မဟာတမန်တော်မြတ် မုဟမ္မဒ်(စွ) လက်ထက်တော်တွင် ယဟူဒီအသိုင်းအ၀ိုင်းမှ ထိပ်တန်း လူမှုဝန်ဆောင်
အမျိုးသားခေါင်းဆောင်များ ၊ ဓမ္မ၀န်ဆောင်အဓိပဓိများ ၊ တတ်သိပညာရှင်ကြီးများ ၊ ဓနစည်းစိမ်
ကြွယ်ဝချမ်းသာ
သူများ ၊ မျိုးဆက်သစ် လူငယ်မောင်မယ်များ
စသည်ဖြင့် အလွှာအသီးသီးမှ များစွာသော ပုဂ္ဂိုလ်တို့သည် သန့်ရှင်း
စင်ကြယ်သော သက်ဝင်ယုံကြည်မှု ၊ စွန့်လွှတ်
စွန့်စားဝံ့သော သတ္တိဗျတ္တိ ၊ ခိုင်မာလေးနက်သော အဆုံးအဖြတ်တို့
ကို အခြေခံ၍ အစ္စလာမ့်တရားတော်ဘောင်သို့
ခြေစုံပစ် ကူးပြောင်းဝင်ရောက်ခဲ့ကြပေသည်။ ထိုပုဂ္ဂုလ်များအနက်
အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်ဆိုသူ ပုဂ္ဂိုလ်ကြီး၏
မွတ်စလင်မ်သစ်လွင်ဘ၀ခရီး စတင်ခဲ့ပုံမှာ အလွန် စိတ်ဝင်စားဖွယ်
ကောင်းလှပေသည်။
အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်သည် ၆ ရာစုခေတ် အာရေဗျကျွန်းဆွယ်ဒေသမှ ယဟူဒီလူ့အဖွဲ့အစည်း၏ သြ
ဇာတိက္ကမကြီးကဲသူ အမျိုးသားခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သူသည် ယဟူဒီအယူဝါဒရေးရာ စာပေကျမ်းဂန်တို့
ကို နှံ့စပ်ကျွမ်းကျင်သူ ပညာရှိ သုခမိန်တစ်ဦးဖြစ်ပြီး
ဓမ္မ၀န်ဆောင် အဓိပတိတစ်ဦးလည်း ဖြစ်သည်။ မက္ကာဟ်မြို့မှ
မဒီနဟ်မြို့သို့ ဟစ်ဂျရဟ်ပြု ကြွရောက်လာမည့်
တမန်တော်မြတ်(စွ)နှင့် တွေ့ဆုံနိုင်ရန်နှင့် ရှေးကျမ်းဂန်များ၌ ကြို
တင်ဟောကိန်းများအဖြစ် ဖော်ပြခံထားရသော
အန္တိမရှေ့ဆောင် နဗီတမန်တော်မြတ်၏ ၀ိသေသလက္ခဏာတို့နှင့်
ကိုက်ညီခြင်း ရှိမရှိ အကဲဖြတ် ဆန်းစစ်နိုင်ရန် အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်သည်
မဒီ နဟ်မြို့သို့ ကြိုတင် ရောက်နှင့်
နေခဲ့သည်။
မဒီနဟ်မြို့ဒေသခံတို့သည် တမန်တော်မြတ်(စွ)ကို ခရီးဦးကြိုပြု နှုတ်ခွန်းဆက်သ ဂါရ၀ပြုကြရန်အတွက်
မြို့အ၀င်မှနေ၍ လှိုက်လှဲပျော်ရွှင် ၀မ်းမြောက်စွာဖြင့်
စောင့်မျှော်နေကြသည်။ အချို့လူတို့မှာ ထူထပ်များပြားသော
လူအုပ်ကြီးကြောင့် တမန်တော်မြက် (စွ) ၏ မျက်နှာတော်ကို ဖူးမြင်ခွင့် မရနိုင်ဟု တွက်ဆကြသဖြင့် သစ်ပင်များ
ထက်သို့ တက်ရောက်၍ နေရာယူထားကြသည်။ ကလေးသူငယ်များက
ဂုဏ်ပြုတေးသီချင်းများ သံပြိုင်ဟစ်ကြွေး
