အမိ အွမ္မုဖဿွ်လ်တို့မှ နဗ၀ီ ၁၀ ခုနှစ် ၊ ဟစ်ဂျရဟ်မတိုင်မီ သုံးနှစ်စော၍ မက္ကာဟ်ရွှေမြို့တော်၌
ဖွားမြင်ခဲ့
သည်။ သာဝကကြီးသည် တမန်တော်မြတ်(စွ)၏ ညီအစ်ကိုဝမ်းကွဲတော်စပ်သည်။ သာဝကြီးနှင့် မိသားစု
ဝင်များသည် ဟစ်ဂျရီ(၈)ခုနှစ် ၊ မက္ကာရွှေမြို့တော်ကို တည်ငြိမ်အေးချမ်းစွာ ပြန်လည်အောင်နိုင်ပြီးနောက်
သော်မှ မဒီနဟ်ရွှေမြို့တော်သို့ ဟစ်ဂျရဟ်ပြုရန် အခွင့်သာခဲ့ကြသည်ဖြစ်ပေရာ ထိုအတောအတွင်း ကာလ
တစ်လျှောက်လုံး တမန်တော်မြတ်(စွ)နှင့် မဆုံဆည်းနိုင်ခဲ့ကြောင်း အဆိုတစ်ရပ်လာရှိ၏။ သာဝကကြီး
သည် ဟစ်ဂျရဟ်ပြုပြီး သောကာလမှစ၍ တမန်တော်မြတ်(စွ)၏ ထိုင်ဝိုင်းတွင် မပျက်မကွက်ရှိနေတတ်ပြီး
တမန်တော်မြတ် (စွ) ၏နောက်မှ စွလားဟ်ဝတ်ပြုဆောက်တည်ရန် အမြဲတမ်း အသင့်ရှိနေခဲ့ပေသည်။
တမန်တော်မြတ် (စွ) သည် မိမိညီတော်၏ သွက်လက်ထက်မြက်မှု ၊ အရွယ်နှင့်မလိုက်အောင်
ဥာဏ်ရည်ဥာဏ်သွေးမြင့်မားမှု ၊ ကလေးမဆန်စွာ တွေးခေါ်မြော်မြင်နိုင်မှုတို့အပေါ် အထူးတလည် နှစ်
ထောင်းအားရဖြစ်နေချေ၏။ ကျမ်းတော်မြတ်ကုရ်အာန်လာ အာယဟ်တော်တစ်ပါးကို ကြားလျှင်ကြားချင်း
အလွတ်ကျက်မှတ် အာဂုံဆောင်တတ်ခြင်း ၊ မိမိ၏ သြ၀ါဒတော် တစ်ပါးပါးအား ကြားရသည်နှင့် ဦးနှောက်
ထဲ၌ စွဲနစ်ထင်ကျန်နေစေရန် ကျက်မှတ်နာယူခြင်း ၊ အခြားသူများကို ဆင့်ပြန်တင်ပြတတ်ခြင်းတို့ကြောင့်
လည်း တမန်တော်မြတ် (စွ) ၏ ချစ်ခြင်းမေတ္တာတော်ကို ကောင်းစွာ ခံယူခဲ့ရသူဖြစ်၏။ ၀ါရင့် စွဟာဘဟ်
သာဝကကြီးများ၏ အသိုင်းအ၀ိုင်း၌ ပျော်မွေ့တတ်သဖြင့် အထွေထွေဗဟုသုတအရာတွင် တမူထူးကဲစွာ
ထူးချွန်ပြောင်မြောက်လာခဲ့ပေသည်။
အဗ္ဗဒွလ္လာဟ်အိဗ်နုအဗ္ဗားစ်(ရေဿွ့)သည် တမန်တော်မြတ်(စွ)၏ အပါးတော်၌ လပေါင်းသုံး
ဆယ် (နှစ်နှစ်ခွဲ) ကြာမျှ အစ္စလာမ့်နည်းကျ ဘ၀တည်ဆောက်မှုလမ်းစဉ်ကို လေ့လာသင်ယူဆည်းပူးခဲ့သည်။
တစ်ခါသော် တမန်တော်မြတ်(စွ)သည် မိမိ၏ကြင်ယာတော်တစ်ပါးဖြစ်သော မိုင်မူနဟ်(ရေဿွ့)၏
နေအိမ်
၌ ရောက်ရှိနေစဉ် သခင်မကြီးသည် တမန်တော်မြတ်(စွ) ၀ူဿူပြုရန်အတွက် ရေယူပေးလေ၏။ ထိုရေကို
