(၈)
ပါရှားအမျိုးသား
သာဝကကြီး စလ်မားန်အလ်ဖာရစီက မိမိမွတ်စလင်မ်တစ်ဦး ဖြစ်လာခဲ့ရပုံကို သာဝက
ကြီး အဗ္ဗဒွလ္လာဟ်အိဗ်နုအဗ္ဗားစ်အား အောက်ပါအတိုင်း
ရင်းနှီးပွင့်လင်းစွာ ရင်ဖွင့်ပြောပြခဲ့ပါသည်။
ကျွန်တော်က
ပါရှား (ယခု
အီရန် )
ပြည် ၊ အတ်ဆွဘဟားန်နယ် ၊ ဂျိုက်ယ်ရွာဇာတိသားတစ်ယောက်
ပါ။
ကျွန်တော့်ဖေဖေဟာ ရပ်ရွာအုပ်ချုပ်ရေးမှူးနှင့် လူမျိုးစုခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။
ဖေဖေက
ကျွန်တော့်ကို
သိပ်ချစ်တာဗျ။ ရှိရှိသမျှ အရာတွေအားလုံးထက် ကျွန်တော့်ကို ပိုချစ်တယ်လို့
ဆိုရမလားပါပဲ။ သူ
က ကျွန်တော့်ကို
ချစ်လွန်လွန်းလို့ အိမ်ကနေ ခဏတဖြုတ် အပြင်ထွက်တာကိုတောင် တစ်ခါမှ လိုလားဟန် မပြ
ခဲ့ပါဘူး။
မိန်းမပျိုလေးတွေကို သူတို့မိဘတွေက ချုပ်ခြယ်ထားသလိုမျိုးပေါ့ဗျာ။ ဖေဖေက
ကျွန်တော့်ကို မဂျူစီ
(မီးကို
ခ၀ပ်ကိုးကွယ်သည့် အယူဝါဒ)
အသိုင်းအ၀ိုင်းရဲ့ အရေးကိစ္စတွေမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ဖို့
တွန်းအားပေးလေ့ရှိပါတယ်။
ကျွန်တော် မီးမွှေးသမားတစ်ယောက် လုံးလုံးလျားလျား ဖြစ်သွားခဲ့တဲ့အထိ ဆိုပါ
တော့လေ။
အဲဒီမီးကို အချိန်မလပ် တောက်လောင်နေရမယ်လို့ ယုံကြည်ကြတာကိုးဗျ။
ဖေဖေဟာ အကျိုးအမြတ် ကောင်းကောင်းရတဲ့ အကြီးစား ဆောက်လုပ်ရေး
လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်
တဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်ပါ။ တစ်ရက်မှာ ဆောက်လုပ်ရေး
လုပ်ငန်းခွင်တစ်ခုမှာ ဖေဖေဟာ အလုပ်တာ
ဝန်တွေများလွန်းလို့ မလှည့်နိုင်မပြုနိုင် ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ဖေဖေက
ကျွန်တော့်ကိုခေါ်ပြီး “
ငါ့ သားရေ
၊ ဒီနေ့ ဟောဒီ ဆောက်လက်စ အဆောက်အဦးကြီးထဲမှာ ဖေဖေ့ရဲ့ လုပ်ငန်းကိစ္စတွေနှင့်
အတော်လေး မအားမ
လပ် ဖြစ်နေတယ်။ မင်း ခဏလောက် သွားပြီး ကူလုပ်ပေးပါဦးလားကွာ” လို့
မကြုံစဖူး ပြောလာပါတယ်။ ကျွန်
တော့်ကို ခိုင်းစရာရှိတာခိုင်းရင်းက “ ဖေဖေ့ကြောင့်မို့
မင်း စိတ်ကျဉ်းကြပ်ရတယ်ဆိုတာမျိုး မဖြစ်ပါနှင့်လား သား
ရယ်။ ဖေဖေ့အတွက် မင်းဟာ ဒီလုပ်ငန်းတွေအားလုံးထက် ပိုပြီး အရေးကြီးပါတယ်။
ဘယ်ကိစ္စတိုင်းထက်မဆို
မင်းဟာ ဖေဖေ့အတွက် အဓိကမှ အဓိကပါပဲ” လို့ ချော့မော့ဖြေသိမ့်ပေးပါတယ်။
ဒါနှင့် ဖေဖေ့လုပ်ငန်းကို ကူညီလုပ်ဆောင်ပေးဖို့ ကျွန်တော်
အိမ်ကနေ ထွက်လာခဲ့ပါတယ်။ ခရစ်ယာန်
ဘုရားရှိခိုးကျောင်းတစ်ခုအနားက ဖြတ်သန်းသွားနေတုန်းမှာ အဲဒီထဲကနေ
ဝတ်ပြုဆုတောင်းသံတွေ ကြားခဲ့ရပါ
တယ်။ ဖေဖေက ကျွန်တော့်ကို အိမ်ထဲမှာပဲ ချုပ်ခြယ်ကန့်သတ်ထားခဲ့တာမို့
လူတွေရဲ့အကြောင်းကို ကျွန်တော်
သိပ်မသိခဲ့ရဘူးလေ။ အဲဒီလို ဖြတ်သန်းသွားရင်း သူတို့ရဲ့ ၀တ်ပြုဆုတောင်းသံတွေ
ကြားနေရတော့ သူတို့တွေ
ဘယ်လိုဘယ်ပုံ ပြုမူဆောင်ရွက်တယ်ဆိုတာ လေ့လာချင်ဇောနှင့် ကျွန်တော် ဘုရားရှိခိုးကျောင်းထဲ
ဝင်သွားခဲ့ပါ
တယ်။ သူတို့များရဲ့ ၀တ်ပြုဆုတောင်းပုံကို မြင်တွေ့ပြီးတဲ့နောက်မှာ ကျွန်တော်
အကြီးအကျယ် မင်သက်အံ့သြခဲ့
ရပါတယ်။ သူတို့လိုတောင် ၀တ်ပြုဆုတောင်းချင်မိတဲ့အထိပါပဲ။ “သူတို့ရဲ့
ဘာသာတရားဟာ ကျွန်တော်တို့ရဲ့ မိ
ရိုးဖလာ ယုံကြည်ကိုးကွယ်ခဲ့ကြတဲ့ ဘာသာတရားထက်တောင် ပိုပြီး ကောင်းမြတ်ပါပေတယ်။
အို ဘာပဲဖြစ်ဖြစ်
နေ၀င်မိုးချုပ်သွားတဲ့အထိ သူတို့အနားမှာ နေလိုက်မှဖြစ်မယ်” လို့
ကျွန်တော် ရေရွတ်ပြောဆိုနေမိတယ်။ ဖေဖေ
ခိုင်းထားတဲ့ အလုပ်တွေကို ကျွန်တော် မလုပ်ပဲထားလိုက်တယ်။
ရောက်မှမရောက်ဖြစ်ပဲလေ။ ဒီ ခရစ်ယာန်သာ
သနာရဲ့ ဗဟိုအချက်အချာနေရာဟာ ဘယ်ဒေသမှာရှိတာလဲလို့ ကျွန်တော်မေးကြည့်တော့
ဆီးရီးယားပြည်မှာပါ
လို့ အဖြေပေးကြတယ်။
ကျွန်တော် ဖေဖေ့ဆီ ပြန်လာခဲ့တယ်။ ဖေဖေက ကျွန်တော့်ကို
ရှာဖွေဖို့ လူတောင် လွှတ်ထားရတယ်ဆို
ပဲလေ။ ကျွန်တော့်အဖို့မှာတော့ သူ့ကိစ္စအားလုံးထက် ကိုယ့်ကိစ္စက ပိုပြီး
အရေးတကြီးဖြစ်နေရတယ်။ ဖေဖေ့ဆီ
ရောက်လာတဲ့ အခါမှာတော့ ဖေဖေက “ငါ့သားရယ် ၊ ဖေဖေ မင်းကို ကတိတွေ အထပ်ထပ် ပေးထားလျှက်သား
နှင့်ကွာ ၊ မင်း ဘယ်ဆီကို ရောက်သွားရတာလဲ။” လို့
တဗျစ်တောက်တောက် ပြောဆိုနေခဲ့တယ်။ ကျွန်တော်က
“သား
လူအုပ်စုတစ်ခုအနားကနေ ဖြတ်သန်းသွားခဲ့တယ်။ သူတို့ ဘုရားရှိခိုးကျောင်းထဲမှာ
ဝတ်ပြုဆုတောင်းနေ
ကြပါတယ်။ သူတို့တွေရဲ့ သာသနာ့ရေးရာ လုပ်ငန်းဆောင်တာတွေဟာ သားကို အကြီးအကျယ်
စိတ်ဝင်စားစေ
ခဲ့တယ် ဖေဖေ။ ဒါကြောင့်ပဲ နေ၀င်မိုးချုပ်သွားတဲ့အထိ သူတို့အနားမှာပဲ
သားရှိနေခဲ့တာပါ”
လို့ ပြန်ဖြေလိုက်မိပါ
တယ်။
ကျွန်တော့်ဖေဖေက “ ချစ်သား ၊ အဲဒီ သာသနာမှာ ကောင်းတယ်ရယ်လို့ မရှိပါဘူးကွာ။
အဲဒီ သာသနာ
ထက် မင်းရဲ့သာသနာ ၊ မင့်မိဘဘိုးဘေးတွေရဲ့ သာသနာကမှ ပိုပြီး
မွန်မြတ်ပါတယ်သားရယ်”
လို့ ပြောလာခဲ့
ပါတယ်။ ကျွန်တော်က
“ ဘယ့်နှယ်ဟုတ်စ
ဖေဖေရယ် ၊ အဲဒီသာသနာကမှ ကျွန်တော်တို့ သာသနာထက် ပိုမြင့်
မြတ်တာပါ”
လို့ စောဓကတက်မိတာပေါ့။ အဲဒါကြောင့်ပဲ ဖေဖေတစ်ယောက် စိုးရိမ်ထိတ်လန့် တုန်လှုပ်သွားပြီး
ကျွန်တော့်ကို အိမ်ထဲမှာပဲ ချုပ်ခြယ်ကန့်သတ်ထားလိုက်ပါတော့တယ်။
အဲဒီအတောအတွင်းမှာ ကျွန်တော့်ဆီကို
ခရစ်ယာန်တွေဘက်က တိတ်တဆိတ် ၀င်ထွက်သွားလာပြုခဲ့ကြပါတယ်။ “
ခင်ဗျားတို့ဆီကို ဆီးရီးယားက ခရစ်
ယာန်ကုန်သည်တွေ ရောက်လာခဲ့ရင် ကျွန်တော့်ကို အကြောင်းကြားပေးကြပါ”
လို့ ကျွန်တော် သူတို့ကို မှာထား