သီဆိုနေကြသည်။
သာဝကကြီး အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်(ရေဿွ့)သည် ထိုစဉ်က မိမိဖြတ်သန်းခဲ့ရသော တစ်ဒင်္ဂအချိန်၏
မြင်ကွင်းအစုံကို ဤသို့ ပြန်ပြောင်းပြောပြခဲ့သည်။ “ တမန်တော်မြတ်(စွ)ဟာ မဒီနဟ်မြေကို စတင်ခြေချ ရောက်
ရှိလာတဲ့အခါ လူတွေဆိုတာ ပျားပန်းခတ်မျှပါပဲ။
တမန်တော်မြတ်(စွ) ကြွချီလာရာလမ်းတစ်လျှောက်မှာ သူ့အကဲမ
ခံ အပြေးတစ်ပိုင်းနှင့် (စိတ်လှုပ်ရှားနေကြပါတယ်) ။ လူတစ်ယောက်က (အောင်ပွဲခံတဲ့ လေသံနှင့်) “ တမန်တော်
မြတ်ကြီး(စွ) ရောက်လာပြီဟေ့” လို့ သုံးကြိမ်တိုင်တိုင် မြူးထူး အော်ဟစ်လိုက်ပါတယ်။
ကျွန်တော်က တမန်တော်
မြတ်(စွ)ကို ကြည့်ရှုလေ့လာနိုင်ဖို့အတွက် (အသင့်စုရုံးရောက်ရှိနေကြတဲ့) လူအုပ်ကြီးထဲမှာ ရှိနေခဲ့ပါတယ်။ တမန်
တော်မြတ်(စွ)ရဲ့ မျက်နှာတော်ကို ထင်ထင်ရှားရှား ဖူးမြင်လိုက်ရတာနှင့်
တစ်ပြိုက်နက် ဒီရုပ်သွင်ရူပကာဟာ ဟန်
ဆောင်လိမ်ညာလှည့်ဖျားတတ်တဲ့ အဆင်းမျိုးမဟုတ်ကြောင်း
ကျွန်တော် သိမြင်သဘောပေါက်ခဲ့ရပါတယ်။ ထိုစဉ်
တမန်တော်မြတ် (စွ) ပထမဦးစွာ ပြောဆိုမိန့်ကြားတဲ့ စကားကို
ကျွန်တော် ကြားခဲ့ရတယ်။ တမန်တော်မြက်(စွ)က
ياأيّها النّاس
أفشوا السّلام وأطعمواالطّعام وصلواالأرحام وصلّوا بالليل والنّاس نيام
تدخلوا الجنّة
بالسلام (ترمذى - رقم 2485)
“အို လူသားအပေါင်းတို့ ၊ ငြိမ်းချမ်းရေးတရား (စလာမ်) ကို ဖြန့်ချိကြကုန်လော့ ။ အစားအသောက်များကို
(မျှဝေ)စားသုံးကြကုန်လော့။ သွေးချင်းညီနောင်များနှင့်
ဆက်ဆံရေး ထူထောင်ကြလော့။ ညဥ့်ယံအခါ လူအပေါင်း
အိပ်စက်နေခိုက်ဝယ် စွလားဟ် ၀တ်ပြုဆုတောင်းကြကုန်လော့။
ဂျန္နဟ် အမတသုခဘုံဆီသို့ အေးချမ်းမှု စီရရီဖြင့်
ဝင်ရောက် စံမြန်းနိုင်ကြပေလိမ့်မယ် ” လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ ( ကြည့် - သိရ်မီဇီကျမ်း ၊ ဟဒီးသ် - ၂၄၈၅ )
သာဝကကြီး အနတ်စ် (ရေဿွ့) က သာဝကကြီး အဗ္ဗဒွလ္လာဟ် အိဗ်နု စလားမ် (ရေဿွ့) နှင့် ပတ်သက်၍
ပါအတိုင်း တင်ပြခဲ့သည်။ “ သာဝကကြီးအဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်ဟာ တမန်တော်မြတ်(စွ)ထက်စောပြီး မဒီနဟ်
