စားသောက်ဆိုင် တစ်ဆိုင် တွင် ဇနီးမောင်နှံ နှစ်ဦး အေးအေးလူလူ စားသောက်နေကြသည်။ ရုတ်တရက် နံဘေးခုံ မှ မိန်းမပျိုတစ်ဦးထလာပြီး အမျိုးသား၏ ပါးပြင် ကို မပြောမဆို နမ်းလိုက်တော့သည်။ ထို့နောက် (ဆော်ရီး ပါ။ သူငယ်ချင်းတွေ လာပြီး စိမ်ခေါ်နေလို့ပါ) ဟုဆိုကာ ၀ံ့ဝံ့ကြွားကြွားဖြင့် သူမခုံရှိရာသို့ ပြန်သွားလိုက်ပေသည်။ ဇနီးဖြစ်သူ ၀မ်းနည်းသွားပြီး မျက်ရည် ယိုစီးလာသည် ကို ခင်ပွန်းသည် မြင်လေတော့ မိန်းမပျိုရှိရာခုံသို့ ချက်ချင်းပင် ထသွားတော့သည်။ ၎င်းနောက် ဖျော်ရည်ခွက် ကိုကောက်ကိုင်ပြီး သူမ မျက်နှာအား ပက်ထည့်လိုက်ပေတော့သည်။ ထို့နောက် (ဆော်ရီး ပါ ။ ငါ့မိန်းမ ရဲ့ မျက်ရည်တွေက လာပြီးစိမ်ခေါ်နေလို့ပါ) ဟု ဆိုလိုက်လေသတည်း။
وضع أحد الحكماء ـ أمام تلاميذه ـ ورقاً أبيض، في وسطه نقطة سوداء، ثم قال لهم: ما ترون؟
قالوا: نرى نقطة سوداء.
قال: فهلا رأيتم الورق الأبيض؟!!
ပညာရှိ တစ်ဦးသည် အမည်းစက်လေးတစ်စက် ကျနေသော စာရွက်ဖြူကို ထောင်ပြပြီး (တပည့်တို့ ဘာမြင်ကြလဲ ဟု မေးလေသည်။) ထိုအခါ တပည့်တို့က (အမည်းစက်လေးတစ်စက် ကို မြင်ရပါသည်) ဟု ဖြေကြလေတော့ ပညာရှိက (တပည့်တို့ စာရွက်ဖြူကို ရော မမြင်ကြဘူးလား ?)
لا تفعل فى صغرك ما تندم عليه فى كبرك
(စိတ်လွတ်ကိုယ်လွတ် နေရသော လူငယ်အသက်အရွယ် ၌ မှားမိသော အမှား သည်လည်း ၊ မိတ်ဆွေ အသိုင်းအ၀ိုင်းကြား ၌ ဂုဏ်သိက္ခာဖြင့် နေရအုံးမည့် အသက်အရွယ်ကို နောင်တဖြင့် စွန်းထင်းစေသည်။)
لا تجامل احد على حساب نفسك او اي شي اخر ... اعمل ما تحب فقط
(လူတို့အထင်ကြီးလာစေရန် မကောင်းသော အရာတို့ ၌ မြှောက်ပေးတိုင်း မမြှောက်မိပါစေနဲ့)
မှတ်ချက်။ ။ သူငယ်ချင်းကိုဒိုး၏ရေးသားတင်ပြခ
No comments:
Post a Comment
Note: only a member of this blog may post a comment.