Pages

Pages - Menu

ပညာ ( အိလ်မ် ) ဆိုင်ရာ ဟဒီးဆ်တော်အချို့

ပညာ ( အိလ်မ် ) ဆိုင်ရာ ဟဒီးဆ်တော်အချို့
========================

ပညာသည် နှစ်မျိုးရှိသည်။ တစ်မျိုးမှာ နှုတ်လျှာပေါ်၌ တည်ရှိသည့် ပညာဖြစ်သည်။ ၄င်းသည် အလ္လာဟ်အရှင်မြတ်မှ လူသားတို့အတွက် ပေးအပ်ထားသော မှတ်ကျောက် ဖြစ်သည်။ နောက်တစ်မျိုးမှာ နှလုံးသား၌ရှိသော ပညာဖြစ်သည်။ ဤပညာသာလျှင် အကျိုးပြုသော ပညာ ဖြစ်၏။ ( သိရ်မိဇီ ကျမ်း )

အကြင်သူသည် အသိပညာများပြားသော်လည်း ဟိဒါယသ် များပြားမှု မရှိလျှင် အလ္လာဟ် အရှင်မြတ်နှင့် ဝေးကွာမှု များပြားလိမ့်မည်။ ( ဒါရိမီ ကျမ်း )

တမန်တော်မြတ်(ဆွ)က '' ငါတမန်တော်သည် အသင်တို့အပေါ် ဒဂ်ျဂျလ်ထက် ဒဂ်ျဂျလ် မဟုတ်သောသူများနှင့် ပတ်သက်၍ စိုးရိမ်သည် '' ဟု မိန့်တော်မူ၏။ ထိုအခါ တစ်စုံတစ်ဦးက ' ယာ-ရစူလုလ္လာဟ်၊ မည်သည့်အရာပါနည်း '' မေးမြန်းလျှောက်ထားရာ တမန်တော်မြတ်(ဆွ)က '' လူတို့အား လမ်းမှားအောင်ပြုကြမည့် ဘာသာရေးခေါင်းဆောင်များ '' မိန့်ကြားတော်မူခဲ့သည်။
( မုစ်နဒ် အိမာမ် အဟ်မဒ် ကျမ်း )



ငါကိုယ်တော်မြတ်၏အွမ္မသ်အတွက် ငါကိုယ်တော်စိုးရိမ်သည်မှာ ပညာရှင်၏လွဲချော်မှု (နှင့်) မုနာဖစ်က်တို့မှ ကုရ်အာန်အပေါ် အငြင်းပွါးလာအောင် အကြောင်းရှာမှုပင် ဖြစ်သည်။
( ဆွဟီးဟ် အိဗ်နု ဟစ်ဘ္ဘားန် ကျမ်း )

အသင်တို့သည် ပညာရှင်များနှင့် ပညာပြိုင်ရန်၊ နလပိန်းတုံးများနှင့် ဆွေးနွေးရန်၊ လူတို့၏ မျက်နှာများ အသင်တို့ဖက် စိတ်ဝင်တစားကြည့်ရှုစေရန်(လူတို့မှအထင်ကြီးလာစေရန်) ပညာကို သင်ယူခြင်း မပြုကြနှင့်။ ( အိဗ်နိ မာဂျာ ကျမ်း )

ငါ၏အွမ္မသ်ကို ဖျက်ဆီးပစ်မည့်သူများသည် အကျင့်ပျက် ပညာရှင် (နှင့်) ပညာမဲ့ အာဘိဒ်-တရားကျင့်သူများ ဖြစ်လာအံ့။ အဆိုးတကာ့ အဆိုးဆုံးအရာသည် ပညာရှင်၏ဆိုးယုတ်မှု၊ အကောင်းတကာ့ အကောင်းဆုံးအရာသည် ပညာရှင်၏ကောင်းမွန်မှုပင် ဖြစ်သည်။ ( ဒါရိမီ ကျမ်း )

