Pages

.

ကုရ်ဗာနီ (သို့မဟုတ်) သမိုင်းထဲသို့ဝင်ခြင်း

ကုရ်ဗာနီ (သို့မဟုတ်) သမိုင်းထဲသို့ဝင်ခြင်း

 

အီးဒ်ဒွလ်အသွာဟာ (Eid Al-Adha)၊ ဆိုသည်မှာ အရဗီစကား (Duha) ကဆင်းသက်လာပါတယ်။ မူရင်း လုးံကောက် အဓိပ္မာယ်မှာ (light or illumination) အလင်းရောင်၊ အလင်း ဖြစ်ပါတယ်။

 Adha ကတော့         (Sacrifice) စွန့်လွတ်ခြင်း၊ ဆီလျော်အောင်ပြန်မယ်ဆိုရင်တော့ မွတ်စ်လင်မ်တို့ရဲ့ စွန့်လွတ်ခြင်းပွဲတော်လို့ ဖြစ်မယ်ထင်ပါတယ်။ ဒွလ်ဟဂ်ျလ ၁၀ရက်နေ့မှာ နိုင်ငံ အသီးသီးမှ မွတ်စ်လင်မ်တို့သည် သက်ဆိုင်ရာဒေသအလိုက် သားကောင်ကို လှီးဖြတ် ခြင်းဖြင့် အတိတ်သမိုင်းကို ပြန်ပြောင်း သတိရရှိစေပြီး အသိတရားရကာ တရားသင်ခန်းစာတို့ဖြစ် ဘ၀သည် ပြန်လှန် လေးနက်လှုပ်ရှားသက်ဝင်လာတော့သည်။

 လွန်ခဲ့သော BC 2000 – 1500 ခုနှစ်များတွင် အလွန်အင်မတန်မှ ယုတ်ရင်းကြမ်းတန်းသော လူအဖွဲ့ အစည်းတစ်ခုသည် သစ္စာတရားတို့ထံမှ အရှိန်ပြင်းပြင်း ခရီးနှင်နေသည် ၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ချုံကျနေသည်၊ မိမိကိုယ်ပိုင် လက်များဖြစ် ပြုလုပ်ကြိုးပမ်းထားသော နတ်ရုပ်များ၊ ယစ်ပူဇော်ခြင်းများ ကျင့်သုးံ လျက်ရှိခဲ့သည်။

 ထိုနတ်ဘုရားများ အား ပူဇော်ပသရန် ရံဖန်ရံခါ လူကိုသတ်ဖြတ်ပြီး ကိုးကွယ်ခြင်းများရှိသည်။ ထိုကဲ့သို အိမ်မက်ဆိုးတို့ဖြင့် နေစဉ်လှည့်ပတ်နေသော လူ့အဖွဲ့အစည်းသည် အဘယ်ကဲ့သို့ လူ့သားမျိုးနွယ် မြှင့်တက်ရေးတွင်ပါဝင်နိုင်ပါမည်နည်း။

 ယင်း လွဲမှားသောညတို့အား မီးထွန်းရန် အတွေးမှားသောဝါဒတို့အား ရှင်းလင်းရန်၊ တမန်တော်ကြီး အီဗရာဟီမ်(အလိုင်ဟီဝဆလမ်) သည် ထိုသူများအား ပါးစပ်ဖြင့် တစ်ပါးတည်းတည်ရှိတော်မူသော အရှင်မြတ်ဘက်လှည့်ရန် ပြောပြီး ထိုသူများသည် လက်ဖြင့် အီဗရာဟီမ်(အလိုင်ဟီဝဆလမ်)အား မီးပုံထဲသို့ ပစ်ချ နှိပ်စက်ကြသည်။ သို့သော် မလောင်ကျွမ်းချေ။

  မွတ်စ်လင်မ်တို့၏ ယုံကြည်ချက်တွင် ကမ္ဘာဦးလူသား တမန်တော် အာဒမ် (အလိုင်ဟီဝဆလမ်) မှ နောက်ဆုးံတမန်တော်ချုပ် မုဟမ္မဒ် (ဆွ) ထိ ဖြန့်ဝေ သယ်ဆောင်လာသော
မပြောင်းလဲသော သစ္စာမှာ တစ်ပါးတည်းသော ကိုးကွယ်ရာ အရှင်အား သက်ဝင်ယုံကြည်ရန်ပင်။ ယင်းသစ္စာသတင်းကို ယူဆောင်လာကြသော လူအဖွဲ့အစည်းအသီးသီးမှ တမန်တော်တို့သည်လည်း တစ်ပါးတည်းသော ကိုးကွယ်ရာ မှ အပ ကိုးကွယ်ရာ အရှင်မရှိ ထိုအရှင်သာလျှင် ကောင်းကျိုးဆိုးကျိုး ပေးမည့်နေ့၏ ပိုင်ရှင်ဖြစ်ကြောင်း ပွင့်လင်းထင်ရှားခဲ့ကြသည်ချည်းသာ။

ဖောက်ပြန်သော လူ့မှုရေးရာ ယဇ်ပူဇော်ခြင်း အယူအဆများကို ဖွင့်ထုတ်ရန် မိမိအတွက် မိမိအရှင်မှ လက်အောင်ခံအဖြစ် ပြုထားသော၊ လူကိုနာခံသော သားကောင်ကို လူသည် တဖန် မိမိအရှင်မြတ်ကို နာခံသောလူပိသမှုဖြစ်စဉ် အတွက် ကုရ်ဗာနီ (စွန့်လှူခြင်း) ပြုလုပ်ခြင်းဖြစ်သည်။
 ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ်တွလ်ဟဂ်ျ (၂၂း ၃၇ )တွင်
“ အလ္လာဟ်အရှင်မြတ် အထံတော်သို့ ယင်း ကုရ်ဗာနီသားကောင်တို့၏ အသားများသည် အလျင်းရောက်ရှိသည်မဟုတ်ပေ။ ထိုးနည်တူစွာ  ယင်း ကုရ်ဗာနီသားကောင်တို့၏ အသွေးများသည်လည်း အလျင်းရောက်ရှိသည် မဟုတ်ပေ။

