အလ်ဟာဂ်ျဦးမြသန်း(မောင်သဲနီ)
မိသားစုတစ်စုတွင် အိမ်ထောင်ဦးစီတစ်ဦးရှိရန်လိုအပ်သကဲ့သို့ လူ့အစုအဝေးတစ်ရပ်၊ မျိုးနွယ်စုတစ်စု၊
တိုင်းပြည်တစ်ခုတွင်လည်း မိမိအမျိုးသားတိုးတက်ရာတိုးတက်ကြောင်း လမ်းညွန်မည့် ခေါင်းဆောင်ကောင်းများ
လိုအပ်ကြောင်းအားလုံးအသိပင်ဖြစ်သည်။ ထိုခေါင်းဆောင်သည် မည်သို့သော လမ်းစဉ်မူဝါဒဖြင့် အုပ်ချုပ်ရမည်
ဆိုသည်မှာလည်း လိုအပ်သ်ာသာဖြစ်သည်။
ဤကမ္ဘာပေါ်တွင် များသောအားဖြင့် အုပ်ချုပ်မှုပုံစံ (form of government)လေးမျိုးရှိကြောင်း
အုပ်ချုပ်မှုဆိုင်ရာ ပါရဂူများကဆိုကြသည်။ ယင်းတို့မှာ-
၁။ သက်ဦးဆံပိုင်ဘုရင် အုပ်ချုပ်မှုစနစ် (Monarchy)
၂။ ပြည်သူလူထုအာဏာဖြင့် အုပ်ချုပ်မှုစနစ် (Democracy)
၃။ အာဏာရှင် အုပ်ချုပ်မှုစနစ် (Dictator ship)
၎။ ဘာသာရေးဖြင့် အုပ်ချုပ်သောစနစ် (Theocracy) စသည်တို့ဖြစ်သည်
အစ္စလာမ်က ထိုလေးမျိုးအနက် မည်သည့်စနစ် တစ်စုံတစ်ရာကိုမျှ လုံးလုံးလျားလျားလိုက်နာရန် ညွန်းဆိုတာခြင်း မရှိခြေ။
အကြောင်းမှာ ထိုလေးမျိုးစလုံးတွင် အားသာချက်များရှိသကဲ့သို့ အားနည်းချက်များလည်းရှိနေသောကြောင့်ဖြစ်သည်။
အုပ်ချုပ်မှုပုံစံ မည်သို့ရှိရမည်ဟူသည် အဓိကမကျပေ။ ထိုစနစ်ကို ကိုင်တွယ်ဦးဆောင်မည့်သူ မည်သူဖြစ်သည်ဆိုသည်သာ
အဓိကဖြစ်သည်။ စိတ်ရင်းစေတနာကောင်းသူတစ်ဦး အာဏာရှင်ဖြစ်လာလျှင် မတရားအနိုင်ကျင့်တတ်သည်ဆိုသော
အာဏာရှင်စနစ်သည် စေတနာကောင်းသော အာဏာရှင်အုပ်ချုပ်ရေး(Benevolent Dictatorship)
အဖြစ်ပြောင်းလဲသွားမည်။ မရိုးမဖြောင့်မူမမှန်သူ လူရုပ်မာများ အုပ်ချုပ်ရေးတွင် တာဝန်ယူနေပါက ကောင်းလှပါသည်ဟု
ချီးမွမ်းခြင်းခံရသော ဒီမိုကရေစီ စနစ်သည်ပင် ရက်စက်ကြမ်းကြုတ်သော ဝါဒတစ်ခုဖြစ်သွားပေမည်။
အစ္စလာမ်၏ ရင်းအမြစ်ဖြစ်သော မြတ်အလ္လာဟ်၏ ကျမ်းမြတ်ကုရ်အာန်တွင် အုပ်ချုပ်ရေး ပုံစံသစ်တစ်ခုကိုပြထားသည်။
ဧကန်အမှန် ဤကမ္ဘာမြေအား အုပ်ချုပ်ရန် သင့်တော်သောသူမှ မြတ်အလ္လာဟ်သာ ဖြစ်သည်။
