Pages

.

သစ္စာရှင်နှင့်မေတ္တာပျော်ဝင်ဓမ္မခရီးစဉ်

                                                        (၁)
ကျွန်တော်ဟာ တမန်တော်မြတ်(စွ)ကို ဆယ်စုနှစ်တစ်ခုမျှ ခစ်ဒ်မဟ် (ရိုင်းပင်း)ပြုစုပေးခဲ့ဖူးပါတယ်။ အဲ
ဒီကာလ တစ်လျှောက်လုံးမှာ ကျွန်တော့်ရဲ့ မသေချာမှုတစ်ခုခုကြောင့် (အလိုမကျတဲ့သဘောနှင့်) အွတ်ဖ် (အို
ဘယ်လိုဖြစ်ရတာလဲကွာ) လို့တောင် တစ်ခါမှ မပြောဆိုခဲ့ပါဘူး။ မင်း ဒီလိုလုပ်ရသလား မင်း ဘာကြောင့် ဒီလို
မလုပ်ရတာလဲဆိုပြီးတော့လည်း မမေးမြန်းခဲ့ဖူးဘူးဗျ။ တမန်တော်မြတ်(စွ)ရဲ့ ကိုယ်ကျင့်သီလကတော့ တကယ့်
ကို ပြိုင်ဘက်ကင်းပါတယ်။

သာဝကကြီး အနတ်စ်ဘင်န်မာလစ်က်(ရေဿွ့)
(ဗိုခါရီကျမ်း - ဟဒီးဆ်အမှတ် ၂၆၁၆ ၆၀၃၈)

                                                  ( ၂ )
ဒေါင်းစ်အမျိုးသား သာဝကကြီးတုဖိုင်းလ်ဘင်န်အမ်ရ်(ရေဿွ့)သည် တမန်တော်မြတ်(စွ)ထံသို့ ရောက်
ရှိလာခဲ့ပြီး တမန်တော်မြတ်(စွ)ကို တောင်းဆိုလျှောက်ထားသည်မှာ ဒေါင်းစ်အမျိုးသားတွေဟာ အစ္စလာမ်သာ
သနာကို လက်မခံကြဘူး။ သွေဖီ ငြင်းပယ်နေကြပါတယ်။ ဒါကြောင့် သူတို့တွေ ပျက်စီး ဆုံးရှုံးသွားစေဖို့ ကျိန်ဆဲ
ပစ်တော်မူပါ ဟု တိုက်တွန်းပြောကြားခဲ့သည်။ တမန်တော်မြတ်(စွ)သည် ၄င်း၏ တောင်းဆိုမှုကို လက်ခံလိုက်
သည်။ ထို့နောက် တမန်တော်မြတ်(စွ)သည် ကိဗ်လဟ်(တရားဝင် မျက်နှာမူရာအရပ်) ဘက်သို့ မျက်နှာမူလျှက်
လက်နှစ်ဖက်ကို မြောက်ပင့်မည်အပြုတွင် လူအချို့က ဒေါင်းစ်အမျိုးသားတွေတော့ ပျက်စီးဆုံးရှုံးကုန်တော့မှာ
ပဲဟု စိုးရိမ်တကြီး ရေရွတ်နေကြသည်။ သို့သော် တမန်တော်မြတ်(စွ)သည် (၄င်းတို့ ထင်မှတ်ထားသလိုမျိုး
ဟုတ်ဘဲ မေတ္တာရှေ့ထားလျှက်)  အို မြတ်အလ္လာဟ်အရှင် ဒေါင်းစ်အမျိုးသားတို့ကို ဟေဒါယဟ်(တရားစစ်တ
ရားမှန်)ဆီသို့ ရောက်သည်အထိ ပို့ဆောင်ပေးသနားတော်မူပါ ဟု ဆုမွန်ပန်ကြားခဲ့ပေသည်။

 သာဝကကြီး အဘူဟုရိုင်ရဟ်(ေဿွ့)
(ဗိုခါရီကျမ်း - ဟဒီးဆ်အမှတ် ၄၁၃၁)
 
()
တမန်တော်မြတ်(စွ)ကို ခစ်ဒ်မဟ် (ရိုင်းပင်း) ပြုစုပေးတဲ့ ဂျူးလူငယ်တစ်ယောက် ရှိပါတယ်။ အဲဒီလူငယ်
နာမကျန်းဖြစ်နေတယ်ဆိုလို့ တမန်တော်မြတ်(စွ)ဟာ သူ့ဆီကို လူမမာသတင်းမေးဖို့ သွားရောက်ခဲ့ပါတယ်။
မန်တော်မြတ်(စွ)ဟာ သူ့ခေါင်းရင်းနားမှာထိုင်ပြီးအသင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ဖို့ ဖိတ်ခေါ်
ပါတယ်။ အဲဒီအခါမှာ လူငယ်ဟာ အနားမှာရှိနေတဲ့ သူ့ဖခင်ကို လှမ်းကြည့်လိုက်တယ်။ကာစင်မ့်အဖေ(တမန်
တော်မြတ်(စွ)ရဲ့ ပြောစကားကို နာခံလိုက်ပါသားရယ်လို့ သူ့ဖခင်က ပြောတယ်။ ဒီလိုနှင့်ပဲ အဲဒီဂျူးလူငယ်ဟာ
မွတ်စလင်မ်တစ်ဦး ဖြစ်လာခဲ့ရတာပေါ့။ဒီသူငယ်ကို အပါယ်ငရဲဘုံကနေ လွတ်မြောက်ခွင့်ပေးတော်မူတဲ့ မြတ်
အလ္လာဟ်ကို ကြိမ်ဖန်များစွာ ချီးမွမ်းထောမနာပြုပါတယ်လို့ ပြောဆိုရင်း တမန်တော်မြတ်(စွ)ဟာ သူ့ဆီကနေ
ပြန်ထွက်လာခဲ့တယ်။

သာဝကကြီးအနတ်စ်ဘင်န်မာလိက်(ရေဿွ့)
ဗုခါရီကျမ်း ဟဒီးဆ်အမှတ် (၁၂၉၀)

နေနိုင်သူ(ကျောက်ဖျာ)
ဆက်ရန်ရှိသည်

No comments:

Post a Comment

Note: only a member of this blog may post a comment.