အစ္စလာမ်သာသနာမှာ မိဘမဲ့ကလေးနဲ့ ပက်သက်ပြီး အင်မတန်မှ
လေးလေးစားစားဆက်ဆံကြဖို့ သူတို့ လေးတွေကို သနားဖို့ ၊ ဝေငှဖို့ကို
ပြောဆိုထားတယ်။
တမန်တော်မြတ် (PBUH) မှာကြားခဲ့ပါတယ်။ "အကြင်သူဟာ မိမဲ့၊ ဖမဲ့ကလေးများကို
ဘယ်လောက်ကောင်းမွန်စွာဆက်ဆံမလဲ၊ ထိုသူဟာ ဂျနသ်တွင်
ငါကိုယ်တော်နဲ့အနီးကပ်ဆုံး နေရလိမ့်မယ်"
တခါက အီးဒ်နေ့မှာ အီးဒ်ဆွလာသ်ဝတ်ပြုရန် ဆွာဟဗာများဟာ မိမိတို့ရဲ့
ကလေးငယ်များကို ခေါ်ဆောင်ပြီး အီဒ်ဂါ ကွင်းပြင်သို့ သွားရောက်စုရုံးနေကြတယ်။
တမန်တော်မြတ်ကြီးဟာလည်း အီဒ်ဂါသို့ ကြွမြန်းလာနေစဉ် လမ်းတစ်နေရာမှာ
ကလေးငယ်တယောက်ဟာ မြေပြင်မှာထိုင်ပြီး ငိုနေတာကိုတွေ့ရတော့ ကိုယ်တော်မြတ်
(PBUH) ကြီးက မေးမြန်းတယ်။
"ကလေးလေး ဘာလို့ငိုနေတာလဲ"
ကလေးငယ်က ပြန်လည်လျှောက်တင်ရှာတယ်။
"အို တမန်တော်မြတ်ကြီး သားရဲ့ဖခင်ဟာလည်း ဂျေဟာဒ်မှာ ရှဟီးဒ် (သာသနာအတွက်
အသက်ပေး) ဖြစ်သွားပါပြီ။ သား မိခင်ဟာလည်း ကွယ်လွန်သွားခဲ့ပါပြီ။
တခြားသူတွေရဲ့ ဖခင်တွေဟာ သူတို့ရဲ့ ကလေးတွေကို အီးဒ်မှာ အီဒ်ဂါကို
ခေါ်သွားချိန်မှာ သားကိုတော့ ခေါ်သွားမယ့် အဖေမရှိတော့ပါဘူး။ အခြားကလေးတွေ
အီးဒ် ဆွလာသ်ဝတ်ပြုဖို့ အင်္ကျီသန့်သန့်လေးတွေရှိတဲ့အချိန်မှာ သားမှာတော့
မရှိဘူး" ဟု ငိုယိုပြီး ပြောတယ်။
ထိုအခါ ဂရုဏာကြီးမားတဲ့ မြင့်မြတ်သော ကိုယ်တော်ဟာ ထိုကလေးငယ်ကို ချက်ချင်းကောက်ချီလိုက်ပြီး
“သားရဲ့ အဖေဟာ ငါတမန်တော်ဆိုရင် ကလေးကျေနပ်မလား?”
“သားရဲ့အစ်မဟာ ဖွာသိမာဟ် (rtah) ဆိုရင် ကျေနပ်မလား?”
“ကလေးရဲ့ ညီနောင်ဟာ ဟစန်နဲ့ ဟူစိုင် (rtah) တို့ ဆိုရင်ရော ကျေနပ်မလား?” ဟု ပြောဆိုကာ ကလေးငယ်မှာ အင်မတန်မှ ၀မ်းသာသွားခဲ့သည်။
ထိုကလေးငယ်ကို တမန်တော်မြတ်ကြီးဟာ မ,ချီတော်မူပြီး၊ သမီးတော်
ဘီဘီဖွာသိမဟ်ရဲ့  အိမ်ကိုခေါ်သွားပြီး သမီးတော်အား ထိုကလေးငယ်ကို
ရေချိုးပေးဖို့ မှာကြားပါတယ်။ သမီးတော် ဖွာသိမဟ် ကိုယ်တိုင် ထိုကလေးကို
ရေချိုပေးခဲ့တယ်။ ထို့နောက် မြေးတော်တွေရဲ့  အင်္ကျီကို ၀တ်စေခဲ့တယ်။ ထို
့နောက် စောင့်စိုင်းနေတဲ့ ကိုယ်တော်မြတ်ကြီးဟာ ထိုကလေးငယ်နဲ့အတူ အီဒ်ဂါသို့ 
ကြွရောက်ပြီး ၀တ်ပြုခဲ့တယ်။
စဉ်းစားကြည့်ပါ။ သိန်းနဲ့ချီတဲ့ ဆွာဟာဗာတွေ ကိုယ်တော်မြတ်ကြီးကို
အီးဒ်ဆွလာသ်ဝတ်ပြုဖို့  စောင့်စိုင်းနေတဲ့အချိန်မှာ ကိုယ်တော်ဟာ ယသီမ်း
(မိဘမဲ့) ကလေးအတွက် စိတ်ချမ်းသာရအောင် ဖန်တီးပေးခဲ့တယ်။ မိဘမဲ့ကလေးကို
ကိုယ်တော်ဟာ စိတ်ရှည်လက်ရှည် စောင့်နေခဲ့တယ်။
Mg Xick Xack ၏ post အား ပြန်လည် ပြင်ဆင် တည်းဖြတ် တင်ပြခြင်း ဖြစ်ပါသည်။
http://www.teol-mm.info
Subscribe to:
Post Comments (Atom)




No comments:
Post a Comment
Note: only a member of this blog may post a comment.