A4 ဆိုဒ် ကွန်ပျူတာ စာစီပြီး စာမျက်နှာ ၃၃၀ ကျော်ရှိကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
မိမိ၏သာသနာနှင့်ကျမ်းဂန်အကြောင်
“ မုစ်လင်မ် အမျိုးသား အမျိုးသမီးတိုင်းအတွက် ပညာရှာဖွေသင်ယူခြင်းသည် မပြုမနေရတာဝန်တစ်ရပ်ဖြစ်သည် ”
“ ပုခက်တွင်းမှ သင်္ချိုင်းအထိ ပညာရှာကြကုန်လော့ ”
(မဟာတမန်တော်မြတ်)
“ အားလုံးအတွက် ကုရ်အာန် ” - ၅
***************************
အခန်း(၂) ထုတ်ပြန်ချမှတ်ချက်မှသည် ကျမ်းစာအုပ်အသွင်သို့ ကူးပြောင်းခြင်း
==============================
ကျမ်းမြတ်ကုရ်အာန်က ဂျူး၊ ခရစ်ယာန် စသည့် ရှေးကျမ်းရသူတို့အား ဝေဖန်ထားခြင်း ဟူသည်မှာ (ဝေဖန်ခံရသော) ထိုသူတို့သည် မိမိတို့၏တမန်တော်များ ကွယ်လွန်ပြီးနောက် မိမိတို့၏မူရင်းကျမ်းဂန်များကို
ကောင်းမွန်စွာစုစည်းခြင်းအပေါ် ပြင်းထန်သော လုံ့လဥဿဟ ထားရှိခဲ့ကြကုန်၏။ သို့မှသာ လွန်လေပြီးသောသူတို့၏ လုပ်ဆောင်ချက်များကဲ့သို့ ယုံကြည်ချက်အမှားအယွင်းထဲ မကျဆင်းသွားအောင် ကာကွယ်နိုင်မည်ဖြစ်သည်။ ကုရ်အာန်အား မည်သည့်လူသား၏ မည်သည့်စွက်ဖက်မှုမှ မပါရှိအောင်ကာကွယ်မည့် အလ္လာဟ့်ကတိတော်ကို မုစ်လင်မ်အပေါင်းမှ အပြင်းစား ယုံကြည်ချက် ထားရှိကြပေသည်။
မုဟမ္မဒ် (ဆွ) အပေါ် ကုရ်အာန် ထုတ်ပြန်ချမှတ်ခြင်း
===========================
ဂျူးတို့မှ ယုံကြည်ကြသော သောင်ရားဟ်ကျမ်းအလား ကုရ်အာန်က '' မိမိသည် အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရ
တမန်တော်မုဟမ္မဒ်(ဆွ) ထံတော်မှတဆင့် လောကတစ်ခွင်သို့ ထုတ်ပြန်ချမှတ်ရန် အချိန်တန်သောအခါ ကုရ်အာန်သည် မိုးကောင်းကင်လွှာ၏ အောက်ဆုံးအဆင့် (ဘိုင်းသုလ် အိဇ္ဇါ) သို့ ထုတ်ပြန်ချမှတ်ရေးအစီအစဉ်ကိုခံယ
ဤဖြစ်ရပ်ကို လိုင်းလသုလ် ကဒရ် ဟု အလှပဆုံးကဏ္ဍတစ်ခုအဖြစ် ကုရ်အာန်က ဖော်ကျူးထားပါသည်။
ဧကန်မလွဲ ငါအသျှင်မြတ် ( နှင့် ကောင်းကင်တမန်များ ) သည် ဤ (ကုရ်အာန်) ကို စီမံစွမ်းဆောင်ခြင်း ညဥ့်မြတ် (ကဒရ်ညဥ့်မြတ်) ၌ ထုတ်ပြန်ချမှတ်ပေးသနားတော်မူလြေ
အသျှင်မြတ်၏အမိန့်တော်ဖြင့် အရေးကိစ္စအသီးသီးကို စီမံဆောင်ရွက်ရေးအတွက် သက်ဆင်းလာကြ၏။ ထိုညဥ့်သည်ကား နံနက်မိုးသောက်ချိန်တိုင်အောင် ငြိမ်းချမ်းသာယာ မင်္ဂလာရှိပေသတည်း။
