==============================
ဗစ္စမိလ္လားဟိရ် ရဟ်မာနိရ် ရဟီးမ်
စွန္နဟ် ၏ အဓိပ္ပာယ်
အဘိဓါန်အရ “ စွန္နဟ် ” ဟူသည် “ နည်းစံနစ်၊ နည်းလမ်း ” ကို ခေါ်ဆိုသည်။ ကောင်းသောနည်းစံနစ် ဖြစ်စေ၊ မကောင်းသောနည်းစံနစ်ဖြစ်စေ စွန္နဟ် ဟုသာ သုံးနှုန်းသည်။
အကြင်သူသည် ကောင်းသောနည်းစံနစ်တစ်ခုကို တီထွင်ခဲ့သော် ထိုသူသည် ထိုတီထွင်မှု၏ အကျိုး ကုသိုလ်ကို ရရှိခံစားရအံ့၊ ၄င်းအပြင် ၄င်းစံနစ်အပေါ် ကိယာမသ်နေ့အထိ ကျင့်သုံးသူတို့၏ အကျိုးကုသိုလ်ကိုလည်း ထိုသူမှ ခံစားရရှိပေအံ့။ အကြင်သူသည် မကောင်းသောနည်းစံနစ်တစ်ခုကို တီထွင်ခဲ့သော် ထိုသူသည် ထိုတီထွင်မှု၏ ပြစ်ဒဏ်ကို ရရှိခံစားရအံ့၊ ၄င်းအပြင် ၄င်းစံနစ်အပေါ် ကိယာမသ်နေ့အထိ ကျင့်သုံးသူတို့၏ အပြစ်ဒဏ်ကိုလည်း ထိုသူမှ ခံစားရရှိပေအံ့။ ( မုစ်လင်မ် ကျမ်း )
အစ္စလာမ့်တရားတော် (ယှရီအဟ်)အရ ကျမ်းမြတ်ကုရ်အာန်၌ တိတိပပ ဖော်ပြထားခြင်း မရှိသော လုပ်ရပ်တစ်စုံတစ်ရာကို တမန်တော်မြတ် မုဟမ္မဒ် (SAW)မှ စေခိုင်းညွှန်ကြားတော်မူခဲ့ခြင်း
ဟဒီးဆ် ၏ အဓိပ္ပါယ်
ဟဒီးဆ် ဟူသည့် အရဘီဝေါဟာရမှာ “ ပြောဆိုမှု၊ ဖွင့်ထုတ်ပြောဆိုသော စကားရပ် ” ဟု အဓိပ္ပာယ် ထွက်၏။ အစ္စလာမ့်တရားတော်၌ တွင်ကျယ်စွာအသုံးပြုနေသော ဟဒီးဆ်တော် ဟူသည် တမန်တော်မြတ် မုဟမ္မဒ် (SAW)သခင် ၏အဆုံးအမသြဝါဒတော်များ၊ တမန်တော်မြတ်၏ လုပ်ဆောင်ချက်ဓလေ့ နှင့် ဖြစ်ရပ်များ၊ တမန်တော်မြတ်၏ ခွင့်ပြုခြင်း- ပိတ်ပင်ခြင်း နှင့် တားမြစ်ငြင်းပယ်ခြင်းမရှိခဲ့သော
ဟဒီးဆ် သည် ကျမ်းမြတ်ကုရ်အာန်၏ အကျယ်ဖွင့်ချက် ဖြစ်ခြင်း
ထိုမှတစ်ပါး ငါအသျှင်မြတ်သည် အသင် (မုဟမ္မဒ်)ထံသို့လည်း ကျမ်းဂန်ဓမ္မခန်ကို ချပေးသနားတော်မူ၏။ လူသားတို့ထံချမှတ်ခံရသော အမိန့်တော်များကို အသင်သည် ၄င်းတို့အား ထင်ရှားအောင် ပြသစေအံ့သောငှါ ဖြစ်၏။ ( ကုရ်အာန် - ၁၆း၄၄ )
ထို့အပြင် ထိုသူတို့သည် ရစူလ်တမန်တော်မှ မိမိတို့အားပေးခဲ့သည်ကို ယူကြလေကုန်။ ထို့နည်းတူ ထိုရစူလ် တမန်တော်မှ တားမြစ်ထားသည်ကို ကြဉ်ရှောင်ကြလေကုန်။ ( ကုရ်အာန် - ၅၉း၇ )
သို့ဖြစ်ပေရာ တမန်တော်၏အမိန့်တော်မှ သွေဖည်ရှောင်တိမ်းကြသောူတို့ထံ ဒုက္ခတစ်စုံတစ်ရာ သက်ရောက်မည်ကိုလည်းကောင်း၊ သို့တည်းမဟုတ် ပြင်းပြနာကျင်ဖွယ် ပြစ်ဒဏ်တစ်စုံတစ်ရာ သက်ရောက်မည်ကိုသော်လည်းကောင်း စိုးရိမ်ကြရာ၏။ ( ကုရ်အာန် - ၂၄း၆၃ )
ထိုမှတစ်ပါး တမန်တော် (မုဟမ္မဒ်)သည် မိမိစိတ်အလိုဆန္ဒအရ စကားပြောဆိုလေ့ရှိသည် မဟုတ်ချေ။ ယင်းပြောဆိုမှုကား အလ္လာဟ်အသျှင်မြတ်အထံတော်မှ ထုတ်ပြန်ခံရသည့်ထုတ်ပြန်ချက်သာ ဖြစ်လေသည်။ ( ကုရ်အာန် - ၅၃း၃၊၄ )