လိုက်တယ်။ များမကြာမီမှာပဲ ဆီးရီးယားက ခရစ်ယာန်ကုန်သည်အုပ်စုတွေ
ရောက်လာခဲ့ကြတယ်။ ကျွန်တော်
သူတို့ကို မှာထားခဲ့တဲ့အတိုင်း ကျွန်တော့်ကို အကြောင်းကြားပေးကြပါတယ်။ “အဲဒီကုန်သည်တွေ
သူတို့ရဲ့ လုပ်
ငန်းကိုင်ငန်းတွေ ပြီးပြတ်လို့ ကိုယ့်တိုင်းပြည်ကိုယ်ပြန်ကြတော့မယ်ဆိုရင်
ကျွန်တော့်ကိုပါ ခေါ်ဆောင်သွားဖို့ ခွင့်
တောင်းပေးပါလား” လို့ တစ်လက်စတည်း အကူအညီတောင်းရပါတယ်။
ကုန်သည်တွေ ဆီးရီးယားကိုပြန်ဖို့
ဆိုင်းပြင်းကြတဲ့အခါမှာ ခရစ်ယာန်မိတ်ဆွေတွေက ကျွန်တော့်ကို အ
ကြောင်းကြားပေးခဲ့ပါတယ်။ ကျွန်တော့်ကို ခြေချုပ်ချထားရာကနေ
ကိုယ်လွတ်ရုန်းထွက်ပြီး ကုန်သည်တွေနှင့်အ
တူ ဆီးရီးယားဘက်ကို ထွက်ခွာလာခဲ့ကြတယ်။ ဆီးရီးယားကို ရောက်တော့ “ ဒီခရစ်ယာန်
လူမှုအသိုင်းအ၀ိုင်း
ထဲမှာ ဘယ်သူဟာ ပညာအရှိဆုံးပုဂ္ဂိုလ်လဲ” လို့
ကျွန်တော်မေးကြည့်လိုက်တယ်။
“ ဘုရားရှိခိုးကျောင်းက အတ်
စကုဖ်ဆိုတဲ့ ဂိုဏ်းချုပ်ပုဂ္ဂိုလ်ဟာ ပညာသမာဓိ အရှိဆုံးပဲ”
လို့ ပြောပြကြပါတယ်။
ကျွန်တော် အဲဒီ ပညာရှိဂိုဏ်းချုပ်ပုဂ္ဂိုလ်ဆီကို
သွားရောက်ပြီး “ကျွန်တော်
ခရစ်ယာန်ဘာသာကို စိတ်
ပါဝင်စားတယ်။ ဂိုဏ်းချုပ်ကြီးနှင့်အတူ ဒီ ဘုရားရှိခိုးကျောင်းထဲမှာ
နေထိုင်ပြီး ၀တ်ကြီးဝတ်ငယ် အသွယ်သွယ်
ကို ပြုစုပေးရင်း တပည့်ခံ ပညာသင်ယူပါရစေ ၊ အတူတကွ ၀တ်ပြုဆုတောင်းပါရစေ” လို့ ခွင့်ပန်လျှောက်ထား
လိုက်တယ်။ သူက ကျွန်တော့်ရဲ့ တောင်းဆိုမှုတွေကို ခွင့်ပြုခဲ့ပါတယ်။ ကျွန်တော်
အဲဒီပုဂ္ဂိုလ်နှင့် အတူနေဖြစ်ခဲ့
တယ်။ မကြာခင်မှာပဲ သူ့ရဲ့ ကိုယ်ကျင့်သီလတွေ တစ်စစီကျိုးပဲ့နေတာကို
ကျွန်တော်သိခဲ့ရတယ်။ လူတွေကို အ
လှူဒါနပြုကြဖို့ ဆော်သြတတ်ပြီး သဒ္ဓါပေါက်အောင်လည်း ဟောပြောစည်းရုံးနိုင်တဲ့
အာဝဇ္ဇန်းရှင် တစ်ယောက်
ပါ။ အလှူရှင်များရဲ့ ဖြူစင်စေတနာ အရင်းခံနှင့် လှူဒါန်းသမှုပြုခဲ့တဲ့
စိန်ရွှေရတနာ ၊ ကျောက်သံပတ္တမြားတွေကို
သူဆင်းရဲကျောမွဲတို့ရဲ့ ဘ၀ရပ်တည်ရေးအတွက် တစ်ဆင့်ပေးကမ်းစွန့်ကြဲတာမျိုး
မလုပ်ဘဲနှင့် ကိုယ်ကျိုးရှာ အ
မြတ်ထုတ်တတ်တဲ့ လူစားမျိုးပေါ့ဗျာ။ သူဘယ်လောက်တောင် စုဆောင်းမိသွားသလဲဆိုရင်
စဥ့်အိုးကြီးခုနစ်လုံး
နှင့် ဖြည့်သိပ်ထည့်ထားရတဲ့အထိပဲလေ။ သူ့ရဲ့ မသမာမှုတွေကို
တွေ့မြင်သိရှိခဲ့ရပြီးတဲ့နောက် ကျွန်တော် သူ့ကို
အတော်လေး စက်ဆုပ်ရွံရှာသွားရတယ်။
မကြာခင်မှာပဲ
အဲဒီဂိုဏ်းချုပ်ကြီး ကွယ်လွန်သွားခဲ့တယ်။ ခရစ်ယာန်အမျိုးသားတွေဟာ သူ့ရဲ့ဈာပနနှင့်
အခြားသော ဝေယျာဝစ္စကိစ္စတွေကို စီစဉ်ဆောင်ရွက်နိုင်ဖို့ ဆွေနွေးတိုင်ပင်ကြပါတယ်။
ကျွန်တော် သူတို့တွေကို
ဒီကွယ်လွန်သူ ဂိုဏ်းချုပ်ကြီးရဲ့ ကောက်ကျစ်စဉ်းလဲမှုတွေကို ဖွင့်ဟပြောပြလိုက်ပါတယ်။
“သူဟာ မိတ်ဆွေတို့
ကို အလှူဒါနပြုကြဖို့ သဒ္ဓါပေါက်အောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မိတ်ဆွေတို့ လှူဒါန်းပေးကမ်းခဲ့
သမျှသော အဖိုးတန်ပစ္စည်းပစ္စယတွေ အားလုံးကို သူ့ကိုယ်ကျိုးစီးပွားအဖြစ်
သိမ်းပိုက်ယူခဲ့ပါတယ်။ ဆင်းရဲသား
ကျောမွဲတွေကို တစ်ဆင့် မတည်ထူထောင်ပေးကမ်းတာမျိုး လုံးဝမရှိခဲ့ပါဘူး”လို့
ရှင်းပြလိုက်ပါတယ်။ “ ခင်ဗျား
ဆီမှာ တိကျခိုင်လုံတဲ့
သက်သေအထောက်အထား တစ်စုံတစ်ရာရှိလို့ ဒီလိုစကားမျိုး ပြောရတာလား”
လို့ ကျွန်
တော့်ကို မေးခွန်းထုတ်ကြပါရောလေ။ “သူသိမ်းဆည်းထားတဲ့
အဖိုးတန် စိန်ရွှေရတနာတွေ ထားရှိတဲ့ နေရာဆီ
မိတ်ဆွေတို့ကို လိုက်ပို့ပေးရမလား” လို့
ကျွန်တော် မေးလိုက်တယ်။ သူတို့က “ ခင်ဗျားဘက်က ပြနိုင်ရင်သာပြ
ပါ” လို့ တောင်းဆိုလာကြတာမို့ ကျွန်တော် အဲဒီနေရာကို
လိုက်လံပြသပေးခဲ့ပါတယ်။ “အဲဒီကနေ ရွှေငွေတွေအ
ပြည့်ထည့်ထားတဲ့ စဥ့်အိုးကြီးခုနစ်လုံး ထုတ်ယူခဲ့ကြပါ” လို့
ကျွန်တော်လှမ်းပြီး အော်ပြောလိုက်ပါတယ်။ ဒေသခံ
ခရစ်ယာန်တွေဟာ ဒီမြင်ကွင်းကြောင့် အကြီးအကျယ် အံ့အားသင့်သွားပုံပါပဲ။ သူတို့ဟာ
ကွယ်လွန်သူရဲ့ ရုပ်အ
လောင်းကို အစဉ်အလာအတိုင်း သင်္ဂြိုလ်ခြင်း မပြုကြတော့ဘဲ ကားစင်တင်ကာ ကျောက်ခဲတွေနှင့်
ပစ်ပေါက်ခဲ့
ကြပါတယ်။
ခရစ်ယာန်တွေဟာ တစ်ကိုယ်ကောင်းသမား ဂိုဏ်းချုပ်ကြီး
အတ်စ်ကုဖ် ကွယ်လွန်သွားပြီးတဲ့နောက်မှာ
မိမိတို့ ခရစ်ယာန်အသိုင်းအ၀ိုင်းကို ဦးဆောင်မှုပေးနိုင်ဖို့ ပညာရှိဂိုဏ်းချုပ်ကြီးတစ်ဦးကို
အစားထိုး ခန့်အပ်ထား
လိုက်ကြတယ်။ အသစ်ရောက်လာတဲ့ အဲဒီဂိုဏ်းချုပ်ကြီးဟာ တစ်နေ့ငါးကြိမ်
ပုံမှန်ဝတ်တက်မပျက်တဲ့ သူတော်
ကောင်းတစ်ဦး ဖြစ်ပါတယ်။ သူဟာ လောကီရေးရာ အဆောင်အယောင်တွေကို ခုံမင်
ခင်တွယ်ခြင်းမရှိဘဲ တမ
လွန်ရေးရာ ကိစ္စတွေကိုသာ အထူး အာရုံစိုက် လုပ်ဆောင်တဲ့သူလေ။
နေ့ညမပြတ် ကြိုးပမ်းအားထုတ်သူ တစ်
ဦးလည်း ဖြစ်နေပြန်တာကြောင့် ကျွန်တော်သူ့ကို အင်မတန်မှ ကြည်ညိုလေးစား
ချစ်ခင်ခဲ့မိတယ်။ သူ့ကိုချစ်တဲ့
အချစ်မျိုး ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ အချစ်ခဲ့ဖူးပါဘူး။ ကျွန်တော် သူ့အပါးမှာ
အတော်ကြာကြာ နေထိုင်ခဲ့ပါ
တယ်။ သူကွယ်လွန်သွားတဲ့အထိပဲ ဆိုပါတော့ဗျာ။ သူမကွယ်လွန်ခင်မှာ ကျွန်တော်သူ့ကို
ဒီလို ပြောဆိုလျှောက်
ထားခဲ့တယ်။ “
ကျေးဇူးရှင် ဆရာသခင်ကြီးခင်ဗျာ ၊ ကျွန်တော် ဆရာကြီးနှင့်အတူ နေထိုင်ခဲ့ပါတယ်။ ဘယ်သူ့
ကိုမှ မချစ်ခဲ့ဖူးတဲ့ အချစ်မျိုးနှင့်လည်း ချစ်ခင်လေးစားခဲ့ရပါတယ်။
ဆရာကြီးဆီကို ထာဝရဘုရားသခင်ထံကနေ
