သစ္စာ့အောင်ပွဲ
***********
၁၉ ရာစုနှောင်းပိုင်း၊ အိန္ဒိယနိုင်ငံကို ဗြိတိသျှတို့အုပ်စိုးနေသောကာလ၊ အိန္ဒိယမြောက်ပိုင်းရှိ ကန်ဒလာ မည်သော ရွာတစ်ရွာဝယ် ဗလီဝတ်ကျောင်းတစ်ဆောင်တည်ဆောက်၏
တရားသူကြီးမှာ အင်္ဂလိပ်လူမျိုးဖြစ်၏။ သူသည် မိမိထံချပြလာသော ပိုင်နိုင်ပြတ်သားမှုမရှိသည့် နှစ်ဖက်နှစ်ဝ အထောက်အထားများကို အခြေခံ၍ ဆုံးဖြတ်ချက်မပေးနိုင်ခဲ့။ သို့ရှိရာ သူသည် ဟိန္ဒူ နှင့် မုစ်လင်မ်တို့ကို သီးခြားစီ တွေ့ဆုံ၏။ မုစ်လင်မ်တို့အား ထိုမြေသည် ဗလီပိုင်ဖြစ်ကြောင်း သက်သေထွက်ဆိုနိုင်စွမ်းရှိသည့် ဟိန္ဒူတစ်ဦးတစ်လေကို သိရှိပါ၏လောဟု မေးမြန်း၏။ အကယ်၍ရှိခဲ့လျှင် ထိုသူ၏သက်သေခံချက်ပေါ်မူတည်လျက် စီရင်ဖြေရှင်းမည်ဖြစ်သည်။ သို့သော် မုစ်လင်မ်တို့ဖက်မှ ထိုသို့သောသူ တစ်ဦးတစ်လေမျှပင် မတင်သွင်းနိုင်ကြပေ။ “ ဤသည်မှာ သာသာနာရေး ကိစ္စဖြစ်သောကြောင့် မည်သည့်ဟိန္ဒူကိုမှ ရပ်တည်ဆောင်ရွက်ခွင့်မပေးလို၊ ဗလီပိုင်မြေအဖြစ် မှန်ရာကိုပြော
ပြီး ထွက်ချက်ပေးနိုင်မည့် ဟိန္ဒူတစ်ဦးကိုမျှလည်း မသိရှိပါ ” ဟု ဆိုကြကုန်၏။
၎င်းနောက် တရားသူကြီးသည် ဟိန္ဒူတို့အား သီးသန့်ဆင်ခေါ်လိုက်ပြီးနောက် ၄င်းမြေသည် ဟိန္ဒူဘုရားကျောင်း၏ အစိတ်အပိုင်းဖြစ်ခဲ့ကြောင်း ထွက်ဆိုပေးနိုင်မည့် မုစ်လင်မ်တစ်ဦးဦး၏အမည်ကို ဖော်ပြထွက်ဆိုနိုင်ခြင်း ရှိမရှိကို မေးမြန်း၏။ အကယ်၍ရှိခဲ့ပါက ထိုသူ၏သက်သေခံချက်ပေါ်မူတည်ပြီး ထိုမြေကို ဟိန္ဒူတို့ထံပေးရန် စီရင်ချက်ချနိုင်သည် ဟု ပြောဆိုလိုက်သည်။ ဟိန္ဒူများသည် အချင်းချင်း တိုင်ပင်နှီးနှောကြလေ၏။ ၄င်းနောက် “ အလွန်ကြပ်တည်းပါဘိခြင်း။ ကျွန်ုပ်တို့၏ဘုရားကျောင်းပိုင်
ဟိန္ဒူများတင်ပြကြသော မုစ်လင်မ်၏အမည်မှာ မောင်လာနာ မဟ်မူးဒ် ဘခ်ရှ် ဖြစ်သည်။ မောင်လာနာ မုဇဖ္ဖရ် ဟုစိုင်းန် ကန်ဒလ်ဝီ၏ ဖခင် ဖြစ်သည်။ တရားသူကြီးသည် ကန်ဒလာအနီးရှိ အိုင်လမ် ဟူသည့်ရွာ၌ ရုံးထိုင်ခြင်းဖြစ်ရာ၊ မောင်လာနာ မဟ်မူးဒ် ဘခ်ရှ်အား ဤအမှု၏အထောက်အထားအတွက် မဆိုင်းမတွပင် ဆင့်ခေါ်လိုက်၏။