မြို့ကို ရောက်ရှိနေခဲ့ပါတယ်။ တမန်တော်မြတ်(စွ) မဒီနဟ်မြို့ကို ရောက်ရှိလာတဲ့အခါမှာ သာဝကကြီးဟာ တမန်
တော်မြတ် (စွ) ဆီကို ရောက်ရှိလာခဲ့ပြီး အခုလို စတင်ပြောဆိုပါတယ်။
“ ကျွန်ုပ် အသင့်ကို မေးခွန်းသုံးခု မေးပါရစေ။ အဲဒီမေးခွန်းတွေကို နဗီတမန်တော်တွေမှအပ ဘယ်သူကမှ
တတ်အပ်သေချာ ဖြေနိုင်မှာမဟုတ်ပါဘူး။ (၁) ကိယာမဟ် (ဝေနေယျ တရားစီရင်ရာနေ့) ရဲ့ ရှေ့ပြေးနိမိတ်ပုံတွေ
ထဲက ပထမဆုံး ဖြစ်ပေါ်လာမဲ့ ထူးခြားဖြစ်စဉ်ဟာ ဘာလဲ။ (၂) ဂျန္နဟ်(အမတသုခဘုံ)မှာ ၀င်ရောက် စံမြန်းခွင့်ရရှိ
သူများ ပထမဆုံး သုံးဆောင်ခွင်ရကြမဲ့ အစားအသောက်ဟာ ဘာလဲ။ (၃) ကလေးတစ်ယောက်ဟာ အမူအကျင့် ၊
ရုပ်ဆင်းသဏ္ဍာန်အားဖြင့် ဖခင်နှင့် ပိုပြီးဆင်တူတာ ၊ ဒါမှမဟုတ် မိခင်နှင့် ပိုဆင်တူတာ ဘယ်လိုကြောင့်များလဲခင်
ဗျာ။
သာဝကကြီး အနတ်စ်(ရေဿွ့)က ဆက်လက်ပြောပြသည်မှာ “(သာဝကကြီး အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်
က အဲဒီလို မေးမြန်းပြီးတဲ့အခါမှာ တမန်တော်မြတ်(စွ)က “ အသင်မေးမြန်းခဲ့တဲ့ မေးခွန်းတွေရဲ့အဖြေကို ကောင်း
ကင်တမန်တော် ဂျိဗ်ရီးလ်(အ)က အခုအတောအတွင်းမှာပဲ ကျွန်ုပ်ကို ဖြေကြားပြသွားခဲ့ပါတယ်။” လို့ သာဝကကြီး
အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်ကို ပြောပြတော်မူပါတယ်။ သာဝကကြီး အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်က“ဟုတ်လား ၊ သူ
(ကောင်းကင်တမန်တော် ဂျိဗ်ရီးလ်) ဟာ ကောင်းကင်တမန်တော်တွေထဲက ရဟူဒီတွေရဲ့ ဘုံရန်သူတော် ကောင်း
ကင်တမန်တော်တစ်ပါးပါပဲ။” လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ (ဆက်လက်ပြီး) တမန်တော်မြတ်(စွ)က (အထက်ပါ
မေးခွန်းတွေကို ဖြေကြားတော်မူပါတယ်။) ကိယာမဟ် (ဝေနေယျ တရားစီရင်ရာနေ့) ရဲ့ ရှေ့ပြေးနိမိတ်ပုံကတော့
“လူတွေဟာ (ကမ္ဘာ့) အရှေ့အရပ်ဒေသဆီက မီး(ပြဿနာ) တွေကို (ကမ္ဘာ့) အနောက်အရပ်ဆီ သယ်ဆောင်ဖြန့်
ကျက် မွှေနှောင့်ကြလိမ့်မယ်။” ဂျန္နဟ်(အမတသုခဘုံ)မှာ ၀င်ရောက် စံမြန်းခွင့်ရရှိသူများ ပထမဆုံး သုံးဆောင်ခွင့်
ရကြမဲ့ အစားအသောက်ကတော့ ဟူးသ်အမည်ရှိ နို့တိုက်ငါးတစ်မျိုး (ဝေလငါး) ရဲ့ အသည်းပို(နှင့်ဆင်ယင်ပြုလုပ်
ထားတဲ့ အစားအသောက်) ဖြစ်ပါတယ်။ ကလေးတစ်ယောက်ရဲ့ အမူအကျင့်
