Pages

.

ဇွလ်ကရ်နိုင်န် (ခ) စေကန်ဒရ် ဘုရင်ကြီး သည်ကမ္ဘာနေထွက်ရာ အရပ်ဒေသနှင့်ကမ္ဘာနေဝင်ရာအရပ်ဒေသသို့တိုင်းခန်းလှည့်လည်၍သာသနာပြုတော်မူခဲ့ခြင်း


ဇွလ်ကရ်နိုင်န် (ခ) စေကန်ဒရ် ဘုရင်ကြီး သည်ကမ္ဘာနေထွက်ရာ အရပ်ဒေသနှင့်ကမ္ဘာနေဝင်ရာအရပ်ဒေသသို့တိုင်းခန်းလှည့်လည်၍သာသနာပြုတော်မူခဲ့ခြင်း

ဇွလ်ကရ်နိုင်န်မင်းကြီးသည် အလ္လာဟ်အရှင်မြတ်နှစ်သက်ခြင်းခံရသော ဝလီသူတော်စင်အဆင့်တွင်ရှိသည့် အလွန်တရားမျှတပြီးစည်းစိမ်ဥစ္စာနှင့်ပြည့်စုံသောဘုရင်ကြီးတစ်ပါးဖြစ်သည်။

ဇွလ်ကရ်နိုင်န်မင်းကြီးသည် များစွာသောစစ်တပ်များနှင့် စားနာရိက္ခာများကိုသယ်ဆောင်ကာကမ္ဘာနေဝင်ရာအရပ်သို့ကြွတော်မူလေသည် ခရီးထွက်ရင်းလမ်းများဖောက်လုပ်ခဲ့သည် နေဝင်ရာအရပ်၌ရေပူစမ်းတခုကိုတွေ့ရှိတော်မူသည် နေလုံးကြီးသည် ရေပူစမ်းတွင်ဝင်ရောက်ရန်အစပြုနေသည် ထို့နောက်နေဝင်ရာအရပ်၌အလွန်ကျယ်ဝန်းသောရွံ့နွံ ဗွက်အိုင်ကြီးတည်ရှိနေသည် ထိုဗွက်အိုင်ကြီးကိုအစီးအနင်းဖြင့်လည်ကောင်းခြေလျင်ဖြင့်လည်ကောင်းဖြတ်သန်းသွားလာဖို့လုံးဝမဖြစ်နိုင်ပေ ထိုဗွက်အိုင်ကြီးကိုမည်သူမျှမကျော်ဖြတ်နိုင်ပေ ဤသည်ကမ္ဘာ့နေဝင်ရာအရပ်ဖြစ်ပေသည်

ထိုဗွက်အိုင်ကြီး၏အနီး၌နေထိုင်ကြသောလူမျိုးများသည်ယဉ်ကျေးမှု့လုံးဝမရှိကြပေ နားမလည်ကြပေ လူရိုင်းများဖြစ်ကြသည် တရိစ္ဆန်များကိုဖမ်းပြီးစားသောက်ကြသည် တရိစ္ဆန်၏သာရေများကိုခန္ဓာကိုယ်တွင်ရစ်ပတ်ထားကြသည် ငါးများနှင့်ရေသတ္တဝ့ါများကိုဖမ်းပြီးစားသောက်ကြသည် ငါးများ၏အဆီများကိုခန္ဓကိုယ်တွင်လူးလိမ်း

ကြသည် ထိုလူမျိုးများသည်မည်သည့်သာသနာဝင်မှမဟုတ်ကြပေ ဖန်ဆင်းတော်မူသောအလ္လာဟ်အရှင်မြတ်ကိုလုံးဝမသိရှိကြပေ

အလ္လာဟ်အရှင်မြတ်သည် ထိုလူရိုင်းများကို အလ္လာဟ်အရှင်မြတ်အားယုံကြည်အားထားမှု့နှင့်ပတ်သက်၍ဟေားကြားရန် ဇွလ်ကရ်နိုင်န်မင်းကြီးအား (အင်လ်ဟာမ်)အသိပေးခြင်းဖြင့်မင်းကြီးသည်ထိုလူရိုင်းများအား အစ္စလာမ်သာသနာနှင့်ပတ်သက်၍အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ဟေားကြားတော်မူခဲ့သည်




ထိုလူရိုင်းများသည် အံ့အြစွာဖြင့်နားထောင်ကြလေသည် လေားကမြေကြီးနှင့်မိုးကောင်းကင်နေ နက္ခတ်တာယာ များသည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကိုနာခံလျက်ရှိကြောင်း ထိုအရာများသည်အလ္လာဟ်အရှင်မြတ်ဖန်ဆင်းထာသော ဖန်ဆင်းခံများဖြစ်ကြောင်းဟေားကြားလေသည်

လူရိုင်းများသည် သိရှိနားလည်ပြီးအလ္လာဟ်အရှင်မြတ်ရှိတော်မူကြောင်းအီမာန်ယူခဲ့ကြသည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကိုလည်းနာခံခဲ့ကြသည်