 စင်စစ် အသင်တို့၏ ရိုသေလေးမြတ်မှု၊ အမိန့်တော်ကို ရိုသေလိုက်နာမှု၊ ကောင်းမြတ်သော အကျင့်သီလသည် သာလျှင် ထိုအရှင်မြတ်အထံတော်သို့ရောက်ရှိပေသည်။ ကျွှ်နည်းနှင်နှင် အသင်တို့သည် မိမိတို့အား တရား လမ်းမှန်ကို ညွန်ပြတော် မူသောကြောင့် အလ္လာဟ်အရှင်မြတ် ကြီးမြတ်တော်မူကြောင်း ရွတ်ဆို ချီးကျူးကြအံသောငှာ ထိုအရှင်မြတ်သည် ယင်းကုရ်ဗာနီသားကောင်များကို အသင်တို့၏ လက်အောက်ခံ များ ပြုလုပ်ထားတော်မူပေသည်။ (အို-နဗီတမန်တော်) အသင်သည် စေတနာ ဖြူစင်သော သူတို့အားဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားပါလေ။”

ကုရ်ဗာနီ ပြုလုပ်ရာတွင် တက်နိုင်သူများမှာ တစ်ဦးတည်း သားကောင်ကို ပြုလုပ်ကြသောလည်း၊ တစ်ချို့အတွက်မူ ၇ဦး ခန့် စပ်တူဝယ်ရ်ျ နီးစပ်ရာ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် တွဲဖက်ရ်ျ ပြုနိုင်ပါသည်။
သားကောင်ကို အီးဒ်သုးံရက်အတွက် မိမိကြိုက်နှစ်သက်ရာ အချိန်တွင်ပြုလုပ်နိုင်ပါသည်။ သို့သော် ညအချိန်တွင်မရပါ။

သားကောင်ကိုလှီးဖြတ်သော ဓါးသည် ချွန်မြနေရမည်၊ သို့မှသာ သားကောင်ကို လှီးဖြတ်ရာပထမတွင် နာကျင်မှုလျော့ကျစေမှာဖြစ်ပါသည်။ အကယ်ရု မိမိသည်ကြိုတင် ၀ယ်ထားပါက သားကောင်အတွက် အစာကို ကောင်းမွန်စွာ ကျွေးမွေးရမည်။ မနှိပ်စပ်ရ။
မလှီးခင် အရင် ကေဗလာဘက်သို့မျက်နှာမူထားရမည်။ ထို့နောက် ဗစ်မစ်လာ အလ္လာဟ်ဟို့ အက္ကဗရ် ( အရှင်မြတ်နာမတော်နှင့် အစပြုပါ၏ ထိုအရှင်မြတ်သည်သာ အကြီးကျယ် အမြင့်မြတ်ဆုးံဖြစ်တော်မူပါ၏) ကိုရွတ်ဆိုပါ။

သားကောင်မှ ထွက်လာသောသွေးများကို ကိုင်ကြည့်လျှင်သိနိုင်သည်။ သွေးများသည် အေးခဲနေမူမရှိလျှင် သွေးစက်လက် ထွက်ရှိနေသည့် လက္ခဏာ ပင်။ ထို့ကြောင့် စောင့်ဆိုင်းပါ။ အကယ်ရ်ျ သွေးများ ဆက်လက်ထွက်ရှိနေခြင်း တွင် သားကောင်၏ အစိတ်ပိုင်းများကို လှီးဖြတ်ခြင်း၊ အရေခွံ ခွာခြင်းများပြုလုပ်လျှင် သားကောင်မှာ ဝေဒနာခံစားရမည်။ ကျွှ်သည် (ဟရာမ်) တားမြတ်ထားသော အရာဖြစ်သည်။
သွေးကို မည်သည့် ပုံစံနှင့်မျှ စားခြင်းမရပါ။ ဟရာမ်ဖြစ်ပါသည်။

အကောင်ကြီးလုပ်သူများ အနေဖြင့် ကျွမ်းကျင်သော လုပ်သားနှင့်သာလုပ်သင့်သည်။ အလွန်အန္တရာယ်များသောကိစ္စဖြစ်ပါသည်။
အီးဒ်နမာဇ် ဖတ်ပြီးမှသာလျှင် လှီးဖြတ်ရမည်။ ကြိုတင် ကြိုးများတုတ်ရ်ျလှဲထားပြီး အချိန်ကြာမြင့်စွာမထားရပါ။

ထို့နောက်သားကောင်မှ ရရှိလာသော အသားများကို မိမိအိမ်နီးခြင်းများ ဆွေမျိုးမိတ်ဆွေ နှင့် မရှိဆင်းရဲသားများကို ဝေငှ ရမည်။ မရှိဆင်းရဲသားများကို အထူးဝေငှ ရမည်။ သားကောင်လုပ်သောသူအချင်းချင်းဝေငှသောခြင်းမဖြစ်ရပါ။
အကုန်လုးံအတွက် ငြိမ်းအေးသော အီးဒ် ဖြစ်ပါစေ။
Ref:  ကျမ်းတော်မြတ်ကုရ်အာန် မြန်မာဘာသာပြန် အတွဲ (၁)၊ (၂)                (ဃာဇီမုဟမ္မဒ် ဟာရှင်)
         Microsoft Encarta Premium 2009

No comments:

Post a Comment

Note: only a member of this blog may post a comment.