စူရဟ်/ကဏ္ဍ အမှတ်စဉ် ( ၉၇ )
ဝဟီဗျာဒိတ် စတင်ကျရောက်ပုံ
================
ငယ်စဉ်တောင်ကျေး ကလေးဘဝကပင် လေးနက်စွာ စူးစိုက်ဆင်ခြင်တတ်ခဲ့သူ မုဟမ္မဒ်(ဆွ) သည် ဟီရာလိုဏ်ဂူအတွင်း တစ်ဦးတည်းနေ့ရက်များစွာနေထိုင်၍
ခဝပ်ဆည်းကပ်နေလေ့ရှိခဲ့၏။ ယင်းသို့ မိမိ၏ကိုယ်ပိုင်အစီအစဉ်နှင့် ဝိပဿနာတရား အားထုတ်ကျင့်ကြံနေခဲ့သော နေ့တစ်နေ့ဝယ် ဝိညာဉ်တစ်ရပ်ရောက်ရှိလာပြီး '' ဖတ်လော့ ''ဟု ပြောကြားလေ၏။ မုဟမ္မဒ်(ဆွ)သည် ထိုအသံကြောင့်
ကြောက်ရွံ့တုန်လှုပ်သွားပြီး '' မည်သို့ဖတ်ရမည်ကို ကျွန်ုပ်မသိ '' ဟု ဖြေကြားလေ၏။ ထိုဝိညာဉ် က မုဟမ္မဒ်(ဆွ)အား ရုတ်ခြည်းဖမ်းကိုင်လိုက်ကာ ခံနိုင်ရည်မရှိသည်အထိ ဖက်ညှစ်၍ '' ဖတ်လော့ ''ဟု ထပ်မံ တွန်းအားပေးလေ၏။ မုဟမ္မဒ်(ဆွ)သည် ရုတ်တရက်ကြုံရသည့်အဖြစ်ကြောင့် တုန်ခါနေပြီး '' မည်သို့ဖတ်ရမည်ကို ကျွန်ုပ်မသိ '' ဟု ရိုးသားစွာပြောပြန်၏။ ထိုဝိညာဉ်သည် မုဟမ္မဒ် (ဆွ)အား နောက်တစ်ကြိမ် တင်းကြပ်စွာ ဖက်ညှစ်ပြန်၏။ နောက်ဆုံးသော် ဖြေလျော့လွှတ်ပေးလိုက်လေသည်။ ထိုအခါ ကောင်းကင်တမန်ချုပ် ဂျိဗ်ရီးလ် ဟု ထင်ရှားသော ယင်းဝိညာဉ်တော်က
မုဟမ္မဒ်(ဆွ)ထံသို့ ကျမ်းမြတ်ကုရ်အာန်၏စာသားကို အောက်ပါအတိုင်း ပထမဦးဆုံး ထုတ်ပြန်ပို့ချလေသည်။
( အို - တမန်တော် ) ဖတ်လော့။ အသင်သည် (အရာခပ်သိမ်းကို) ဖန်ဆင်းတော်မူသော အသင့်အရှင်သခင်၏ နာမံတော်ဖြင့် (အစပြု ဖတ်ကြားပါလေ)။ ထိုအရှင်သည် လူသားကို သွေးခဲတစ်ခုမှ ဖန်ဆင်းတော်မူခဲ့၏။ ဖတ်လော့။
အကြောင်းသော် အသင့်ဖန်ဆင်းရှင်သည် ပေးကမ်းမှု၌ အလွန်တရာမှ ရက်ရောတော်မူသော အရှင်သခင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် လူသားတို့အား ၄င်းတို့ မသိရှိသောအရာများကို ကလောင်တံအားဖြင့် (စာပေအရေးအသားဖြင့်)
သင်ကြားပေးတော်မူခဲ့၏။ ကုရ်အာန် (၉၆း၁-၅)
ဤဖြစ်ရပ်သည် ဝဟီဗျာဒိတ်တော် ပထမဦးဆုံးကျရောက်လာမှု၊ အစ္စလာမ်သည် နောက်ဆုံးသော သာသနာဖြစ်ခြင်း၊ မုဟမ္မဒ်၏တမန်တော်ဘဝ စတင်ခြင်း၊ ဂျိဗ်ရီးလ်မှတဆင့် ရှေ့ဆက်(၂၃)နှစ်တာအထိ ကုရ်အာန်ကို
ဆင့်ကဲလက်ခံရရှိမှုတို့၏ နိဒါန်းပင်တည်း။