အဆုံးအဖြတ်(သေခြင်းတရား)
ကျရောက်လုနီးပါး အခြေအနေဆီ ချဉ်းနင်းဝင်ရောက်လာနေပြီလို့ ကျွန်တော် ခံ
စားမိပါတယ်။ ဆရာကြီး မရှိတော့တဲ့အခါမှာ ကျွန်တော် ဘယ်ပုဂ္ဂိုလ်ထံမှာ
တပည့်ခံပညာသင်ယူရပါ့မလဲ။ ကျွန်
တော့်ကို ဘာများ မှာတမ်းခြွေခဲ့ချင်ပါသလဲခင်ဗျာ။” ဆရာကြီးက “ ချစ်သား
၊ ဒီအရပ်မှာ ငါ့လို သစ္စာသမာဓိရှင်
နောက်တစ်ဦးရှိသေးတယ်လို့ ငါမသိထားခဲ့ရဘူး။ လူတွေဟာ ပရမ်းပတာအခြေအနေကနေ ရုန်းထွက်လိုစိတ်
မ
ရှိကြတော့တာကြောင့် ပျက်စီးမှောက်မှားခဲ့ရပြီလေ။ သူတို့အပေါ် တင်ရှိနေတဲ့တာဝန်ဝတ္တရားတွေကို
လျစ်လျူရှု
ကျောခိုင်းခဲ့ကြပြီလေ။ ဒါပေမဲ့ မောင်စွစ်လ်ဆိုတဲ့ အရပ်ဒေသမှာ
နေထိုင်အားထုတ်တဲ့ သင်းအုပ်ဆရာကြီး တစ်
ပါးရှိတယ်။ သူက ဘယ်သူဘယ်ဝါပါ။ ငါ့လိုပဲ ခြိုးခြံနေထိုင် အားထုတ်တဲ့ သမာဓိရှင် တစ်ပါးလည်း
ဖြစ်ပါတယ်။
ချစ်သား ၊ သူနှင့်တွေ့ဆုံနိုင်ဖို့ ကြိုးစားလုပ်ဆောင်ပေတော့” လို့
ကျွန်တော့်ကို လမ်းညွှန်မှာကြားတယ်။ မကြာမ
တင်လေးမှာပဲ ဆရာကြီးဟာ ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့ရရှာပါတော့တယ်။
ကျွန်တော်
မောင်စွစ်လ်က သင်းအုပ်ဆရာကြီးဆီကို ခရီးပြင်းနှင်ခဲ့ရပါပြီ။ အဲဒီပုဂ္ဂိုလ်ထံပါးကို
ရောက်ခဲ့
ပြီးတဲ့နောက်မှာ ကျွန်တော်က “
အို လေးစားရပါသော ဆရာကြီးခင်ဗျာ ၊ ကျွန်တော့်ရဲ့ ဆရာသခင် ကျေးဇူးရှင်
က သူမကွယ်လွန်ခင်မှာ ဒီက ဆရာကြီးနှင့် လာရောက်တွေ့ဆုံပြီး တပည့်အဖြစ်ခံယူဖို့ မှာတမ်းပြုခဲ့ပါတယ်။
ဆ
ရာကြီးဟာ သူ့ကဲ့သို့ အရည်အချင်းများနှင့် ပြည့်စုံတဲ့အကြောင်းလည်း
ရှင်းပြခဲ့ပါတယ်”
လို့ ၀င်ရောက်လျှောက်
ထားလိုက်ပါတယ်။ အဲဒီ ပညာရှိသင်းအုပ်ဆရာကြီးက ကျွန်တော့်ရဲ့ လျှောက်ထားချက်ကို
လက်ခံလိုက်ပြီး သူ့
အပါးမှာ နေထိုင်ခွင့် ပြုခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ကျွန်တော့်ဆရာကြီး
ပြောပြခဲ့သလို တကယ်ပဲ ကြီးမြတ်တဲ့သူဆို
တာကို ကျွန်တော် တွေ့မြင်သိရှိခဲ့ရပါတယ်။ သိပ်မကြခင်မှာ သူသည်လည်း
အသင့်စောင့်ဆိုင်းနေတဲ့ မိတ်ဆွေ
(သေခြင်းတရား) နှင့်
ထာဝရ ဆုံဆည်းသွားခဲ့ပြန်ပါရောလေ။ သူမကွယ်လွန်ခင်လေးမှာ ကျွန်တော်က “ အို
လေးစားရပါသော ဆရာကြီးခင်ဗျာ။ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ဆရာကြီးနှင့်
တွေ့ဆုံပြီး တပည့်အဖြစ်
ခံယူဖို့ မှာကြားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာကြီးသည်လည်း မလွန်ဆန်နိုင်တဲ့
ချိန်းဆိုမှုကို လက်ခံရတော့မဲ့ အခြေအ
နေဆီ ဆိုက်ရောက်ပါတော့မယ်။
ဆရာကြီး မရှိတော့တဲ့အခါ ကျွန်တော် ဘယ်ပုဂ္ဂိုလ်နှင့် တွေ့ဆုံ တပည့်ခံရပါ့မ
လဲ။ ကျွန်တော့်အတွက် မှာတမ်းစကားလေး တစ်ခွန်းတစ်ပါဒမျှပဲဖြစ်ဖြစ်
မိန့်ကြားပေးစေချင်ပါတယ်”
လို့ ထပ်မံ
လျှောက်ထားခဲ့ရပြန်ပါတယ်။ ဆရာကြီးက “ နစွီဘီးန်ဆိုတဲ့အရပ်ဒေသမှာ ငါတို့ရဲ့ လမ်းစဉ်အတိုင်း
ကျင့်ကြံ
အားထုတ်တဲ့ သင်းအုပ်ဆရာကြီးတစ်ပါးရှိပါတယ်။ သူ့ရဲ့နာမည်ကတော့
ဘယ်သူဘယ်ဝါဖြစ်တယ်။ အဲဒီပုဂ္ဂိုလ်
နှင့် သွားရောက်တွေ့ဆုံပြီး တပည့်ခံပါ” လို့
မှာကြားချက်အရ သူမရှိတော့တဲ့နောက် နစွီဘီးန်က ပုဂ္ဂိုလ်နှင့် တွေ့
ဆုံခွင့်ရဖို့ ခရီးဆက်ခဲ့ရပြန်တာပေါ့ဗျာ။
ကျွန်တော် နစွီဘီးန်ကပုဂ္ဂိုလ်ကြီးဆီကို ရောက်လာပြီး
ရောက်ဖြစ်ရပုံအသေးစိပ်ကို ရှင်းပြလိုက်ပါတယ်။
သူက ကျွန်တော့်ကို သူ့ထံပါးမှာ အတူတကွနေထိုင်ပြီး တပည့်ခံ ပညာသင်ယူခွင့်
ပြုခဲ့ပါတယ်။ သူနှင့်အတူ နေ
ထိုင်နေရင်းက
သူသည်လည်း ယခင်ပုဂ္ဂိုလ်နှစ်ဦးလိုပဲ မြင့်မားတဲ့ ဥာဏ်စဉ်စခန်းမှာ ရှိနေတာကို
နားလည်သိရှိ
သဘောပေါက်ခဲ့ရပါတယ်။ ကျွန်တော် သူ့ဆီမှာ အတော်အတန်ကြာတဲ့အထိ နေထိုင်ခဲ့ရတယ်လေ။
သူမကွယ်
လွန်ခင်မှာ ကျွန်တော့်ရဲ့
လျှောက်ထားချက်အရ အမ္မူရီယဟ်ဆိုတဲ့ အရပ်ဒေသက သင်းအုပ်ဆရာကြီး တစ်ပါး
ဆီ သွားရောက်တွေ့ဆုံပြီး တပည့်အဖြစ် ခံယူဖို့ လမ်းညွှန်မှုပေးခဲ့ပါတယ်။
အဲဒီပုဂ္ဂိုလ်ဟာလည်းပဲ နာမ်အာဟာရ
နှင့်ပြည့်စုံတဲ့ သီလဖြူစင် သမာဓိရှင်တစ်ပါးဖြစ်ကြောင်းလည်း
အာမဘန္တေပေးခဲ့ပါတယ်။ သူ (နစွီဘီးန်က ဆရာ
ကြီး) သည်လည်း လာလမ်းအတိုင်း ပြန်သွားခဲ့တယ်။
ဒီလိုနှင့်
ကျွန်တော် အမ္မူရီယဟ်ဒေသက ပုဂ္ဂိုလ်ရှိရာဆီကို ရွှေ့ခဲ့ရပါတယ်။ အဲဒီပုဂ္ဂိုလ်ကိုလည်း
ကျွန်
တော့်ရဲ့ လာခဲ့ရခြင်း အကြောင်းရင်းကို အသိပေး ပြောပြရတာပေါ့။ ကျွန်တော့်ကို
သူနှင့်အတူ နေထိုင်ခွင့်ပေးခဲ့
တာကြောင့် တပည့်ခံ ပညာသင်ယူဆည်းပူးနိုင်ခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးဟာ ထူးခြားတဲ့
ဓမ္မအလင်းဆောင် ပါရမီ
ရှင်တစ်ပါးဖြစ်ကြောင်း အခိုင်အမာ သိခဲ့ရပါတယ်။ ပညာရေးတစ်ဖက်နှင့်
မွေးမြူရေးဘက်ကိုလည်း တစ်နိုင်တစ်
ပိုင် လှည့်ဖြစ်ခဲ့တယ်။ နွားတစ်အုပ်နှင့် ဆိတ်မလေးတစ်ကောင်
စုဆောင်းမိခဲ့တာပေါ့။
အမ္မူရီယဟ်က
ဆရာကြီးကို သေမင်းတမန်က ဇီဝိန်ခြွေနှုတ်ဖို့ အချက်ပြနေပါပြီ။ ကျွန်တော် သူ့ကို အခု
လို လျှောက်ထားခဲ့တယ်။ “ အို ဆရာကြီးခင်ဗျာ ၊ ကျွန်တော်ဟာ အဆင့်ဆင့်သော
လမ်းညွှန်မှုတွေနှင့် အခိုက်
အတန့်ပေါင်းများစွာကို ကျော်ဖြတ်ရင်း ဆရာကြီးဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဆရာကြီးကရော ကျွန်
တော့်ကို ဆက်လက်လေ့လာသင်ယူနိုင်ဖို့အတွက် ဘယ်ပုဂ္ဂိုလ်ဆီကို ထပ်မံ
လမ်းညွှန်ပေးဦးမှာလဲခင်ဗျာ။” ဆ
ရာကြီးက “ ချစ်သား ၊ ငါတို့လို သာမန်လူသား ပညာရှင်တွေထဲက
ဘယ်တစ်ဦးတစ်ယောက်ဆီကိုမှ လမ်းညွှန်
