တွာလူးသ်ဘုရင်သည်တမန်တော်ဒါဝူးဒ်
အိုလမာပညာရှင်များကတားမြစ်ကြသော
အသက်ဆုံးရှုံးခဲ့ရသည်။သတိသံေ၀ဂေ
၏အုတ်ဂူ(ကဗရ်)သို့ခေါ်သွားခဲ့၏။
တိုက်ခိုက်ခြင်းဖြင့်ရှဟီးဒ်ြ
(အလ်ဗေဒါယဟ်၊စာ-၉)အတွဲ၂
အမေး------ရှိုက်သွာန်သည်နဗီတစ်
အဖြေ------မည်သည့်ရှိုက်သွာန်မှ
တမန်တော်ဒါဝူးဒ်(အ)၏ ခေတ်ကာလ၌ “အိုင်လာ” ဒေသနေ အမျိုသားများသည် အလ္လာရှင်မြတ်၏ အမိန့်တော်ကို ဖီလာဆန့်ကျင်ကြသည်။ အရှင်မြတ်က စနေနေ့ တွင် ငါးမဖမ်းကြရဟူသော အမိန့်ကိုဆန့်ကျင်၍ ထိုနေ့တွင် ငါးဖမ်းကြသောကြောင့် အပြစ်ဒဏ်အဖြစ် ဖီဆန်သူအပေါင်းတို့အား လူအဖြစ်မှ မျောက်အဖြစ်သို့ ပြောင်းလဲ ပစ်တော်မူခဲ့လေသည်။ ထိုပြစ်ဒဏ်ခတ်ခြင်း ခံရသူတို့သည် မျောက်ဘဝဖြင့် သုံးရက်နေပြီး သေကြေပျက်စီးကုန်ကြလေသည်။
အလ္လာဟ်အရှင်မြတ်သည် တမန်တော်ဒါဝူးဒ်(အ) ထံသို့ “ဇဗူးရ်ကျမ်း” ကိုချပေး တော်မူခဲ့သည်။ တမန်တော်ဒါဝူးဒ်(အ) ယခုလက်ရှိ “ဂျေရုဆလင်မြို့”၌ တည်ရှိ သော “ဗိုင်တွလ်မိုကတ်ဒတ်စ်” ကျောင်းတော်ကို အုတ်မြစ်ချတော်မူခဲ့သည်။ တမန်တော်ဒါဝူးဒ်(အ) သည် နှစ်ပေါင်း(၄၀)တိုင်တိုင် တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ် တော်မူခဲ့သည်။
တမန်တော်ဒါဝူးဒ်(အ) သည် သက်တော်(၁၀၀)နှစ်တွင် အလ္လာဟ်အမိန့်ကို ခံယူခဲ့ လေသည်။ ထိုအချိန် “ဗိုင်တွလ်မိုကတ်ဒတ်စ်” ကျောင်းတော်မှာ ဆောက်တည်၍ မပြီးသေးသဖြင့် သားတော်ဆိုလိုင်မန်(အ)အား ၄င်းကျောင်းတော်ပြီးမြောက်သည် အထိ တည်ဆောက်ရန် မှာတမ်းပြုခဲ့လေသည်။ နဗီတမန်တော်ဒါဝူးဒ်(အ) ကွယ်လွန် ချိန်၌ သားတော်(၁၂) ပါး ကျန်ရစ်ခဲ့လေသည်။
No comments:
Post a Comment
Note: only a member of this blog may post a comment.