စတုတ္ထမြောက် ခလီဖွာ (သမ္မတ) ဟဇရသ်အလီ (ရသွေ့ယောက်လားဟု သအားလာ အန့်ဟု) ကိုင်ဆောင်ခဲ့သည့် နှစ်ခွဓါးတော်
အစ္စလာမ့်အင်ပါယာကို ဒီမိုကရေစီစနစ်အရ ထိန်းသိမ်းအုပ်ချုပ်ဖို့အတွက် တမန်တော် မိုဟမ္မဒ် (PBUH) မှ သွန်သင်ခဲ့ပါတယ်။ သမိုင်းပါရဂူများက တမန်တော်မိုဟမ္မဒ်ဟာ ကြီးကျယ်တဲ့ မဟာလူသားကြီးဖြစ်ခဲ့ပြီး အလွန်တရာ အံ့သြဖွယ်ကောင်းလောက်အောင် ကမ္ဘာမှာ သြဇာလွှမ်းမိုးနိုင်ခဲ့ပေမယ့် မိမိမရှိသည့်နောက်ပိုင်းတွင် အာဏာရှင်၊ အာဏာစက်နဲ့ ထိန်းသိမ်းအုပ်ချုပ်မှုမရှိရအောင် ဒီမိုကရေစီနည်းလမ်းအရ အများသဘောတူ တင်မြှောက်သော ခေါင်းဆောင်များဖြင့် ဆက်ခံ အုပ်ချုပ်စေခဲ့ပါတယ်။
ယင်းအုပ်ချုပ်မှုစနစ်အရ ဆက်ခံခဲ့သော ဒုတိယမြောက်သမ္မတကြီး ဟဇရသ် အွမ္မရ်လက်ထပ်တွင် ခေတ်မီတဲ့ မြို့ပြယဉ်ကျေးမှုစနစ်များအား ဖန်တီးတည်ဆောက်ခဲ့ပါတယ်။ ယနေ့ခေတ် မြို့ပြဖွဲ့စည်းပုံများတွင် မရှိမဖြစ် ပါဝင်ဖွဲ့စည်းထားရသော လမ်း၊ ဈေး၊ ရဲစခန်း၊ ဘဏ်၊ ပန်းခြံ၊ ယာဉ်ရပ်နားစခန်း၊ စာပို့ဌာန အစရှိသည်တို့မှာ ဒုတိယမြောက် သမ္မတကြီး ခလီဖွာ ဟဇရသ် အွမ္မရ်မှ စတင် တီထွင်ဖော်ဆောင်ပေးခဲ့တာဖြစ်လို့ ယခုအခါ အဆိုပါစနစ်များဟာ မြို့ပြတစ်ခုရဲ့ မဖြစ်မနေ အခြေခံလိုအပ်ချက်များအဖြစ် အသိအမှတ်ပြုနေကြရဆဲ ဖြစ်ပါတယ်။
စတုတ္ထမြောက် သမ္မတကြီး ခလီဖွာ ဟဇရသ် အလီဟာ တမန်တော် ကိုယ်တော်မြတ်ရဲ့ သားမက်လည်းတော်၊ ညီဝမ်းကွဲလဲတော်စပ်သူ ဖြစ်ခဲ့ပေမယ့် မြတ်ကိုယ်တော်ဟာ အာဏာမက်မောနေမည်ဆိုပါက မိမိရဲ့ အရိုက်အရာတွင် ဟဇရသ် အလီအား ဆက်ခံနိုင်ရန် ပေးအပ်ခွင့်ရှိသော်လည်း အများသဘောတူ ရွေးကောက်ခံစနစ်ကိုသာ ကျင့်သုံးစေခဲ့ခြင်း ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: only a member of this blog may post a comment.