အစ္စလာမ်သမိုင်းအကြောင်းသိကောင်းစရာ
အလ္လာဟ်အရှင်မြတ်သည်ဟေဒါယသ်လမ်းမှန်တရားကိုပြသပေးနိုင်တော်မူသေားအရှင်မြတ်ဖြစ်သည်
ထိုအရှင်မြတ်၌ တုဖက်နှိုင်းယှဉ်ရာ ဂုဏ်ရည်တူဟူ၍အလျင်းမရှိ။ (ကုရ်အာန် ၁၁၂း၎)
ဧကန်စင်စစ် ငါအရှင်မြတ်သည်မိမိ၏သက်သေလက္ခဏာတော်များကို စဉ်းစားဆင်ခြင်နားလည်သူတို့အဖို့ အသေးစိတ်ရှင်းလင်းတော်မူခဲ့လေသည်။ (ကုရ်အာန် ၆း ၉၇)
တမန်တော်ယူနွစ် အလိုင်ဟေ့စလာမ် ၏ဖခင်သည် မိဿသာသခင်ဖြစ်သည်
မူဆိလ်မြို့နှင့်မျက်နှာချင်းဆိုင် ဒဂ်ျလာမြစ်တစ်ဘက်ကမ်း၌တည်ရှိသော နိုင်နဝါအမည်ရှိနယ်မြေဘက်သို့ယူနွစ် အလိုင်ဟေ့စလာမ်သည်နဗီတမန်တော်အဖြစ်စေလွတ်ခြင်းခံရသည်
နိုင်နဝါနယ်မြေမှလူများသည် တမန်တော် ယူနွစ် အလိုင်ဟေ့စလာမ်အား မို့အ်ဂျေဇာတန်ခိုးတော်များပြသရန်တောင်းဆိုခဲ့ကြသည်
၎င်းတို့၏တောင်းဆိုမှုအရ တမန်တော်ယူနွစ် အလိုင်ဟေ့စလာမ်သည် မီးကို ရေအတွင်းသို့နှစ်လိုက်သည် ၎င်းမီးသည်ပြန်ပေါ်လာခဲ့ရာမုငြိမ်းပဲတောက်လောင်မြဲး တောက်လောင်နေလေသည်
ဒုတိယ မို့အ်ဂျေဇာ အနေနဲ့ လောင်စာမရှိဘဲမီးကိုတောက်လောင်စေခဲ့သည်
တမန်တော် ယူနွစ် အလိုင်ဟေ့စလာမ်သည်အထက်ပါအတိုင်းမိမိ၏အွမ္မသ်များတောင်းဆိုခဲ့သည့်မို့အ်ဂျေဇာများကိုပြသခဲ့သည့်အပြင် သုံးဆယ်နဲ့ သုံး နှစ် သဗ်လီးဂ်ကြိုးပမ်းမှုလုပ်ခဲ့လေသည်
ထိုသို့ကြိုးပမ်းခြင်း၏ရလဒ်သည်လူနှစ်ဦးအစ္စလာမ်သာသနာကိုလက်ခံခဲ့၍မွတ်စ်လင်မ်ဖြစ်ခဲ့သည်
တမန်တော်ယူနွစ် အလိုင်ဟေ့စလာမ်သည်မိမိအွမ္မသ်သားများ၏အမြင်မှန်ရခြင်းနှင့်အီမာန်သက်ဝင်ယုံကြည်ခြင်းမှမျှော်လင့်ချက်ကင်းမဲ့သွားခဲ့သည်
ထို့နောက်လာမည့်တတိယနေ့တွင်အလ္လာဟ်အရှင်မြတ်ဘက်တော်မှအဇားဗ်အပြစ်ဒဏ်ကျရောက်တော့မည်ဖြစ်ကြောင်းမိမိ၏အွမ္မသ်သားများအားသတိပေး၍အစ္စလာမ်သာသနာကိုလက်ခံတဲ့လူများကိုခေါ်ဆောင်၍မြို့ပြင်၌သွားရောက်နေထိုင်တော်မူလေသည်