အဗ္ဗဒွလ္လာဟ်အိဗ်နု အဗ္ဗားစ်က တမန်တော်မြတ်(စွ) ၀ူဿူပြုရန်အတွက် ခပ်ပေးထားခြင်းဖြစ်ကြောင်း
လည်း လျှောက်ထားလေ၏။ ထိုအခါ တမန်တော်မြတ်(စွ)က
(في الدين وعلمــه التأويـل اللهم فقهــــه)
“ အို အလ္လာဟ်အရှင်မြတ် သူ့ (အဗ္ဗဒွလ္လာဟ် အိဗ်နုအဗ္ဗားစ်) ကို သာသနာ့ရေးရာ အသိအလိမ္မာဥာဏ်
ပညာများဖြင့် ပြည့်ဝစေတော်မူပါ။ မိမိ၏ အသိဥာဏ်ဖြင့် ထူးခြားစွာ ရှင်းလင်းဖွင့်ဆိုရသော ဋီကာဆိုင်ရာ
ပညာရပ်များကိုလည်း တတ်မြောက်စေတော်မူပါ” ဟု ဒု အာပြုဆုတောင်းပေးခဲ့ပေသည်။
အဗ္ဗဒွလ္လာဟ်အိဗ်နုအဗ္ဗားစ်(ရေဿွ့)သည် တမန်တော်မြတ်(စွ)၏ ထံတော်ပါးသို့ ကြွရောက်
လာသော ကောင်းကင်တမန်တော်ကြီး ဂျိဗ်ရီးလ် (အ) ကို နှစ်ကြိမ်တိုင်တိုင် မြင်တွေ့ခွင့်ရခဲ့ပြီး ထိုအတွေ့
အကြုံနှင့်ပတ်သက်၍ သာဝကကြီးက ဤသို့ ပြန်ပြောင်းပြောပြခဲ့သည်။ “ ကျွန်ုပ်သည် တမန်တော်မြတ်
(စွ) ထံတော်သို့ရောက်ရှိ စဉ် ကောင်းကင်တမန်တော်ကြီး ဂျိဗ်ရီးလ်(အ)သည် ကိုယ်တော်မြတ်(စွ)နှင့်အ
တူ ရှိနေတော်မူ၏။ ဂျိဗ်ရီးလ်(အ)က ကျွန်ုပ်ဘက်သို့ ရည်ညွှန်းလျှက်
(إنه
حبر هذه الأمة فاستوص به خيرا )
“ ဤသူငယ်လေးသည် မွတ်စ လင်မ်အွမ္မဟ်ထုကြီး တစ်ရပ်လုံး၏ မင်ရည် (ပညာ) အိုးဖြစ်လာလိမ့်မည်။
ထို့ကြောင့် သူ့ကို စနစ်တကျ ဆုံးမ သွန်သင်ထိန်းကျောင်းရန် လိုအပ်ပေလိမ့်မည် ” ဟု တမန်တော်မြတ်(စွ)
အား အသိပေးပြောကြားတော်မူခဲ့၏။ ထိုအခါ တမန်တော်မြတ်(စွ)သည် ကျွန်ုပ်၏ ပုခုံးနှစ်ဖက်ကို
ဆုပ်ကိုင်
လျှက်
“ ကျမ်းတော်မြတ်ကုရ်အာန်ကို ဋီကာဖွင့်ဆိုရာတွင် အသင် (ညီတော်) သည် အတိုင်းထက်အလွန် အထက်
တန်းကျလှပေစွ” ဟု ၀မ်းသာအားရ ပြောကြားတော်မူခဲ့ပေသည်။ တမန်တော်မြတ်(စွ) ဝဖာဟ်ဖြစ်ကွယ်လွန်
တော်မူသောအခါ သာဝကကြီး အဗ္ဗဒွလ္လာဟ်အိဗ်နုအဗ္ဗားစ် (ရေဿွ့) သည် တစ်ဆယ့်သုံးနှစ်သားမျှပင် ရှိ
သေး၏။ သို့တစေလည်း သာဝကကြီးသည် မွတ်စလင်မ်တစ်မျိုးသားလုံးအတွက် တမန်တော်မြတ်(စွ)၏ ဟ
ဒီးသ်သြ၀ါဒတော် (၁၆၆၀) ကို ထိုအရွယ်၌မှာပင် အာဂုံဆောင်နိုင်ခဲ့ပေသည်။ ထို့ပြင် သာဝကကြီးသည်
