Pages

.

ဟဒီးသ်ပညာရပ်ပိုင်းဆိုင်ရာ အပိုဒ် (၁)


ဟဒီးသ်ပညာရပ်ပိုင်းဆိုင်ရာ အပိုဒ် (၁)
စလာမ်ပါ ညီနောင်များခင်ဗျား ယနေ့ကျွန်တော်တို့ကြုံတွေ့နေရသည့် ဟဒီးသ်ပိုင်ဆိုင်ရာဝိဝါဒ ကွဲလွဲမှုများသည် အူလူးမွလ် ဟဒီးသ် (သို့)ဟဒီးသ်ပိုင်းဆိုင်ရာပညာရပ်ကို ကောင်းစွာတတ်သိနားမလည်ခြင်းကြောင့်သာဖြစ်ပါတယ် သို့အတွက်ကြောင့်ကျွန်တော့်အနေဖြင့် အူလူမွလ်ဟဒီးသ်အား မူရင်းအာရဗီစာများနှင့်မြန်မာဘာသာပြန်များကို ယနေ့မှစ၍ စတင် တင်ဆက်ပေးသွားနိုင်ရန် အလ္လာဟ်အရှင်မြတ်ထံ ဒိုအာပြုကာ စတင် တင်ဆက်လိုက်ပါတယ်။
بسم الله الرحمن الرحيم
မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တဂရုဏာတော်ရှင် ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏နာမံတော်ဖြင့်(အစပြုပါ၏)။
الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ
ချီးမွမ်းထောမနာခြင်း ဟူဟူသမျှသည် စကြာဝဠာ အပေါင်းတို့ကို (မဖြစ်ပေါ်မီကစ၍ ပြည့်စုံပြီးစီးသည့်တိုင်အောင် အဆင့်ဆင့်) ပြုစု ပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အဖို့သာတည်း။
والصلاة والسلام على نبينا محمد وعلى آله وصحبه أجمعين
السلام عليكم ورحمة الله وبركاته
၎င်းပြင်ကျွန်ုပ်တို့၏ နှစ်ဘဝသခင်ကျေးဇူးတော်ရှင် (ရစူလ်) နဗီတမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ)၏အပေါ်သို့ လည်းကောင်းတမန်တော်မြတ်ကြီး(ဆွ)၏ ချစ်လှစွာသောအိမ်သူအိမ်သားများအားလုံးအပေါ်သို့ လည်းကောင်းတမန်တော်ကြီး(ဆွ)နှင့်အတူကိုယ်ကျိုးမဖက်ကြံကြံခံစွန့်စားခဲ့ကြသော ဆွဟာဗာဟ်(ရသွီ)သခင်ကြီးများအပေါ်သို့လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်မှငြိမ်းချမ်းသာယာမှုအပေါင်းကျရောက်ပါစေကြောင်းနှင့်
အသင့်တို့အားလုံးအပေါ်သို့လည်းကျရောက်ပါစေကြောင်းဦးစွာစလာမ်မေတ္တာဖြင့်နုတ်ခွန်းဆက်သလိုက်ပါသည်
ယခုတဖန်ညီနောင်များကိုမျှဝေပေးချင်တဲ့ကဏ္ဍကတော့ (အူလူးမွလ်ဟဒီးသ်)ဟဒီးသ်ဆိုင်ရာပညာရပ် တနည်း ဟဒီးသ်တော်များအား ဂဃနဏအသေးစိတ်နားလည်သိရှိနိုင်ရန်မသိမဖြစ်၊မသင်မနေရတကယ့်အရေးကြီးတဲ့ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။
၎င်းပညာရပ်သည် အမည်သုံးမျိုးဖြင့်ကျော်ကြားလျှက်ရှိပေသည်။ ၎င်းတို့မှာ ၁။ علوم الحديث


၂။
علم الحديث၃။ علم المصطلح
အထက်ဖေါ်ပြပါ အမည်သုံးမျိုးအနက် မည်သည့်အမည်နှင့်ဖြစ်စေ ဆိုလိုရင်းမှာ ဟဒီးသ်ပိုင်းဆိုင်ရာပညာရပ်ပဲဖြစ်ပါတယ်။
၎င်းပညာရပ်သည် အလွန်ပင်ကြီးမားကျယ်ပြန့်လှတဲ့ပညာရပ်ကြီးတစ်ခုဖြစ်ပေသည်။ ၎င်းပညာရပ်ကိုနားမလည်သူတို့အဖို့အလွန်ပင်ဆုံးရှုံးမှုကြီးလို့ဆိုရမှာပါ။

ကျွန်တော်အနေနဲ့လိုရင်းကိုပဲဆက်ပါတော့မယ်စကားတွေရှည်နေလို့ ညီနောင်တို့အတွက်အကျိုးမရှိပါဘူး။
ယခုကျွန်တော်မျှဝေပေးမယ့်မူရင်းကျမ်းကတော
့ تيسير
مصــطلح الحــــديث
بقــــلم
الدكتور محمود الطحان
أستاذ الحديث
بكلية الشريعة والدراسات الإسلامية
جامعة الكويت
ကူဝိတ်တက္ကသိုလ်ကြီးမှအစ္စလာမ့်ရှရီးအဟ်ဘာသာရပ်များကိုအထူးပို့ချနေတဲ့ မုဟဒီးသ် ဒေါက်တာမဟ်မူးဒ် အသ်သွဟားန် ခသင်ကြီး ၏ သိုင်စိးရူမွဆ်ွသွလေဟေလ်ဟဒီးသ် ကျမ်းကိုအနီးစပ်ဆုံးမြန်မာာဘာသာပြန်ကာ
مصــطلح الحــــديث
فضيلة الشيخ العلامة محمد بن صالح العثيمين رحمه الله
အလ်လာမဟ် အရှ်ရိုက်္ခ မုဟမ္မဒ်ဗင် ဆွာလေဟ် အလ်အူသိုင်မီးသခင်ကြီး၏ မွစ်သွလေဟွလ် ဟဒီးသ်ကျမ်းကိုအထောက်အကူပြုကာ ညီနောင်များလွယ်ကူချောမွေ့စွာနားလည်နိုင်ရန် အောက်တွင်ဖေါ်ပြပေးသွားမည့် ကျမ်းကြီး ၁၄ ကျမ်းကိုကိုးကား ကာကျွန်တော့်ဘက်က ထပ်ဖြည့်မျှဝေပေးသွားမှာပါ။
ဆက်ရန် (ကိုနေစိုး)

No comments:

Post a Comment

Note: only a member of this blog may post a comment.