မောင်လာနာ မဟ်မူးဒ် ဘခ်ရှ်မှ ရုံးတော်သို့ရောက်လာသော် ရုံးပြင်ပ၌ ဟိန္ဒူနှင့်မုစ်လင်မ်လူအုပ်ကြီး စုဝေးရောက်ရှိလာကြ၏။ အဆုံးအဖြတ်မည်သို့ဖြစ်မည်ကို လူတိုင်းပင် သို့လောသို့လော ဖြစ်နေကြ၏။ တရားသူကြီးက မောင်လာနာ၏အမည်ကို ခပ်ကျယ်ကျယ်ခေါ်ယူလိုက်ပြီး “ အငြင်းပွားနေကြသည့်မြေမှာ ဟိန္ဒူပိုင်လော၊ မုစ်လင်မ်ပိုင်လောဟူသည်ကို အသင်ပြောပြနိုင်ပါသလား ” ဟု မေးမြန်းသည်။ မောင်လာနာက “ ဤကိစ္စ၌ အမှန်အတိုင်းဆိုရပါလျှင် ထိုမြေသည် ဟိန္ဒူများပိုင်ဆိုင်သောမြေဖြစ်သ
တရားရုံးတော်မှပြန်လာကြသော မုစ်လင်မ်တို့မှာ စိတ်ပျက်လက်ပျက်ဖြစ်ကုန်၏။ များစွာသောသူတို့က မောင်လာနာသည် ၄င်းတို့အား အခြားသူတို့ရှေ့တွင် သိက္ခာချလိုက်သည်ဟု စွပ်စွဲကြလေ၏။ ဥပဒေကြောင်းအရ စီရင်မှု ပြီးမြောက်သွားသော်လည်း ကျင့်ဝတ်နီတိတစ်ရပ်မှာ အများ၏အသိအမှတ်ပြုခံလိုက်ရကြောင
မောင်လာနာ၏ ရိုးသားဖြောင့်မတ်ခြင်း နှင့် အမှန်တရားပေါ်စွဲမြဲရပ်တည်ခြင်းေ
မုစ်လင်မ်တို့သည် အမျိုးသားရေးအစွဲဖြင့် မုစ်လင်မ်မဟုတ်သူများအပေါ် ပြုမူဆက်ဆံမိပါက သွေးကွဲခြင်းဟူသော အဖြေကိုသာ ရရှိကြပေမည်။ သို့သော် သူတို့မှ သစ္စာကိုအခြေခံသောဆက်ဆံရေးကို ထူထောင်လိုက်လေလျှင် ရှုံးနိမ့်မှု မှ အောင်မြင်မှုသို့ ပြောင်းလဲသွားသည်အထိ ယင်းကြိုးပမ်းမှုအား ဖန်ဆင်းရှင်မှ ကောင်းခြီးပေးသနားတော်မူပါသည်။ သူတို့၏လောကီရေးနစ်နာမှုများက ထာဝရအောင်နိုင်ခြင်း ဖြစ်လာစေသည်။ သူတို့၏ပုဂ္ဂလဆိုင်ရာ အဟန့်အတား အနှောင့်အယှက်များသည်ပင် သူတို့၏ယုံကြည်မှုကို ပိုမိုထွန်းလင်းတောက်ပသွားစေတော
ဝိဥာဏ အင်အားဖြည့် စာစုများ (၁၁)
ရေကုန်ရေခန်း
***********
ပရော်ဖက်ဆာ ပေါလ် ဒိရာ့က် (Paul Dirac) သည် အသက် ၈၄ နှစ်အရွယ်တွင် အမေရိကန်၊ ဖလော်ရီဒါ၌ ၁၉၈၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ကွယ်လွန်ခဲ့သည်။ သူသည် ကမ္ဘာ့နိုဗယ်လ်ဆုအပြင် အခြားဆုကြီးအမြောက်အများကိုလည်း