ပြသပေးစရာ မရှိတော့ပါဘူးကွယ်။ အင်း … ဒါပေမဲ့
နဗီတမန်တော်တစ်ပါး ပေါ်ထွန်းလာဖို့ သိပ်မဝေးတော့ဘူး
လေ။ အဲဒီနဗီတမန်တော်က သူဟာ အလ္လာဟ်အရှင်မြတ်ရဲ့ နဗီတမန်တော်ဖြစ်တယ်ဆိုတာကို တရားဝင် အ
သိပေးကြေငြာလိမ့်မယ်။ အဲဒီ နဗီတမန်တော်ဟာ တမန်တော်ကြီး အိဗ်ရာဟီးမ်ရဲ့လမ်းစဉ်(သာသနာတော်)ကို
ပြီးပြည့်စုံသည်အထိ ထပ်ဆင့် ဟောကြားတော်မူလိမ့်မယ်။
သူဟာ အာရဗ်အမျိုးသားတွေထဲက ပွင့်ပေါ်လာမှာ
ဖြစ်ပါတယ်။ စွံပလွန်ခြံတွေ ပတ်ချာဝိုင်းနေတဲ့ အညိုညစ်ရောင်
ကျောက်သားမြေနှစ်နေရာအကြားက အရပ်ဒေ
သတစ်ခု (ယဆ်ရဗ်မြို့) ဆီကို
ဟစ်ဂျရဟ်ပြု ရွှေ့ပြောင်းအချေချ နေထိုင်ပါလိမ့်မယ်။ အဲဒီ နဗီတမန်တော်ဆီမှာ
သက်သေလက္ခဏာတော်တွေ အထင်အရှားရှိပါတယ်။ သူဟာ လက်ဆောင်အဖြစ် ပေးကမ်းတာကိုပဲ
လက်ခံရ
ယူပြီး အလှူဒါနအဖြစ် ပေးကမ်းတာမျိုးကိုတော့ ကိုယ်ကျိုးအတွက် လက်ခံရယူ သုံးစွဲမှာမဟုတ်ပါဘူး။
သူ့ရဲ့ ပု
ခုံးနှစ်ဖက်ကြားမှာ
နုဗုဝဟ်တံဆိပ်တော်တစ်ခု ရှိတယ်ကွယ့်။ တကယ်လို့များ ချစ်သားအနေနှင့် အဲဒီ
နဗီတမန်
တော်နှင့် တွေ့ဆုံဖို့ ဆန္ဒရှိတယ်ဆိုရင် ကြိုးစားပေတော့ကွယ် ”
လို့ ကျွန်တော့်ကို အသေးစိတ် လမ်းညွှန်မှာကြား
ခဲ့ပါတယ်။
ဆရာကြီးမရှိတော့တဲ့နောက်
အမ္မူရီယဟ်မှာပဲ အတော်ကြာတဲ့အထိ ကျွန်တော် ဆက်လက်နေထိုင်ဖြစ်
ခဲ့ပါတယ်။ ကလ်ဘ်ဒေသကနေ ပြန်လာနေကြတဲ့ ကုန်သည်အုပ်စုတစ်ခု အမ္မူရီယဟ်ကို ရောက်လာခဲ့ကြတယ်။
“ညီနောင်တို့
၊ ကျွန်တော် အာရဗ်တိုင်းပြည်ဆီ
သွားချင်ပါတယ်။ ခင်ဗျားတို့ ကျွန်တော့်ကို ပို့ပေးနိုင်မလား။ ခင်
ဗျားတို့ကသာ ကျွန်တော့်ကို အာရဗ်တိုင်းပြည်ဆီ ပို့ပေးကြမယ်ဆိုရင် ဟောဟိုမှာ
ကျွန်တော် မွေးမြူထားတဲ့ နွား
မတွေနှင့် ဆိတ်မလေးတစ်ကောင်ကို အဖိုးအခအဖြစ်ပေးပါ့မယ်။ ဘယ်လိုလဲ ” လို့
ကျွန်တော် မေးကြည့်လိုက်
တယ်။ သူတို့က “
ဖြစ်တယ်လေ”
လို့ ပြန်ဖြေကြတယ်။ ကျွန်တော် သူတို့ကို ပေးစရာရှိတာပေးပြီး အတူတကွ ခ
ရီးဆက်ခဲ့ကြတာပေါ့။ ဂနိုင်မြိုင်ချေကျကျ ရွာတစ်ရွာဆီ အရောက်မှာတော့
ကျွန်တော့်ကို တရားလက်မဲ့ အနိုင်
ကျင့် နှိပ်စက်ညှင်းပမ်းကြတော့တာပဲ။
သူတို့တွေက ကျွန်တော့်ကို ယဟူဒီ(ဂျူး)တစ်ယောက်ရဲ့လက်ထဲမှာ ကျွန်
အဖြစ် ထိုးရောင်းခဲ့ကြပါတယ်။ ကျွန်တော်လည်း အဲဒီ ယဟူဒီဆီမှာ
နေရစ်ခဲ့ရတော့တာပေါ့ဗျာ။ ကျွန်တော် စွံပ
လွန်ပင်တွေကို တွေ့ရတော့ “
အင်း … ဒီနေရာဟာ
အမ္မူရီယဟ်က ငါ့ဆရာကြီး လမ်းညွှန်ပြောပြခဲ့တဲ့ အရပ်ဒေ
သ ဖြစ်နေမလားပဲလေ”
လို့ စဉ်းစားနေမိတယ်။ စိတ်ထဲမှာလည်း မတင်မကျနှင့်ပေါ့ဗျာ။
တစ်ရက်မှာ ကျွန်တော့်သခင်
ယဟူဒီအမျိုးသားကြီးဆီကို သူ့ရဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဗနူကုရိုင်
ဇွာဟ်မျိုးနွယ်စုဝင် ယဆ်ရဗ်မြို့သားတစ်ဦး ရောက်လာခဲ့တယ်။ ကျွန်တော့်သခင်က
ကျွန်တော့်ကို အဲဒီပုဂ္ဂိုလ်ထံ
ရောင်းချလိုက်ပြန်ပါတယ်။ သူ ကျွန်တော့်ကို ယဆ်ရဗ်မြို့ဆီ ခေါ်လာခဲ့ပါတယ်။ အို
… တကယ်ကို အံ့သြမဆုံးပါ
ပဲ။ ကျွန်တော် မြင်သမျှတွေ့သမျှ အရာအားလုံးဟာ အမ္မူရီယဟ်က ကျွန်တော့်ဆရာကြီးရဲ့
ပြောပြချက်တွေနှင့်
ဒက်ထိကွက်တိချည်းပဲလေ။ ဒီနောက်ပိုင်း တစ်လျှောက်လုံးမှာ ကျွန်တော်
ယဆ်ရဘ်မြေမှာပဲ ရှိနေခဲ့ပါတယ်။
တမန်တော်မြတ်ကတော့
မိမိရဲ့ ဇာတိမြေဖြစ်တဲ့ မက္ကာဟ်မြို့မှာ
နဗီတမန်တော်အဖြစ် ထုတ်ဖော်ကြေ
ငြာပြီး တရားတော်ကို ဟောပြောသင်ပြပေးနေပါပြီ။ ဒါပေမဲ့ ကျွန်တစ်ယောက်ရဲ့
နိစ္စဓူဝ ရုန်းကန်လှုပ်ရှားမှုတွေ
ရဲ့ ပြင်ပကမ္ဘာက အဖြစ်အပျက်တွေကို လှမ်းမကြည့်အားခဲ့ဘူးဗျ။ ဒါကြောင့်မို့
တမန်တော်မြတ်နှင့် ပတ်သက်တဲ့
ဘယ်လိုအချက်အလက်မျိုးကိုမှ မသိခဲ့ရဘူးပေါ့။ မရှေးမနှောင်းဆိုသလိုပဲ
တမန်တော်မြတ်ဟာ ယဆ်ရဗ် (ယခု
မဒီနဟ်) မြို့ကို ဟစ်ဂျရဟ်ပြု ရွှေ့ပြောင်းလာခဲ့တယ်။
မှတ်မှတ်ရရပဲဗျာ။ အဲဒီအတောအတွင်း တစ်နေ့မှာ ကျွန်
တော် အလုပ်တစ်ခုအတွက် စွန်ပလွန်ပင်ထိပ်ဖျားမှာ ရှိနေခဲ့တယ်။ ကျွန်တော့်သခင်က အဲဒီ
စွန်ပလွန်ပင်အခြေ
မှာ ထိုင်နေပါတယ်။ သူ့ရဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူတစ်ဦး ရေးကြီးသုတ်ပြာ
ရောက်ချလာပြီး “ အစ်ကိုရေ ၊
ဗနူကိုင်လဟ်မျိုးနွယ်စုတွေကို အလ္လာဟ်အရှင်မြတ် ကွပ်မျက်ပစ်တော်မူပါစေ။ အခု
သူတို့တွေဟာ ကုဗားအ်မှာ
သွားရောက်စုရုံးနေကြတယ်။ မက္ကာဟ်ကလာတဲ့ လူတစ်ယောက်ဆီမှာလေ။ သူတို့က အဲဒီလူကို
နဗီတမန်တော်
ဆိုပြီး ဇွတ်တရွတ် ယုံကြည်နေကြပါတယ်” လို့
ပြောပြခဲ့တယ်။ အဲဒီ သတင်းကို ကြားလိုက်ရတဲ့အချိန်မှာ ကျွန်
တော်လေ မိုးကြိုးကြီးနှင့် ပယ်ပယ်နယ်နယ် အပစ်ခံလိုက်ရတယ်လို့
အောက်မေ့ရတဲ့အထိပဲဗျ။ စွန်ပလွန်ပင်အ
ခြေမှာ ထိုင်နေတဲ့ ကျွန်တော့်သခင်ရဲ့အပေါ်ကိုပဲ လွင့်စင်ကျသွားပြီလားလို့တောင်
အမှတ်မှားခဲ့ရပါတယ်။ ကျွန်
တော် စွန်ပလွန်ပင်ထက်ကနေ အောက်ကို ဘယ်လိုဆင်းပြီး ဘယ်လိုများ ရောက်ခဲ့သလဲဆိုတာ
ပြောမပြတတ်
အောင်ပါ။ “ ခင်ဗျား ဘာပြောလိုက်တာလဲ။ ဘယ်လို ပြောလိုက်တာလဲ။ ပြောပါဦး”
လို့ ကျွန်တော့်သခင်ဆီ သ
တင်းလာပေးတဲ့ပုဂ္ဂိုလ်ကို သိချင်ဇောကပ်ပြီး မဖြေမချင်း မေးနေမိတယ်။
ဒီလိုမေးနေတော့ ကျွန်တော့်သခင်က
ကျွန်တော့်ကို ဒေါသအိုးပေါက်ကွဲသွားပြီး အပြင်းစားလက်သီးနှင့်
တစ်ချက်ဆိုတစ်ချက်မှန်းသိသာအောင် တည်
ထိုးပစ်တယ်။ “ ကိုယ့်အလုပ်ကိုယ်သွားလုပ်စမ်း ၊ ဒီကိစ္စက မင်းနှင့်
ဘာဆိုင်လို့လဲကွ” ဆိုပြီး ဟစ်အော်ငေါက်