ဖော်ပြပါ ကျမ်းမြတ်ကုရ်အာန်၏အာယသ်တော်မျာ
ဥပမာ - ဆွလာသ်၊ ဆွောင်မ် (ရိုဇဟ်) အစရှိသည့် တာဝန်ဝတ္တရားများကိုကြည့်လျှင် ကုရ်အာန်၌ ဖော်ပြညွှန်ကြားချက်သာပါသည်ကို တွေ့ရပေမည်။ အဆင့်ဆင့်လုပ်ဆောင်ချက်များ၊ သတ်မှတ်ချက်များကိုမူ ဟဒီးဆ် /
ဝဟီ - ဗျာဒိတ်တော် ဟူသည်
“ ဝဟီ” ၏ အဘိဓာန်အဓိပ္ပာယ်မှာ လျှို့ဝှက်စာ/စကား ဟူ၍ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်နှင့် နဘီတမန်တော်များကြားရှိ သီးသန့်ဆက်သွယ်မှု (ဝါ) ပို့ချထုတ်ပြန်မှုကို ဝဟီ ဟု သုံးနှုန်းသည်။ အလ္လာဟ်အသျှင်မြတ်မှ တမန်တော်များအပေါ် ဝဟီဗျာဒိတ်ပို့ချမှု ပုံစံသုံးမျိုး ရှိသည်။
၁။ အိလ်ဟာမ်
အိလ်ဟာမ် ဟူသည် နဘီတမန်တော်များ၏ စိတ်နှလုံးတွင်းသို့ အလ္လာဟ်အသျှင်မြတ်ဖက်တော်မှ အသိထည့်သွင်းခြင်း ကို ခေါ်ဆိုသည်။ တမန်တော်သည် နိုးကြားနေစဉ်ဖြစ်စေ၊ အိပ်မက်၌ဖြစ်စေ ယင်းအသိမျိုး ဝင်ရောက်လာတတ်၏။
၂။ တစ်စုံတစ်ရာ၏ အကွယ်အကာနောက်မှ ပို့ချခြင်း
အလ္လာဟ်အသျှင်မြတ်အား ဖူးမြှော်ရခြင်းမရှိသော်လည်း တစ်စုံတစ်ရာ၏အကွယ်အကာနောက်မှ မုက္ခပါဌ်တော်ကို တမန်တော်များက ကြားသိရခြင်းပုံစံ ဖြစ်သည်။ ဥပမာ- တမန်တော်မူစာ(AS)၊ ဝဟီဗျာဒိတ်၊ မီးအကြောင်း။
ကြည့်ရှုလေ့လာရန် - ကုရ်အာန် ( ၂ဝး၁ဝ မှ ၁၂ ) ( ၇း၁၄၃ )
၃။ ကောင်းကင်တမန်မှတစ်ဆင့် ပို့ချခြင်း
တမန်တော်များသည် အိပ်စက်နေစဉ်ဖြစ်စေ၊ နိုးကြားနေစဉ်ဖြစ်စေ အလ္လာဟ်အသျှင်မြတ်မှ ကောင်းကင်တမန်ကိုစေလွှတ်၍ အကြောင်းတစ်ရပ်ရပ်သိရှိစေခြင်း ပုံစံဖြစ်၏။ ကောင်းကင်တမန်သည် ၄င်း၏ မူလပကတိပုံပန်းဖြင့် ရောက်လာတတ်၏ - သို့ရာတွင် အလွန်ဖြစ်ခဲလှ၏။ တစ်ခါတစ်ရံ လူသားတစ်ဦး၏အသွင်ဖြင့် ပုံဆောင်ရောက်လာတတ်၏။ ဥပမာ - တမန်တော်မြတ်(SAW)ထံသို့ ကောင်းကင်တမန်ချုပ် ဂျိဘ်ရီးလ် (AS)သည် အများအားဖြင့် သာဝကတော် ဒိဟ်ယာ (R)၏ရုပ်သွင်ဖြင့် လာရောက်လေ့ရှိခဲ့သည်။
တစ်ခါတစ်ရံ မည်သည့်ပုံပန်းသဏ္ဍာန်မျှ မမြင်ရဘဲ ထူးခြားသောအခြေအနေတစ်ရပ် ဖုံးလွှမ်းသွားပြီး ဝဟီကျရောက်လာလေ့ရှိသည်။ ထိုသို့သောပုံစံတွင် တမန်တော်မြတ်(SAW)၏ ပြင်ပအခြေအနေ၌ ဝန်ထုပ်ဝန်ပိုး ဖိစီးလာသကဲ့သို့ ပြင်းထန်သောဝေဒနာခံစားရသည့်အလား
** အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၊ ကမ္ဘာကျော် အလ်အဇ်ဟရ် အစ္စလာမ့်တက္ကသိုလ်မှ
ဟဒီးဆ်ပါမောက္ခကြီး မုဟမ္မဒ် မုဟမ္မဒ် အဘူဇဟူး ၏
သာရီးခ် ဟဒီးဆ် ဝ မုဟဒ္ဒိဆီးန် ကျမ်းကြီးမှ ပြန်လည်ကောက်နှုတ်အကျဉ်းချုပ်တင်
No comments:
Post a Comment
Note: only a member of this blog may post a comment.