Pages

.

တူညီသောအကျိုး



ကလေးတို့ရေ တစ်ခါတုန်းက ရွာကလေးတစ်ရွာမှာ အလွန်တရာ ယဉ်ကျေးသိမ်မွေ့တဲ့ လုလင်ပျိုတစ်
ယောက် ရှိသတဲ့ကွယ်။ အဲဒီလုလင်ပျိုရဲ့ မိဘတွေဟာ ဆင်းရဲနွမ်းပါးလွန်းတာကြောင့် နေ့ဖို့ညစာ မဖူလုံဘူးပေါ့။
 ဒါပေမဲ့ လုလင်ပျိုဟာ ပညာရေးကို ကြိုးစားသင်ယူတယ်။ အကျင့်စာရိတ္တကိုလည်း မှဲ့တစ်ပေါက် မစွန်းရအောင်
မွေးမြူနေထိုင်တတ်တဲ့ လူလိမ္မာလေးတစ်ယောက်ပေါ့ကွယ်။
ကလေးတို့ကလည်း ဒီ လုလင်ပျိုလိုပဲ စိတ်ဓာတ်ကိုကို သန့်စင်အောင်ထားပြီး စည်းကမ်းရှိစွာနှင့် ပညာ
ကို ကြိုးစားကြနော်။ ဆင်းရဲတယ် ၊ ချမ်းသာတယ်ဆိုတာ တကယ်တော့ လူတစ်ယောက်ရဲ့ ဘ၀မှာ မလွဲမသွေ
 ကြုံဆုံစမြဲပဲ မဟုတ်လား။ ဒါပေမဲ့ စိတ်ဓာတ် ၊ စည်းကမ်းနှင့် ပညာမရှိရင် လူဖြစ်ရကျိုးမနပ်ဘူးဆိုတာ မှတ်ထား
ကြနော်။
ကဲ လုလင်ပျိုလေးအကြောင်း ဆက်ပြောပြမယ်။ တစ်နေ့မှာ လူငယ်လေးဟာ စားစရာတစ်စုံတစ်ရာ မရှိ
တဲ့အတွက် ဆာလောင်မွတ်သိပ်ခြင်း ဝေဒနာကို အလူးအလဲ ခံစားနေရရှာတယ်။ လုလင်ပျိုဟာ အဲဒီဝေဒနာဆိုး
ကနေ စိတ်လက်သက်ရ ရစေဖို့ အိမ်ကနေ ထွက်လာခဲ့ပြီး တစ်ခါမှ ခြေမချခဲ့ဖူးတဲ့ လမ်းကျဉ်းလေးတစ်ခုအတိုင်း
လျှောက်လာခဲ့တယ်။ လမ်းဆုံးတစ်နေရာအရောက်မှာတော့ အုံ့ဆိုင်းနက်မှောင်နေတဲ့ တောအုပ်တစ်ခုကို တွေ့ခဲ့
ရပါတယ်။ အဲဒီတောအုပ်ဟာ အခြားမဟုတ်။ ပန်းသီးဥယျာဉ်ခြံတစ်ခုဖြစ်တယ်။ မြင်မြင်ရသမျှ အပင်တိုင်းမှာ
ကင်းသော အရင့်သော အမှည့်သော စသည်ဖြင့် ပန်းသီးအရွယ်စုံဟာ အပင်ကျိုးကျလုခမန်း ပြွတ်သိပ်နေသ
တဲ့။ လူသူကင်းပတဲ့ အဲဒီဥယျာဉ်ခြံထဲက လမ်းကျဉ်းလေးဘက်ကို ယိမ်းထိုးကျနေတဲ့ အကိုင်းတစ်ကိုင်းဆီမှ ပန်း
သီးတစ်လုံးကို ခူးယူစားသောက်ဖို့အတွက် လုလင်ပျိုခင်မျာ မလွဲမရှောင်သာ ဆုံးဖြတ်ခဲ့ရတာပေါ့။ မိမိခံစားနေရ
တဲ့ ဆာလောင်မွတ်သိပ်မှုဝေဒနာကို ဖြေဖျောက်ဖို့ လုလင်ပျိုအတွက် ဒီတစ်လမ်းပဲ ရွေးခြယ်စရာရှိတယ် မဟုတ်
ပါလား။ လုလင်ပျိုဟာ ပန်းသီးတစ်လုံးကိုခူးယူပြီး အားပါးတရ စားသောက်ပစ်လိုက်တယ်။ ဒီပန်းသီး အများကြီး
ထဲက တစ်လုံးလေး ခူးယူလိုက်ခြင်းကြောင့် သိသိသာသာ လျော့နည်းမသွားနိုင်ပါဘူးလို့လည်း တွေးနေမိသတဲ့
လေ။
ဒီလုလင်ပျိုဟာ သူရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုကို ဖြေရှင်းရာမှာ သူတစ်ပါးရဲ့ ဥစ္စာပစ္စည်း
ကို ခွင့်မတောင်းပဲ ယူငင်ခဲ့တယ်နော်။ အဲဒီလို ယူရတာဟာ သူ့ရဲ့ပင်ကိုယ်စရိုက်ကြောင့်မဟုတ်ဘဲ မလွဲမရှောင်
သာ ယူခဲ့ရတယ်ဆိုတာ ကလေးတို့ အသိပဲနော်။ ကလေးတို့လည်း သူ့လိုမျိုး ဖြေရှင်းကြဖူးလိမ့်မယ်။ သူ့လို ဖြေ 


ရှင်းဖူးတဲ့သူလည်း ရှိနိုင်တာပါပဲ။ အားလုံးကို မဆိုလိုပါဘူးကွယ်။ အဲဒီလိုမျိုး ဖြေရှင်းသင့်တယ် ၊ မဖြေရှင်း သင့်
ဘူး စကားနပမ်းပြိုင်ကြည့်ကြနော်။ ကဲ လုလင်ပျိုက ဘယ်လိုအဖြေထုတ်သလဲဆိုတာ လေ့လာကြည့်ကြပါစို့။
      လုလင်ပျိုဟာ တစ်ဒင်္ဂ အဆာပြေသွားတဲ့အတွက် အိမ်ကိုပြန်လာခဲ့တယ်။ သူတစ်ပါးပိုင်ဆိုင်တဲ့အရာကို
ခွင့်မတောင်းဘဲ ယူငင်စားသောက်ခဲ့မိတာကြောင့် မိမိဘ၀တစ်လျှောက်လုံး ဂရုတစိုက် လေ့ကျင့်ပျိုးထောင်ထား
ခဲ့ရတဲ့ အဖြူထည်စာရိတ္တကို အရောင်ဆိုးလိုက်သလို ဖြစ်သွားခဲ့ရတယ်။ လုံခြုံမှုကင်းမဲ့သလို ခံစားရတယ်။ လိပ်
ပြာမလုံ ဖြစ်နေရတာပေါ့။ ကိုယ့်ရဲ့အမှားအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိတာပေါ့ကွယ်။ ဒါနှင့် လုလင်
ပျိုဟာ ပန်းသီးဥယျာဉ်ခြံပိုင်ရှင်ကို ရှာဖွေပြီး တောင်းပန်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါသတဲ့လေ။

နေနိုင်သူ(ကျောက်ဖျာ)

No comments:

Post a Comment

Note: only a member of this blog may post a comment.