သူ၏ “ဒြပ်စင်ပြိုကွဲခြင်း” နှင့် “စကြာဝဠာပေါက်ကွဲပြိုကွဲခြင်း” အယူအဆသည် စကြ၀ဠာလောက၏ယာယီသဘော၊ စကြ၀ဠာဖွဲ့စည်းမှုအကြောင်း ရှင်းပြနိုင်ရေးအတွက် ရူပဗေဒဆိုင်ရာအတွေးအခေါ်များကို ဦးဆောင်ထားသည်။ ၄င်း၌ စကြ၀ဠာ၏ မူလအစ နှင့် ဖြစ်စဉ်လည်း ပါဝင်နေ၏။
၁၉၈၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်၊ The Guardian သတင်းစာမှ ဒိရာ့က်၏နာရေးသတင်းကို “စကြ၀ဠာပြိုကွဲမှု၏ တမန်တော်” ဟုပင် ဂျေဂျီခရိုသာက ခေါင်းစဉ်တပ်ရေးသားဖော်ပြခဲ့၏။ positron မည်သော ဒိရာ့က်၏ ဒြပ်စင်ပြိုကွဲခြင်း တွေ့ရှိတင်ပြချက်သည် အနုမြူရူပဗေဒလောကအား လုံးလုံးလျားလျား အပြောင်းအလဲဖြစ်သွားစေ၏။ ကမ္ဘာကို ကိုင်လှုပ်လိုက်သော ယင်းဖော်ထုတ်ချက်ကို မည်သို့ရရှိခဲ့ကြောင်း ကျောင်းသားများက အကြီးအကျယ်စိတ်ဝင်တစား သိရှိလိုခဲ့ကြ၏။ သို့သော် သူက ၄င်းနှင့်မသက်ဆိုင်သောအဖြေများက
ယင်းအနုမြူဒြပ်စင်ပြိုကွဲခြင်းသ
ဤသည်ကို မဆိုစလောက်သောလူတို့သာ လုပ်နိုင်စွမ်းသည်။ သူတို့သည် မိမိ၏စွမ်းရည်ကို ခွဲထုတ်နိုင်ကြ၏။ ရည်မှန်းချက်တစ်ခုတည်းအပေါ် စူးစူးစိုက်စိုက် အာရုံနစ်မြုပ်မထားပါက အားထုတ်မှုများမှာ စံချိန်မမှီတတ်ချေ။ ရှိသမျှ ခွန်အားတစ်ခုချင်းစီကို ပေါင်းစပ်စုရုံးစေခြင်းဖြင့် ဆောင်ရွက်ချက်များသည် အဖိုးထိုက်တန်လာရစမြဲဖြစ်၏။ မိမိ၏အလုပ်အား အောင်မြင်ပေါက်မြောက်စေသည့် တစ်ခုတည်းသောနည်းလမ်းမှာ မိမိအစွမ်းရှိသမျှ အကုန်အစင် ပေးဆပ်လိုက်ခြင်းတည်း။
ဝိဥာဏ အင်အားဖြည့် စာစုများ (၁၂)
လိုလျှင်ကြံဆ နည်းလမ်းရ၏
*********************
မှန်ချပ်လုပ်ငန်းလုပ်သူများသည် မှန်၏မျက်နှာပြင်ပေါ် ခဲတံချောင်းကဲ့သို့ ကိရိယာလေးဖြင့် တိတိရိရိ ထက်ခြမ်းဖြစ်အောင် ပိုင်းဖြတ်သည်ကို ကျွန်ုပ်တို့တွေ့မြင်ဖူးကြမည်။ ဤကိရိယာ၏ထိပ်စွန်းကို စိန်သွားတပ်သင်ဓုန်းဓားလေးဖြင့်