တမန်တော် ယူနွစ် အလိုင်ဟေ့စလာမ်သတင်းပေးခဲ့သည့်အတိုင်းအဇားဗ်အပြစ်ဒဏ်ကျရောက်မည့်နေ့တွင် အွမ္မသ်သားများ၏အခြေနေမှာ အလွန်မတည်ငြိမ်ဖြစ်ခဲ့ရသည် ၎င်းတို့အတွင်းရှိကလေးသူငယ်များ အင်အားနည်းပါးသေားအမျိုးသမီးများသည်လည်းငိုကြွေလျက်ရှိကြသည်သို့ရှိရာ သန့်ပြန့်စင်ကြယ်တော်မူသေား တစ်ပါးထဲတည်ရှိတော်မူသေားအလွန်သနားကြင်နာတော်မူသေားအလ္လာဟ်အရှင်မြတ်၏ကြယ်ပြန့်သေားရဟ်မသ်ကြင်နာမှုသည်ဆူပွက်လာခဲ့သည်
ထို့နောက်ကျရောက်လုနီးပါး ဖြစ်ခဲ့သေားအဇားဗ်အပြစ်ဒဏ်သည်လည်းကျရောက်ခြင်းမရှိခဲ့ပေ
အလ္လာဟ်အရှင်မြတ်ထံတော်မှအဇားဗ်ပြစ်ဒဏ်များကျရောက်မည့်လက္ခဏာများပေါ်ထွက်လာပြီးနောက်ပိုင်း အဇားဗ်ပြစ်ဒဏ်များချမှတ်ခြင်းမှလွတ်ငြိမ်းခွင့်ရရှိခဲ့ခြင်းသည်ကမ္ဘာ့သမိုင်းတွင် အထက်ပါဖြစ်ရပ်တစ်ကြိမ်သာလျင်ဖြစ်ခဲ့သည်
တမန်တော်ယူနွစ် အလိုင်ဟေ့စလာမ်သည် သုံးရက်အတွင်းအဇားဗ်ပြစ်ဒဏ်များကျရောက်မည်ဟုသတိပေးခဲ့ပြီးနောက်အဇားဗ်ပြစ်ဒဏ်များကျရောက်လာခြင်းမရှိသဖြင့်မိမိ၏အွမ္မသ်များအားရှက်တော်မူ၍အလ္လာဟ်အရှင်မြတ်၏ခွင့်ုပြုချက်အမိန့်မရဘဲအရပ်တစ်မျက်နှာသို့ သင်္ဘေားစီးနင်းကာထွက်ခွာသွားခဲ့လေသည်
တမန်တော် ယူနွစ် အလိုင်ဟေ့စလာမ်စီးနင်းခဲ့သေားသင်္ဘေားမှာ ခရီးတစ်နေရာအရောက်တွင်ရေဝဲး မိခဲ့လေရာ ခရီးသည်များအထိတ်တလန့်ဖြစ်ခဲ့ကြသည် ထို့နောက်ဤသင်္ဘေားကြီးအားရေဝဲးဘေးမှလွတ်မြောက်ရန် လသင်္ဘေားတွင်လိုက်ပါလာသေားခရီးသည်တစ်ဦးအားစတေးရမည်ဟု အများသဘေားတူဆုံးဖြတ်ချက်ချလိုက်လေသည်
ထို့နောက်သုံကြိမ် တိတိ မဲး နှိုက်ရာ တမန်တော် ယူနွစ် အလိုင်ဟေ့စလာမ်၏ အမည်သာ မဲးပေါက်ခဲ့သည် သို့ရှိရာ တမန်တော် ယူနွစ် အလိုင်ဟေ့စလာမ်အား နေတက်ချိန်တွင်ပင်လယ်ထဲသို့ပစ်ချခဲ့ကြသည် ထို့သို့ပစ်ချလိုက်ရာ တမန်တော်ယူနွစ် အလိုင်ဟေ့စလာမ်အား ငါးကြီးတစ်ကောင်ကမျိုချလိုက်လေသည်
တမန်တော် ယူနွစ်အလိုင်ဟေ့စလာမ်သည် ငါး၏ဝမ်းဗိုက်၏ အမှောင်ထု ပင်လယ်ရေအောက်၏အမှောင်ထု ညဥ့်၏အမှောင်ထုတွင် ရောက်ရှိခဲ့သည် ထိုသို့ရောက်ရှိသွားပြီးအလ္လာဟ်အရှင်မြတ်၏အမိန့်မရရှိဘဲ ခရီးနှင်ခဲ့သေားပြစ်မှုအပေါ် ရှက်တော်မူ၍ငိုကြွေးလျက် ( လား အိ လားဟ အလ္လာ အန်းသ ဆွဗ်ဟားနက အင်းနီကွန်းသို မိနဇ် ဇွားလေမီးန်)ဟူသေား တောင်းပန်သည့်စာပိုဒ်အားရေရွတ်နေလေသည်