အစ္စလာမ့်လူမှုအ၀န်းအဝိုင်းကြီး တစ်ရပ်လုံး၏ ဥာဏ်ပညာပင်လယ်ကြီးဟု ကမ္ဗည်းရေးထိုး မှတ်တမ်းတင်
ခြင်းခံရသော ထိပ်တန်းစွဟာဘဟ်ကြီးတစ်ပါး ဖြစ်လာခဲ့၏။ ကျမ်းတော်မြတ်ကုရ်အာန်ကို အကျယ်ဖွင့်ဆို
ရှင်းလင်းကြသော သုတေသီကြီးများ၏ ရှေ့ဆောင်လမ်းပြ ဆရာတစ်ဆူဖြစ်လာခဲ့ပြီး တစ်ခေတ်တစ်ယောက်
ထွန်းသော ဖိကဟ်ဓမ္မသတ်ပိုင်းဆိုင်ရာ က၀ိအကျော်အမော် စာဆိုတော်ကြီးလည်း ဖြစ်လာခဲ့ပေ၏။ အ
သက်အားဖြင့်လည်း အငယ်ဆုံးပင်။
نعـم تـــرجـمـان القـرآن
أنت))
“ ကျမ်းတော်မြတ်ကုရ်အာန်ကို ဋီကာဖွင့်ဆိုရာတွင် အသင် (ညီတော်) သည် အတိုင်းထက်အလွန် အထက်
တန်းကျလှပေစွ” ဟု ၀မ်းသာအားရ ပြောကြားတော်မူခဲ့ပေသည်။ တမန်တော်မြတ်(စွ) ဝဖာဟ်ဖြစ်ကွယ်လွန်
တော်မူသောအခါ သာဝကကြီး အဗ္ဗဒွလ္လာဟ်အိဗ်နုအဗ္ဗားစ် (ရေဿွ့) သည် တစ်ဆယ့်သုံးနှစ်သားမျှပင် ရှိ
သေး၏။ သို့တစေလည်း သာဝကကြီးသည် မွတ်စလင်မ်တစ်မျိုးသားလုံးအတွက် တမန်တော်မြတ်(စွ)၏ ဟ
ဒီးသ်သြ၀ါဒတော် (၁၆၆၀) ကို ထိုအရွယ်၌မှာပင် အာဂုံဆောင်နိုင်ခဲ့ပေသည်။ ထို့ပြင် သာဝကကြီးသည်
အစ္စလာမ့်လူမှုအ၀န်းအဝိုင်းကြီး တစ်ရပ်လုံး၏ ဥာဏ်ပညာပင်လယ်ကြီးဟု ကမ္ဗည်းရေးထိုး မှတ်တမ်းတင်
ခြင်းခံရသော ထိပ်တန်းစွဟာဘဟ်ကြီးတစ်ပါး ဖြစ်လာခဲ့၏။ ကျမ်းတော်မြတ်ကုရ်အာန်ကို အကျယ်ဖွင့်ဆို
ရှင်းလင်းကြသော သုတေသီကြီးများ၏ ရှေ့ဆောင်လမ်းပြ ဆရာတစ်ဆူဖြစ်လာခဲ့ပြီး တစ်ခေတ်တစ်ယောက်
ထွန်းသော ဖိကဟ်ဓမ္မသတ်ပိုင်းဆိုင်ရာ က၀ိအကျော်အမော် စာဆိုတော်ကြီးလည်း ဖြစ်လာခဲ့ပေ၏။ အ
သက်အားဖြင့်လည်း အငယ်ဆုံးပင်။
သမ္မတကြီးအုမရ်(ရေဿွ့) လက်ထက်တွင် အဗ္ဗဒွလ္လာဟ်အိဗ်နုအဗ္ဗားစ်(ရေဿွ့) ထိပ်တန်း
ရာထူးကြီးများ၌ ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသည်။ အုပ်ချုပ်ရေးအပိုင်းတွင် အကြီးအကဲတာဝန်ယူထား
ကြသာ မုဟာဂျိရ်နှင့် အာန်စွာရီစွဟာဘဟ်ကြီးများအထဲတွင်
အသက်အငယ်ဆုံးသော ခေါင်းဆောင်တစ်
ဦးအဖြစ် ပါဝင်ခဲ့၏။ အချို့သော အရေးကိစ္စများတွင်
သမ္မတကြီးအုမရ် (ရေဿွ့) သည် အဗ္ဗဒွလ္လာဟ်
အိဗ်နုအဗ္ဗားစ် (ရေဿွ့) ထံမှ အကြံဥာဏ်တောင်းခံခဲ့ရသည်များလည်း ရှိ၏။ အချို့ပုဂ္ဂိုလ်များက သမ္မတ
