================
“လားအိက်ရားဟ ဖိဒ်ဒီးန်’’
(ကုရ်အာန်ကျမ်း ၊ ကဏ္ဍ ၂ ၊ အပိုဒ် ၂၅၆)
အဓိပ္ပါယ် - မည်သူတစ်ဦးတစ်ယောက်ကိုမျှ အစ္စလာမ်သာသနာထဲသို့ ၀င်ရောက်ရန် အတင်းအဓမ္မ အလျင်း မပြုလုပ်ရ။
တမန်တော် မုဟမ္မဒ် ၏ ခောတ်အခါက မဒီနဟ်မြို့၌ ဂျူးလူမျိုးများနှင့် အစ္စလာမ်သာသနာဝင်များ ရောနှောနေထိုင်ကြသည်။ ဂျူးအများစုမှာ
စာတတ်ပေတတ်များဖြစ်ကြသည်။ မုစ်လင်မ်မိဘများ၏ သားသမီးများသည် ဂျူးတို့ထံမှ စာပေသင်ကြားရသည်။ ထိုအခါ ကလေးငယ်အချို့မှာ
ဂျူးတို့နှင့် အနေနီးရာမှ ဂျူးဘာသာအား ခုံမင်သွားကြသည်။ မုစ်လင်မ်မိဘများသည် ဂျူးဘာသာခုံမင်နေသော မိမိတို့၏သားသမီးများအား
အစ္စလာမ်ထဲသို့ဝင်ရန် အတင်းအဓမ္မတိုက်တွန်း ပြောဆိုလေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ်ထံ အထက်ပါ
ဗျာဒိတ်တော်ကို ချပေးလိုက်သည်။ တမန်တော် မုဟမ္မဒ်သည် ၄င်းမုစ်လင်မ်မိဘတို့အား ခေါ်ယူ၍ မိမိတို့၏သားသမီးများအား
အစ္စလာမ်သာသနာထဲသို့ အတင်းအဓမ္မ၀င်ရောက်ခိုင်းခြင်းမြ
အစ္စလာမ်သာသနာထဲသို့ သွပ်သွင်းဖို့နေနေသာ ၊ မုစ်လင်မ်မိဘက မိမိ၏သားသမီးကိုပင် အစ္စလာမ်သာသနာထဲသို့
အတင်းအဓမ္မ၀င်ရောက်စေခြင်းကိုပင်
တမန်တော်မုဟမ္မဒ်ကိုယ်တော်တိုင် ဂျူးများ၊ခရစ်ယာန်များနှင့် အရောင်းအ၀ယ်အပေးအယူများပြုခဲ့ြေ
မုဟမ္မဒ်၏ ခောတ်အခါမှာကော ၊ အရိုက်အရာဆက်ခံသူ ခလီဖဟ်သမ္မတကြီးများ၏ ခေတ်တွင်ပါ ဘာသာခြားများနှင့် ရောနှောနေထိုင်ခဲ့ကြောင်း
သမိုင်းစာအုပ်များတွင် ခိုင်လုံစွာရှိပေသည်။ ဒုတိယမြောက် သမ္မတကြီး အုမရ်ဗင်န်ခတ္တားဗ်ထံတွင် ၀စီးက်အမည်ရှိ မုစ်လင်မ်မဟုတ်သော
သင်္ချာပညာရှင်ဝန်ထမ်းတစ်ဦးရှိခဲ
သမ္မတကြီး အလီ သခင် လက်ထပ်တွင် သမ္မတဖြစ်သူ အလီသခင်နှင့် ဂျူးလူမျိုးတစ်ဦးတို့ အမှုဖြစ်ပွားရာ တရားရုံးမှ သမ္မတ အလီသခင်အား
အမှုရှုံးနိမ့်ကြောင်း ဆုံးဖြတ်ခဲ့သည့် သမိုင်းဖြစ်ရပ်လည်းရှိပေသည်။ ဤအချက်များက အစ္စလာမ်သာသနာတွင် ဘာသာလူမျိုးခွဲခြားခြင်း
အလျင်းမရှိကြောင်းသိရှိရုံမက ဤအချက်ကိုပင် တမန်တော်မုဟမ္မဒ်နှင့် အစ္စလာမ်အဓိပတိကြီးများကိုယ်တိုင
အစ္စလာမ်သည် နှလုံးသားကို အခြေခံသော သာသနာဖြစ်ပေသည်။ လူတစ်ယောက် စိတ်နှလုံးသားထဲမှမပါဘဲ အဘယ်မျှပင် မုစ်လင်မ်ဖြစ်ကြောင်း
ဟစ်ကြွေးနေပါစေ၊ မုစ်လင်မ်ကဲ့သို့ နေထိုင်နေပါစေ ၊ မုစ်လင်မ်ဖြစ်မသွားပေ။ မုစ်လင်မ်ဖြစ်ရန်
အစ္စလာမ့်ယုံကြည်ချက်များအား နှလုံးသားထဲမှ နှစ်နှစ်ကာကာ လက်ခံဖို့ လိုအပ်ပေသည်။ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မှမပါဘဲ ၊
မည်သည့်မက်လုံးမှမပေးဘဲ လူတစ်ယောက်အား နှလုံးသားထဲမှ လက်ခံလာသည်အထိ အစ္စလာမ်အကြောင်း တင်ပြခြင်းဖြင့်
အစ္စလာမ်သာသနာဖက်သို့ ဖိတ်ခေါ်ရသည်။ ဤနည်းမှအပ အခြားမည်သည့်နည်းနှင့်မှ အစ္စလာမ်ဖက်သို့ ဖိတ်ခေါ်ခြင်း မပြုပိုင်ပေ။ အခြားနည်းဖြင့်