လူသားသည် ထိုအရှင်၏ ကိုယ်စားလှယ် အဖြစ် အုပ်ချုပ်နိုင်သည်ဟု ကျမ်းမြတ်ကုရ်အာန်က ဆိုတားသည်။ (အိုနဗီတမန်တော်)ကောင်ကင်ဘုံများနှင့် ကမ္ဘာပထဝီမြေကို (ငါ) အလ္လာဟ်
အရှင်မြတ်သာလျှင်စိုးပိုင်တော်မူကြောင်း သင်မသိပါသလော။ ထို့အပြင်တဝ (အို-လူသားတို့)
အသင်တို့အဖို့ရာ အလ္လာဟ်အရှင်မြတ်မှတပါး အခြားမည်သူတစ်ဦးတစ်ယောက်မျှ
ကြည့်ရူ့စောင့်ရှောက်မည့်သူဟူ၍လည်ကောင်း ကူညီမစမည့်သူဟု၍ လည်ကောင်း မရှိခြေ။
(ကုရ်အာန် ၂း ၁၀၇) အမိန့်အာဏာ(အလုံးစုံတို့)ကား အလ္လာဟ်အရှင်မြတ်ဍ်ရှိလေသည်။
(ကုရ်အာန် ၂း ၄၀) ဤကမ္ဘာမြေကို အလ္လာဟ်အရှင်မြတ်သာ ဖန်ဆင်းသည်။
သက်ရှိသတ္တဝါဟူသမျှကိုဖန်ဆင်းသောအရှင်မှာလည်း မြတ်အလ္လာဟ်ပင်ဖြစ်သည်။
ထို့ကြောင့် ယင်းတို့ကို မည်သို့ထိန်းကျောင်းအုပ်ချုပ်ရမည်ကို ထိုအရှင်သာအသိဆုံးဖြစ်သည်။
ထို့အပြင် မြတ်အလ္လာဟ်ထံမှ အမိန့်အာဏာမားကိုလည်း လုယူ၊ သိမ်းယူနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ဤသည်သာ ထာဝရအုပ်ချုပ်ရေးဖြစ်သည်။ ကမ္ဘာမြေဆိုသည်မှာ လူသားနှင့်သာ
သက်တိုင်သည်မဟုတ်။ ယင်းတွက်း အခြညးသက်ရှိသတ္တဝါများလည်းရှိသလည်။
လူသားက အုပ်ချုပ်လျှင် သူသည် လူသားမျိုးနွယ်အကျိုးအတွက် သာပြုလုပ်ပေမည်။
အခြားသက်ရှိသတ္တဝ့တို့အတွက် သောကရောက်မည်မဟုတ်ပေ။ လူသားသည်မိမိအကျိုးအလို့ငှာ
ချောင်းရေက ပိတ်၍ ဆည်းရေရယူခြင်းကို ဥပမာအဖြစ်ပြသ နိုင်သည်။ မြစ်ရေ၊ ချောင်းရေသည်
သဘာဝအလျှောက်စီဆင်းနေသောအခါထိုရေကို
အမှီပြု၍ ရှင်သန်နေသည့် ထောင်ပေါ်င်းများစွာသော သတ္တဝါများသည်
ဆည်းရေပိတ်ယူထားမူကြောင့် မြစ်အောက်ပိုင်းသို့
ရေမရရှိသဖြင့် ပျက်စီးဆုံးဆုံးကုန်ကြသည်။ သို့သော လူသည် ထိုပြဿနာကို ထည့်သွင်းစဉ်းစား
သည်မဟုတ်ပေ။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သာ ဤကမ္ဘာကို ပြုစုပျိုးထောင်ထိန်းသိမ်း
အုပ်ချုပ်ရန် အသင့်တော်ဆုံးဖြစ်ပေသည် အလ္လာဟ်အရှင်မြတ်သည် လူသားများ
အသက်ရှင်သန်ဘဝတည်ဆောက်နိုင်ရေးအတွက် နည်းလမ်းများကိုဖန်တီးထားသကဲ့သို့