ကြီးအုမရ်သည် အဗ္ဗဒွလ္လာဟ်အိဗ်နုအဗ္ဗားစ်ကဲ့သို့သော လူငယ်လူရွယ်တစ်ဦးကို အဘယ်အတွက်ကြောင့်
ထိုမျှ အလေးထားနေရပါသနည်း။ မိမိတို့၌လည်း သားယောင်္ကျားလေးများ ရှိကြသည်သာဖြစ်သည်ဟု
စောဓက၀င်ခဲ့ကြသည်။ သမ္မတကြီးအုမရ် (ရေဿွ့) သည် ယင်းပုဂ္ဂိုလ်များကိုခေါ်ယူ၍ ကျမ်းတော်မြတ်
ကုရ်အာန်လာ စူရဟ်အန္နတ်စ်ွရ် (အကူအညီကဏ္ဍ) ၏ နက်နဲမှုများ ကိုရှင်းလင်းဖွင့်ဆိုပြကြရန် တောင်း
ဆို၏။ ထိုအခါ အဆိုပါပုဂ္ဂိုလ်များသည် လိုရင်းမရောက်သောအဖြေကိုသာ ပေးနိုင်ခဲ့ကြသည်။ အဗ္ဗဒွလ္လာဟ်
အိဗ်နုအဗ္ဗားစ်(ရေဿွ့)အလှည့်သို့ ရောက်သောအခါ သာဝကကြီးသည် ၄င်းတို့အံ့အားသင့်ရလောက်
အောင် ဖြေကြားပြသနိုင်ခဲ့ပေသည်။
အဗ္ဗဒွလ္လာဟ်အိဗ်နုအဗ္ဗားစ်(ရေဿွ့)သည် စိတ်သဘောထား နူးညံ့သိမ်မွေ့သူဖြစ်ပြီး ရက်ရောစွာ
ပေးကမ်းစွန့်ကြဲ၏။ သာဝကကြီးသည် ဘစွရဟ်ဒေသ၏ အကြီးအကဲတာဝန် ထမ်းဆောင်နေစဉ် သာဝက
ကြီး အဗူ အိုက်ယူးဘ်အန်ဆွာရီ(ရေဿွ့)သည် အဆိုပါဒေသသို့ ရောက်ရှိလာခဲ့ရာ မိမိနေအိမ်သို့ လာရောက်
လည်ပတ်ရန် ဖိတ်ကြားလေ၏။ မက္ကာဟ်မြို့မှ မဒီနဟ်မြို့ဆီသို့ ဟစ်ဂျရဟ်ပြုလာသော တမန်တော်မြတ်(စွ)
ကို ဧည့်ဝတ် ကျေပွန်ခဲ့သော မဒီနဟ်မြို့သား စွဟာဘဟ်ကြီးအား မိမိအနေဖြင့် ဧည့်ဝတ်ကျေပွန်ချင်သော
ဆန္ဒဖြင့် အထူးပင် ဧည့်ခံကျွေးမွေးခဲ့သည်ဟူ၏။
အဗ္ဗဒွလ္လာဟ်အိဗ်နုအဗ္ဗားစ်(ရေဿွ့)နှင့်စပ်လျဉ်း၍ ဂုဏ်ပြုပြောကြားခဲ့ကြသော ပုဂ္ဂိုလ်ကြီးများ
အနက်မှ အချို့၏ ဂုဏ်ပြုစကားများကို တင်ပြလိုပေသည်။
“ အိဗ်နုအဗ္ဗားစ်ဟာ လူကြီးတစ်ယောက်လို ရင့်ကျက်တဲ့
လူငယ်လေးတစ်ယောက်ပါ။ ပညာရေးအတွက်
ဆိုရင် တကယ့်ကို မေးနိုင်မြန်းနိုင်တဲ့ နှုတ်လျှာကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သူ့ဆီမှာ ဦးနှောက်လို တွေး
ခေါ်စဉ်းစား နိုင်တဲ့ နှလုံးသားတစ်စုံလည်း ရှိနေချေရဲ့။ (သာဝကကြီးအုမရ်(ရေဿွ့)
“ အိဗ်နုအဗ္ဗားစ်ရဲ့ ဆွေးနွေးပွဲစကားဝိုင်းဟာ ဂုဏ်ယူအားကျဖွယ်ကောင်းသလို လေးစားဖို့လည်း ကောင်းသဗျ။
တည်တည်ငြိမ်ငြိမ် ရှိသလောက် ပညာသားလည်း သိပ်ပါတယ်လေ။