၊ ရုပ်ဆင်းသဏ္ဍာန်နှင့် ပတ်သက်လို့
ပြောပြရမယ်ဆိုရင် အမျိုးသားနှင့် အမျိုးသမီး
အကြင်လင်မယားအဖြစ် ပေါင်းသင်း ဆက်ဆံတဲ့အခါမှာ ဖခင်ဘက်
ကလာတဲ့ ကလလရေကြည် ပမာဏဟာ မိခင်ရဲ့ ကလလရေကြည်
ပမာဏထက် ပိုမို များပြားမယ်ဆိုရင် မွေးဖွား လာတဲ့ကလေးဟာ ဖခင်နှင့် ဆင်တူမှာဖြစ်ပြီး
မိခင်ဘက်က ပိုမို များပြားမယ်ဆိုရင်တော့ မိခင်နှင့်ပဲ ဆင်တူမှာဖြစ်
ပါတယ်” လို့ တမန်တော်မြတ်(စွ)က ဖြေကြားတော်မူခဲ့ပါတယ်။
“ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား
ခ၀ပ်ကိုးကွယ်ထိုက်သောအရှင် မရှိကြောင်းနှင့် အသင်သည် ထို အလ္လာဟ်အရှင်မြတ်၏
ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေထွက်ဆိုဝန်ခံပါတယ်” လို့ သာဝ
ကကြီး အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်က သောင်ဟိးဒ်ကို ကြေငြာခဲ့ပါတယ်။ ဆက်လက်ပြီး သာဝကကြီးက
“ တမန်
တော်မြတ်ကြီးခင်ဗျာ ၊
ဂျူးလူမျိုးတွေဟာ အတော်လေး အစွတ်စွဲသန်ကြပါတယ်။ မဟုတ်မမှန် အကောက်ကြံဖန်
တီးရာမှာလည်း ဆရာကျကြတယ်။ တမန်တော်မြတ်ကြီးအနေနှင့် ကျွန်တော့်ရဲ့ ပုဂ္ဂလရပ်တည်ချက်
၊ လုပ်ဆောင် ချက်တွေနှင့် ပတ်သက်လို့ သူတို့ရဲ့ သဘောထားကို စုံစမ်းမေးမြန်းထားဖို့
လိုအပ်လိမ့်မယ်လို့ ကျွန်တော် ယူဆပါ
တယ်။ ဒီလိုမျိုး သက်သေအထောက်အထား
တစ်စုံတစ်ရာ ရယူခြင်းမရှိသေးခင်မှာ ကျွန်တော် မွတ်စလင်မ်တစ်ဦး ဖြစ်လာတာကို
သူတို့သိသွားကြရင် အသင် တမန်တော်မြတ်နှင့် ကျွန်တော့်ကြားက ဆက်ဆံရေးကို မဟုတ်တမ်း
တရား လုပ်ကြံဖန်တီး ၀ါဒဖြန့်ကြလိမ့်မယ် ” လို့ လျှောက်ထားခဲ့ပါတယ်။ မကြာခင်မှာပဲ
တမန်တော်မြတ်(စွ) ဟာ
ဂျူးအသိုင်းအ၀ိုင်းဆီကို
သွားရောက်ပြီး “ အသင်တို့ထဲက အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်ဆိုသူဟာ ဘယ်လိုပုဂ္ဂိုလ်ပါ လဲ ”
လို့ မေးမြန်းတော်မူတဲ့အခါ ဂျူးတွေက “အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်ဆိုတာ
ဂျူးခေါင်းဆောင်ပိုင်း ပညာတတ်
အသိုင်းအ၀ိုင်းထဲက ဖောက်ဖွားလာတဲ့
ပညာတတ် ခေါင်းဆောင်ကြီး တစ်ယောက်ပါ။ အမျိုးဂုဏ် ၊ ဇာတိဂုဏ်မြင့်
မားတဲ့ ဂျူးအမျိုးသား
သူမွန်သူမြတ်ကြီးလို့လည်း ဆိုရလောက်တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ် ” လို့