စိန်သည် သဘာဝဓာတ်သတ္ထုများအနက် အမာကြောဆုံးဟု လူသိများလှသည်။ ၄င်းအား ပွန်းတိုက်လျှင်ပင် ခြစ်ရာရှာရာ မထင်၊ အက်ဆက်ထဲထည့်လျှင်လည်း မည်သို့မျှမဖြစ်၊ သို့ရာတွင် ဤအံ့ဘနန်းကျောက်တုံး၌ ထူးခြားချက်တစ်မျိုး ရှိနေ၏။ အကယ်၍ ၄င်းကို အလွန်မြင့်မားသောအပူချိန်၌ မီးတိုက်လျှင် ၄င်းသည် အငွေ့ပျံပြီး ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့အဖြစ် ပြောင်းလဲပျောက်ကွယ်သွားပါသည်။ ၄င်းပြင် ၄င်းကို ပြင်းထန်စွာ ရိုက်ခွဲထုချေပါက အစိပ်စိပ်အမြွာမြွာ ကွဲကြေသွားတတ်၏။ စိန်နှင့်ပတ်သက်လာလျှင် လူတို့သည် ရတနာရောင်းဝယ်သူများကဆိုကြသော မျက်နှာပြင်အရေအတွက်ဖွဲ့စည်းမှုဂ
အလားတူစွာပင် ကျွန်ုပ်တို့သည် ခက်ခဲကျဉ်းကြပ်သောအခြေအနေသို့ဆိ
စိန်ရိုင်းများဟု တင်စားနိုင်သော လူစားမျိုးရှိကြောင်းကိုလည်း ကျွန်ုပ်တို့ သတိပြုရမည်။ ၄င်းတို့သည် အပြင်ပန်းသဏ္ဍာန်မှာတော့ ဆွဲဆောင်မှုမရှိ၊ ချီးမွမ်းဖွယ်အရည်အသွေး မတွေ့ရ၊ သို့သော် ၄င်းတို့၏ အတွင်းသဏ္ဍာန်သည်ကား အဖိုးမဖြတ်နိုင်အောင် ရှိနေတတ်သည်။ ၄င်းတို့၏ထိုက်တန်မှုကို လူ့အဖွဲ့အစည်းမှ ထင်သာမြင်သာဖြစ်လာအောင် ၄င်းတို့၏ တန်ဖိုးအမှန်အား ဖော်ထုတ်ပေးဖို့ လိုအပ်သည်။ မျက်နှာပြင်ကို ထုရိုက်ခွဲချေခြင်း သို့မဟုတ် ငရဲမီးစားခြင်းဖြင့် အရာရောက်လိမ့်မည် မဟုတ်ပါ။ အကယ်၍ ဖြောင့်မတ်စိတ်ရှိသူအား ယင်းစိတ်ထားအလှ ထုတ်ဖော်ပြသစေလိုလျှင် သူ့အား သိမ်မွေ့နှူးညံ့စွာ ကိုင်တွယ်ပြုမူပါလေ။ ရတနာ၏ ထူးခြားဂုဏ်သတ္တိကို ထိန်းသိမ်းဖော်ဆောင်၍ အားနည်းချွတ်ယွင်းချက်များကို အားမနာတမ်းဖယ်ထုတ်လေသော ကျွမ်းကျင်ပညာရှင်၏ နည်းစံနစ်မျိုး အသုံးပြုကြလေကုန်။
( M.W.Khan ၏ There is Always a Way ကို ပြန်ဆိုသည် )
July Yeyint
No comments:
Post a Comment
Note: only a member of this blog may post a comment.