ပထမဦးဆုံးအကြိမ် ဝဟီလက်ခံရခြင်းကြုံပြီးနောက် မုဟမ္မဒ်(ဆွ)သည် ဆိုးဆိုးရွားရွား မတည်မငြိမ် ဖြစ်ကာ ဇနီးဖြစ်သူ ခဒီဂျဟ်ထံ ပြန်ရောက်လာခဲ့၏။ ဇနီးဖြစ်သူက သူ့ကို အားပေးခဲ့သည်သာမက ၄င်းမှာ မုဟမ္မဒ်သည်
ဝဟီဗျာဒိတ်လက်ခံရရှိပြီဖြစ်ကြော
'' ဝရ်ကအ်၏ အသက်ဝိညာဉ်ကို စိုးပိုင်ထိန်းချုပ်တော်မူသော အရှင်သခင်အား တိုင်တည်ပါ၏။ ဧကန်ပင် အသင်သည် ဤအမျိုးသားတို့၏ တမန်တော်ပင်ဖြစ်၏။ တမန်တော်မူစာထံ ဆိုက်ရောက်လာခဲ့သော
မဟာကောင်းကင်တမန် (ဂျိဗ်ရီးလ်) မှာ အသင့်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ချေပြီ။ ဟီးဘရူး (ဂျူး) တမန်တော်များကဲ့သို့ပင် အသင်သည် လူလိမ်ဟု သမုတ်ခံရပေအံ့။ ဆိုးဆိုးရွားရွားဆက်ဆံခြင်းကိုလ
ဤပြောဆိုချက်ကြောင့် ဝရ်ကအ်သည် အစ္စလာမ်ကိုလက်ခံခဲ့ကြောင်း ယူဆဖွယ်ရာ ရှိ၏။ သူသည် ယင်းစကားပြောကြားခဲ့ပြီး များမကြာလှမီ ကွယ်လွန်သွားခဲ့ပါသည်။
ဗျာဒိတ်တော်ထုတ်ပြန်ချမှတ်ခြင်း
တမန်တော်များဖြစ်သော နူးဟ်၊ အိဗ်ရာဟီမ်၊ မူစာ၊ အီစာ တို့ ရရှိခဲ့သည့် ဝဟီ၏ဇစ်မြစ်တစ်ခုတည်းမှပင် ဖြစ်ကြောင်း ကုရ်အာန်၌ အခိုင်အမာ ဆိုထားပါ၏။
ကုရ်အာန်၏ဖွဲ့စည်းမှု၊ ပါဝင်သောအကြောင်းအရာ၊ ဗျာဒိတ်သတင်းအချက်အလက် နှင့် ပုံဖော်စာသားတို့မှာ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခံအရာများဖြစ်ကြောင်း မုစ်လင်မ်များမှ ယုံကြည်ကြသည်။ မုဟမ္မဒ် (ဆွ)သည်
ဝဟီဗျာဒိတ်သတင်းကိုထမ်းပိုးကာ ကမ္ဘာလောကို့ မျှဝေဖြန့်ချိပေးသူသာဖြစ်၏ - ကုရ်အာန်ကို ရေးသားပြုစုသူ နှင့် တည်းဖြတ်စီရင်သူ အလျဉ်း မဟုတ်ပါချေ။ မုဟမ္မဒ်(ဆွ)နှင့် သူ့အမျိုးသားတို့မှာ စာပေတတ်မြောက်ကျွမ်းကျင်သူများ မဟုတ်ကြသည်ကို ကုရ်အာန်ကပင် ဖော်ပြထား၏ (၇း၁၅၇၊ ၆၂း၂)။ မုဟမ္မဒ်(ဆွ)သည် ကုရ်အာန်ကိုရေးသားပြုစုသူ မဟုတ်ကြောင်း ကုရ်အာန်၏ဖော်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
စင်စစ်၌ အသင်(မုဟမ္မဒ်)သည် ဤ(ကုရ်အာန်)၏အလျင်ရှိ မည်သည့်ကျမ်းဂန်ကိုမျှ ဖတ်ရွတ်(လေ့လာ)သူ မဟုတ်ခဲ့သည့်အပြင် ဤ(ကုရ်အာန်)ကို အသင့်လက်ဖြင့် ရေးသားခဲ့သည်လည်း မဟုတ်ချေ။ ဤသည်နှင့် စပ်လျဉ်း၍
အချည်းနှီးစကား ဆိုတတ်သူတို့မှာ ဧကန်ပင် ဒွိဟသံသယ ဖြစ်ကြပေအံ့။
အစ္စလာမ် မတိုင်မီ အာရေဗျတွင်းရှိ ဓန၊ မိန်းမ၊ အရက် အကြောင်း