အခြားသက်ရှိများအတွက်လည်း စီစဉ်ဖန်တီးထားတော်မူသည်။ လူသားသည် အခြားသက်ရှိ
သတ္တဝါများ မည်မျှရှိသည်၊ မည်သည်တို့ဖြစ်သည်ကို ပြီးပြည့်စုံစွာ မသိနိုင်ပေ။
ဤအခြေအနေတွင် ယင်းသတ္တဝါတို့ အသက်ရှင်ဘဝရပ်တည်ရေးအတွက် လူသားမည်သို့
စီစဉ်ဖန်တီးပေးဆက်နိုင်မည်နည်။ ငါအရှင်မြတ်သည် ထိုပထဝီမြေဍ်ငသင်တို့ အဖို့လည်ကောင်း၊
အသင်တို့စားနပ်ရိက္ခာထောက်ပံ့ခြင်း မပြုသော သူတို့အဖို့လည်ကောင်း၊ အသက်မွေးဝမ်းကျောင်းမူ
များကိုပြုလုပ်စီမံထားတော်မူသတည်။ (ကုရ်အာန် ၁၅း ၂၀ )
အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား လူသားတို့အားတိုက်ရိုက်အုပ်ချုပ်တော်မမူပေ။
သင့်လျော်သော ကိုစားလှယ် များဖြင့်သာ အုပ်ချုပ်တော်မူသည်။ အလ္လာဟ်ကိုယ်စားလှယ်တို့ကား
မည်သူတို့နည်း။ လူသားအားလုံးသည် အလ္လာဟ်ကိုစားလှယ် များဖြစ်ကြပေသည်။
အလ္လာဟ်အရှင်မြတ်သည် လူသားအား ဖန်ဆင်းတော်မူမည်အကြောင်းကို ကောင်းကင်တမန်များအား
ဧကန်အမှန် ငါအရှင်မြတ်သည် ကမ္ဘာပေါ်ဝယ် လူသားအား ငါ၏ ကိုယ်စားလှယ်တော်အဖြစ်
မြှောက်စားခန့်အပ်တော်မူမည် (ကုရ်အာန် ၂း ၃၀) ဟုမိန့်တော်မူခဲ့သည်။
တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်၌ရှိသည်တို့ကို
လည်ကောင်း၊ ပထဝီ မြေဍ်ရှိသည်တို့ကိုလည်ကောင်း၊ အသုံးချနိုင်နင်းစေတော်မူ၏ (ကုရ်အာန်-၃၁း ၂၀)
အထက်ပါအာယဘ်တော၌ဖော်ပြထားသော အသုံးချနိုင်နင်းစေတော်မူသည်ဟူသော အဓိပါယ်မှာ အခြားဖန်ဆင်းခံများကို အုပ်ချုပ်နိုင်ရန်အတွက်
အသိဥာဏ်နှင့်
စွမ်းအားများကို လူသားအား မြတ်အလ္လာဟ်က ပေးထားကြောင်း
ဖော်ပြနေခြင်းဖြစ်သည်။ ဤကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်ရန် နန်းတွင်း၌
မွေးဖွားသူဖြစ်မှ၊
သို့မဟုတ် မျိုးရိုးမြတ်သောသူဖြစ်မှ အုပ်ချုက်ရမည်ဟူသော “Aristocracy” ဝါဒကို
အစ္စလာမ်က လက်မခံပေ။
အုပ်ချုပ်ရန်လိုအပ်သည့် ဥာဏ်ပညာ ဗဟုသုတ