အဗူ ဟုရိုင်ရဟ် (ရဿွိ)မှ ဤသို့ ဆင့်ပြန်ပြောပြခဲ့သည်။ ကျွန်ုပ်သည် ရစူလ္လုာဟ်(ဆွ) ထံတော်မှ အိုးနှစ်လုံး(ပညာနှစ်မျိုး)ရရှိခဲ့သည်။ ပထမအိုး(ပညာ)ကို အသင်တို့ထံ ကျွန်ုပ်မှ ဖြန့်ချိပို့ချသည်။ အကယ်၍ နောက်တစ်အိုး(ပညာနောက်တစ်မျိုး)ကို အသင်တို့ထံ ဖြန့်ချိခဲ့ပါက
မုချဧကန် အသင်တို့မှ ကျွန်ုပ်၏ လည်ပင်းကို ဖြတ်တောက်ကြမည်ဖြစ်အံ့။
( ဗုခါရီ ကျမ်း )

 ကျင့်သုံးမှု မရှိသော ပညာရှင်သည် ဆေးဝါးအကြောင်းသာပြောဆိုပြီး ဆေးမကုသော လူမမာနှင့် လည်းကောင်း၊ အစားအသောက်၏အရသာကိုသာပြောဆိုပြီး မစားသောက်ရသည့်ဆာလောင်သူနှင့် လည်းကောင်း
အလားသဏ္ဍန်တူ၏။ အိဗ်နု မတ်စ်အူးဒ် (ရဿွိ)

ပညာ ဟူသည် ရိဝါယသ်(ဆင့်ပြန်မှု)များပြားခြင်းကို မဆိုလို၊ ပညာသည် နူရ် (လင်းရောင်ခြည်) တစ်ခုဖြစ်ပြီး ယင်းကို နှလုံးသားထဲသို့ထည့်ပေးခြင်းဖြစ်သည်။
အိဗ်နု မတ်စ်အူးဒ် (ဝါ) အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿွိ)

လူတို့မှ မေးလာသမျှ အဖြေပေးသူသည် အရူးသာ ဖြစ်သည်။
အိဗ်နု မတ်စ်အူးဒ် (ရဿွိ)

လူပုဂ္ဂိုလ်ထံမှ အမှန်တရား မသိနှင့်။ အမှန်တရားကိုသိပြီး အမှန်တရားရှိသူကိုသာ သိကြကုန်။ အလီ ဗင်န် အဗီသွာလစ်ဗ် (ရဿွိ)

သူတော်ကောင်းတို့၏နှလုံးသည်းပွတ်များသည် အတွင်းရေးများကို မြှုပ်နှံထားသောဂူများ ဖြစ်ကြသည်။ အလီ ဗင်န် အဗီသွာလစ်ဗ် (ရဿွိ)

ပညာသည် အသင့်ကို ထိန်းသိမ်းစောင့်ရှောက်၏၊
ပစ္စည်းဥစ္စာကမူ အသင်က ထိန်းသိမ်း စောင့်ရှောက်ပေးရ၏။ ပညာသည် အသုံးပြုယင်း တိုးပွါးလာ၏၊
ပစ္စည်းဥစ္စာကမူ သုံးစွဲယင်း လျော့နည်းသွား၏။
ပညာသည် အဆုံးအဖြတ်ပေးသူ ဖြစ်၏၊
ပစ္စည်းဥစ္စာကမူ အဆုံးအဖြတ်ကို ခံယူရ၏။
ပညာရှင်သည် ကွယ်လွန်သော်လည်း ရှင်သန်ကျန်ရစ်၏၊ပစ္စည်းဥစ္စာရှင်ကမူရှင်သန်နေလျက်နှင့်သေနေရ၏။ အလီ ဗင်န် အဗီသွာလစ်ဗ် (ရဿွိ)

ပညာရှင်တစ်ပါးလွဲချော်သောအခါ ကမ္ဘာလောကသည်လည်း လိုက်၍ လွဲချော်သည်။ အုမရ် ဗင်န် အလ်ခသ်ွသွာ့ဗ် (ရဿွိ)

အို - ငါ့သား၊ ငါသည် ဝဝဖီးဖီး မုနာဖစ်က် အဖြစ်သေဆုံးရခြင်းထက် ပိန်လိန်ချည့်နဲ့သော မုအ်မင်န် အဖြစ် သေဆုံးရခြင်းကို ပိုမို နှစ်သက်၏။ စအဒ် ဗင်န် အဗီဝက္ကာ့ဆွ် (ရဿွိ)



July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.