ဇွလ်ကရ်နိုင်န်မင်းကြီးသည်ထိုသူတို့အားအလွန်ကောင်းမွန်စွာဆက်ဆံခဲ့၏ မင်းကြီးသည် ထိုလူရိုင်းများစိတ်ချရသေားအချိန်တစ်ခုထိထိုနေရာ၌စောင့်ဆိုင်း ခဲ့သည် သာသနာနှင့်ပတ်သက်တဲ့အရာများကိုဆက်လက်ဟေားကြားနေသည်

ထိုသူများ၏နှလုံးသား၌အီမာန်အပြည့်အဝခိုင်မြဲးသည့်အခြေအနေသို့ရောက်လေသော် မင်းကြီးသည် ကမ္ဘာ၏အရှေ့ဘက်ခြမ်းသို့ကြွတော်မူလေသည်


(ထိုကမ္ဘာကြီး၏အရှေ့ဘက်အခြမ်းအစွန်ပိုင်းရှိလူရိုင်းများကို ဇွလ်ကရ်နိုင်န်မင်းတရားကြီသည် အလ္လာဟ်အရှင်မြတ်၏ဒေသနာတော်များကိုသွန်သင်ပြသဟောကြားဆုံးမခြင်းပြုလေ၏ ထို့နောက်ယင်းဇွလ်ကရ်နိုင်န်သည် အခြားသောလမ်းတစ်ခုကိုလိုက်ပြန်လေ၏) (ကုရ်အာန် ၁၈:၈၉)


ကမ္ဘာ့၏နေထွက်ရာအရပ်သို့ရောက်လေသော် ထိုနေရာဒေသ၌နေထိုင်ကြသူများသည် အိမ် အဆောက်အဦး တဲး စသည့်မည်သည့်နေအိမ်မှမရှိကြပေမိမိတို့၏ခန္ဓာများကိုအဝတ်အစားများဆင်းမြန်းရမည်ကိုပင်မသိရှိကြပေဝလစ်စလစ်နေထိုင်ကြသည်

နေပူပြင်းသောမွန်းတည့်ချိန် တွင်တောင်ကြိုတောင်ကြားများအရိပ်ကောငိးသော နေရာများ၌ခိုအောင်းနေကြသည်
ထိုနေသည်၎င်းလူမျိုးတို့၏ဦးခေါင်းပေါ၌ထွက်နေသည့်အလား အလွန်ပူပြင်းသည် အချို့သည့်ပူလွန်းသည့်ဒဏ်ကို မခံနိုင်၍ မြေကြီးများတူး၍ထိုမြေတွင်းများ၌နေထိုငိကြသည် အချို့သည် ရေအောင်တွင်ဝင်ငုတ်နေကြသည်

နေပူချိန်လျော့နည်းသွာသေားအခါ မိမိတို့ခိုအောင်းနေရာအသီးသီးမှထွက်လာကြပြီး အချို့သည် လယ် ယာ လုပ်ကိုင်ကြသည် အချို့သည် တရိစ္ဆန်များကိုကြောင်းကြသည်

ဇွလ်ကရ်နိုင်န်မင်းကြီသည် ယင်းလူမျိုးများကိုလည်း အလ္လာဟ်အရှင်မြတ်ရှိကြောင်း သာသနာနှင့်ပတ်သက်၍ဟေားကြားဆုံးမခဲ့လေသည် မြောက်များစွာသောလူရိုင်းများသည် ဇွံလ်ကရ်နိုင်န်မင်းကြီး၏ဟေားကြားချက်များကိုသိရှိနားလည်ပြီးအစ္စလာမ်သာသနာတော်မြတ်အတွင်းသို့ဝင်ရောက်လာကြသည်

(ဇွလ်ကရ်နိုင်န်၏ အတ္တုပ္ပတ္တိအကြောင်းက ဤအတိုင်းပင်ဖြစ်၏။ စင်စစ်ဧကန်
ငါအရှင်မြတ်သည် ယင်းဇွလ်ကရ်နိုင်န်ထံ ရှိသမျှတို့ကိုတခုမကျန် သိရှိတော်မူခဲ့ပေသတည်း။)(ကုရ်အာန် ၁၈:၉၁)

ဇွလ်ကရ်နိုင်န်မင်းကြီးသည် နေထွက်ရာအရပ်မှသာသနာပြုတော်မူပြီး ကမ္ဘာမြောက်ဘက်ပိုင်းဒေသသို့သွားရောက်သာသနာပြုခဲ့စဉ် ယာဂျူးဂ်ျ မာဂျူးဂ်ျ တို့နေထိုင်ရာအရပ်ဒေသသို့ရောက်ရှိခဲ့ကြောင်းနောက် post တွင်တင်ပြပေးပါ့မယ် INSHALLAH

No comments:

Post a Comment

Note: only a member of this blog may post a comment.