အရည်အသွေး စိတ်ကောင်းစေတနာကောင်းရှိသူ မည်သူမဆို အုပ်ချုပ်နိုင်သည်ဟူသော အယူအဆ
သည်
အစ္စလာမ့် မူဝါဒဖြစ်သည်။ ဥပဒေပြဋ္ဌာန်းရမည့်သူမှ မြတ်အလ္လာဟ်ဖြစ်သည်ဟု
အစ္စလာမ်ကဆိုသည်။ လူသားသည်ချို့တဲ့ခြင်း၊ မကင်းသူဖြစ်သည်။ အနာဂတ်ကိုကြိုတင်
မမြင်နိုင်သူဖြစ်သည်၊ ဘက်လိုက်၍ တွေးခေါ်တတ်သူဖြစ်သည်။
အလွန်အလျင်လိုသူဖြစ်သည်။ စိတ်စောသူဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်
မိမိကိုယ်စားလှယ်ဖြင့် အုပ်ချုပ်ရာတွင် သက်ဆိုင်ရာကာလဒေသအလျှောက် ပေါ်ထွန်းလာသော
အလ္လာဟ်တမန်တော်များကို ပို့ချခဲ့သည့်ကျမ်းဂန်များ၊ အမိန့်ပညက်ချက်များဖြင့် ရှရီအတ်လမ်းစဉ်များကို ပြဋ္ဌာန်းခဲ့သည်။
တမန်တော်လက်ထက်တွင် တမန်တော်မြတ်၏
အဆွေတော်ဆွဟာဗာ မုအားဇ်သခင်အား “ယီမင်” ပြည်နယ်၏ အုပ်ချုပ်သူအဖြစ် ခန့်အပ်ပြီး
တာဝန်ပေးရာ တမန်တော်မြတ်က မေးခွန်းအချို့မေးတော်မူသည်။
မေး။ ။ အသင်မည်သို့ တရားစီရင်အုပ်ချုပ်မည်နည်း။
ဖြေ။ ။ အလ္လာဟ်၏ ကျမ်းတော်မြတ်နဲ့အညီ တရားစီရင်ပါမည်။
မေး။ ။ အကယ်၍ ကျမ်းတော်ထဲတွင် ရှာဖွေမတွေ့ခဲ့သော်။
ဖြေ။ ။ အလ္လာဟ်၏ တမန်တော်၏ (စွန္နဟ်)ထုံးဓလေ့နှင့်အညီတရား စီရင်ပါမည်။
မေး။ ။ အကယ်၍ “စွန္နဟ်”တွင်မတွေ့ခဲ့သော်။
ဖြေ။ ။ သို့ဖြစ်ပါက ကျွန်ုပ်၏ ဆင်ခြင်တုံတရားအရ ကောက်ယူဆင်ခြင်၍ တရားစီရင်ပါမည်။
ယင်းကဲ့သို့ဓမ္မဓိဋ္ဌာန်ကျကျဖြေကြားချက်ကို တမန်တော်မြတ်သည် နှစ်ခြိုက်တော်မူ၍ ချီးကျူး
ခဲ့လေသည်။ (အဗူဒါဝူးဒ်ကျမ်း)
အထက်ပါဟဒီးဆ်တော်ကိုအခြေခံ၍ အစ္စလာမ့် ဥပဒေတွင် အရင်းအမြစ်လေးရပ်ကို အောက်ပါအတိုင်းသသတ်မှတ်ခဲ့ကြသည်။
(၁) ကုရန်အာန်တွင်ဖြစ်စေ
(၂) တမန်တော်မြတ်၏ သြဝါဒများဖြစ်သည့် ဟဒီးဆ်ကျမ်းများတွင်ဖြစ်စေ
(၃) တိုက်ရိုက်မပါဝင်သည့် ပြဿနာအသစ်များအတွက် ပညာရှင်များစုသည်း၍အဖြေရှာသော “အီစ်ဂ်ျမာ”အခွင့်အရေး ကိုလည်းပေးထားသည်။
(၄) ပြဿနာတစ်ရပ်ရပ်ကို ပုံစံတူကောက်ယူဆင်ခြင်၍ခွဲခြားစိတ်ဖြားပြီး စဉ်းစားဆုံးဖြတ်ခြင်း
“ကီယားစ်” ကိုလည်း အစ္စလာမ်က လမ်းညွန်ထားပေသည်။