==============================
သမိုင်းပညာရှင်တို့သည် (၁) အစ္စလာမ်မတိုင်မီ အာရေဗျ၏ဘဝ၊ (၂) ကျမ်းမြတ်ကုရ်အာန်နှင့် ထိုခေတ်ကာလ၏အကျော်အမော် ကဗျာလင်္ကာပညာရပ် - ဟူသော အကြောင်းနှစ်ချက်ကို အဓိကထားလေ့လာကြကုန်၏။
ဤအကြောင်းနှစ်ရပ်လုံးကပင် ဓန၊ မိန်းမ နှင့် အရက်သေစာများ၌နစ်မြုပ်လျက်ရှိသ
ဤကျမ်းဂန်၏အစောပိုင်း စဦးစူရဟ်များတွင် အသိနိမ့်ခေတ်ကာလ နှင့်
( ရုပ်ပိုင်းဆိုင်ရာကိုသာ တစ်ဖက်စောင်းနင်း အသားပေးကိုးကွယ်သည့် ) ရုပ်ဝါဒအကြောင်းကို ဖွင့်ပြဖော်ထုတ်ထား၏။ ထိုအရာနှစ်မျိုးလုံးသည်
တရားမျှတမှုကင်းမဲ့သော လူမှုဆက်ဆံရေးသို့ ဦးတည်သွားစေပါသည်။ သို့ဖြစ်ရာ ဆင်းရဲနွမ်းပါးသူများ၊ ခိုကိုးရာမဲ့များ၊ မိဘမဲ့များ၊ အမျိုးသမီးများအားလုံးလိုလိုပင်
ဤသို့သော မောက်မာပလွှားခြင်းအမှု နှင့် ရုပ်ဝါဒအတွက် ကုရ်အာန်က အောက်ပါအတိုင်း အထင်သေးစွာ ပြဆိုရှုတ်ချထားပါသည်။
အသင်သည် ဘဝတည်ဆောက်မှုလမ်းစဉ်အမှန်အား ငြင်းပယ်သူကို တွေ့မြင်ရပြီ မဟုတ်လေသလော။ မိဘမဲ့ကလေးငယ်အား တွန်းထုတ်သော ထိုသူပင်ဖြစ်၏။ ဆင်းရဲနွမ်းပါးသူတို့အား ကျွေးမွေး(ပေးကမ်း)ရန် နှိုးဆော်တိုက်တွန်းမှု မပြုသော ထိုသူပင်ဖြစ်၏။ ထိုကဲ့သို့သောသူများ၏ ဆွလာသ်ဝတ်ပြုမှုမှာ (စိတ်ဓါတ်နှင့်အသိတရား မပါဝင်ကြသဖြင့်) ပေါ့ဆလွန်းသဖြင့် ထိုသူတို့ထံ ကြီးကျယ်သည့်ပျက်စီးမှု ရှိနေသည်။ ထိုသူတို့သည် လူမြင်ခံ အထင်ကြီးခံလိုလှသော်လည်း အသေးအဖွဲ အသုံးအဆောင်များကိုပင်လျှင် (သူတစ်ပါးအား ငှားရမ်းခြင်းမှ) တားမြစ်ပိတ်ပင်တတ်ကြသည်။
ကဏ္ဍအမှတ်စဉ် (၁ဝ၇)
ဤအခြေအနေကို ပြုပြင်ရန် ကျမ်းမြတ်ကုရ်အာန်က ဇကာ့သ် တည်းဟူသော ယုံကြည်ချက်မဏ္ဍိုင် တစ်ရပ်ဖြင့် ဖော်ပြကျင့်ဆောင်စေလေသည်။ မပြုမနေရ ဒါနတာဝန်ကို ဖန်တီးကာ ကြွယ်ဝချမ်းသာသူ နှင့် ဆင်းရဲသူ တို့အကြားရှိ
လစ်ဟာမှုကို တံတားခင်းလိုက်ခြင်းဖြစ်၏။ ၄င်းပြင် လုပ်ငန်းပိုင်းဆိုင်ရာ သိက္ခာမဲ့လုပ်ရပ်များ နှင့် စီးပွါးရေးခြစားမှုကို တိုက်ဖျက်သုတ်သင်ရန် ကုရ်အာန်က ဥပဒေသများအား ပြဌာန်းခဲ့သည်။ ဥပမာဆိုရလျှင် သူဆင်းရဲတို့အား
မပြီးဆုံးတော့သည့် ကြွေးမြီဝဲဂယက်ထဲတွန်းပို့နေသော