အစ္စလာမ်ထဲသို့ ၀င်ရောက်စေခဲ့လျှင်လည်း ထိုဝင်ရောက်လာသူအား မုစ်လင်မ်ဟု ခေါ်ဆိုခွင့်လုံးဝမရှိပေ။ နှလုံးသား၏ ခံယူချက် သက်သက်ဖြင့်
ဝင်ရောက်လာသူကိုသာ မုစ်လင်မ်ဟု အသိအမှတ်ပြုရသည်။ ထို့ကြောင့် အစ္စလာမ်သာသနာထဲသို့ အတင်းအဓမ္မသွပ်သွင်းသည် ဆိုသောစကားမှာ မဖြစ်နိုင်သော ၊ အခြေအမြစ်မရှိသော ၊ လုပ်ကြံဖန်တီးထားသော စကားသာ ဖြစ်ပေသည်။
အာရေဗီးယားကျွန်းဆွယ်တစ်ခုလုံးက
Coptic Christian (ကိဗ်သွီ) အရေအတွက် ၁၄သန်းကျော် ရှိသည်။ ၄င်း ၁၄ သန်းကျော်သော ခရစ်ယာန်တို့က မျိုးရိုးစဉ်ဆက်
ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်ရင်း အာရပ်ကမ္ဘာ၌ လွတ်လပ်စွာ နေထိုင်လာကြသည်။ အိန္ဒိယနိုင်ငံကို မုစ်လင်မ်တွေ နှစ်ပေါင်း
၁၀၀၀ ကျော် အုပ်ချုပ်ခဲ့ပေမဲ့ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာဝင်ဟာ ဒီနေ့ထိ စုစုပေါင်းလူဦးရေရဲ့ ၈၀% အတိုင်းအတာဖြင့် လူများစု
အဖြင့်ရှိနေဆဲဖြစ်သည်။ အကယ်၍ မုစ်လင်မ်တွေ အင်အားရှိလာရင် လူတွေကို အစ္စလာမ်ဘာသာထဲ အတင်းဝင်ခိုင်း ၊ မဝင်ရင် သတ်ပစ်တာတို့
လုပ်ရိုးမှန်လျင် ယနေ့ အာရပ်ကမ္ဘာမှာလည်း ခရစ်ယာန်တွေရှိစရာကြောင်းမရှိသလ
ယနေ့ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မုစ်လင်မ်အများဆုံးနိုင်ငံအဖြစ်
တရုတ်ပြည်မှအပြန် စူမာတြားကျွန်းပေါ်သို့ ရောက်ရှိခဲ့ပြီး နတ်ကိုးကွယ်သူတို့အကြား မုစ်လင်မ်တို့ကို တွေ့မြင်ရကြောင်းနှင့်
မုစ်လင်မ်အုတ်ဂူကိုလည်းတွေ့ခဲ့ရ
တစ်စတစ်စ များပြားလာခဲ့သည်။ မည်သည့် မုစ်လင်မ်စစ်တပ် (သို့မဟုတ်) သာသနာပြုမှု တစ်စုံတရာ မတွေ့ရဘဲ အင်ဒိုနီးရှားအပါအ၀င်
အရှေ့တောင်အာရှနိုင်ငံများသို့ အစ္စလာမ်သာသနာပျံ့နှံ့ခဲ့ပုံနှင်
ကျမ်းမြတ်ကုရ်အာန် ကဏ္ဍ ၄၊ အပိုဒ် ၃ တွင် အလ္လာဟ်အရှင်မြတ်က မုစ်လင်မ်အမျိုးသားများအား ဇနီးမိန်းမ ၁ ဦးသာ ယူကြရန်
တိုက်တွန်းထားသည်။ တစ်ဦးထက်ပို၍ ယူလိုပါကလည်း အလွန်ဆုံး ၄ ယောက်သာယူရန် ကန့်သတ်ထားသည်။ ယနေ့ ကျွန်ုပ်တို့မြန်မာပြည်
မုစ်လင်မ်လောကတွင် မိန်းမ ၄ ယောက် ယူသူသည် မုစ်လင်မ်အမျိုးသားအယောက် ၁ ထောင်တွင် ၁ ယောက်ပင် မရှိပေ။ မိန်းမ
၂ ယောက်ယူသူပင် ၁၀၀ တွင် ၁ ယောက်နှုန်း ရှိချင်မှရှိမည်။ ဤအရေအတွက်မှာ အခြားဘာသာကိုးကွယ်သူများ၏ပတ်ဝန်
သို့ဖြစ်ရာ မုစ်လင်မ်တို့အား သားဖောက်သာသနာပြုသည်ဟု စွတ်စွဲသမုတ်သူမှာ အသိပညာဗဟုသုတနည်းသော လူ့ဗာလသာဖြစ်ကြောင်း
တင်ပြအပ်ပါသည်။
(ဆက်လက်တင်ပြသွားပါမည်။)
Written By Nurullah MUG
Tafseer Reference- Ma a limul Irfan
(Maulana Abdul Hameed Sawati)
No comments:
Post a Comment
Note: only a member of this blog may post a comment.