အနစ်ချုပ်ဆိုရပါမူ
မြတ်အလ္လာဟ်၏ လမ်းညွန်ချက်နှင့်အညီ လူသားတို့အုပ်ချုပ်ရေးကိုသာ အစ္စလာမ်က
လက်ခံပြီး၊ လူသားချည်းသက်သက်စိုးမိုးသော အုပ်ချုပ်မူကို ပြုလုပ်ရန်
အစ္စလာမ်က မညွန်ကြားခြေ။ အများနှင့်ပတ်သသက်သော ကိစ္စရပ်များတွင် သက်ဆိုင်သူများက
“ ရူရာ”ညှိနှိုင်းတိုင်ပင်တွေးနွေးဆုံးဖြတ်ကြရမည်ဟု ကျမ်းမြတ်ကုရ်အာကမိန့်ဆိုထားသည်။
အို တမန်တော်၊ အသင်သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကြောင့်သာလျှင်
ထိုသူတို့နှင့် နုညံ့စွာဆက်ဆံခဲ့လေပြီ၊ အကယ်၍သာ အသင်သည် ကြမ်းတမ်းသောသူ
“လူမှုဆက်ဆံရေး၌” စိတ်သဘောထား ခတ်ထန်ကြမ်းကြုတ်သောသူဖြစ်ခဲ့ပါမူ ထိုသူတို့သည်
အသင်၏အပါးမှာ ကစဉ်ကလျားဖြစ်ကာ ထွက်ခွာသွားကြမည်မှာ ဧကန်မလွဲတည်၊
သို့ဖြစ်ရကား အသင်သည် ထိုသူတို့၏ “ချွတ်ယွင်းမှုများ” ကိုခွင့်လွတ်ပါလေ။
“အလ္လာဟ်အရှင်မြတ်ထံတော်၌လည်း” ထိုသူတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံပါလေ။
ထိုမှတစ်ပါး အသင်သည် ရေးခွင်ကိစ္စအဝဝနှင့် စပ်လျဉ်း၍ ထိုသူတို့နှင့်တိုင်ပင် ဆွေးနွေးပါလေ။
(ကုရ်အာန် ၃း ၁၅၉။ ၄၂း ၃၈)
ဤအုပ်ချုပ်ရေးစနစ်တွင် မြတ်အလ္လာဟ်နှင့်လူသားကိုယ်စားလှယ်တို့နှစ်ဦးနှစ်ဘက်
သဘောတူညီမှုရှိထားသဖြင့် ယင်းကို မြတ်အလ္လာဟ်အမိန့်ဖြင့် လူးသားအုပ်ချုပ်ရေး
“ Theo- Democracy ”ဟု ခေါ်ဆိုနိုင်သည်။
အုပ်ချုပ်မည့်သူများကို မည်သို့ ရွေးချယ်ကြမည်နည်း၊ “ယှဉ်ပြိုင်ရွေးချယ်ရခြင်း” (election) ထက်
“လက်ရွေးစင် ရွေးသန့်ခြင်း” (selection) ကိုသာ တမန်တောမြတ်က ညွန်ကြားတော်မူခဲ့သည်။
ယခုခေတ်ပြည်သူ့အုပ်ချုပ်ရေးစနစ်တွင် ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်နိုင်ခြင်းမရှိပေ။
ကွဲပြားခြားနားသော ပြိုင်ဘက်အုပ်စု “ပါတီ” များက ပြည်သူအကြား ချပြသောသူများအနက်
တစ်ဦးကိုသာ ရွေးချယ်ရသည်။ ထိုတင်ပြသော ပြိုင်ဘက်များအားလုံးပင် လက်ရွေးစင်မဟုတ်သူများ