တမန်တော်ယူနွစ်အလိုင်ဟေ့စလာမ်သည် ငါး၏ဝမ်းဗိုက်အတွင်း (၇) ရက် သို့ ရက် (၄၀) တိုင်တိုင်နေခဲ့ရပြီး ညနေအချိန်၌ငါးကြီးသည်အလ္လာဟ်အရှင်မြတ်၏အမိန့်တော်အရ ပင်လယ်ကမ်းခြေတစ်နေရာတွင်အန်ချခဲ့လေသည်
ချက်ချင်းပင် ဗူးပင်တစ်ပင်ပေါ်က်လာ၍တမန်တော်ယူနွစ်အလိုင်ဟေ့စလာမ်အား အရိပ်မိုးပေးသည် သမင်မ တစ်ကောင်လာရောက်၍နို့ချိုတိုက်ကျွေးလေသည် တမန်တော်ယူနွစ်အလိုင်ဟေ့စလာမ်သည် ခန္ဓာကိုယ်၌အင်အားပြည့်လာသေားအခါ မိမိအွမ္မသ်သားများထံသို့ပြန်ကြွတော်မူလာခဲ့သည် ၎င်းအွမ္မသ်သားများသည်လည်းအလ္လာဟ်အရှင်မြတ်၏အဇားဗ်ပြစ်ဒဏ်ကျရောက်လုနီးပါးတွင်ကျရောက်မလာဘဲရွေ့လျားသွားသေားအခါ၌အမြင်မှန်များရလာသည်မိမိတို့လမ်းမှားနေမှန်သိခဲ့ကြသည် မိမိတို့၏သာသနာ့ဖခင် သာသနာ့အကျိုးဆောင် တမန်တော်ယူနွစ် အလိုင်ဟေ့စလာမ်အားလိုက်လံရှာဖွေနေကြသည်
ထို့နောက်တမန်တော်ယူနွစ်အလိုင်ဟေ့စလာမ်သည်မိမိအွမ္မသ်သားများထံပြန်ကြွတော်မူလာပြီး၎င်းတို့နှင့်းအတူရက်အတန်ကြာနေထိုင်တော်မူပြီး ဘာသာရေးတရားကိုင်းရိုင်းသေားမွတ်စ်လင်မ် (၇၀)အား ရွေးချယ်၍ ဆိုင်ဟူးန် မည်သေားတောင်ထိပ်သို့သွား၍အေဗာဒသ် ခဝပ်ကိုးကွယ်မှုများပြုလျက်နေကာ၎င်းနေရာ၌ပင်ဝဖားသ်ပြုအရှင့်အမိန့်ကိုခံယူခဲ့လေသည်
အလ္လားဟုအက်ဗရ်
အလ္လားဟုအက်ဗရ်
အလ္လားဟုအက်ဗရ်
အလ္လာဟ်အရှင်မြတ်သည်ကြီးကြယ်မြင့်မြတ်တော်မူသေားအရာအားလုံးကိုစွမ်းဆောင်နိုင်တော်မူသေားဒွန်ယာလေားကရှိအရာအားလုံးကိုဖန်ဆင်းထားတော်မူသေားတစ်ပါးထဲတည်ရှိတော်မူသေားအရှင်မြတ်ဖြစ်သည် အလွန်အင်မတန်ဆိုးသွမ်းသေားသူများကိုလည်းဟေဒါယသ်လမ်းမှန်တရားချီးမြှင့်နိုင်တော်မူသေားအရှင်မြတ်ဖြစ်သည်
ယာအလ္လာဟ် ယခုလက်ရှိအလ္လာဟ်အရှင်မြတ်အားဆော်ကားနေကြသူများ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)အား ဆော်ကားနေကြသူများ ကုရ်အာန်ကျမ်းတော်မြတ်အားဆော်ကားနေကြသူများ အစ္စလာမ်သာသနာအားမတရားဆော်ကားနေကြသူများကိုအလ္လာဟ်အရှင်ဟေဒါယသ်လမ်းမှန်တရား
်ကိုချီမြှင့်တော်မူပါ
အာမီးန်။

No comments:
Post a Comment
Note: only a member of this blog may post a comment.