ပြန်လည်ဖြေကြားခဲ့
ကြပါတယ်။ ထိုအခါ တမန်တော်မြတ်(စွ)က “
အသင်တို့သိကြပါလေစ ၊ အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်ဟာ အခုအခါ
မှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်တဲ့
မွတ်စလင်မ်တစ်ဦး ဖြစ်နေပြီလေ ” လို့ မေးမြန်းတော်မူတဲ့အခါမှာ
တော့ ဂျူးတွေခင်မျာ
အံ့ဩခြင်းကြီးစွာနှင့် “ အို မဖြစ်နိုင်တာ ၊ ထာဝရဘုရားသခင် သူ့ကို
စောင်မကြည့်ရှုတော်မူ ပါစေ ” လို့ တုန့်ပြန် ပြောကြားကြပါတယ်။ ထိုအခါ
တမန်တော်မြတ်(စွ)က “ အို အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ် ၊ သူ
တို့ (ဂျူးများ) ရှေ့မှောက်သို့
ထွက်လာပြီး အသင်ကိုယ်တိုင်ပဲ ဟုတ်ကြာင်းမှန်ရာ ပြောပြလိုက်ပေတော့ကွယ်” ဟု
မိန့်ကြားတော်မူလေ၏။
အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်သည် မိမိ၏မိတ်ဆွေသင်္ဂဟ ၊ တပည့်သားချင်းများ ရှေ့မှောက် သို့
ထွက်လာခဲ့ပြီး “ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား ခ၀ပ်ကိုးကွယ်ထိုက်သောအရှင်
မရှိကြောင်းနှင့် မုဟမ္မဒ် သခင်သည် ထို အလ္လာဟ်အရှင်မြတ်ရဲ့
ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်ုပ်အနေနှင့် သက်သေထွက်ဆိုဝန်ခံ လိုက်ပါပြီ။ အို
ဂျူးအမျိုးသားအပေါင်းသို့ ၊ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေကြပါ။
ထိုအလ္လာဟ်အရှင်မြတ် သည် တစ်ပါးတည်းတည်ရှိတော်မူကြောင်း ကျွန်ုပ်ကျိန်ဆို၍
ပြောဝံ့ပါတယ်။ ဒီပုဂ္ဂိုလ် (တမန်တော်မြတ် မုဟမ္မဒ် ) သည် အမှန်တရားကို
ဆင့်ပြန်ဟောကြားဖို့ရန်အတွက် အလ္လာဟ်အရှင်မြတ်ရဲ့ ရစူးလ်တမန်တော်တစ်ပါးအဖြစ်နှင့်
စေလွှတ်ခြင်းခံခဲ့ရတယ်ဆိုတာကိုလည်း အသင်တို့ ကောင်းကောင်းကြီး သိနေကြတာပဲလေ” ဟု
တင်ပြဆုံးမလေ
၏။ ထိုအခါ ဂျူးများက “ အသင်ဟာ
လိမ်ညာမုသားသုံးခဲ့တယ်။ တကယ်တော့ အသင်ဟာ ဆိုးယုတ်တဲ့ အသိုင်း
အ၀ိုင်းက ဆင်းသက်လာတဲ့
လူဆိုးလူသွမ်းတစ်ယောက်ပါပဲ” ဟု အားမလိုအားမရ ပြောဆိုခဲ့ပြီးနောက် ခေါင်းငိုက်
စိုက်ကျလျှက် နေကြလေတော့၏။
နေနိုင်သူ(ကျောက်ဖျာ)
No comments:
Post a Comment
Note: only a member of this blog may post a comment.