ဖြစ်နိုင်ပေသည်။ အများပြည်သူအတွက် အကျိုးဆောင်မည့် စိတ်နှလုံးဖြူစင်ပြီး ကောင်းမွန်စွာ
စီမံဆောင်ရွက်တတ်သည့် အရည်အသွေးရှိသူများသာ ခေါင်းဆောင်မှုအတွက် သင့်တော်သူများ
ဖြစ်သည်။
ဟု တမန်တော်မြတ်က မိန့်တော်မူသည်။ ထို့နောက်ဤကဲ့သို့ပင်
သင့်တင့်လျှောက်ပတ်သော အရည်အချင်းရှိသူများကို တိုက်ရိုက်သိရှိရွေးချယ်ရမည်
ဖြစ်ကြောင်းလည်း မိန့်ကြားတော်မူသည်။
ပြည်သူလူထု၏ ခေါင်းဆောင်သည် ပြည်သူလူထု၏
“ကျွန်” (အကျိုးဆောင်သူ) သာဖြစ်သည်။
ဟူသော တမန်တော်မြတ်၏ သြဝါဒတော်ကလည်း
လူထုကို ဦးဆောင်မည့်သူ၏ အဓိကတာဝန်ကို ဖော်ညွန်းလိုက်ခြင်းဖြစ်သည်။
ပြည်သူလူထု၏ အခြေအနေအရပ်ရပ်ကို ကြည့်၍ ပြည်သူ့လိုအပ်ချက်များကို အလုပ်အကျွေးပြု
အကျိုးဆောင်ပေးနေရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်နေ့သောအခါ လူတစ်ဦးက
“ဤနိုင်ငံအုပ်ချုပ်သူအဖြစ် ကျွန်တော့်ကို ခန့်ထားပါ” ဟု တမန်တော်မြတ်ထံ လာရောက်၍
တင်ပြတောင်းဆိုသောအခါ တမန်တော်မြတ်က “မြတ်အလ္လာဟ်အား တိုင်တည်၍ငါပြောမည်။
ဤအလုပ်တာဝန်ကို တောင်းခံသူနှင့် အာဏာမက်မောသူ ကိုငါတို့သည် ဘယ်သောအခါမှ
ခန့်ထားမည်မဟုတ်ပါ” ဟု မိန့်ကြားတော်မူသည်။ ကမ္ဘာ့နိုင်ငံအချို့တွင် လူအချို့သည်
နိုင်ငံတော်၏ ရာထူးနေရာအချို့အတွက် ငွေကုန်ကြေးကျခံ၍ရွေးကောက်ပွဲဝင်နေကြသည်။
ထိုရွေးကောက်ပွဲအတွက် ငွေသိန်းနှင့်ချီ၍အကုန်အကျခံနေခြင်းမှ အဘယ့်ကြောင့်နည်း။
ငါးအကောင်ကြီးကြီး ဖန်းရန် ငါးလေးများကို ငါးစားချိပ်နေကြခြင်းလော၊အများပြည်သူအကျိုးကို
အမှန်တကယ် လိုလားသည်ဆိုပါက ရွေးကောက်ပွဲမတိုင်မှီကာလကပင် ပြည်သူ့အကျိုးကို
ပုံမှန်ထမ်းဆောင်နေသူအဖြစ် လူထုအကြား ရေပန်းစားမနေသင့်ပါလေ။
“အသင်တို့အနက် အီမာန်ယုံကြည်မှုရှိသူ ကောင်းမြတ်သော အကျင့်သီလတို့ကို
ကျင့်မူဆောက်တည်ကြ ကုန်သောသူတို့ကို အလ္လာဟ်အရှင်မြတ်က ဤသို့ကထိပေးတော်မူ၏။
အမှန်ပင် ၎င်းတို့အား မြေကမ္ဘာကို အုပ်ချုပ် သူများဖြစ်စေအံ့” (ကုရ်အာန် ၂၄း ၅၅)