ကျမ်းတော်မြတ်ကုရ်အာန်ဆိုင်ရာ ပညာ
ရပ် တွေကို လေ့လာလိုက်စားသူတွေ ၊
အစ္စလာမ့်ဓမ္မသတ်ပိုင်းဆိုင်ရာဘက်မှာ အားသန်တဲ့သူတွေအပြင် ကဗျာ
လင်္ကာ အဖွဲ့အနွဲ့ပိုင်းကို
စိတ်ပါဝင်စားကြသူတွေဟာ သူ့အပါးမှာ ခြေချင်းထပ်လျှက်ရှိကြပါတယ်။ အိဗ်နုအဗ္ဗားစ်
ဟာ သူ
တို့တစ်တွေကို ပညာစိမ့်စမ်းတောတောင်လျှိုးမြောင်ကြီးထဲကို ပါအောင်ခေါ်သွားနေလေရဲ့။ (အတွားအ်
အိဗ်နုရဘားဟ် (ရေဿွ့)
“ အိဗ်နုအဗ္ဗားစ်ကို ပင်လယ်ကြီးလို့
တလေးတစား အမှတ်သညာပြုကြတယ်။ သူ့ရဲ့ အံ့မခန်းတဲ့ ပညာအ
ရည်အချင်းကြောင့်လေ။ သာဝကကြီး
အတွားအ်ဆိုရင် အိဗ်နုအဗ္ဗားစ်လို့ မသုံးနှုန်းပဲ ပင်လယ်ကြီးက ဒီလိုပြော
တယ် ၊ ပင်လယ်ကြီးက ဒီလိုလုပ်တယ် စသည်ဖြင့် နာမ်စားသုံးပြီးပြောတတ်တယ်။ (မုဂျာဟိဒ် (ရဟ်)
“ တမန်တော်မြတ်(စွ) မိန့်ကြားတော်မူခဲ့တယ်။
ငါ့နောက်လိုက်တပည့်သားတွေထဲမှာ အဘူဘက်ရ်ဟာ မေတ္တာ
တရား အပြည့်ဝဆုံးသူပဲ။
စိတ်ဓာတ်အကြံ့ခိုင်ဆုံးသူက အုမရ်ပါ။ ရှက်ကြောက်တတ်တဲ့နေရာမှာ သူ့အပြင် အ
ခြားတစ်ယောက်မရှိတာ
အွတ်ဆမားန်ပါ။ ကျမ်းတော်မြတ်ကုရ်အာန် ဖတ်ရွတ်ရာမှာ အကောင်းဆုံး ဖတ်ရွတ်
နိုင်တာကတော့ အုဗိုက်ယ်ပေါ့။ မဖြစ်မနေထမ်းဆောင်ရမဲ့ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်း
ဆောင်ရွက်ရာ
မှာ ဇိုက်ဒ်ကတော့ အကျေပွန်ဆုံးပါပဲ။ အလီကတော့ တရားစီရင်ဆုံးဖြတ်တဲ့နေရာမှာ အတော်ဆုံးလေ။
ဟလားလ်နှင့် ဟရားမ် ခွဲခြမ်းစိတ်ဖြာရာမှာ
မုအားဇ်ကို ဘယ်သူမှမမီဘူး။ စကားပြောဆိုရာမှာ အဘူဇရ်ဟာ
အပီသဆုံးသော အာဝဇ္ဇန်းပိုင်ရှင်ပါ။ တည်ကြည်ဖြောင့်မတ် သစ္စာရှိရာမှာ အဘူအုဗိုင်ဒဟ် အာမိရ်ဘင်န်ဂျ
ရားဟ်က နံပါတ်တစ်ပါ။ ပညာရေးလောကရဲ့
ထိပ်ဆုံးရဲ့ထိပ်ဆုံးမှာ ရှိနေတာကတော့ အဗ္ဗဒွလ္လာဟ်အိဗ်နု
အဗ္ဗားစ်ပါပဲ။ (သာဝကကြီးအုမရ် (ရေဿွ့)
“ ကျွန်တော်လေ အိဗ်နုအဗ္ဗားစ်ကိုမြင်တိုင်း အခန့်ညားဆုံးပါပဲလားလို့ တီးတိုးစကားဆိုမိတယ်။ သူ့အ
ပြောအဆိုတွေကြားရတိုင်း တကယ်ကို ပညာရှိပီသပါပေတယ်လို့ ရေရွတ်မိတယ်။ သူ့ပြောဟန်ဆိုဟန်ကို