ငမ်းတော့ “ဘာမှတော့ မပတ်သက်ပါဘူးခင်ဗျာ” လို့ပြန်ပြောပြီး
သူ့အပါးကနေ ထွက်သွားလိုက်ရပါတယ်။
အမ္မူရီယဟ်က
ဆရာကြီး မှာကြားခဲ့တဲ့ အချက်အလက်တွေနှင့် တမန်တော်မြတ်ကို တိုက်ဆိုင်စစ်ဆေး
စမ်းသပ်ကြည့်ချင်မိတာကြောင့် ညနေပိုင်းမှာ ကျွန်တော်စုဆောင်းထားတဲ့
ပစ္စည်းအချို့ကို ယူဆောင်ပြီး တမန်
တော်မြတ် စတည်းချရာ ကုဗားအ်အရပ်ဆီ ထွက်လာခဲ့ပါတယ်။ တမန်တော်မြတ်ထံကို ရောက်ရောက်ချင်းပဲ
အ
ပါးတော်မှာ ၀င်ရောက်ခစားရင်း “ အသင်ပုဂ္ဂိုလ်ဟာ
သန့်စင်မွန်မြတ်တဲ့ သူတော်ကောင်းတစ်ဦးလို့ ကျွန်တော်
သိထားပါတယ်။ အသင့်အပါးမှာ နောက်လိုက်တပည့်သားတွေရှိပြီး သူတို့တွေထဲက
အများစုဟာ ငွေကြေးဥစ္စာ
ချို့တဲ့တဲ့ သူဆင်းရဲတွေဖြစ်တယ် ဆိုတာကိုရောပေါ့။ ဒီဟာတွေကို (စွဒကဟ်)အလှူဒါနအဖြစ်
ပေးကမ်းချင်လို့
ကျွန်တော် ယူလာခဲ့တာပါ။ ဒီ စွဒကဟ်တွေကို အသင်တို့အတွက် ပေးကမ်းတာဟာ
အခြားသူတွေကို ပေးကမ်း
တာထက် ပိုပြီး သင့်တော်ကောင်းမွန်မယ်လို့ ကျွန်တော် ယုံကြည်မျှော်လင့်ရပါတယ်”
လို့ လျှောက်ထားလိုက်ပါ
တယ်။ အဲဒီအခါမှာ နှစ်ဘ၀သခင် မြတ်တမန်က စွဟာဘဟ်တွေကို “အသင်တို့ပဲ
ယူငင်သုံးစွဲကြကွယ်” လို့ ဆို
ပြီး မိမိကိုယ်တိုင် ရယူသုံးဆောင်ခြင်း မပြုခဲ့ဘူးလေ။ “
အင်း … ဒီတစ်ချက်တော့ သေချာပြီ ၊ အောင်မြင်သွားပြီ”
လို့ စိတ်ထဲကနေ ရွေရွတ်မိတာပေါ့ အဗ်ဒွလ္လာဟ်ရေ တဲ့။
ကျွန်တော် မဒီနဟ်က သခင့်ဆီ ပြန်လာခဲ့တယ်။ ပစ္စည်းအချို့ကို
ထပ်မံ စုဆောင်းရပြန်တာပေါ့။ တမန်
တော်မြတ်ထံ နောက်တစ်ကြိမ် ၀င်ရောက်ခစားရင်း “ အသင်ဟာ
စွဒကဟ်ကို လက်ခံရယူသုံးစွဲတာ မတွေ့ရဘူး
နော်။ ဒါတွေကတော့ အသင့်ကို လေးစားဂုဏ်ပြုတဲ့အနေနှင့်ပေးတဲ့ မေတ္တာလက်ဆောင်တွေပါ”
လို့ ကျွန်တော်
လျှောက်ထားလိုက်တော့ တမန်တော်မြတ် ကိုယ်တော်တိုင် ယူငင်သုံးဆောင်ပြီး
စွဟာဘဟ်များကိုလည်း ခွဲဝေ
သုံးဆောင်စေပါတယ်။ စွဟာဘဟ်များကလည်း တမန်တော်မြတ်နှင့်အတူ သုံးဆောင်ကြပါတယ်။ “
အင်း … ဒါ
ကတော့ ဒုတိယအကြိမ် စမ်းသပ်အောင်မြင်မှုပဲ” လို့
စိတ်ထဲကနေ ရေရွတ်မိပြန်ပါတယ်။
ကျွန်တော်
တမန်တော်မြတ်ထံကို နောက်ထပ်တစ်ကြိမ် ရောက်ဖြစ်ခဲ့တယ်။ တမန်တော်မြတ်ဟာ မိမိရဲ့
နောက်လိုက်တပည့်သားတစ်ဦးရဲ့ ဂျနာဇဟ်ကို လိုက်လံပို့ဆောင်ရင်း ဗကီးအ်ဂရ်ကဒ်
သင်္ချိုင်းတော်ကို ရောက်
နေတဲ့အချိန် ဖြစ်ပါတယ်။ နံငယ်ပိုင်းနှစ်စကို ရုံလွမ်းထားပြီး
စွဟာဗဟ်များနှင့်အတူ ထိုင်နေတော်မူတယ်။ ကျွန်
တော့်ဆရာကြီး ပြောပြထားသလို တမန်တော်မြတ်ရဲ့ ကျောပြင်မှာ
နုဗုဝဟ်တံဆိပ်တော် တကယ် ရှိမရှိ သိချင်
တာနှင့် စလာမ်ဆိုနှုတ်ဆက်ပြီး တမန်တော်မြတ်ရဲ့ နောက်ကျောဘက်မှာ
နေရာယူလိုက်ရတာပေါ့။ တမန်တော်
မြတ်ရဲ့ နံငယ်ပိုင်းလေးနှစ်စဟာ ပြေလျော့လို့နေတယ်။ တမန်တော်မြတ် ကျွန်တော့်ကို
မြင်သွားတဲ့အခါမှာ “ အ
သင်တမန်တော်ရဲ့ ကျောပြင်ကို လှစ်ပြပေးပါလားခင်ဗျာ” လို့
ကျွန်တော် မေတ္တာရပ်ခံလိုက်ပါတယ်။ ကျွန်တော်
တစ်စုံတစ်ရာရာကို အတည်ပြုချက် ရယူနေတယ်ဆိုတာကို တမန်တော်မြတ်က သိနေတာပဲလေ။
တမန်တော်
မြတ်ဟာ မိမိရဲ့ရုံထည်ကို လှစ်ဟပေးပြီး မိမိရဲ့ ကျောပြင်ကို ပြသခဲ့ပါတယ်။
ဒါကြောင့် တမန်တော်မြတ်ရဲ့ နုဗု
ဝဟ်တံဆိပ်တော်ကို ဖူးမြင်ခွင့်ရရှိခဲ့ပါတယ်။ နဗီတမန်တော် အစစ်အမှန်ဖြစ်ကြောင်း
ကျွန်တော် အပြည့်အ၀ ယုံ
ကြည်စိတ်ချသွားရပါတော့တယ်။ တမန်တော်မြတ်ရဲ့ နုဗုဝဟ်တံဆိပ်တော်ကို ကျွန်တော် ဖိကပ်နမ်းရှုပ်ငိုကြွးမိခဲ့
တယ်။ တမန်တော်မြတ်က ကျွန်တော့်ကို “ ဟောဒီ
အရှေ့ဘက်ကိုလာခဲ့လေ” လို့ မိန့်တော်မူတာကြောင့် ကျွန်
တော် တမန်တော်မြတ်နှင့် မျက်နှာချင်းဆိုင်နေရာမှာ ၀င်ထိုင်လိုက်ပါတယ်။
ပြီးတော့ ကျွန်တော့်အကြောင်းတွေ
အသင့်ကို ပြောပြသလိုမျိုး တမန်တော်မြတ်ကိုလည်း ပြောပြလိုက်တာပေါ့ အဆွေတော်ကြီး
အိဗ်နု အဗ္ဗားစ်ရေ
လို့ ဆိုပြီး စလ်မားန် အလ်ဖာရစီက ကျွန်တော့်(အဗ္ဗဒွလ္လာဟ်
အိဗ်နု အဗ္ဗားစ်)ကို သူ့ဘ၀ ဇာတ်ကြောင်းတွေကို
တစ်သီတစ်တန်းကြီး ပြောပြခဲ့ပါတယ်။ ရောင်းရင်းကြီး
စလ်မားန် အလ်ဖာရစီရဲ့ ဒီရင်ဖွင့်ချက်တွေကို ကြားသိရ
ပြီတဲ့နောက် တမန်တော်မြတ်ရော စွဟာဗဟ်တွေကပါ အံ့အားသင့်သွားကြရပါတယ်။ နောက်ပိုင်းမှာတော့
စလ်
မားန်အလ်ဖာရစီဟာ ကျွန်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေဘက်မှာ ကြိုးစားပမ်းစား
အားထုတ် လုပ်ဆောင်
ခဲ့ရပါတယ်။ ဒါကြောင့် ဗဒရ်နှင့်အုဟုဒ်လို ခုခံတွန်းလှန်စစ်ပွဲကြီးတွေမှာ
ပါဝင်မဆင်နွှဲနိုင်ခဲ့ဘူးလေ။ မိတ်ဆွေကြီး
စလ်မားန်အလ်ဖာရစီက အခုလို ဆက်လက်ပြောပြခဲ့ပါသေးတယ်။
တမန်တော်မြတ်က
“ အို စလ်မားန် ၊ ကျွန်ဘ၀ကနေ လွတ်မြောက်ခွင့်ရဖို့အတွက်
မင့်သခင်နှင့် စာချုပ်
ချုပ်ဖို့ ကြိုးစားကြည့်ပါလား” လို့
အကြံပြုခဲ့ပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော့်သခင်နှင့်ကျွန်တော် ဆွေး
နွေးညှိနှိုင်းမှုတွေ
စတင်ခဲ့ရပါတယ်။ နောက်ဆုံး စွန်ပလွန်ပင်ပေါင်း (၃၀၀)
စိုက်ပျိုးပေးရမယ် ၊ အူကီယဟ်
(ထိုခေတ်ထိုအခါက အလေးချိန်တစ်မျိုး)
(၄၀) နှင့် ညီမျှတဲ့ အဖိုးတန်ပစ္စည်းတစ်မျိုးမျိုးပေးရမယ် ဆိုတဲ့
အချက်
အပေါ် သဘောတူညီမှု ရရှိခဲ့ပြီးတဲ့နောက် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့တယ်လေ။
အဲဒီအပင်တွေ ရှင်သန်
ဖွံ့ဖြိုးဖို့အရေး ကျွန်တော် အတော်လေး ပင်ပန်းဆင်းရဲခံခဲ့ရတာဗျ။
