Pages

Pages - Menu

ဂုဏ်သိက္ခာစောင့်ရှောက်ခြင်း နှင့် အစ္စလာမ် (Tim Cahill)

ဂုဏ်သိက္ခာစောင့်ရှောက်ခြင်း နှင့် အစ္စလာမ် (Tim Cahill) ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သူအချင်းချင်း တစ်ဦးနှင့်တစ်ဦး ရိုသေလေးစားစွာ ဂါရ၀တရားထားရှိရန် လိုအပ်ပေသည် ။
တမန်တော်မြတ်က လူမျိုးဘာသာမရွေး “ကြီးသူကိုရိုသေ ၊ ရွယ်တူကိုလေးစား ၊ ငယ်သူကိုသနား ” ရမည့်အကြောင်းကို အလေးအနက် တိုက်တွန်းထားသည် ။ အလ္လာဟ်အရှင်မြတ်က အစ္စလာမ်တရားကို လေးနက်စွာ ယုံကြည်ထားသူတို့အား အမှုးပြု၍ ဤသို့မိန့်ကြားတော်မူထားသည် ။


အို………. သက်ဝင်ယုံကြည်သူအပေါင်းတို့ အမျိုးသားတို့သည် အခြားအမျိုးသား (မျိုးနွယ်စုတို့) အား သရော်သမှုမပြုရ ။ ထိုသရောက်ခြင်းခံရသော အမျိုးသားများသည် သရော်သော အမျိုးသားများထက် ပိုကောင်းမြတ်သူများ ဖြစ်ကြရ၏ ။

 ထိုနည်းတူစွာ အမျိုးသမီးများသည်လည်း အခြား (မျိုးနွယ်စုမှ) အမျိုးသမီးများအား သရော်သမှုမပြုရ ။ ထိုသရော်ခံရသော အမျိုးသမီးများသည်လည်း သရော်သော အမျိုးသမီးများထက် ပို၍ကောင်းမြတ်သောသူများ ဖြစ်တန်ကြကုန်၏ ။

 ” “ထို့အပြင် အသင်တို့သည် မိမိတို့ အချင်းချင်း တစ်ဦးကိုတစ်ဦး ငြူစူစောင်းချိတ် ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်းလည်း မပြုလုပ်ကြကုန်လင့် ။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး သရော်သမှုပြုကြသော အမည်နာမများဖြင့်လည်း မှည့်ခေါ်ခြင်း မပြုကြကုန်လင့် ။ ” “အစ္စလာမ်သာသနာကို လက်ခံယုံကြည်ပြီးသည့်နောက် ပြစ်မှုကျူးလွန်သူတည်းဟူသော အမည်နာမသည် လွန်စွာဆိုးရွားလှ၏ ” (ကုရ်အာန် ၄၉း၁၁)


ထိုကဲ့သို့ပင် အမျိုးသားများအား မိမိတို့၏ မျက်လွှာကို ထိန်းသိမ်းခြင်းနှင့် မိမိတို့၏ ကာအိနြေ္ဒရပ်ကို ထိန်းသိမ်းရန် ပြဋ္ဌာန်းထားသကဲ့သို့ ဤပြဋ္ဌာန်းချက်တွင် အမျိုးသမီးများလည်း ပါဝင်ပေသည် ။
“(အို တမန်တော်) အသင်သည် သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏ မျက်လွှာများကို နှိမ့်ချထားရမည်ဟူ၍ လည်းကောင်း ၊ မိမိတို့ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍လည်းကောင်း ပြောကြားပါလေ ။ (ကုရ်အာန်ကျမ်း ၂၄း ၃၀ )



“(အို တမန်တော်) အသင်သည် သက်ဝင်ယုံကြည်သူ အမျိုးသမီးတို့အား ပြောကြားပါလေ ။ ၄င်းတို့သည် မိမိတို့၏ မျက်လွှာကို ထိန်းသိမ်းရမည် ။ ထို့အပြင် မိမိတို့၏ အရှက်အင်္ဂါကို (ကာမေသုမိစ္စာစာရ ကျူးလွန်ခြင်းမှထိန်းသိမ်းရမည် ။ )
ထိုမှတစ်ပါး ၄င်းသူမတို့သည် ပေါ်လွင်နေတတ်သော မိမိတို့၏ အလှမှအပ ကျန်အလှများကို မပေါ်ကြစေရ ” (ကုရ်အာန် ၂၄း ၃၁)


ဤအမိန့်တွင် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ပြဋ္ဌာန်းချက်ဖြစ်သဖြင့် မွတ်စလင်မ် နှင့် မွတ်စလင်မ် မဟုတ်သူဟူ၍ ခွဲခြားချက်မရှိ ။ မွတ်စလင်မ် မဟုတ်သူတို့၏အရှက်သိက္ခာသည် မွတ်စလင်မ်၏ အရှက်သိက္ခာကဲ့သို့ ဖြစ်သည် ။ မွတ်စလင်မ် တို့အတွက်လည်း ပြဋ္ဌာန်းပြီးဖြစ်သည် ။
မွတ်စလင်တို့၏ ဂုဏ်သိက္ခာကို ကာကွယ်ရမည်ဖြစ်သကဲ့သို့ မွတ်စလင်မ် ဖွဲ့စည်းအုပ်ချုပ်မှုနယ်မြေတွင် နေထိုင်သောမွတ်စလင်မ် မဟုတ်သူ၏ ဂုဏ်သိက္ခာကိုလည်း ကာကွယ်ပေးရန် ၊ လူမှုဘ၀လုံခြုံမှုရရန် မွတ်စလင်မ်တို့အပေါ်၌ တာဝန်ရှိပါသည် ။


ဒေါက်ဒါကိုကိုကြီး ဘလော့က ကြိုက်တာလေးမလာတာ :P

No comments:

Post a Comment

Note: only a member of this blog may post a comment.