ဤကုရ်အာန်ကျမ်းမြတ်၏ လမ်းညွန်ချက်အရ အကျင့်သီလကောင်းနှင့် ကောင်းမြတ်သော
လုပ်ရပ်များ ကို ဆောင်ရွက်သူများဖြစ်ပါက အလ္လာဟ်အရှင်မြတ်၏ ကတိတော်အတိုင်း
ဧကန်မုချမြေကမ္ဘာကို အုပ်ချုပ်သူများဖြစ်လာကြပေမည်။ ခေါင်းဆောင်လုပ်သူသည်
နောက်လိုက်များအတွက် ကျေးကျွန်သဖွယ် ကောင်းကျိုးပြုရုံမက မိမိကိုယ်မိမိလည်း
ကိုယ်ကျင့်တရားကောင်းရမည်။ ထိုမျှမက တမန်တော်မြတ်၏ သြဝါဒတော်တစ်ခုတွင်
“အသင်တို့အနက် လူတိုင်း လူတိုင်းသည် သိုးထိန်းကိုယ်စီဖြစ်ကြသည်။
လူတိုင်းမှာ မိမိထိန်းကျောင်း နှင့် စပ်လျဉ်း၍တာဝန်ရှိပေသည်”(ဗုခါရီ။မွတ်စလင်ကျမ်း)
ဆိုထားလေရာ မိမိခေါင်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသောအပိုင်းကို တာဝန်ယူနိုင်သော
အရည်အချင်းရှိပါက လူတိုင်း လူတိုင်းပင် ခေါင်းဆောင်များဖြစ်နိုင်ကြောင်း အစ္စလာမ်က
လမ်းညွန်နေခြင်းဖြစ်သည်။ အမှန်တကယ် အုပ်ချုပ်မှုအာဏာကို ထိုက်တန်သူမည်သူဖြစ်သည်ကို
တမန်တော်မြတ်ကြီးက မီးမောင်းထိုးပြသော နောက်ထက်သြဝါဒတစ်ခုတွင်
“မည်သူမဆို
(ခေါင်းဆောင်မှုအရည်အချင်းလည်းရှိ၍)ခေါင်းဆောင်မှုရာထူးကို
မက်မောခြင်းမရှိသူဖြစ်ပါက ထိုသူသာ တာဝန်နှင့် အလွန်ထိုက်တန်သူဖြစ်သည်။
ထိုရာထူးကို ထိုသူအား လက်ခံလာအောင် ပြုလုပ်နိုင်ပါက ထိုသူသည် ပြည်သူလူထုကြားတွင်
အလွန်မွန်မြတ်သူဖြစ်ပေမည်။”(ဗုခါရီ၊မွတ်စလင်ကျမ်း)
အထက်ပါ သြဝါဒတော်အရ
အုပ်ချုပ်မှု စွမ်းရည်နှင့် ခေါင်ဆောင်မှုအရည်အချင်းရှိပြီး အုပ်ချုပ်မှုအာဏာ ကို မမက်မောသူသာ
ထိုရာထူးနှင့်
ထိုက်တန်သူဖြစ်သည်။ ထိုသူအား လူထုက မရမကတောင်းဆို၍ ထိုရာထူးကို
အပ်နှံပေးရမည်။ ထို့သို့သောသူများ၏ အုပ်ချုပ်မှုသည်သာ
ကောင်မွန်သောအုပ်ချုပ်ရေး
ဖြစ်ကြောင်း တမန်တော်မြတ် မိန့်ကြားခြင်းဖြစ်ပါသည်။
ဤသည် အစ္စလာမ်က ညွန်ပြသော ခေါင်းဆောက်မှုအခန်းကဏ္ဍအနက် အစိပ်အပိုင်းတစ်ခုသာဖြစ်ပါသည်။
blog by N LiN
No comments:
Post a Comment
Note: only a member of this blog may post a comment.