ဒီအခါမှာ တမန်တော်မြတ်က “ အသင်တို့ရဲ့ နောင်တော်ကြီး (စလ်မားန်အလ်ဖာရစီ)
ကို တတ်အားသရွေ့ ၀ိုင်း
ဝန်း ကူညီပေးလိုက်ကြပေါ့ကွယ် ” လို့
မိမိရဲ့ စွဟာဘဟ်များကို မေတ္တာရပ်ခံခဲ့ပါတယ်။ သူတို့တစ်တွေက စွန်ပ
လွန်ပင်စိုက်ပျိုးရေးလုပ်ငန်းမှာ ကျွန်တော့်ကို အားတက်သရော
ဝိုင်းဝန်းကူညီကြရှာတယ်။ ပျိုးပင်ပေါက်အသန့်
တွေကို ပေးအပ်ကူညီကြပါတယ်။ တစ်ဦးက ပျိုးပင်ပေါက် အပင် (၃၀) ၊ အခြားတစ်ဦးက
အပင် (၂၀) ၊ နောက်
တစ်ဦးက (၁၅) ပင် ၊ နောက်ထပ်တစ်ဦးက (၁၀) ပင် ၊ နောက်ဆုံးတစ်ဦးကတော့
ကျွန်တော်လိုအပ်နေတဲ့ ပျိုး
ပင်ပေါက်အရေအတွက် (၃၀၀) ပြည့်မီအောင် ထပ်မံစိုက်ထည့်ပေးခဲ့ပါတယ်။ တစ်ခဏအတွင်းမှာပဲ
တစ်ပူအေး
ခဲ့ရတာပေါ့ဗျာ။ ပျိုးပင်ပေါက်မရှိလို့ကဖြင့် ကျွန်တော် ဘယ်လိုလွတ်လမ်းရှာနိုင်မှာလဲဗျ။
ဒီအတွက် အလ္လာဟ်အ
ရှင်မြတ်ကို
ချီးမွမ်းထောမနာပြုမိပါတယ်။ တမန်တော်မြတ်ကြီးနှင့် မိတ်ဆွေစွဟာဘဟ်တွေကိုပါ
ကျေးဇူးတင်မ
ဆုံးဖြစ်ရပါတယ်။
တမန်တော်မြတ်က “
စလ်မားန်ရေ ၊ ပျိုးပင်ချဖို့ အတွင်းတူးလိုက်နော်။ အတွင်းတူးပြီသွားလျှင် ငါ့ကိုအ
သိပေးပါဦး။ ငါ့လက်နှင့် ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးပေးပါ့မယ် ”
လို့ မှာကြားခဲ့တာကြောင့် မိတ်ဆွေအချို့ရဲ့ အ
ကူအညီနှင့် ပြီးပြတ်အောင် တူးလိုက်ကြပါတယ်။ ပြီးပြီးချင်းပဲ တမန်တော်မြတ်ကို အသိပေးအကြောင်းကြားခဲ့ပါ
တယ်။ တမန်တော်မြတ်ဟာ စွန်ပလွန်ပင်စိုက်ပျိုးမဲ့ ဥယျာဉ်ခြံဆီကို
ကျွန်တော်နှင့်အတူ တစ်ပါတည်းပဲ လိုက်ပါ
လာခဲ့ပါတယ်။ ကျွန်တော်တို့က ပျိုးပင်ပေါက်တွေကို တမန်တော်မြတ်လက်ထဲ
ကမ်းပေးကြတယ်။ တမန်တော်
မြတ်က တစ်ပင်မကျန် မြေမှာ စိုက်ထည့်ပေးတယ်။ အလ္လာဟ့်သဘောအတိုင်းပါပဲဗျာ။
စိုက်ထားသမျှသော ပျိုး
ပင်ပေါက်တွေထဲက တစ်ပင်တစ်လေးမှ သေသွားတယ်ရယ်လို့ မရှိခဲ့ဘူး။ အားလုံး
ရှင်သန်ထွားကြိုင်းကြတာပါ
ပဲ။
ဒီလိုနှင့်ပဲ ကျွန်ဘ၀ကနေ အပြီးအပိုင် လွတ်မြောက်ဖို့
စွန်ပလွန်ပင်စိုက်ပျိုးပေးရေး သဘောတူညီချက်
ကတော့ ပြီးမြောက်အောင်မြင်ခဲ့ပါပြီ။ ပစ္စည်းကိစ္စက ခေါင်းခဲစရာအဖြစ်
ကျန်ရှိနေပါသေးတယ်။ တစ်နေ့မှာ ကုန်
သည်ကြီးတစ်ဦးက တမန်တော်မြတ်ထံကို ရောက်လာပြီး ကြက်ဥလောက်ပမာဏရှိတဲ့
ရွှေသားစကြီးတစ်တုံးကို
မေတ္တာလက်ဆောင်အဖြစ် လာရောက်ပေးအပ်ခဲ့ပါတယ်။ တမန်တော်မြတ်ဟာ ရရှိထားတဲ့ မေတ္တာလက်ဆောင်
နှင့် မပြီးပြတ်သေးတဲ့ ကျွန်တော့်ရဲ့ လွတ်လမ်းကို ဖွင့်ပေးခဲ့ပါတယ်။
လွတ်လပ်တဲ့ ဘ၀တစ်ခုကို ပြန်လည်ရရှိခဲ့
ပြီ။ တမန်တော်မြတ်အပါးမှာ ခစားနေထိုင်ရင်း သာသနာနှင့် သာသနာဝင်တို့အပေါ်
တစ်ဖက်သတ် ကျူးကျော်
တိုက်ခိုက်လာတဲ့ ရန်သူတွေကို ပြန်လည်တွန်းလှန်ချေမှုန်းခဲ့ရတဲ့ ခန္ဒတ်က်
(မဟာကျုံးစစ်ပွဲ) မှာ ပါဝင်တိုက်ခိုက်
ခွင့်လည်း ကြုံခဲ့ရပါပြီ။ ဒီနောက်ပိုင်းမှာ တမန်တော်မြတ်အပါးမှာ
ကျွန်တော်အမြဲတမ်း အသင့်ရှိနေခဲ့ပါတယ်။
မုဟမ္မဒ်နာစွီရွဒ္ဒီးန်အလ်ဘားနီး(ရဟ်)၏ စွဟီးဟ်
အတ်စီးရတွန္နဗ၀ိယဟ်ကျမ်းမှ ကောက်နှုတ်တင်ပြပါသည်။
(၉)
တမန်တော်မြတ်(စွ)၏ လက်ထက်အခါသမယတွင် ယဟူဒီအသိုင်းအ၀ိုင်းမှ ထိပ်တန်း လူမှုဝန်ဆောင် အ
မျိုးသားခေါင်းဆောင်များ
၊
ဓမ္မ၀န်ဆောင် အဓိပဓိများ ၊
တတ်သိပညာရှင်ကြီးများ ၊ ဓနစည်းစိမ် ကြွယ်ဝချမ်းသာ
သူများ ၊ မျိုးဆက်သစ် လူငယ်မောင်မယ်များ စသည်ဖြင့် အလွှာအသီးသီးမှ
ပုဂ္ဂိုလ်များသည် သန့်ရှင်းစင်ကြယ်
သက်ဝင်ယုံကြည်မှု ၊ စွန့်လွှတ် စွန့်စားဝံ့သော သတ္တိဗျတ္တိ ၊ ခိုင်မာလေးနက်သော
အဆုံးအဖြတ်တို့ကို အခြေခံ၍ အစ္စလာမ့်တရားတော်ဘောင်အတွင်းသို့ ခြေစုံပစ် ကူးပြောင်းဝင်ရောက်ခဲ့ကြပေသည်။
ထိုပုဂ္ဂိုလ်များစွာအနက်မှ အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်ဆိုသူ ပုဂ္ဂိုလ်ကြီး၏ မွတ်စလင်မ်သစ်လွင်ဘ၀ခရီး
စတင်ခဲ့ပုံမှာ အလွန် စိတ်ဝင်စား ဖွယ် ကောင်းလှပေသည်။
အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်သည် ၆
ရာစုခေတ်
အာရေဗျကျွန်းဆွယ်ဒေသမှ ယဟူဒီလူ့အဖွဲ့အစည်း၏ သြဇာတိက္ကမကြီးကဲသူ အမျိုးသားခေါင်းဆောင်တစ်ဦး
ဖြစ်သည်။ သူသည် ယဟူဒီအယူဝါဒရေးရာ စာပေကျမ်း ဂန်တို့ကို နှံ့စပ်ကျွမ်းကျင်သူ ပညာရှိသုခမိန်ကြီးတစ်ဦးဖြစ်ပြီး ဓမ္မ၀န်ဆောင် အဓိပတိတစ်ဦးလည်း ဖြစ်ပေသည်။ မက္ကာဟ်မြို့မှ မဒီနဟ်မြို့ဆီသို့
ဟစ်ဂျရဟ်ပြု ကြွရောက်လာမည့် တမန်တော်မြတ်(စွ)၏ ပကတိအနေအထား နှင့် ရှေးကျမ်းဂန်များ၌ ဖော်ပြခြင်းခံထားရသော တမန်တော်မြတ်(စွ)နှင့်ပတ်သက်သည့်
ကြိုတင်ဟောကိန်းများ
အကြား ကိုက်ညီခြင်ရှိမရှိ
အကဲဖြတ်ဆန်းစစ်နိုင်ရန် အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်သည်
မဒီနဟ်မြို့ဆီသို့ ကြိုတင် ရောက်နှင့်နေခဲ့သည်။
မဒီနဟ်မြို့ဒေသခံ
အမျိုးသား ၊ အမျိုးသမီး အရွယ်စုံတို့သည် မိမိတို့မြို့ဆီသို့ ဟစ်ဂျရဟ်ပြု ကြွရောက်
လာမည့် တမန်တော်မြတ်(စွ)ကို မြို့အ၀င်မှနေ၍ လှိုက်လှဲဝမ်းမြောက်စွာဖြင့်
စောင့်မျှော်ကြိုဆိုနေကြသည်။ အ
ချို့လူတို့မှာ ထူထပ်များပြားသော လူပင်လယ်ကြီးကြောင့် တမန်တော်မြတ်(စွ)၏ မျက်နှာတော်ကို ဖူးမြင်ခွင့် မ ရနိုင်ဟု တွက်ဆကြသဖြင့်
သစ်ပင်များထက်သို့ တက်ရောက်၍ နေရာယူထားကြသည်။ ကလေးသူငယ်များက ဂုဏ်ပြုတေးသီချင်းများ
သံပြိုင်ဟစ်ကြွေး သီဆိုနေကြသည်။
သာဝကကြီး အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်(ရေဿွ့)သည် ထိုစဉ်က မိမိဖြတ်သန်းခဲ့ရသော