“ ကျွန်တော်လေ အိဗ်နုအဗ္ဗားစ်ကိုမြင်တိုင်း အခန့်ညားဆုံးပါပဲလားလို့ တီးတိုးစကားဆိုမိတယ်။ သူ့အ
ပြောအဆိုတွေကြားရတိုင်း တကယ်ကို ပညာရှိပီသပါပေတယ်လို့ ရေရွတ်မိတယ်။ သူ့ပြောဟန်ဆိုဟန်ကို
ကြားရတိုင်း စကားအရာမှ အင်မတန်
ကြွယ်ဝပါပေတယ်လို့ တစ်ကိုယ်ကြားမှတ်ချက်ပြုမိတယ်။ ” (မတ်စ
ရူးက် (ရဟ်) အဗ္ဗဒွလ္လာဟ်အိဗ်နုအဗ္ဗားစ်သည်
သမ္မတကြီး အွတ်ဆမားန်(ရေဿွ့) လက်ထက်တိုင် ဓမ္မသတ်
ဌာနအကြီးအကဲတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်။ ထိုစဉ်အတောအတွင်း ရက်ပေါင်း (၈၀) ကြာမျှ
ကျန်းမာရေး ချို့တဲ့မှု
ဝေဒနာတို့ကို ခံစားရင်း ဟစ်ဂျရီ (၆၈)ခုနှစ် ၊ သက်တော် (၇၁)နှစ်အရွယ်တွင် တွာအိဖ်
မြို့၌ ဝဖားဟ် ဖြစ်ကွယ်လွန်ခဲ့ပေသည်။ သာဝကကြီ၏ ဈာပနတွင် အကောင်အထည်မမြင်ရသော ငှက်တစ်
အုပ်သည် ကဗရ် အတွင်းသို့ ၀င်ရောက်သွား သည်ကို အသံအားဖြင့် သိနေရပြီး ထိုငှက်တို့ ပြန်လည်ထွက်ခွာ
ပျံသန်းသွားသည် ကိုမူ
မည်သူကမျှ မသိရှိခဲ့ရကြောင်း ၊ သာဝကကြီး၏ ဂျနာဇဟ်ကို မြေသို့ချသည့်အခါ တစ်
စုံတစ်ယောက်က အောက်ပါအာယဟ်တော်ကို ဖတ်ရွတ်သရစ္ဇျယ်ခဲ့ကြောင်း ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့
ဆောင်ပေးခဲ့ရသူ သာ ၀ကကြီး စအီးဒွဗ္ဗနုဂျုဘိုင်းရ်(ရေဿွ့)၏ ပြောပြချက်အရ
သိရှိရပေသည်။
يَااَيَّتُهَا النَّفْسُ
المُطْمَئِنَّةُ - اِرْجِعِيْ اِلـٰى رَبِّكِ رَاضِيَةً مَّرْضِيَّةً - فَادْخُلِيْ
فِيْ عِبَادِيْ
وَادْخُلِيْ جَنَّتِيْ .
سورة الفجر ( ۲۷- ۲۸ - ۲۹ -۳۰)
အို (သောကကင်း၍)
ဆိတ်ငြိမ်သော အသက်ဇီဝိန် ၊ အသင်သည် မိမိ၏ အရှင်ထံတော်သို့
ကျေနပ်လျှက် ၊ ထို
ရှင်မြတ်၏ ကျေနပ်မှုကို ခံယူလျှက် ပြန်သွားလေလော့။ ထို့နောက်
အသင်သည် ငါအရှင်မြတ်၏ ကျွန်တို့တွင် ပါ
ဝင်လေလော့။ ၄င်းပြင် အသင်သည် ငါအရှင်မြတ်၏ ဂျန္နဟ်သုခဘုံသို့
ဝင်ရောက် စံမြန်းလေလော့။ (ကျမ်းတော်
မြတ်ကုရ်အာန် ၈၉း
၂၇ ၊ ၂၈ ၊ ၂၉ ၊ ၃၀ )
http://aphyaekhan.blogspot.com/




No comments:
Post a Comment
Note: only a member of this blog may post a comment.