငြိမ်စေသော် -
ခိုင်မာရန်လိုအပ်ပါက တောင်တန်းများအလား မြဲမြံစေသော် -
သတ္တိနှင့်ရှေ့ဆောင်ရန်လိုအပ်ပါက
လူပီသစွာ အပြောနှင့်အလုပ် ညီညွတ်စေသော် -
ထိုသို့သောလူများသည်သာ တောင့်တင်းခိုင်မာ၍ တည်ငြိမ်အေးချမ်းသော လူ့အသိုင်းအ၀ိုင်းကို ဖန်တီးနိုင်ကြပေမည်။
လူ့ယဉ်ကျေးမှု၌ ရေနံနှင့်သံသတ္ထုများသည် မရှိမဖြစ်လိုအပ်သကဲ့သို့ အထက်ဖော်ပြပါဂုဏ်အရည်အသွေးရှိသူ
ဝိဥာဏ အင်အားဖြည့် စာစုများ (၁၄)
တန်ဖိုး
*****
သမိုင်းပညာရှင်ကြီး အိဗ်နု ခလ်ဒူးန်မှ အကြောင်းတစ်ရပ်ကို ရေးသားဖော်ပြခဲ့၏။ အီရတ်တပ်မတော်မှ ဗိုလ်ချုပ်ကြီး အဗူ မူစာ အရှ်အရီသည် မိမိလက်အောက်ရှိ မုစ်လင်မ်စစ်သည်တစ်ဦးကို မာန်မဲကြိမ်းမောင်းကာ ပြစ်ဒဏ်အဖြစ် ခေါင်းတုံးရိတ်လိုက်လေ၏။ ထိုစစ်သည်က မိမိဆံပင်များကို ကောက်ယူပြီး ခလီဖဟ်သမ္မတကြီး အုမရ်ထံသို့ ဆောင်ယူသွား၏။ ၄င်းနောက် ဆံပင်များကို ရှေ့ချပြကာ “ ဤသည်မှာ အသင်သမ္မတကြီး၏လူများမှ ကျွန်ုပ်တို့အား ဆက်ဆံပြုမူသည့် ပုံစံတည်း ” ဟု ဒေါသတကြီး လျှောက်တင်လေ၏။ သမ္မတကြီးသည် ယင်းသို့ အတင့်ရဲမှုကို စော်ကားခြင်းဟု မယူဆသည့်အပြင် ဤသို့ဆိုလိုက်လေ၏။
“ လူအပေါင်းသည် အသင်ကဲ့သို့သာ ရဲရင့်ကြမည်ဆိုပါက ငါသည် သူတို့အား လက်ဝယ်ရနယ်ပယ်များထက်ပင် ပိုမိုနှစ်သက်မိမည်ဖြစ်ပါအံ့ (နယ်မြေပိုင်နက်ထက် ရဲရင့်သူများကိုသာ ရွေးချယ်အံ့) ”။
ဤနေရာ၌ စစ်သည်တော်၏ပြုမူပုံအပေါ် အမြင်နှစ်မျိုးဖြင့် သုံးသပ်နိုင်၏။ မထီလေးစားအတင့်ရဲခြင်းနှင့်မျက်
အကယ်၍ ခလီဖဟ်သည် ယင်းအပြုအမူကို စော်ကားချက်ဟု မှတ်ယူပြီး ၄င်းသူအား ထောင်သွင်းအကျဉ်းချခြင်းဖြစ်စေ၊
ထိုသို့သောလူစားသည် ရတနာများထက် တန်ဖိုးရှိသည်။ ထိုသို့သောလူစားမျိုးမှာ ထာဝစဉ်ဝံ့စားပြီး ဖော်လံဖားမှုကို အလေးမပေး ဦးမညွှတ်တတ်၊ တာဝန်များကို စွန့်စွန့်စားစားထမ်းဆောင်နိုင်
ဝိဥာဏ အင်အားဖြည့် စာစုများ (၁၅)
သစ်ပင်ကို ဆရာတင်
****************
သစ်ပင်ရဲ့ပင်စည်ကို အပိုင်းနှစ်ပိုင်းနဲ့ဖွဲ့စည်းထာ
“ အောက်ဖက်မှာခြေကုပ်ယူ၊ အထက်ဖက်မှာသီးပွင့်မြဲ၊ ဒါ ဗျာဒိတ်အစီအရင်ဘဲ ” လို့ ဒဿနရှင်တစ်ဦးက ဖွဲ့သီထားလေရဲ့။ ရိုးတံရှည်မှာပွင့်နေတဲ့ နှင်းဆီပန်းတွေဟာ အရောင်အသွေးစုံ၊ ပွင့်လွှာအထပ်ထပ်၊ ရနံ့သင်းသင်း၊ မားမားစွင့်စွင့်နဲ့ လှပမှုက ပြောစရာမရှိဘူး။ ဒါပေမယ့် သာမန်အမြစ်လေးတစ်ခုက မြေကြီးထဲမှာ ပထမဆုံး အခိုင်အမာအမြစ်တွယ်ပြီးပါမှ အဲ့ဒီတင့်တယ်လှပမှုဆိုတဲ့အဆင့်ကိ
ကျွန်တော်တို့ကတော့ သီးနှံကို ဆွတ်ခူးမှုအပေါ်မှာဘဲ အဓိက စိတ်ဝင်စားနေကြတယ်။ အမြစ်တစ်ခုတွယ်လာအောင် ထွန်ယက်စိုက်ပျိုးတဲ့အဖြစ်ကိုတေ
ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းက
ကျွန်တော်တို့ကိုယ်တိုင်က အခြေခံကစပြီး ပြုပြင်ပြောင်းလဲလိုက်ရမှာ ဖြစ်ပါတယ်။
( M.W.Khan ၏ Teacher Tree ကို ပြန်ဆိုသည် )
July Yeyint
No comments:
Post a Comment
Note: only a member of this blog may post a comment.