တစ်ဒင်္ဂ မြင် ကွင်းအစုံကို ဤသို့ ပြန်ပြောင်းပြောပြခဲ့သည်။
“ တမန်တော်မြတ်(စွ)ဟာ မဒီနဟ်မြေကို စတင်ခြေချ ရောက်ရှိလာတဲ့အခါမှာ လူတွေဆိုတာ ပျားပန်း
ခတ်မျှပါပဲ။ တမန်တော်မြတ်(စွ) ကြွချီလာရာလမ်းမတစ်လျှောက်မှာ သူ့အကဲမခံ အပြေးတစ်ပိုင်းနှင့်
လှုပ်လှုပ် ရှားနေကြပါတယ် ။ လူတစ်ယောက်က (အောင်ပွဲခံတဲ့ လေသံနှင့်) “ တမန်တော်မြတ်ကြီး(စွ) ရောက်ရှိလာခဲ့ပြီ ဟေ့” လို့ သုံးကြိမ်တိုင်တိုင်
မြူးထူးအော်ဟစ်လိုက်ပါတယ်။ ကျွန်တော်က တမန်တော်မြတ်(စွ)ကို ကြည့်ရှုလေ့ လာနိုင်ဖို့အတွက် (အသင့်စုရုံးရောက်ရှိနေကြတဲ့) လူအုပ်ကြီးထဲမှာ ရှိနေခဲ့ပါတယ်။
တမန်တော်မြတ်(စွ)ရဲ့ မျက် နှာတော်ကို ထင်ထင်ရှားရှား ဖူးမြင်ခွင့်ရလိုက်တဲ့ တစ်ပြိုက်နက်ထဲမှာ
ဒီရုပ်သွင်ရူပကာဟာ ဟန်ဆောင်လိမ်ညာ လှည့်ဖျားတတ်တဲ့ ရုပ်ဆင်းအင်္ဂါမျိုး မဟုတ်ကြောင်း
ကျွန်တော် သိမြင်သဘောပေါက်ခဲ့ရပါတယ်။ ထိုစဉ် တမန် တော်မြတ်(စွ) ပထမဦးစွာ ပြောဆိုမိန့်ကြားတဲ့စကားကို
ကျွန်တော်ကြားခဲ့ရတယ်။ တမန်တော်မြက်(စွ)က
ياأيّها النّاس أفشوا السّلام وأطعمواالطّعام وصلواالأرحام وصلّوا بالليل
والنّاس نيام
تدخلوا الجنّة بالسلام (ترمذى - رقم 2485)
“အို လူသားအပေါင်းတို့ ၊ ငြိမ်းချမ်းရေးတရား(စလာမ်)ကို ဖြန့်ချိကြကုန်လော့ ။
အစားအသောက်များ ကို (မျှဝေ)စားသုံးကြကုန်လော့။ သွေးချင်းညီနောင်များနှင့် ဆက်ဆံရေး ထူထောင်ကြလော့။
ညဥ့်ယံအခါ လူအ ပေါင်း အိပ်စက်နေခိုက်ဝယ် စွလားဟ် ၀တ်ပြုဆုတောင်းကြကုန်လော့။ ဂျန္နဟ်
အမတသုခဘုံဆီသို့ အေးချမ်းမှု စီရရီဖြင့် ၀င်ရောက်စံမြန်းနိုင်ကြပေလိမ့်မယ် ” လို့ မိန့်ကြားတော်မူခဲ့ပါတယ်။
သိရ်မီဇီကျမ်း ၊ ဟဒီးသ်အမှတ် (၂၄၈၅ )
သာဝကကြီး အနတ်စ် (ရေဿွ့) က သာဝကကြီး အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်(ရေဿွ့) နှင့် ပတ်သက်၍
အောက်ပါအတိုင်း တင်ပြခဲ့သည်။
“ သာဝကကြီးအဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်ဟာ တမန်တော်မြတ်(စွ)ထက်စော ပြီး မဒီနဟ်မြို့ကို ရောက်ရှိနေခဲ့ပါတယ်။ တမန်တော်မြတ်(စွ) မဒီနဟ်မြို့ကို ရောက်ရှိလာတဲ့အခါမှာ သာဝက ကြီးဟာ တမန်တော်မြတ်(စွ)ဆီကို ရောက်ရှိလာခဲ့ပြီး အခုလို စတင်ပြောဆိုပါတယ်။
“ ကျွန်ုပ် အသင့်ကို မေးခွန်းသုံးခု မေးပါရစေ။ အဲဒီမေးခွန်းတွေကို နဗီတမန်တော်တွေမှအပ ဘယ်သူမှ
တတ်အပ်သေချာ ဖြေကြားနိုင်မှာမဟုတ်ပါဘူး။
(၁) ကိယာမဟ် (ဝေနေယျ တရားစီရင်ရာနေ့) ရဲ့
ရှေ့ပြေးနိမိတ်ပုံတွေထဲက ပထမဦးဆုံး ဖြစ်ပေါ်လာမဲ့ ထူးခြား ဖြစ်စဉ်ဟာ
ဘာလဲ။
(၂) ဂျန္နဟ်(အမတသုခဘုံ)မှာ
ဝင်ရောက်စံမြန်းခွင့်ရရှိသူများ ပထမဦးဆုံး သုံးဆောင်ခွင့်ရကြမဲ့ စားသောက် ဖွယ်ရာဟာ ဘာလဲ။
(၃) ကလေးတစ်ယောက်ဟာ အမူအကျင့် ၊
ရုပ်ဆင်းသဏ္ဍာန်အားဖြင့် ဖခင်နှင့် ပိုပြီးဆင်တူတာ ၊
ဒါမှမဟုတ်
မိ ခင်နှင့် ပိုပြီးဆင်တူတာ ဘယ်လိုကြောင့်များပါလဲခင်ဗျာ။
သာဝကကြီး
အနတ်စ်(ရေဿွ့)က ဆက်လက်ပြောပြခဲ့သည်မှာ “(သာဝကကြီး အဗ္ဗဒွလ္လာဟ်အိဗ်နုစ လားမ်က အဲဒီလို မေးမြန်းတဲ့အခါမှာ
တမန်တော်မြတ်(စွ)က “ အသင်မေးမြန်းခဲ့တဲ့ မေးခွန်းတွေရဲ့အဖြေကို ကောင်းကင်တမန်တော် ဂျိဗ်ရီးလ်(အ)က အခုအတောအတွင်းမှာပဲ ကျွန်ုပ်ကို ဖြေကြားပြသွားခဲ့ပါတယ် ” လို့ သာဝကကြီးအဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်ကို ပြောပြတော်မူပါတယ်။
သာဝကကြီး အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်က “ဟုတ်လား ၊ သူ(ကောင်းကင်တမန်တော် ဂျိဗ်ရီးလ်)ဟာ
ကောင်းကင်တမန်တော်တွေထဲက ရဟူဒီတွေရဲ့ ဘုံ ရန်သူတော် ကောင်းကင်တမန်တော်တစ်ပါးပါပဲ
” လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး တမန်တော် မြတ်(စွ)က အထက်ပါမေးခွန်းတွေကို ဖြေကြားတော်မူပါတယ်။ ကိယာမဟ်(ဝေနေယျ တရားစီရင်ရာနေ့)ရဲ့ ရှေ့ပြေးနိမိတ်ပုံကတော့ “ လူတွေဟာ ကမ္ဘာ့အရှေ့အရပ်ဒေသဆီက
မီး(ပြဿနာ)တွေကို ကမ္ဘာ့အနောက်အ ရပ်ဆီ သယ်ဆောင်ဖြန့်ကျက် မွှေနှောင့်ကြလိမ့်မယ်။” ဂျန္နဟ်(အမတသုခဘုံ)မှာ ၀င်ရောက် စံမြန်းခွင့်ရရှိသူများ ပထမဆုံး သုံးဆောင်ခွင့်ရကြမဲ့ အစားအသောက်ကတော့ ဟူးသ်အမည်ရှိ နို့တိုက်ငါးတစ်မျိုး (ဝေလငါး) ရဲ့ အ သည်းပို(နှင့်ဆင်ယင်ပြုလုပ်ထားတဲ့
အစားအသောက်) ဖြစ်ပါတယ်။ ကလေးတစ်ယောက်ရဲ့ အမူအကျင့် ၊ ရုပ် ဆင်းသဏ္ဍာန်နှင့်ပတ်သက်လို့
ပြောပြရမယ်ဆိုရင် အမျိုးသားနှင့်အမျိုးသမီး အကြင်လင်မယားအဖြစ် သံဝါသပြု ပေါင်းသင်းဆက်ဆံတဲ့အခါမှာ
ဖခင်ဘက်ကလာတဲ့ ကလလရေကြည်ပမာဏဟာ မိခင်ဘက်ကလာတဲ့ ကလ လရေကြည်ပမာဏထက် ပိုမိုများပြားမယ်ဆိုရင်
မွေးဖွားလာတဲ့ကလေးဟာ ဖခင်နှင့်ဆင်တူမှာဖြစ်ပြီး မိခင်ဘက် က ပိုမို များပြားမယ်ဆိုရင်တော့
မိခင်နှင့်ပဲ ဆင်တူမှာဖြစ်ပါတယ်” လို့ တမန်တော်မြတ်(စွ)က ပြန်လည်ဖြေကြား ခဲ့ပါတယ်။
“ အလ္လာဟ်အရှင်မြတ်မှအပ အခြား ခ၀ပ်ကိုးကွယ်ထိုက်သောအရှင်
မရှိကြောင်းနှင့် အသင်သည် ထို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို
ကျွန်ုပ် သက်သေထွက်ဆို ၀န်ခံပါတယ် ” လို့ သာဝက ကြီး အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်က
သောင်ဟိးဒ်ကို ကြေငြာသွားခဲ့ပါတယ်။ ဆက်လက်ပြီး သာဝကကြီးက “ တ မန်တော်မြတ်ကြီးခင်ဗျာ
၊ ဂျူးလူမျိုးတွေဟာ အတော်လေး အစွတ်စွဲသန်ကြပါတယ်။ မမှန်မကန် အကောက်ကြံ ဖန်တီးရာမှာလည်း
ဆရာကျကြပါတယ်။ တမန်တော်မြတ်ကြီးအနေနှင့် ကျွန်တော့်ရဲ့ ပုဂ္ဂလရပ်တည်ချက် ၊ လုပ်