အစ္စလာမ် မတိုင်မီက အာရေဗျသည် အမျိုးသမီးများအဖို့ နယ်ကြမ်းမြေကြမ်းဒေသကြမ်းကြီး ဖြစ်ခဲ့၏။ ဒေသခံတို့သည် သမီးမိန်းကလေး မွေးဖွားလာလျှင် လွန်စွာ သောကရောက်ကြရပြီး လူ့အဖွဲ့အစည်းအတွင်း
မျက်နှာသာပေးခံရရေးအတွက် မိမိတို့၏ကလေးငယ်များကို အရှင်လတ်လတ်မြေမြှုပ်ပစ်လေ့ရှိ
ထိုခေတ်ကာလ အခြားသောလူ့အဖွဲ့အစည်းများ၌လည်း
အမျိုးသမီးများအား အမွေခံခွင့်၊ ကိုယ်ပိုင်ဓန ပိုင်ဆိုင်ခွင့်၊ စီးပွားရေးလုပ်ကိုင်ခွင့်၊ ဥပဒေနှင့် သာသနာ့ရေးရာ၌ တန်းတူဆောင်ရွက်နိုင်ခွင့်များက
အဆက်မပြတ်နှောင့်ယှက်ခံရပြီး လိင်မှုရေးရာ၏သားကောင်ဘဝသို့ ရောက်နေခဲ့၏။ ကုရ်အာန်က ဝတ်စားဆင်ယင်မှု နှင့် အကျင့်အမှုများ၌ ဣနြေ္ဒစောင့်စည်းရန်၊ အမျိုးသားတို့အား အမျိုးသမီးတို့အပေါ် တန်ဖိုးထား ဆက်ဆံရန် အမိန့်ပေးလျက်
လူ့အသိုင်းအဝိုင်းအတွင်း အမျိုးသမီးတို့ကို ဂုဏ်တင်ပေးခဲ့ပေသည် (၂၄း၃၁၊ ၃၃း၅၉)။
အလားတူစွာပင် အစ္စလာမ်မတိုင်မီခေတ်၏လူ့အသိုက်အ
တိုက်တွန်းအားပေးထားလေသည် (၄း၁-၁ဝ)။
အရက် နှင့် မူးယစ်သေစာများသည်လည်း ထိုခေတ်ယဉ်ကျေးမှု၏ အဓိက အစိပ်အပိုင်းတစ်ရပ် ဖြစ်နေခဲ့၏။ နေရာအနှံ့ မူးယစ်သေစာများရှိနေခြင်းမှာ လူတို့၏ ရုပ်ပိုင်း နှင့် နာမ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုး
သို့ဖြစ်ရာ ရုပ်ပိုင်း၊ နာမ်ပိုင်းတိုးတက်မှုလိုလားသူအား
အထက်ပါဖော်ပြချက်များအပါအဝင် ကုရ်အာန်ရှိ အခြားဥပဒေသများသည် အစ္စလာမ် မတိုင်မီ အာရေဗျ၏အနေအထားတစ်ရပ်လုံးကို ပြောင်တင်းရဲရင့်စွာ စိန်ခေါ်ခဲ့ပေသည်။ အထူးသဖြင့် တရားမျှတမှု ကင်းမဲ့သော
လူ့အဖွဲ့အစည်းထံမှ အကျိုးအမြတ်ထုတ်ယူနေသည့် မျိုနွယ်စုအကြီးအကဲတို့က ယင်းဥပဒေတို့ကို အကြောက်အကန် တွန်းလှန်ခဲ့ကြကုန်၏။ မုစ်လင်မ်တို့မှာ ဖိနှိပ်ညှင်းပန်းမှု၊ ပြောင်လှောင်သရော်မှုကို ခံခဲ့ကြရယုံမက ဆက်လက်၍
မိမိတို့၏ဇာတိမြေ မက္ကဟ်မှ မောင်းထုတ်ခြင်းကိုပင် ခံခဲ့ရပါသည်။ အဘယ်ကြောင့်ဟူမူ အလ္လာဟ်အရှင်မြတ်၏ ဥပဒေသများအပေါ် တည်ဆောက်ထားသော တရားမျှတသည့်လူ့အဖွဲ့အစည်းတစ်ရပ
မုစ်လင်မ်များက ဖိတ်ခေါ်ခဲ့ကြခြင်းကြောင့်တည်း။
(ဆက်လက်ဖော်ပြပါမည်)
July Yeyint
No comments:
Post a Comment
Note: only a member of this blog may post a comment.