ဆောင်ချက်တွေနှင့် ပတ်သက်လို့ သူတို့ရဲ့ သဘောထားကို စုံစမ်းမေးမြန်းထားဖို့
လိုအပ်လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒီလို သက်သေအထောက်အထားတစ်စုံတစ်ရာ ရယူခြင်းမရှိသေးခင်မှာ
ကျွန်တော် မွတ်စလင်မ် တစ်ဦးဖြစ်လာတာကို သူတို့သိသွားကြရင် အသင် တမန်တော်မြတ်နှင့်
ကျွန်တော့်ကြားက ဆက်ဆံရေးကို လုပ် ကြံဖန်တီး ၀ါဒဖြန့်ချိကြလိမ့်မယ် ” လို့
လျှောက်ထားခဲ့ပါတယ်။ များကြာခင်မှာပဲ တမန်တော်မြတ်(စွ)ဟာ ဂျူးအ သိုင်းအ၀ိုင်းဆီကို
သွားရောက်ပြီး “ အသင်တို့ထဲက အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်ဆိုသူဟာ ဘယ်လိုပုဂ္ဂိုလ်ပါလဲ ”
လို့ မေးမြန်းတော်မူတဲ့အခါ ဂျူးတွေက “ အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်ဆိုတာ
ဂျူးခေါင်းဆောင်ပိုင်း ပညာတတ် အ သိုင်းအ၀ိုင်းထဲက ပေါက်ဖွားလာတဲ့ ပညာတတ် ခေါင်းဆောင်ကြီးတစ်ယောက်ပါ။
အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မား တဲ့ ဂျူးအမျိုးသား သူမွန်သူမြတ်ကြီးလို့လည်း
ဆိုရလောက်တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ် ” လို့ ပြန်လည်ဖြေကြားခဲ့
ကြပါတယ်။ ထိုအခါ တမန်တော်မြတ်(စွ)က “ အသင်တို့သိကြပါလေစ ၊
အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်ဟာ ယခုအ
ခါမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်တဲ့ မွတ်စလင်မ်တစ်ဦး ဖြစ်နေပြီလေ
” လို့ မေးမြန်းတော်မူတဲ့အ ခါမှာတော့ ဂျူးတွေခင်မျာ အံ့ဩခြင်းကြီးစွာနှင့် “ အို
မဖြစ်နိုင်တာ ၊ ထာဝရဘုရားသခင် သူ့ကို စောင်မကြည့်ရှု တော်မူပါစေ ” လို့ တုန့်ပြန်ပြောကြားကြပါတယ်။
ထိုအခါ တမန်တော်မြတ်(စွ)က “ အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ် ၊ သူတို့ရှေ့မှောက်သို့
ထွက်လာပြီး အသင်ကိုယ်တိုင် ဟုတ်ကြာင်းမှန်ရာကို ပြောပြလိုက်ပေတော့ကွယ်” ဟု မိန့်
ကြားတော်မူလေ၏။ အဗ္ဗဒွလ္လာဟ်အိဗ်နုစလားမ်သည် မိမိ၏မိတ်ဆွေသင်္ဂဟ
၊ တပည့်သားချင်းများ ရှေ့မှောက် သို့ထွက်လာခဲ့ပြီး “ အလ္လာဟ်အရှင်မြတ်မှတစ်ပါး
အခြားခ၀ပ်ကိုးကွယ်ထိုက်သောအရှင် မရှိကြောင်းနှင့် မုဟမ္မဒ် သခင်သည် ထိုအလ္လာဟ်အရှင်မြတ်ရဲ့
ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်ုပ် သက်သေထွက်ဆိုဝန်ခံ လိုက်ပါ ပြီ။ အို
ဂျူးအမျိုးသားအပေါင်းသို့ ၊ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေကြပါ။
ထိုအလ္လာဟ်အရှင်မြတ်သည် တစ်ပါးတည်းတည်ရှိတော်မူကြောင်း ကျွန်ုပ်ကျိန်ဆို၍ ပြောဝံ့ပါတယ်။
ဒီပုဂ္ဂိုလ်(တမန်တော်မြတ်(စွ)သည် အမှန် တရားကို ဆင့်ပြန်ဟောကြားဖို့ရန်အတွက်
အလ္လာဟ်အရှင်မြတ်ရဲ့ ရစူလ်တမန်တော်တစ်ပါးအဖြစ်နှင့် စေလွှတ် ခြင်းခံခဲ့ရတယ်ဆိုတာကိုလည်း
အသင်တို့ ကောင်းကောင်းကြီး သိနေကြတာပဲလေ ” ဟု တင်ပြဆုံးမ၏။ ထိုအ
ခါ ဂျူးများက “ အသင်ဟာ လိမ်ညာမုသားသုံးခဲ့တယ်။ တကယ်တော့
အသင်ဟာ ဆိုးယုတ်တဲ့ အသိုင်း အ၀ိုင်း က ဆင်းသက်လာတဲ့ လူဆိုးလူသွမ်းတစ်ယောက်ပါပဲ ”
ဟု အားမလိုအားမရ ပြောဆိုလျှက်ခေါင်းငိုက် စိုက်ကျ သွားခဲ့ကြလေတော့သည်။
မုဟမ္မဒ်နာစွီရွဒ္ဒီးန်အလ်ဘားနီး(ရဟ်)၏ စွဟီးဟ်
အတ်စီးရတွန္နဗ၀ိယဟ်ကျမ်းမှ ကောက်နှုတ်တင်ပြပါသည်။
(၁၀)
ဗဒရ်စစ်ပွဲတွင် မွတ်စလင်မ်စစ်သည်တော်တို့၏လက်၌ သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူ ရန်
သူ့တပ်သား အဘူအဇီးဇ်ဘင်အုမိုင်းရ်သည် မိမိ၏ သုံ့ပန်းဘ၀အတွေ့အကြုံကို ဤသို့ ပြန်ပြောင်းပြောပြခဲ့သည်။
ကျွန်တော်ဟာ ဗဒရ်စစ်ပွဲမှာ မွတ်စလင်မ်စစ်သည်တော်တို့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး သုံ့ပန်းဘဝ
ရောက်ခဲ့ရပါတယ်။ တမန်တော်မြတ်(စွ)က “ စစ်သုံ့ပန်းတွေကို ကောင်းမွန်ပြေပြစ်စွာ ရင်းရင်းနှီးနှီး ဆက်ဆံကြ
ရမယ် ” လို့
မိန့်ကြားခဲ့ပါတယ်။ ဗဒရ်စစ်မြေပြင်မှာ အဖမ်းခံခဲ့ရတဲ့အချိန်ကစလို့
အန်ဆွာရီတွေနှင့် ကျွန်တော့်အ
ကြားမှာ ဆွေမျိုးသားချင်းတွေလိုပဲ
ရင်းနှီးချစ်ခင်စွာ နေထိုင်ခဲ့ကြတာပါ။ သူတို့တွေဟာ နေ့လည်စာ စားတဲ့အခါ
မှာရော ညစာစားတဲ့အခါမှာပါ
ကျွန်တော်တို့သုံ့ပန်းတွေအတွက် မုန့်နှင့် အထူးသီးသန့် ဧည့်ခံကျွေးမွေးကြပြီး သူ
တို့ကိုယ်တိုင်ကျတော့
စွန်ပလွန်သီးကိုပဲ မှီဝဲစားသုံးကြပါတယ်။ တမန်တော်မြတ်(စွ)က သူတို့တွေကို ဒီအတိုင်း
ပဲ လမ်းညွှန်မှာကြားထားလို့တဲ့လေ။ မုန့်လေးတစ်ဖဲ့တစ်ပိုင်းလောက်
သူတို့လက်ထဲရောက်လာခဲ့ရင် အဲဒီမုန့်ပိုင်း
လေးကို သူတို့မစားသုံးဘဲ
ကျွန်တော့်ကိုလာကျွေးကြတော့ ရှက်လည်းရှက် ၊ အားလည်းနာမိတာကြောင့် သူတို့
ပဲစားကြပါစေဆိုပြီး
ကျွန်တော်ပြန်ပေးလိုက်ပါတယ်။ သူတို့က ကျွန်တော့်ကို ပြန်ပေးလိုက်ကြရောလေ။
ကိုင်လို့
တောင်မကြည့်ကြဘူးဗျ။
စီးရဟ်အိဗ်နုဟိရှားမ်ကျမ်း ၊ အတွဲ(၁) ၊ စာမျက်နှာ (၆၄၄)
(၁၁)
အသင် ဟင်းချက်တဲ့အခါမှာ ရေပိုထည့်ပြီး ချက်ပါ။ အသင့်ရဲ့ အိမ်နီးနားချင်း မိသားစုကိုလည်း ကြည့်ရှု
စောင့်ရှောက်ပါ။ (ဟင်းတစ်ခွက်လောက် ပေးကမ်းကျွေးမွေးလိုက်ပါ)။ အဲဒီလို လုပ်ဆောင်ခြင်းက သူတို့ကို တစ်
စုံတစ်ရာ
အထောက်အကူပြုရာ
ရောက်ပါတယ်။
သာဝကကြီး အဘူဇရ်(ရေဿွ့)
မွတ်စလင်မ်ကျမ်း ၊ ဟဒီးဆ်အမှတ် (၄၇၆၆)
နေနိုင်သူ(ကျောက်ဖျာ)
နေနိုင်သူ(ကျောက်ဖျာ)
No comments:
Post a Comment
Note: only a member of this blog may post a comment.